Bundesliga International La Liga Ligue1 Premier League Serie A Transfer News

BREAKING: ဆူပါအေးဂျင့် ရိုင်ယိုလာ ကွယ်လွန်တဲ့ သတင်းကို သက်ဆိုင်သူများ ငြင်းဆို

ဥရောပဘောလုံးလောကရဲ့ ထင်ရှားတဲ့ အပြောင်းအရွှေ့များစွာကို ကြီးကြပ်လုပ်ဆောင်ပေးခဲ့တဲ့ ဆူပါအေးဂျင့် မီနို ရိုင်ယိုလာဟာ ဒီနေ့မှာပဲ အီတလီနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သတင်းထွက်လာခဲ့တာက ဘောလုံးလောကရဲ့ သက်ဆိုင်သူ ပုဂ္ဂိုလ်အားလုံးကို တုန်လှုပ်စေခဲ့သလို နွေရာသီ ဈေးကွက်ကိုပါ ဂယက် ရိုက်စေခဲ့ပါတယ်။

အသက် ၅၄ နှစ်အရွယ် အီတလီသားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက မီလန်မြို့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပြီး ဒါရဲ့ နောက်ဆက်တွဲ အဖြစ်တော့ နောက်တစ်ကြိမ် ဆေးရုံတက်ပြီး ထပ်မံခွဲစိတ်ဖို့ လုပ်ဆောင်နေစဉ်မှာ ခုလို သတင်းထွက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ မန်နေဂျာနဲ့ လက်ထောက် ဖြစ်သူကတော့ ငြင်းဆိုထားခဲ့တာပါ။

ရိုင်ယိုလာရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ နောက်ဆုံးသတင်းတွေကတော့ အထူးကြပ်မတ် ကုသဆောင် ICU မှာ အပြင်းအထန် အသက်လုနေရတယ်လို့ သိရပြီး သူ့ရဲ့ တာဝန်ခံ ဆရာဝန် ဒေါက်တာ အဲလ်ဘာတို ဇန်ဂရီလိုကတော့ သတင်းတွေနဲ့ ပတ်သက်လို့ ဒေါသထွက်နေသလို သူ့လူနာအတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေမှာကို စိုးရိမ်နေပါတယ်။

လက်ရှိအချိန်အထိတော့ ကနဦးထွက်ပေါ်လာတဲ့ သေဆုံးပြီဆိုတဲ့ သတင်းတွေက မမှန်ကန်ကြောင်း ကာယကံရှင်အသိုင်းအဝိုင်းက ငြင်းဆိုထားခဲ့ပြီး ရှင်သန်ရေးအတွက် ဆရာဝန်တွေနဲ့ မရဏမင်းကြား တိုက်ပွဲဝင်နေကြတယ်လို့သာ အတည်ပြုနိုင်ခဲ့ပြီး အကောင်းဘက်ကို ရောက်လာမလား အဆိုးဘက်ကို ရောက်သွားမလားတော့ စောင့်ကြည့်ရဦးမှာပါ။

အာလင်း ဟားလန်း၊ ဇလာတန် အီဘရာဟီမိုဗစ်ချ်၊ ပေါလ် ပေါ့ဘာ၊ မာကို ဗာရက်တီ၊ ဟင်းနရစ် မစ်ခီတာရီယန်၊ မာရီယို ဘာလိုတယ်လီ၊ ရိုမီလူ လူကာကူးတို့လို ကစားသမားတွေရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေခဲ့တဲ့ ရိုင်ယိုလာဟာ လေဖြတ်ဖို့ နီးစပ်ခဲ့တယ်လို့လည်း အတည်မပြုနိုင်တဲ့ သတင်း တချို့အရ သိရပြီး ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေကိုလည်း ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

နယ်သာလန်နိုင်ငံမှာ အခြေချခဲ့တဲ့ အီတလီမိသားစု ပီဇာဆိုင်ကနေ ပေါက်ဖွားလာခဲ့တဲ့ ရိုင်ယိုလာဟာ ၁၉၉၀ အလွန် နှစ်တွေမှာကတည်းက အေးဂျင့်အဖြစ်ကို တစ်စတစ်စနဲ့ ခြေချလာခဲ့ပြီး ဒင်းနစ္စ ဘားကမ့်ရဲ့ အိုင်းယက်စ်ကနေ အင်တာမီလန်ကို အပြောင်းအရွှေ့မှာ ပါဝင်ပတ်သက်ခဲ့သလို သူ့ရဲ့ အကောင်းဆုံး လက်ရာကတော့ ယူရို ၉၆ အပြီး ပါဗယ်လ် နက်ဗက်ကို စပါတာ ပရပ်ဂ်ကနေ လာဇီယိုကို ပို့ဆောင်မှုဖြစ်ခဲ့တာပါ။

ရိုင်ယိုလာအနေနဲ့ အလွန်အမင်း ပြင်းထန်တဲ့ ဖျားနာမှုနဲ့ ရင်ဆိုင်နေရတာသာဖြစ်ပြီး ဆရာဝန်တွေရဲ့ ကုသမှုမှာ သက်ရှိထင်ရှား ရှိသေးကြောင်း အီတလီနာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုကလည်း “လူတွေရဲ့ ပါးစပ်က သူ့ကို သတ်နေတာ”လို့ သူ့ရဲ့ တွစ်တာမှာ အတည်ပြုသွားခဲ့ပြီး ဘောလုံးချစ်သူတွေကတော့ ဘယ်လိုဆုတောင်းကြမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥေရာပေဘာလုံးေလာကရဲ႕ ထင္ရွားတဲ့ အေျပာင္းအေ႐ႊ႕မ်ားစြာကို ႀကီးၾကပ္လုပ္ေဆာင္ေပးခဲ့တဲ့ ဆူပါေအးဂ်င့္ မီႏို ႐ိုင္ယိုလာဟာ ဒီေန႔မွာပဲ အီတလီႏိုင္ငံမွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း သတင္းထြက္လာခဲ့တာက ေဘာလုံးေလာကရဲ႕ သက္ဆိုင္သူ ပုဂၢိဳလ္အားလုံးကို တုန္လႈပ္ေစခဲ့သလို ေႏြရာသီ ေဈးကြက္ကိုပါ ဂယက္ ႐ိုက္ေစခဲ့ပါတယ္။

အသက္ ၅၄ ႏွစ္အ႐ြယ္ အီတလီသားဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက မီလန္ၿမိဳ႕မွာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတာျဖစ္ၿပီး ဒါရဲ႕ ေနာက္ဆက္တြဲ အျဖစ္ေတာ့ ေနာက္တစ္ႀကိမ္ ေဆး႐ုံတက္ၿပီး ထပ္မံခြဲစိတ္ဖို႔ လုပ္ေဆာင္ေနစဥ္မွာ ခုလို သတင္းထြက္လာခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ မန္ေနဂ်ာနဲ႔ လက္ေထာက္ ျဖစ္သူကေတာ့ ျငင္းဆိုထားခဲ့တာပါ။

႐ိုင္ယိုလာရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္လို႔ ေနာက္ဆုံးသတင္းေတြကေတာ့ အထူးၾကပ္မတ္ ကုသေဆာင္ ICU မွာ အျပင္းအထန္ အသက္လုေနရတယ္လို႔ သိရၿပီး သူ႔ရဲ႕ တာဝန္ခံ ဆရာဝန္ ေဒါက္တာ အဲလ္ဘာတို ဇန္ဂရီလိုကေတာ့ သတင္းေတြနဲ႔ ပတ္သက္လို႔ ေဒါသထြက္ေနသလို သူ႔လူနာအတြက္ မေကာင္းတဲ့ သက္ေရာက္မႈေတြ ျဖစ္ေစမွာကို စိုးရိမ္ေနပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ကနဦးထြက္ေပၚလာတဲ့ ေသဆုံးၿပီဆိုတဲ့ သတင္းေတြက မမွန္ကန္ေၾကာင္း ကာယကံရွင္အသိုင္းအဝိုင္းက ျငင္းဆိုထားခဲ့ၿပီး ရွင္သန္ေရးအတြက္ ဆရာဝန္ေတြနဲ႔ မရဏမင္းၾကား တိုက္ပြဲဝင္ေနၾကတယ္လို႔သာ အတည္ျပဳႏိုင္ခဲ့ၿပီး အေကာင္းဘက္ကို ေရာက္လာမလား အဆိုးဘက္ကို ေရာက္သြားမလားေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

အာလင္း ဟားလန္း၊ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္၊ ေပါလ္ ေပါ့ဘာ၊ မာကို ဗာရက္တီ၊ ဟင္းနရစ္ မစ္ခီတာရီယန္၊ မာရီယို ဘာလိုတယ္လီ၊ ႐ိုမီလူ လူကာကူးတို႔လို ကစားသမားေတြရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေနခဲ့တဲ့ ႐ိုင္ယိုလာဟာ ေလျဖတ္ဖို႔ နီးစပ္ခဲ့တယ္လို႔လည္း အတည္မျပဳႏိုင္တဲ့ သတင္း တခ်ိဳ႕အရ သိရၿပီး ကိုဗစ္ေနာက္ဆက္တြဲ လကၡဏာေတြကိုလည္း ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။

နယ္သာလန္ႏိုင္ငံမွာ အေျခခ်ခဲ့တဲ့ အီတလီမိသားစု ပီဇာဆိုင္ကေန ေပါက္ဖြားလာခဲ့တဲ့ ႐ိုင္ယိုလာဟာ ၁၉၉၀ အလြန္ ႏွစ္ေတြမွာကတည္းက ေအးဂ်င့္အျဖစ္ကို တစ္စတစ္စနဲ႔ ေျခခ်လာခဲ့ၿပီး ဒင္းနစၥ ဘားကမ့္ရဲ႕ အိုင္းယက္စ္ကေန အင္တာမီလန္ကို အေျပာင္းအေ႐ႊ႕မွာ ပါဝင္ပတ္သက္ခဲ့သလို သူ႔ရဲ႕ အေကာင္းဆုံး လက္ရာကေတာ့ ယူ႐ို ၉၆ အၿပီး ပါဗယ္လ္ နက္ဗက္ကို စပါတာ ပရပ္ဂ္ကေန လာဇီယိုကို ပို႔ေဆာင္မႈျဖစ္ခဲ့တာပါ။

႐ိုင္ယိုလာအေနနဲ႔ အလြန္အမင္း ျပင္းထန္တဲ့ ဖ်ားနာမႈနဲ႔ ရင္ဆိုင္ေနရတာသာျဖစ္ၿပီး ဆရာဝန္ေတြရဲ႕ ကုသမႈမွာ သက္ရွိထင္ရွား ရွိေသးေၾကာင္း အီတလီနာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုကလည္း “လူေတြရဲ႕ ပါးစပ္က သူ႔ကို သတ္ေနတာ”လို႔ သူ႔ရဲ႕ တြစ္တာမွာ အတည္ျပဳသြားခဲ့ၿပီး ေဘာလုံးခ်စ္သူေတြကေတာ့ ဘယ္လိုဆုေတာင္းၾကမလဲဆိုတာ စိတ္ဝင္စားစရာျဖစ္ေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.