Premier League

မန်ချက်စတာယူနိုက်တက်ကို ၂ ကျပ်ကွက် နင်းသွားတဲ့ ရန်းနစ်ခ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ဟာ လာမယ့် ၂၄ နာရီကနေ ၄၈ နာရီအတွင်း သြစတြီးယားလက်ရွေးစင်အသင်းနည်းပြအဖြစ် အတည်ပြုခြင်းခံရတော့မှာဖြစ်ပေမယ့် အိုးထရက်ဖို့ဒ်က အကြံပေးရာထူးကိုလည်း တာဝန်ယူသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အိုလေ ဂန်နာ ဆိုးလ်ရှားကို မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် လိုက်ပ်ဇစ်နည်းပြဟောင်းဟာ အိုးထရက်ဖို့ဒ်မှာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး အကြံပေးအဖြစ်လည်း ၂ နှစ် တာဝန်ထမ်းဆောင်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်ဟာ ယာယီနည်းပြအဖြစ် တာဝန်ယူပြီးကတည်းက အောင်မြင်မှု၊ ကျရှုံးမှုတွေ ရောထွေးနေတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့အပတ်မှာ မန်ချက်စတာယူနိုက်တက်က အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

ရန်းနစ်ခ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ယခုနွေရာသီမှာ မန်ယူနိုက်တက်ရဲ့ အကြံပေးအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့ပေမယ့် ရန်းနစ်ခ်ဟာ သြစတြီးယားလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

သဘောတူ လက်မှတ် ရေးထိုးရခြင်းမရှိသေးဘူးလို့ Sky Sports ဂျာနယ်လစ် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ပြောကြားခဲ့ပေမယ့်လည်း နောက်ဆုံး အသေးစိတ်အချက်အလက်တွေကိုတော့ ရှင်းလင်းပြီးဖြစ်တာကြောင့် သောကြာနေ့(ယနေ့)နံနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပြီး အတည်ပြုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ယခုအပတ်အစောပိုင်းတုန်းက ရန်းနစ်ခ်က အဲရစ် တန်ဟက်ဂ်နဲ့အတူ အသင်းရဲ့ အကြံပေးအဖြစ် လုပ်ဆောင်သွားဖို့ စောင့်မျှော်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “နည်းပြသစ်နဲ့အတူ ပိုကောင်းမွန်လာမှာဖြစ်ပြီး ပိုကောင်းလာနိုင်တဲ့ အရာအများကြီးရှိတယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ထားပြီး ကစားသမားသစ်အချို့၊ လူစာရင်းထဲက လတ်ဆတ်တဲ့ ခွန်အားအချို့နဲ့ ပိုကောင်းမွန်လာမယ်လို့ မျှော်လင့်မိပါတယ်။ ဒီမှာရှိနေပြီးသား အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ ကစားသမားသစ် အစုအဖွဲ့ဟာ နည်းပြသစ်နဲ့အတူ လုပ်ဆောင်သွားကြမှာဖြစ်ပြီး လာမယ့်ရာသီက အများကြီး ပိုကောင်းမွန်လာလိမ့်မယ်လို့ ကျွန်တော် အရမ်းကို အကောင်းမြင်ထားပါတယ်”

“ကျွန်တော် အကြံပေးရာထူးနဲ့ အလုပ်လုပ်သွားဖို့ စောင့်မျှော်နေပြီး အဲရစ် တန်ဟက်ဂ်ကို သူ လိုအပ်သလောက် အကူအညီပေးသွားမယ်ဆိုတာ သိသာပါတယ်။ အသင်းမှာ ရှိတဲ့ အရာအားလုံးကို ပိုကောင်းလာဖို့အတွက် တန်ဟက်ဂ်ရော အသင်းမှာရှိတဲ့ ဘယ်သူ့ကိုမဆိုပါ ကူညီဖို့ ကျွန်တော် ဆန္ဒရှိပြီး ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ သိသာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္ဟာ လာမယ့္ ၂၄ နာရီကေန ၄၈ နာရီအတြင္း ၾသစႀတီးယားလက္ေရြးစင္အသင္းနည္းျပအျဖစ္ အတည္ျပဳျခင္းခံရေတာ့မွာျဖစ္ေပမယ့္ အိုးထရက္ဖို႔ဒ္က အႀကံေပးရာထူးကိုလည္း တာဝန္ယူသြားမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ နိုဝင္ဘာလမွာ အိုေလ ဂန္နာ ဆိုးလ္ရွားကို မန္ခ်က္စတာယူနိုက္တက္အသင္းက နည္းျပရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ လိုက္ပ္ဇစ္နည္းျပေဟာင္းဟာ အိုးထရက္ဖို႔ဒ္မွာ ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး အႀကံေပးအျဖစ္လည္း ၂ ႏွစ္ တာဝန္ထမ္းေဆာင္ဖို႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္ဟာ ယာယီနည္းျပအျဖစ္ တာဝန္ယူၿပီးကတည္းက ေအာင္ျမင္မႈ၊ က်ရႈံးမႈေတြ ေရာေထြးေနတဲ့ ကာလေတြကို ျဖတ္သန္းခဲ့ရတာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့အပတ္မွာ မန္ခ်က္စတာယူနိုက္တက္က အဲရစ္ တန္ဟက္ဂ္ကို နည္းျပသစ္အျဖစ္ ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ရန္းနစ္ခ္ရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး အသက္ ၆၃ ႏွစ္အရြယ္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ယခုေႏြရာသီမွာ မန္ယူနိုက္တက္ရဲ့ အႀကံေပးအျဖစ္ တာဝန္ယူသြားမွာျဖစ္တယ္လို႔ Sky Sports က ေဖာ္ျပခဲ့ေပမယ့္ ရန္းနစ္ခ္ဟာ ၾသစႀတီးယားလက္ေရြးစင္အသင္းရဲ့ နည္းျပခ်ဳပ္လည္း ျဖစ္လာမွာျဖစ္ပါတယ္။

သေဘာတူ လက္မွတ္ ေရးထိုးရျခင္းမရွိေသးဘူးလို႔ Sky Sports ဂ်ာနယ္လစ္ ဖလိုရီယန္ ပလက္တန္ဘာ့ဂ္က ေျပာၾကားခဲ့ေပမယ့္လည္း ေနာက္ဆုံး အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ရွင္းလင္းၿပီးျဖစ္တာေၾကာင့္ ေသာၾကာေန႔(ယေန႔)နံနက္ပိုင္းမွာ ေၾကညာခ်က္ထုတ္ျပန္ၿပီး အတည္ျပဳသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းက ရန္းနစ္ခ္က အဲရစ္ တန္ဟက္ဂ္နဲ႔အတူ အသင္းရဲ့ အႀကံေပးအျဖစ္ လုပ္ေဆာင္သြားဖို႔ ေစာင့္ေမၽွာ္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “နည္းျပသစ္နဲ႔အတူ ပိုေကာင္းမြန္လာမွာျဖစ္ၿပီး ပိုေကာင္းလာနိုင္တဲ့ အရာအမ်ားႀကီးရွိတယ္လို႔ ကၽြန္ေတာ္ အခိုင္အမာ ယုံၾကည္ထားၿပီး ကစားသမားသစ္အခ်ိဳ႕၊ လူစာရင္းထဲက လတ္ဆတ္တဲ့ ခြန္အားအခ်ိဳ႕နဲ႔ ပိုေကာင္းမြန္လာမယ္လို႔ ေမၽွာ္လင့္မိပါတယ္။ ဒီမွာရွိေနၿပီးသား အရည္အေသြးရွိတဲ့ ကစားသမားေတြနဲ႔ ကစားသမားသစ္ အစုအဖြဲ႕ဟာ နည္းျပသစ္နဲ႔အတူ လုပ္ေဆာင္သြားၾကမွာျဖစ္ၿပီး လာမယ့္ရာသီက အမ်ားႀကီး ပိုေကာင္းမြန္လာလိမ့္မယ္လို႔ ကၽြန္ေတာ္ အရမ္းကို အေကာင္းျမင္ထားပါတယ္”

“ကၽြန္ေတာ္ အႀကံေပးရာထူးနဲ႔ အလုပ္လုပ္သြားဖို႔ ေစာင့္ေမၽွာ္ေနၿပီး အဲရစ္ တန္ဟက္ဂ္ကို သူ လိုအပ္သေလာက္ အကူအညီေပးသြားမယ္ဆိုတာ သိသာပါတယ္။ အသင္းမွာ ရွိတဲ့ အရာအားလုံးကို ပိုေကာင္းလာဖို႔အတြက္ တန္ဟက္ဂ္ေရာ အသင္းမွာရွိတဲ့ ဘယ္သူ႔ကိုမဆိုပါ ကူညီဖို႔ ကၽြန္ေတာ္ ဆႏၵရွိၿပီး ႀကိဳတင္ျပင္ဆင္ထားတယ္ဆိုတာ သိသာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.