Premier League

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်နဲ့ စပါးစ်တို့ play-off ကစားရမှာလား

ပရိသတ်တွေဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ play-off ကစားနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

မြောက်လန်ဒန် ၂ သင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်အောင် လွန်ဆွဲနေကြတာဖြစ်ပြီး အာဆင်နယ်က လက်ရှိမှာ ရမှတ် ၆၀ နဲ့ အဆင့် ၄၊ စပါးစ်က ၅၈ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ၂ သငး်စလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ၅ ပွဲ ကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး အဲဒီပွဲစဉ်တွေထဲက တစ်ပွဲဟာ မေလ ၁၂ ရက်နေ့ စပါးစ်အိမ်ကွင်းမှာ ကျင်းပမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက ဒီ ၂ သင်းအနေနဲ့ ရမှတ်တူနဲ့ ပြီးဆုံးနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး afc_richard လို့ အမည်ရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက “တကယ်လို့ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးပရိသတ်တွေ စိုးရိမ်နေသလို ၂ သင်းစလုံးဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ မြောက်လန်ဒန်ဒါဘီပွဲအပြီး ရလဒ်က ရမှတ်၊ ဂိုးကွာခြားချက်နဲ့ သွင်းဂိုးတွေ တူညီပြီး ရာသီပြီးဆုံးသွားနိုင်ပါတယ်။ အဲဒီလိုဆိုရင် ဘယ်အသင်းက အဆင့် ၄ နေရာမှာ ပြီးဆုံးမလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် ကြားကွင်းမှာ Play-Off ပွဲကစားဖို့ လိုအပ်မှာဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အဲဒီအကောင့်ကပဲ Play-Off ကစားရဖို့ ဖြစ်လာနိုင်တဲ့ ပွဲစဉ်တွေနဲ့ ရလဒ်တွေရဲ့ ဓာတ်ပုံကိုပါ တွဲပြီး တင်ထားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်

ဝက်စ်ဟမ်း ၀-၃ အာဆင်နယ်

အာဆင်နယ် ၃-၀ လိဒ်စ်

တော့တင်ဟမ် ၂-၁ အာဆင်နယ်

နယူးကာဆယ်လ် ၁-၁ အာဆင်နယ်

အဲဗာတန် ၂-၀ အဲဗာတန်

တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ် ၂-၁ လက်စတာ

လီဗာပူးလ် ၃-၀ တော့တင်ဟမ်

တော့တင်ဟမ် ၂-၁ အာဆင်နယ်

တော့တင်ဟမ် ၁-၀ ဘန်လေ

နောဝစ်ချ် ၀-၁ တော့တင်ဟမ်

၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ပရီးမီးယားလိဂ်စည်းမျဉ်းများ မွမ်းမံခြင်းအရ အသင်း ၂ သင်းသာ ရမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းတူညီခဲ့ပြီး ဆုဖလား၊ တန်းဆင်းဇုန်၊ ဥရောပ ဝင်ခွင့်အတွက် အဖြေမပေါ်ဘူးဆိုရင် ကြားကွင်းမှာ play-off ကစားရမယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ “တကယ်လို့ အသင်း ၂ သင်း သို့မဟုတ် ၂ သင်းထက်ပိုတဲ့အသင်းတွေဟာ အမှတ်ပေးဇယားမှာ ဆုဖလား သို့မဟုတ် ဥရောပဝင်ခွင့် သို့မဟုတ် တန်းဆင်းဇုန်တိုက်ပွဲအတွက် ယှဉ်ပြိုင်နေတဲ့အချိန်မှာ ညီမျှနေမယ်ဆိုရင် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေက မှတ်တမ်းတွေကို ရလဒ်အဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်”

“ပြီးခဲ့တဲ့ရာသီတွေက ဒီလိုမျိုး ထူးခြားတဲ့တိုက်ပွဲထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့အသင်းတွေဟာ စုစုပေါင်း ရမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ ဂိုးအရေအတွက် တူညီခဲ့ရင် အချင်းချင်း playoff ပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပွဲအပိုဟာ လက်ရှိမှာတော့ ဖြစ်ဖို့ နည်းပါးသွားပါပြီ။ အသင်းတွေဟာ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းအပြီး အမှတ်ပေးဇယားမှာ ရမှတ် ဆက်တူညီနေမယ်ဆိုမှသာ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က ဆုံးဖြတ်ပေးတဲ့ ယှဉ်ပြိုင်ရမယ့်ပုံစံ၊ အချိန်နဲ့ နေရာနဲ့အတူ ကြားကွင်းမှာ playoff ပွဲကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။

အာတီတာရဲ့အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အလွန်ကောင်းမွန်တဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အလွန်ကောင်းမွန်တဲ့ပုံစံကို ရရှိနေပြီး နယူးကာဆယ်လ်ယူနိုက်တက်ကို ၅-၁၊ အက်စတန် ဗီလာကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ပုံစံတွေက ၃၉ ပွဲအထိ ပွဲအပို ကစားရနိုင်တဲ့ စစ်မှန်တဲ့ အခွင့်အရေးဆီ ဦးတည်နေပြီး ပရီးမီးယားလိဂ်မှာ ပထမဆုံး အပိုကစားရတဲ့ ပွဲစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရိသတ္ေတြဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ play-off ကစားနိုင္တယ္ဆိုတာကို ေတြ႕ရွိခဲ့ၾကပါတယ္။

ေျမာက္လန္ဒန္ ၂ သင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔အတြက္ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးနိုင္ေအာင္ လြန္ဆြဲေနၾကတာျဖစ္ၿပီး အာဆင္နယ္က လက္ရွိမွာ ရမွတ္ ၆၀ နဲ႔ အဆင့္ ၄၊ စပါးစ္က ၅၈ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ၂ သငး္စလုံးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိဖို႔အတြက္ ၅ ပြဲ ကစားဖို႔ က်န္ရွိေနေသးတာျဖစ္ၿပီး အဲဒီပြဲစဥ္ေတြထဲက တစ္ပြဲဟာ ေမလ ၁၂ ရက္ေန႔ စပါးစ္အိမ္ကြင္းမွာ က်င္းပမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက ဒီ ၂ သင္းအေနနဲ႔ ရမွတ္တူနဲ႔ ၿပီးဆုံးနိုင္တဲ့ နည္းလမ္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီး afc_richard လို႔ အမည္ရတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးက “တကယ္လို႔ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးပရိသတ္ေတြ စိုးရိမ္ေနသလို ၂ သင္းစလုံးဟာ အဆုံးအျဖတ္ေပးနိုင္တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲအၿပီး ရလဒ္က ရမွတ္၊ ဂိုးကြာျခားခ်က္နဲ႔ သြင္းဂိုးေတြ တူညီၿပီး ရာသီၿပီးဆုံးသြားနိုင္ပါတယ္။ အဲဒီလိုဆိုရင္ ဘယ္အသင္းက အဆင့္ ၄ ေနရာမွာ ၿပီးဆုံးမလဲဆိုတာကို ဆုံးျဖတ္ဖို႔အတြက္ ၾကားကြင္းမွာ Play-Off ပြဲကစားဖို႔ လိုအပ္မွာျဖစ္ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

အဲဒီအေကာင့္ကပဲ Play-Off ကစားရဖို႔ ျဖစ္လာနိုင္တဲ့ ပြဲစဥ္ေတြနဲ႔ ရလဒ္ေတြရဲ့ ဓာတ္ပုံကိုပါ တြဲၿပီး တင္ထားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္

ဝက္စ္ဟမ္း ၀-၃ အာဆင္နယ္

အာဆင္နယ္ ၃-၀ လိဒ္စ္

ေတာ့တင္ဟမ္ ၂-၁ အာဆင္နယ္

နယူးကာဆယ္လ္ ၁-၁ အာဆင္နယ္

အဲဗာတန္ ၂-၀ အဲဗာတန္

ေတာ့တင္ဟမ္ေဟာ့စပါး

ေတာ့တင္ဟမ္ ၂-၁ လက္စတာ

လီဗာပူးလ္ ၃-၀ ေတာ့တင္ဟမ္

ေတာ့တင္ဟမ္ ၂-၁ အာဆင္နယ္

ေတာ့တင္ဟမ္ ၁-၀ ဘန္ေလ

ေနာဝစ္ခ်္ ၀-၁ ေတာ့တင္ဟမ္

၂၀၁၉ ခုႏွစ္မွာ ထုတ္ျပန္ခဲ့တဲ့ ပရီးမီးယားလိဂ္စည္းမ်ဥ္းမ်ား မြမ္းမံျခင္းအရ အသင္း ၂ သင္းသာ ရမွတ္တူ၊ ဂိုးကြာျခားခ်က္တူ၊ ထိပ္တိုက္ေတြ႕ဆုံမႈမွတ္တမ္းတူညီခဲ့ၿပီး ဆုဖလား၊ တန္းဆင္းဇုန္၊ ဥေရာပ ဝင္ခြင့္အတြက္ အေျဖမေပၚဘူးဆိုရင္ ၾကားကြင္းမွာ play-off ကစားရမယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ “တကယ္လို႔ အသင္း ၂ သင္း သို႔မဟုတ္ ၂ သင္းထက္ပိုတဲ့အသင္းေတြဟာ အမွတ္ေပးဇယားမွာ ဆုဖလား သို႔မဟုတ္ ဥေရာပဝင္ခြင့္ သို႔မဟုတ္ တန္းဆင္းဇုန္တိုက္ပြဲအတြက္ ယွဥ္ၿပိဳင္ေနတဲ့အခ်ိန္မွာ ညီမၽွေနမယ္ဆိုရင္ ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ပြဲစဥ္ေတြက မွတ္တမ္းေတြကို ရလဒ္အျဖစ္ အသုံးျပဳသြားမွာျဖစ္ပါတယ္”

“ၿပီးခဲ့တဲ့ရာသီေတြက ဒီလိုမ်ိဳး ထူးျခားတဲ့တိုက္ပြဲထဲမွာ ပါဝင္ပတ္သက္ခဲ့တဲ့အသင္းေတြဟာ စုစုေပါင္း ရမွတ္တူ၊ ဂိုးကြာျခားခ်က္နဲ႔ ဂိုးအေရအတြက္ တူညီခဲ့ရင္ အခ်င္းခ်င္း playoff ပြဲစဥ္ေတြအျဖစ္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီပြဲအပိုဟာ လက္ရွိမွာေတာ့ ျဖစ္ဖို႔ နည္းပါးသြားပါၿပီ။ အသင္းေတြဟာ ထိပ္တိုက္ေတြ႕ဆုံမႈ မွတ္တမ္းအၿပီး အမွတ္ေပးဇယားမွာ ရမွတ္ ဆက္တူညီေနမယ္ဆိုမွသာ ပရီးမီးယားလိဂ္ဘုတ္အဖြဲ႕က ဆုံးျဖတ္ေပးတဲ့ ယွဥ္ၿပိဳင္ရမယ့္ပုံစံ၊ အခ်ိန္နဲ႔ ေနရာနဲ႔အတူ ၾကားကြင္းမွာ playoff ပြဲကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္”လို႔ ေရးသားထားပါတယ္။

အာတီတာရဲ့အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို အလြန္ေကာင္းမြန္တဲ့ နိုင္ပြဲ ရယူနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းကို အနိုင္ယူနိုင္ခဲ့တာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အလြန္ေကာင္းမြန္တဲ့ပုံစံကို ရရွိေနၿပီး နယူးကာဆယ္လ္ယူနိုက္တက္ကို ၅-၁၊ အက္စတန္ ဗီလာကို ၄-၀ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။

လက္ရွိျဖစ္ေနတဲ့ပုံစံေတြက ၃၉ ပြဲအထိ ပြဲအပို ကစားရနိုင္တဲ့ စစ္မွန္တဲ့ အခြင့္အေရးဆီ ဦးတည္ေနၿပီး ပရီးမီးယားလိဂ္မွာ ပထမဆုံး အပိုကစားရတဲ့ ပြဲစဥ္ျဖစ္လာမွာ ျဖစ္ပါတယ္။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.