Ligue1

ပရိသတ်တွေပျော်စေမယ့် စကားပြောခဲ့ပေမယ့် အဟားခံရပြီး ငပေါကြီးဖြစ်ခဲ့တဲ့ ပိုချက်တီနို

ပီအက်စ်ဂျီအသင်း ပရိသတ်တွေဟာ နည်းပြ ပိုချက်တီနိုနဲ့ ကြယ်ပွင့်ကစားသမား ခီလီယန် အမ်ဘာပေတို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းကို ရယ်မောဖွယ် တုံ့ပြန်ခဲ့ကြပါတယ်။

ပိုချက်တီနိုက လာမယ့်ရာသီကို ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားခဲ့ကြောင်း နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုကနေတဆင့် သိရပါတယ်။ “ဒီနေ့အတွက်တော့ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ဆက်နေမယ်။ ခီလီယန် အမ်ဘာပေအတွက်လည်း အတူတူပါပဲ”လို့ ပိုချက်တီနိုက ပြောကြားခဲ့ကြောင်း သိရပါတယ်။

အမ်ဘာပေရဲ့ အနာဂတ်ဟာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့ပြီး ကောလာဟလသတင်းတွေ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဟာ အမ်ဘာပေရဲ့ အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ပြင်သစ်ကြယ်ပွင့်အနေနဲ့ ပဲရစ်မှာပဲ ဆက်နေရတော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းရဲ့ ၁၁ ကြိမ်မြောက် လိဂန်းဖလားကို ရယူပေးနိုင်ခဲ့တဲ့နေ့မှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာဖြစ်ပြီး နောက်တနေ့မှာ အာဂျင်တီးနားလူမျိုးနည်းပြရော ဘုတ်အဖွဲ့ကပါ အားလုံးကို အဆုံးသတ်ချင်နေတယ်လို့ Le Parisien က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုချက်တီနိုက ၎င်းရဲ့ အနာဂတ်ရော၊ အမ်ဘာပေရဲ့ အနာဂတ်ကိုပါ ပြောကြားသွားပုံအရ လာမယ့်ရာသီ ပီအက်စ်ဂျီအသင်းမှာ ၎င်းတို့ ၂ ဦးစလုံး ဆက်လက်ရှိနေတော့မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပရိသတ်အချို့က ၎င်းတို့ရဲ့ နည်းပြကို ရယ်မောဖွယ် လှောင်ပြောင်ခဲ့ကြပြီး အသင်းမှာ ဆက်လက်နည်းပြဖို့ မသင့်တော့တဲ့သူလို့ ယုံကြည်နေကြတာဖြစ်ပါတယ်။ “မက်ဆီအစွမ်း အံ့မခန်း”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “အမ်ဘာပေနဲ့ ပိုချက်တီနိုတို့ ဆက်နေပြီး ငါတို့တွေ ကွင်းလယ်ကစားသမားကောင်း ၂ ယောက်လောက် ခေါ်လိုက်ရင် ချန်ပီယံလိဂ်ဖလားရတော့မယ်”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ် ပီအက်စ်ဂျီပရိသတ်လို့ ယူဆရသူတစ်ဦးကလည်း “မက်ဆီက ပိုချက်တီနိုဆီကိုသွားပြီး အမ်ဘာပေအတွက် ဆက်နေပေးပါလို့ တောင်းပန်ခဲ့တယ်”လို့ ရေးသားခဲ့ပြီး “ရယ်စရာကောင်းတဲ့အရာက ပိုချက်တီနိုက အခြေအနေနဲ့ပတ်သက်ပြီး ဘာမှမသိတာ တကယ်ပါပဲ”လို့ အမ်ဘာပေရဲ့ အမာခံပရိသတ်တစ်ဦးလို့ ယူဆရသူက မှတ်ချက်ပေးခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဆက်နေမယ်လို့ မျှော်မှန်းနေတဲ့ သတင်းတွေနဲ့အတူ လိဂန်းဖလားကို ရယူနိုင်ခဲ့ပြီးဖြစ်တာကြောင့် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို အာရုံပြောင်းကြတော့မှာဖြစ်ပါတယ်။ လိဂန်းချန်ပီယံအသင်းလူစာရင်းက ကစားသမားအများအပြား ထွက်ခွာဖို့ ရှိနေပြီး ဒီမာရီယာဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာကြောင့် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

Sky Sports ရဲ့ သတင်းအရ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၇ ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း ပေးချေပြီး ဘာစီလိုနာအသင်းကနေ ခေါ်ယူခဲ့ရတဲ့ နေမာကို ယူရိုသန်း ၉၀ နဲ့ ရောင်းထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ နောက်ထပ် ထွက်ခွာမယ့် ကစားသမားကတော့ ဝါရင့်ဂိုးသမားကြီး ကေလာ နားဗက်စ်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်းဟာ တစ်ရာသီလုံး ဒွန်နာရမ်းမားနဲ့ အလှည့်ကျ ကစားခဲ့ရပြီးနောက် အသင်းကို စွန့်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

L’Equipe က ဒရက်စ်လာကလည်း ပြီးခဲ့တဲ့ရာသီတွေမှာ ပွဲကစားချိန် ရရှိဖို့ ခက်ခဲခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းကို စွန့်ခွာတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်ကစားသမားကို ဟာသာ ဘာလင်၊ ဒေါ့မွန်နဲ့ လေဗာကူဆင်တို့က စိတ်ဝင်စားနေသလို လာလီဂါထိပ်သီးအသင်းဖြစ်တဲ့ ဆီးဗီးလားအသင်းကလည်း ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္း ပရိသတ္ေတြဟာ နည္းၿပ ပိုခ်က္တီနိုနဲ႔ ၾကယ္ပြင့္ကစားသမား ခီလီယန္ အမ္ဘာေပတို႔ရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးရသတင္းကို ရယ္ေမာဖြယ္ တုံ႔ျပန္ခဲ့ၾကပါတယ္။

ပိုခ်က္တီနိုက လာမယ့္ရာသီကို ပီအက္စ္ဂ်ီအသင္းမွာပဲ ဆက္ရွိေနမယ္လို႔ ေျပာၾကားခဲ့ေၾကာင္း နာမည္ေက်ာ္ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုကေနတဆင့္ သိရပါတယ္။ “ဒီေန႔အတြက္ေတာ့ ကၽြန္ေတာ္ ၁၀၀ ရာခိုင္ႏႈန္း ဆက္ေနမယ္။ ခီလီယန္ အမ္ဘာေပအတြက္လည္း အတူတူပါပဲ”လို႔ ပိုခ်က္တီနိုက ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

အမ္ဘာေပရဲ့ အနာဂတ္ဟာ လာလီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့ၿပီး ေကာလာဟလသတင္းေတြ ျပင္းထန္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီတို႔ဟာ အမ္ဘာေပရဲ့ အေျပာင္းအေရႊ႕အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ရာမွာ ျပင္သစ္ၾကယ္ပြင့္အေနနဲ႔ ပဲရစ္မွာပဲ ဆက္ေနရေတာ့မယ့္ပုံေပၚေနတာျဖစ္ပါတယ္။

ပိုခ်က္တီနိုဟာ ပီအက္စ္ဂ်ီအသင္းရဲ့ ၁၁ ႀကိမ္ေျမာက္ လိဂန္းဖလားကို ရယူေပးနိုင္ခဲ့တဲ့ေန႔မွာ အသင္းပရိသတ္ေတြရဲ့ ေလွာင္ေျပာင္မႈေတြကို ခံခဲ့ရတာျဖစ္ၿပီး ေနာက္တေန႔မွာ အာဂ်င္တီးနားလူမ်ိဳးနည္းျပေရာ ဘုတ္အဖြဲ႕ကပါ အားလုံးကို အဆုံးသတ္ခ်င္ေနတယ္လို႔ Le Parisien က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပိုခ်က္တီနိုက ၎ရဲ့ အနာဂတ္ေရာ၊ အမ္ဘာေပရဲ့ အနာဂတ္ကိုပါ ေျပာၾကားသြားပုံအရ လာမယ့္ရာသီ ပီအက္စ္ဂ်ီအသင္းမွာ ၎တို႔ ၂ ဦးစလုံး ဆက္လက္ရွိေနေတာ့မွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းပရိသတ္အခ်ိဳ႕က ၎တို႔ရဲ့ နည္းျပကို ရယ္ေမာဖြယ္ ေလွာင္ေျပာင္ခဲ့ၾကၿပီး အသင္းမွာ ဆက္လက္နည္းျပဖို႔ မသင့္ေတာ့တဲ့သူလို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။ “မက္ဆီအစြမ္း အံ့မခန္း”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “အမ္ဘာေပနဲ႔ ပိုခ်က္တီနိုတို႔ ဆက္ေနၿပီး ငါတို႔ေတြ ကြင္းလယ္ကစားသမားေကာင္း ၂ ေယာက္ေလာက္ ေခၚလိုက္ရင္ ခ်န္ပီယံလိဂ္ဖလားရေတာ့မယ္”လို႔ ေရးသားခဲ့ပါတယ္။

ေနာက္ထပ္ ပီအက္စ္ဂ်ီပရိသတ္လို႔ ယူဆရသူတစ္ဦးကလည္း “မက္ဆီက ပိုခ်က္တီနိုဆီကိုသြားၿပီး အမ္ဘာေပအတြက္ ဆက္ေနေပးပါလို႔ ေတာင္းပန္ခဲ့တယ္”လို႔ ေရးသားခဲ့ၿပီး “ရယ္စရာေကာင္းတဲ့အရာက ပိုခ်က္တီနိုက အေျခအေနနဲ႔ပတ္သက္ၿပီး ဘာမွမသိတာ တကယ္ပါပဲ”လို႔ အမ္ဘာေပရဲ့ အမာခံပရိသတ္တစ္ဦးလို႔ ယူဆရသူက မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဂ်င္တီးနားလူမ်ိဳးနည္းျပအေနနဲ႔ ပီအက္စ္ဂ်ီအသင္းမွာ ဆက္ေနမယ္လို႔ ေမၽွာ္မွန္းေနတဲ့ သတင္းေတြနဲ႔အတူ လိဂန္းဖလားကို ရယူနိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ကို အာ႐ုံေျပာင္းၾကေတာ့မွာျဖစ္ပါတယ္။ လိဂန္းခ်န္ပီယံအသင္းလူစာရင္းက ကစားသမားအမ်ားအျပား ထြက္ခြာဖို႔ ရွိေနၿပီး ဒီမာရီယာဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာေၾကာင့္ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

Sky Sports ရဲ့ သတင္းအရ ပီအက္စ္ဂ်ီအသင္းဟာ ၂၀၁၇ ခုႏွစ္တုန္းက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူရို ၂၂၂ သန္း ေပးေခ်ၿပီး ဘာစီလိုနာအသင္းကေန ေခၚယူခဲ့ရတဲ့ ေနမာကို ယူရိုသန္း ၉၀ နဲ႔ ေရာင္းထုတ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ေနာက္ထပ္ ထြက္ခြာမယ့္ ကစားသမားကေတာ့ ဝါရင့္ဂိုးသမားႀကီး ေကလာ နားဗက္စ္ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဂိုးသမားေဟာင္းဟာ တစ္ရာသီလုံး ဒြန္နာရမ္းမားနဲ႔ အလွည့္က် ကစားခဲ့ရၿပီးေနာက္ အသင္းကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

L’Equipe က ဒရက္စ္လာကလည္း ၿပီးခဲ့တဲ့ရာသီေတြမွာ ပြဲကစားခ်ိန္ ရရွိဖို႔ ခက္ခဲခဲ့ၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာေတာ့မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဂ်ာမန္ကြင္းလယ္ကစားသမားကို ဟာသာ ဘာလင္၊ ေဒါ့မြန္နဲ႔ ေလဗာကူဆင္တို႔က စိတ္ဝင္စားေနသလို လာလီဂါထိပ္သီးအသင္းျဖစ္တဲ့ ဆီးဗီးလားအသင္းကလည္း ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.