Ligue1 Match Report

ဖလားယူအပြီးမှာ မက်ဆီနဲ့ နေမာ ပြန်ပျောက်ပြီး စထရာစ်ဘိုးနဲ့ သရေကျတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ တိုက်စစ်ကို မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့နဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာတော့ ဘားနတ်၊ ဗာရက်တီ၊ ဒါနီလို ပါရဲရား၊ ဟာကီမီတို့ကို ထားခဲ့သလို ခံစစ်မှာတော့ ဆာဂျီယို ရာမို့စ်၊ ကင်ပမ်ဘီ၊ မားကင်ညို့စ်၊ ဂိုးသမား ဒွန်နာရမ်မာတို့နဲ့အတူ နည်းပြ ပိုချက်တီနိုက ၃-၄-၃ ပုံစံ ပြောင်းကစားခဲ့ပါတယ်။

စောစောစီးစီးမှာပဲ အိမ်ရှင်အသင်း စထရာစ်ဘိုးတို့က ပွဲချိန် ၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ နောက်ခံလူ ပါရင်ရဲ့ ကောင်းမွန်တဲ့ ပေးပို့မှုကို တိုက်စစ်မှူး ဂါမေးရိုးက ကင်ပမ်ဘီနဲ့ ယှဉ်ပြေးပြီးမှ ဂိုးသမား ဒွန်နာရမ်မာ ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲ ကန်ထည့်သွားခဲ့လို့ ပီအက်စ်ဂျီတို့ နောက်က လိုက်ကစားခဲ့ရတာပါ။

ပွဲချိန် ၉ မိနစ်မှာ စထရာစ်ဘိုးတို့အတွက် နောက်တစ်ဂိုးကို သောမတ်ဆန်က သွင်းယူနိုင်ခဲ့ပေမယ့် ဘောလုံးကို တန်ပြန်တိုက်စစ်မှာ လက်ခံရယူတဲ့ တိုက်စစ်မှူး အယ်လ်ယော့က် လူကျွံနေခဲ့လို့ ပီအက်စ်ဂျီတို့ သက်သာခဲ့ရသလို သူတို့ရဲ့ စမ်းကစားခဲ့တဲ့ သုံးယောက်တန်းခံစစ်ကတော့ တော်တော်လေးကို စိတ်ပျက်စရာဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ မင်းသားကြီးရဲ့ ဂိုးနဲ့ ပီအက်စ်ဂျီတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ နေမာက ခင်းပေးလိုက်တာကို ဘယ်ခြမ်းကနေ ပြေးတက်သွားတဲ့ အမ်ဘာပေက နောက်ခံလူနှစ်ယောက်ထက် လျင်မြန်မှုကို အသုံးချပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော အနီးကပ်ကန်သွင်းယူသွားနိုင်ခဲ့လို့ တစ်ဂိုးစီ ဖြစ်နေခဲ့တာပါ။

မက်ဆီကတော့ ဖရီးကစ်ကန်ချိန်လောက်မှာပဲ ထင်ထင်ရှားရှား တွေ့ခဲ့ရပြီး သူ့ရဲ့ အဝေးတိုင်ခြေဘက်ကို ကန်သွင်းတဲ့ ဖရီးကစ်ကို အိမ်ရှင် ဂိုးသမား ဆဲလ်စ်က ပုတ်ထုတ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ရော စထရာစ်ဘိုးတို့ပါ ဂိုးထပ်မရခဲ့ဘဲ တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီးကတည်းက ပီအက်စ်ဂျီတို့ ဖိကစားနေခဲ့ကြသလို စထရာစ်ဘိုးတို့ကတော့ တန်ပြန်တိုက်စစ်နဲ့ပဲ ခြိမ်းခြောက်နိုင်ခဲ့ကြပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ ဧည့်သည် ပါရီသားတွေအတွက် ဘယ်ခြမ်းတွဲလုံးကနေ အမ်ဘာပေက ဖန်တီးပေးခဲ့တာကို ဂိုးရှေ့အလယ်တည့်တည့်အထိ ဝင်ကစားတဲ့ ဟာကီမီက ဂိုးသမားကို ကျော်ပိတ်သွင်းပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရှေ့မကြည့် နောက်မကြည့် ဘောလုံးပေးခဲ့တဲ့ စထရာစ်ဘိုးနောက်ခံလူ ဂျီကူးရဲ့ အမှားကနေ ပြေးဝင်ရယူသွားနိုင်ခဲ့တဲ့ အမ်ဘာပေက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ညာဘက်အောက်ထောင့်ကို သပ်သပ်ရပ်ရပ် ကန်သွင်းသွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ စထရာစ်ဘိုးတို့ သုံးယောက်တစ်ပြိုင်တည်း လူစားလဲမှုတွေနဲ့ တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာတော့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့သလို ထောင့်ကန်ဘောကနေ လူစားဝင်တိုက်စစ်မှူး ဒီယယ်လိုရဲ့ ခေါင်းတိုက်ချက်က ဗာရက်တီရဲ့ ဒူးကို လာမှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ သုံးဂိုး-နှစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

ဒီဂိုးပေးရအပြီးမှာတော့ ပီအက်စ်ဂျီတို့ဘက်က ဘားနတ်၊ နေမာနဲ့ ဟာကီမီတို့အစား နူနို မန်ဒက်စ်၊ ဒီမာရီယာနဲ့ ခယ်ရာတို့ကို ထည့်ပြီး ဆက်တိုက်ဖိကစားနေတဲ့ စထရာဘိုးစ်တိုက်စစ်ကို ထိန်းကစားဖို့ လုပ်ဆောင်သွားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို မက်ဆီရဲ့ ၈၉ မိနစ်က ကန်ချက်ပြင်းပြင်းကိုလည်း ဂိုးသမား ဆဲလ်စ် ပုတ်ထုတ်သွားနိုင်ခဲ့လို့ မိနစ် ၉၀ မှာတော့ ဧည့်သည်တွေ ဦးဆောင်နေခဲ့ပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ စထရာစ်ဘိုးတို့ သရေရစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းကနေ လီနာ့ဒ်ရဲ့ ဖြတ်တင်ဘောကို ကင်ပမ်ဘီနဲ့ အီဘရာဟီမာ ဆစ်ဆိုကိုတို့ ခေါင်းယှဉ်တိုက်ပြီး ဘယ်သူနဲ့မှ မထိဘဲ ကျလာခဲ့တဲ့ ဘောလုံးကို နောက်က ပါလာတဲ့ နောက်ခံလူ ကာစီက ပိတ်သွင်းခဲ့ရာမှာ သုံးဂိုးစီသရေနဲ့ ပီအက်စ်ဂျီတို့ နှစ်ပွဲဆက်တိုက် သရေကျခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲက လိဂန်မှာ ဗိုလ်စွဲပြီးသား ပီအက်စ်ဂျီတို့အတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိခဲ့ပေမယ့် အသင်းရဲ့ နိုင်လိုစိတ်နဲ့ တစ်ဦးချင်းရဲ့ ပေးဆပ်မှုတွေ အတွက်တော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပြီး သရေတစ်မှတ် ပြန်ရယူနိုင်ခဲ့တဲ့ စထရာစ်ဘိုးတို့ကတော့ အဆင့် ၅ နေရာကနေ လာမယ့်နှစ်မှာ ဥရောပဝင်ခွင့်တစ်ခုခု ရယူနိုင်ဖို့ မျှော်လင့်ချက်ကောင်းလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ တိုက္စစ္ကို မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔နဲ႔ ပြဲထြက္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘားနတ္၊ ဗာရက္တီ၊ ဒါနီလို ပါရဲရား၊ ဟာကီမီတို႔ကို ထားခဲ့သလို ခံစစ္မွာေတာ့ ဆာဂ်ီယို ရာမို႔စ္၊ ကင္ပမ္ဘီ၊ မားကင္ညိဳ႕စ္၊ ဂိုးသမား ဒြန္နာရမ္မာတို႔နဲ႔အတူ နည္းျပ ပိုခ်က္တီႏိုက ၃-၄-၃ ပုံစံ ေျပာင္းကစားခဲ့ပါတယ္။

ေစာေစာစီးစီးမွာပဲ အိမ္ရွင္အသင္း စထရာစ္ဘိုးတို႔က ပြဲခ်ိန္ ၃ မိနစ္မွာ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ေနာက္ခံလူ ပါရင္ရဲ႕ ေကာင္းမြန္တဲ့ ေပးပို႔မႈကို တိုက္စစ္မႉး ဂါေမး႐ိုးက ကင္ပမ္ဘီနဲ႔ ယွဥ္ေျပးၿပီးမွ ဂိုးသမား ဒြန္နာရမ္မာ ပိတ္ထားတဲ့ ေထာင့္က်ဥ္းထဲ ကန္ထည့္သြားခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ေနာက္က လိုက္ကစားခဲ့ရတာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာ စထရာစ္ဘိုးတို႔အတြက္ ေနာက္တစ္ဂိုးကို ေသာမတ္ဆန္က သြင္းယူႏိုင္ခဲ့ေပမယ့္ ေဘာလုံးကို တန္ျပန္တိုက္စစ္မွာ လက္ခံရယူတဲ့ တိုက္စစ္မႉး အယ္လ္ေယာ့က္ လူကြၽံေနခဲ့လို႔ ပီအက္စ္ဂ်ီတို႔ သက္သာခဲ့ရသလို သူတို႔ရဲ႕ စမ္းကစားခဲ့တဲ့ သုံးေယာက္တန္းခံစစ္ကေတာ့ ေတာ္ေတာ္ေလးကို စိတ္ပ်က္စရာျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ မင္းသားႀကီးရဲ႕ ဂိုးနဲ႔ ပီအက္စ္ဂ်ီတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ေနမာက ခင္းေပးလိုက္တာကို ဘယ္ျခမ္းကေန ေျပးတက္သြားတဲ့ အမ္ဘာေပက ေနာက္ခံလူႏွစ္ေယာက္ထက္ လ်င္ျမန္မႈကို အသုံးခ်ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ အနီးကပ္ကန္သြင္းယူသြားႏိုင္ခဲ့လို႔ တစ္ဂိုးစီ ျဖစ္ေနခဲ့တာပါ။

မက္ဆီကေတာ့ ဖရီးကစ္ကန္ခ်ိန္ေလာက္မွာပဲ ထင္ထင္ရွားရွား ေတြ႕ခဲ့ရၿပီး သူ႔ရဲ႕ အေဝးတိုင္ေျခဘက္ကို ကန္သြင္းတဲ့ ဖရီးကစ္ကို အိမ္ရွင္ ဂိုးသမား ဆဲလ္စ္က ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ပီအက္စ္ဂ်ီတို႔ေရာ စထရာစ္ဘိုးတို႔ပါ ဂိုးထပ္မရခဲ့ဘဲ တစ္ဂိုးစီ သေရရလဒ္သာ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီးကတည္းက ပီအက္စ္ဂ်ီတို႔ ဖိကစားေနခဲ့ၾကသလို စထရာစ္ဘိုးတို႔ကေတာ့ တန္ျပန္တိုက္စစ္နဲ႔ပဲ ၿခိမ္းေျခာက္ႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဧည့္သည္ ပါရီသားေတြအတြက္ ဘယ္ျခမ္းတြဲလုံးကေန အမ္ဘာေပက ဖန္တီးေပးခဲ့တာကို ဂိုးေရွ႕အလယ္တည့္တည့္အထိ ဝင္ကစားတဲ့ ဟာကီမီက ဂိုးသမားကို ေက်ာ္ပိတ္သြင္းၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ျပန္လည္ဦးေဆာင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေရွ႕မၾကည့္ ေနာက္မၾကည့္ ေဘာလုံးေပးခဲ့တဲ့ စထရာစ္ဘိုးေနာက္ခံလူ ဂ်ီကူးရဲ႕ အမွားကေန ေျပးဝင္ရယူသြားႏိုင္ခဲ့တဲ့ အမ္ဘာေပက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ညာဘက္ေအာက္ေထာင့္ကို သပ္သပ္ရပ္ရပ္ ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ စထရာစ္ဘိုးတို႔ သုံးေယာက္တစ္ၿပိဳင္တည္း လူစားလဲမႈေတြနဲ႔ တိုက္စစ္ျမႇင့္လာခဲ့ၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့သလို ေထာင့္ကန္ေဘာကေန လူစားဝင္တိုက္စစ္မႉး ဒီယယ္လိုရဲ႕ ေခါင္းတိုက္ခ်က္က ဗာရက္တီရဲ႕ ဒူးကို လာမွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးျပန္ျဖစ္ေနခဲ့ပါတယ္။

ဒီဂိုးေပးရအၿပီးမွာေတာ့ ပီအက္စ္ဂ်ီတို႔ဘက္က ဘားနတ္၊ ေနမာနဲ႔ ဟာကီမီတို႔အစား ႏူႏို မန္ဒက္စ္၊ ဒီမာရီယာနဲ႔ ခယ္ရာတို႔ကို ထည့္ၿပီး ဆက္တိုက္ဖိကစားေနတဲ့ စထရာဘိုးစ္တိုက္စစ္ကို ထိန္းကစားဖို႔ လုပ္ေဆာင္သြားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့သလို မက္ဆီရဲ႕ ၈၉ မိနစ္က ကန္ခ်က္ျပင္းျပင္းကိုလည္း ဂိုးသမား ဆဲလ္စ္ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ မိနစ္ ၉၀ မွာေတာ့ ဧည့္သည္ေတြ ဦးေဆာင္ေနခဲ့ပါတယ္။

ဒါေပမယ့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ စထရာစ္ဘိုးတို႔ သေရရေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းကေန လီနာ့ဒ္ရဲ႕ ျဖတ္တင္ေဘာကို ကင္ပမ္ဘီနဲ႔ အီဘရာဟီမာ ဆစ္ဆိုကိုတို႔ ေခါင္းယွဥ္တိုက္ၿပီး ဘယ္သူနဲ႔မွ မထိဘဲ က်လာခဲ့တဲ့ ေဘာလုံးကို ေနာက္က ပါလာတဲ့ ေနာက္ခံလူ ကာစီက ပိတ္သြင္းခဲ့ရာမွာ သုံးဂိုးစီသေရနဲ႔ ပီအက္စ္ဂ်ီတို႔ ႏွစ္ပြဲဆက္တိုက္ သေရက်ခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲက လိဂန္မွာ ဗိုလ္စြဲၿပီးသား ပီအက္စ္ဂ်ီတို႔အတြက္ တစ္စုံတစ္ရာ အက်ိဳးသက္ေရာက္မႈ မရွိခဲ့ေပမယ့္ အသင္းရဲ႕ ႏိုင္လိုစိတ္နဲ႔ တစ္ဦးခ်င္းရဲ႕ ေပးဆပ္မႈေတြ အတြက္ေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ရၿပီး သေရတစ္မွတ္ ျပန္ရယူႏိုင္ခဲ့တဲ့ စထရာစ္ဘိုးတို႔ကေတာ့ အဆင့္ ၅ ေနရာကေန လာမယ့္ႏွစ္မွာ ဥေရာပဝင္ခြင့္တစ္ခုခု ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေကာင္းလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.