Premier League UCL&UEL

မန်ဆီနီရဲ့ OG ကြောင့် အိမ်ကွင်းမှာ ရုပ်မပေါက်ခဲ့တဲ့ လက်စတာ

ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ရိုးမားအသင်းတို့ရဲ့ ယူရိုပါကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ရိုးမားအသင်းက နီကိုလာ ဇာလက်ဗ်စကီးရဲ့ အကွက်မြင်မြင် ထိုးပေးလိုက်တဲ့ဘောလုံးကို ပယ်လီဂရီနီက ကက်စ်ပါ ရှမိုက်ကယ် ပေါင်ကြားထဲကို ကန်သွင်းယူနိုင်ခဲ့တာကြောင့် စောစောစီးစီး ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးဟာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့အတွက် အခွင့်အရေးအများအပြား ဖန်တီးနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ လွတ်ခ်မန်းရဲ့ အပိုင်ခေါင်းတိုက်ချက်က လွဲချော်သွားခဲ့တာကြောင့် နစ်နာခဲ့ပါတယ်။

ဟာဗေး ဘန်းစ်က ပင်နယ်တီဧရိယာထဲကို ချိုးဝင်ပြီး ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို မန်ဆီနီက ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိခဲ့ပြီး လက်စတာစီးတီးတို့ ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။ ၂ သင်းစလုံးဟာ ပထမအကျော့မှာ အားသာချက်ရရှိနိုင်အောင် နောက်ကျအခွင့်အရေးတွေ ရရှိခဲ့ပြီး ဆာဂျီယို အိုလီဗီယာရာရဲ့ နောက်ပြန်ကန်ချက်ကို ရှမိုက်ကယ်က ကာကွယ်နိုင်ခဲ့သလို အီယန်နာချိုရဲ့ အဝေးကန်ချက်ကို ပက်ထရီစီယိုက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ညမှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် လာမယ့်အပတ် ကြာသပတေးနေ့မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ဟာ ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်လုပွဲမှာ ဖီယင်နု သို့မဟုတ် မာဆေးလ်နဲ့ ရင်ဆိုင်ရဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ စနေနေ့က အက်စတန် ဗီလာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဂျေမီ ဗာဒီဟာ ၁၉ မိနစ်ကြာ ပါဝင်ကစားပေးခဲ့ပြီး မတ်လအစောပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရိုးမားကို ရင်ဆိုင်မယ့် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းက ၁၅ မိနစ်အကြာမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လက်စတာစီးတီးရဲ့ တောက်ပတဲ့ စတင်မှုဟာ ရပ်တန့်သွားခဲ့ပြီး တီမိုသီ ကတ်စ်တာညဲရဲ့ ခေါင်းတိုက်ချက်က ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဇာနီအိုလိုရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဇာလက်ဗ်စကီးက ဘယ်တောင်ပံကနေတဆင့် ပြေးလွှားရင်း လော်ရန်းဇိုး ပယ်လီဂရီနီရဲ့ ပြေးလမ်းကြောင်းထဲကို ခင်းပေးခဲ့ရာမှာ ရိုးမားအသင်းခေါင်းဆောင်က ယခုရာသီ ဥရောပပွဲစဉ် ၈ ပွဲမှာ ၄ ဂိုးမြောက် သွင်းဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမပြီးခင် လွတ်ခ်မန်းက အိမ်ရှင် လက်စတာစီးတီးအသင်းအတွက် ၂ ကြိမ်အထိ ချေပဂိုး ပြန်လည်ရရှိဖို့အတွက် အခွင့်အရေးရခဲ့ပေမယ့်လည်း ပထမအကြိမ်မှာ စမောလင်းက လွတ်ခ်မန်းရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပြီး နောက်တစ်ကြိမ်မှာလည်း ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ လွတ်ခ်မန်းဟာ ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူခဲ့ရာမှာ ပက်ထရီစီယိုက ပုတ်ထုတ်ကာကွယ်ခဲ့လို့ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဗာဒီက ပိတ်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း စမောလင်းက လျင်လျင်မြန်မြန်နဲ့ ဖျက်ထုတ်သွားခဲ့တာဖြစ်ပါတယ်။

လူစားဝင်လာတဲ့ ဟာဗေး ဘန်းစ်ဟာ လက်စတာစီးတီးအသင်းအတွက် ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီး ဘယ်တောင်ပံကနေတဆင့် ဂိုးရှေ့မှာရှိနေတဲ့ လွတ်ခ်မန်းဆီကို အပြင်းကန်တင်ပေးလိုက်တဲ့အချိန်မှာ မန်ဆီနီက ကြားဝင်ဖျက်ထုတ်ခဲ့ပေမယ့် မသေသပ်ခဲ့တာကြောင့် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသွားခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ယခုအပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းရဲ့ ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်ကို အနှောင့်အယှက်ပေးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ရိုးမားအသင်းကတော့ စီးရီးအေအမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်ဖို့အတွက် တနင်္ဂနွေနေ့ ဘိုလော့ဂ်ညာနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၾကာသပေတးေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လက္စတာစီးတီးနဲ႔ ရိုးမားအသင္းတို႔ရဲ့ ယူရိုပါကြန္းဖရင့္လိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ရိုးမားအသင္းက နီကိုလာ ဇာလက္ဗ္စကီးရဲ့ အကြက္ျမင္ျမင္ ထိုးေပးလိုက္တဲ့ေဘာလုံးကို ပယ္လီဂရီနီက ကက္စ္ပါ ရွမိုက္ကယ္ ေပါင္ၾကားထဲကို ကန္သြင္းယူနိုင္ခဲ့တာေၾကာင့္ ေစာေစာစီးစီး ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။ လက္စတာစီးတီးဟာ ေခ်ပဂိုး ျပန္လည္သြင္းယူနိုင္ဖို႔အတြက္ အခြင့္အေရးအမ်ားအျပား ဖန္တီးနိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန လြတ္ခ္မန္းရဲ့ အပိုင္ေခါင္းတိုက္ခ်က္က လြဲေခ်ာ္သြားခဲ့တာေၾကာင့္ နစ္နာခဲ့ပါတယ္။

ဟာေဗး ဘန္းစ္က ပင္နယ္တီဧရိယာထဲကို ခ်ိဳးဝင္ၿပီး ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို မန္ဆီနီက ဖ်က္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ကိုယ့္ဂိုး ကိုယ္ျပန္သြင္းမိခဲ့ၿပီး လက္စတာစီးတီးတို႔ ေခ်ပဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။ ၂ သင္းစလုံးဟာ ပထမအေက်ာ့မွာ အားသာခ်က္ရရွိနိုင္ေအာင္ ေနာက္က်အခြင့္အေရးေတြ ရရွိခဲ့ၿပီး ဆာဂ်ီယို အိုလီဗီယာရာရဲ့ ေနာက္ျပန္ကန္ခ်က္ကို ရွမိုက္ကယ္က ကာကြယ္နိုင္ခဲ့သလို အီယန္နာခ်ိဳရဲ့ အေဝးကန္ခ်က္ကို ပက္ထရီစီယိုက ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညမွာ သေရရလဒ္ထြက္ေပၚခဲ့တာေၾကာင့္ လာမယ့္အပတ္ ၾကာသပေတးေန႔မွာ ကစားမယ့္ ဒုတိယအေက်ာ့ပြဲစဥ္ဟာ ယူရိုပါကြန္းဖရင့္လိဂ္ ဗိုလ္လုပြဲမွာ ဖီယင္ႏု သို႔မဟုတ္ မာေဆးလ္နဲ႔ ရင္ဆိုင္ရဖို႔အတြက္ အဆုံးအျဖတ္ပြဲစဥ္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။ စေနေန႔က အက္စတန္ ဗီလာနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ေဂ်မီ ဗာဒီဟာ ၁၉ မိနစ္ၾကာ ပါဝင္ကစားေပးခဲ့ၿပီး မတ္လအေစာပိုင္းေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ရိုးမားကို ရင္ဆိုင္မယ့္ ပြဲထြက္လူစာရင္းမွာ ျပန္လည္ပါဝင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

ရိုးမားအသင္းက ၁၅ မိနစ္အၾကာမွာ ဦးေဆာင္ဂိုး သြင္းယူနိုင္ခဲ့ၿပီးေနာက္ လက္စတာစီးတီးရဲ့ ေတာက္ပတဲ့ စတင္မႈဟာ ရပ္တန႔္သြားခဲ့ၿပီး တီမိုသီ ကတ္စ္တာညဲရဲ့ ေခါင္းတိုက္ခ်က္က ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ဇာနီအိုလိုရဲ့ ျဖတ္တင္ေပးပို႔မႈကေန ဇာလက္ဗ္စကီးက ဘယ္ေတာင္ပံကေနတဆင့္ ေျပးလႊားရင္း ေလာ္ရန္းဇိုး ပယ္လီဂရီနီရဲ့ ေျပးလမ္းေၾကာင္းထဲကို ခင္းေပးခဲ့ရာမွာ ရိုးမားအသင္းေခါင္းေဆာင္က ယခုရာသီ ဥေရာပပြဲစဥ္ ၈ ပြဲမွာ ၄ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမၿပီးခင္ လြတ္ခ္မန္းက အိမ္ရွင္ လက္စတာစီးတီးအသင္းအတြက္ ၂ ႀကိမ္အထိ ေခ်ပဂိုး ျပန္လည္ရရွိဖို႔အတြက္ အခြင့္အေရးရခဲ့ေပမယ့္လည္း ပထမအႀကိမ္မွာ စေမာလင္းက လြတ္ခ္မန္းရဲ့ ကန္ခ်က္ကို ကာကြယ္ခဲ့ၿပီး ေနာက္တစ္ႀကိမ္မွာလည္း ပါဝင္ပတ္သက္ခဲ့တာျဖစ္ပါတယ္။ လြတ္ခ္မန္းဟာ ပင္နယ္တီဧရိယာထိပ္ကေန အျပင္းကန္သြင္းယူခဲ့ရာမွာ ပက္ထရီစီယိုက ပုတ္ထုတ္ကာကြယ္ခဲ့လို႔ ျပန္လၽွံထြက္လာတဲ့ ေဘာလုံးကို ဗာဒီက ပိတ္သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း စေမာလင္းက လ်င္လ်င္ျမန္ျမန္နဲ႔ ဖ်က္ထုတ္သြားခဲ့တာျဖစ္ပါတယ္။

လူစားဝင္လာတဲ့ ဟာေဗး ဘန္းစ္ဟာ လက္စတာစီးတီးအသင္းအတြက္ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသနိုင္ခဲ့ၿပီး ဘယ္ေတာင္ပံကေနတဆင့္ ဂိုးေရွ႕မွာရွိေနတဲ့ လြတ္ခ္မန္းဆီကို အျပင္းကန္တင္ေပးလိုက္တဲ့အခ်ိန္မွာ မန္ဆီနီက ၾကားဝင္ဖ်က္ထုတ္ခဲ့ေပမယ့္ မေသသပ္ခဲ့တာေၾကာင့္ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိသြားခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းဟာ ယခုအပတ္ ပရီးမီးယားလိဂ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းရဲ့ ထိပ္ဆုံး ၄ ေနရာေမၽွာ္လင့္ခ်က္ကို အေႏွာင့္အယွက္ေပးနိုင္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။ ရိုးမားအသင္းကေတာ့ စီးရီးေအအမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ဖို႔အတြက္ တနဂၤေႏြေန႔ ဘိုေလာ့ဂ္ညာနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.