Bundesliga Premier League UCL&UEL

ဥရောပပါး မဝသေးလို့ ဖရန့်ဖတ်ဆီမှာ ခံစားလိုက်ရတဲ့ အိမ်ရှင် ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းမှာ စတင်ကစားခဲ့ရသလို လူစုံထုတ်လာခဲ့ပြီး ဂိုးသမား အာရီယိုလာ၊ ဇူးမား၊ ဒေါ်ဆန်၊ ခရက်စ်ဝဲလ်၊ ဂျွန်ဆန်တို့နဲ့ ခံစစ်ကို ခင်းကျင်းလာခဲ့ချိန်မှာ ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်၊ ဖော်နယ်လ်စ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဘိုဝင်၊ အန်တိုနီယိုနဲ့ လန်ဇီနီတို့ပဲ ၄-၃-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။

ဖရန့်ဖတ်ကတော့ ဂိုးသမား ထရက်ပ်၊ ခံစစ်မှာ အလမ်မီ တိုရေး၊ ဟင်ထရက်ဂါ၊ တူတာတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ရိုဒါ၊ ကော့စ်တစ်ချ်၊ ဂျီဘရီလ် ဆိုး၊ ခနော့ဖ်တို့နဲ့ ခင်းကျင်းလာခဲ့ကြသလို တိုက်စစ်မှာတော့ ရာဖေးလ် ဘော်ရီ၊ လင့်ဒ်စထရွမ်နဲ့ ကာမာဒါတို့ကို ၃-၄-၂-၁ ပုံစံနဲ့ ပွဲထွက် ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၄၉ စက္ကန့်မှာပဲ ဧည့်သည် ဖရန့်ဖတ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားခဲ့ကြပြီး ဘယ်ခြမ်းက စတင်ခဲ့တဲ့ တိုက်စစ်ကနေ ကိုလံဘီယာ တိုက်စစ်မှူး ဘော်ရီက အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးခဲ့ရာမှာ ညာတောင်ပံသမား ခနော့ဖ်က ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့လို့ ဂိုးသမား အာရီယိုလာ ဘာမှ မတတ်နိုင်လိုက်ဘဲ ဝက်စ်ဟမ်းတို့ အငိုက်မိခဲ့ရတာဖြစ်ပါတယ်။

ဒီဂိုးကတော့ ၃ ယောက်တန်းခံစစ်ကို အစွဲရှိနေပုံရတဲ့ ဘယ်နောက်ခံလူ ခရက်စ်ဝဲလ်ရဲ့ နေရာယူပုံ ကျဉ်းလွန်းနေတာကြောင့် တောင်ပံကနေ ဖရန့်ဖတ်တို့ အခွင့်အရေး ရသွားခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းတို့ကတော့ နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်လုပ်ချင်း ပွဲစဉ်မျိုးတွေမှာ ပြဿနာရှိခဲ့သလို နည်းပြ ဒေးဗစ် မွိုက်စ်အတွက်တော့ အသင်းက လိုသလို မလိုက်နိုင်သေးတာကိုလည်း တွေ့ခဲ့ရတာပါ။

ပွဲချိန် ၁၄ မိနစ်မှာ ဝက်စ်ဟမ်းတို့ တန်ပြန်တိုက်စစ်ကနေ အကောင်းဆုံးအခွင့်အရေးခဲ့ပြီး ဘိုဝင်ရဲ့ ကန်ချက်က ဂိုးဖြစ်သွားပြီလို့ ထင်ခဲ့ကြပေမယ့် တိုင်ထိပြီး ပြန်ထွက်လာခဲ့သလို ပွဲချိန် ၁၉ မိနစ်မှာတော့ ခနော့ဖ်ရဲ့ အမှတ်မထင် အငိုက်ဖမ်းကန်ချက်ကို ဂိုးသမား အာရီယိုလာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ လန်ဇီနီ ကန်တင်ပေးတာကို နောက်ခံလူ ဇူးမားက ခေါင်းတိုက်သွင်းခဲ့ရာမှာ ဂိုးထဲကို ဝင်လုဝင်ခင် အနေအထားမှာ ဂိုးသမား ထရက်ပ် မကာကွယ်နိုင်ခင် နောက်က ပါလာတဲ့ အန်တိုနီယိုက အနီးကပ် ပိတ်သွင်းပြီး တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ရဲ့ ခံစစ်စုဖွဲ့မှုကတော့ တော်တော်လေး ဟာကွက်များနေခဲ့တာကို တွေ့ရပြီး ခရက်စ်ဝဲလ်ရဲ့ ဘယ်ခြမ်းကပဲ ဖရန့်ဖတ်တို့ အဓိက ထိုးနှက်ကစားသွားခဲ့ကြသလို ဖရန့်ဖတ်ရဲ့ ခနော့ဖ်ကလည်း အခွင့်အရေးကောင်းတစ်ကြိမ်ကို ဖြုန်းတီးပစ်ခဲ့တာကြောင့် တစ်ဂိုးစီ သရေပဲ ဖြစ်နေခဲ့ပါတယ်။

အိမ်ရှင် ဝက်စ်ဟမ်းတို့ ဖိကစားခဲ့ပေမယ့် တိုက်စစ်မှာ ထိရောက်မှုကတော့ တော်တော်ဆိုးဆိုးဖြစ်နေပြီး ကန်ချက် ၁၅ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကြောင့် ဂျာမန် ကလပ်ရဲ့ ဂိုးသမား ထရက်ပ် ခြင်ကိုက်မှာ စိုးရိမ်နေခဲ့ရသလို တဖြည်းဖြည်းနဲ့ ဖရန့်ဖတ်တို့ပဲ ပြန်ပြီး ကစားကွက် ဖော်ဆောင်လာနိုင်ခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကို ဖရန့်ဖတ်တို့ ပြန်လည်သွင်းယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ပထမဂိုး သွင်းယူပေးထားတဲ့ ခနော့ဖ်ကပဲ လင့်ဒစထရွမ်နဲ့ ဝမ်းတူးရိုက်ပြီး ကန်ရာမှာ ဝက်စ်ဟမ်းဂိုးသမားနဲ့ ထိထွက်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ကာမာဒါက အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အိမ်ရှင်တိုက်စစ်က လန်ဇီနီအစား ဘင်ရာမာကို ထည့်သွင်းကစားခဲ့ပေမယ့် ရလဒ်ကို အိမ်ကွင်းမှာ ပြန်ပြောင်းလဲဖို့ မတတ်နိုင်ကြတော့တာကြောင့် ပွဲချိန်အပြည့်မှာ ဖရန့်ဖတ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး ဝက်စ်ဟမ်းတို့ကတော့ ကိုယ့်ကွင်းမှာ မျက်နှာ ပျက်ခဲ့ရတာကြောင့် လာမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပြန်လာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္းမွာ စတင္ကစားခဲ့ရသလို လူစုံထုတ္လာခဲ့ၿပီး ဂိုးသမား အာရီယိုလာ၊ ဇူးမား၊ ေဒၚဆန္၊ ခရက္စ္ဝဲလ္၊ ဂြၽန္ဆန္တို႔နဲ႔ ခံစစ္ကို ခင္းက်င္းလာခဲ့ခ်ိန္မွာ ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဆိုးခ်က္ခ္၊ ေဖာ္နယ္လ္စ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဘိုဝင္၊ အန္တိုနီယိုနဲ႔ လန္ဇီနီတို႔ပဲ ၄-၃-၃ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ဖရန႔္ဖတ္ကေတာ့ ဂိုးသမား ထရက္ပ္၊ ခံစစ္မွာ အလမ္မီ တိုေရး၊ ဟင္ထရက္ဂါ၊ တူတာတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒါ၊ ေကာ့စ္တစ္ခ်္၊ ဂ်ီဘရီလ္ ဆိုး၊ ခေနာ့ဖ္တို႔နဲ႔ ခင္းက်င္းလာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ရာေဖးလ္ ေဘာ္ရီ၊ လင့္ဒ္စထ႐ြမ္နဲ႔ ကာမာဒါတို႔ကို ၃-၄-၂-၁ ပုံစံနဲ႔ ပြဲထြက္ ကစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၄၉ စကၠန႔္မွာပဲ ဧည့္သည္ ဖရန႔္ဖတ္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားခဲ့ၾကၿပီး ဘယ္ျခမ္းက စတင္ခဲ့တဲ့ တိုက္စစ္ကေန ကိုလံဘီယာ တိုက္စစ္မႉး ေဘာ္ရီက အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးခဲ့ရာမွာ ညာေတာင္ပံသမား ခေနာ့ဖ္က ေျပးဝင္ေခါင္းတိုက္သြင္းယူခဲ့လို႔ ဂိုးသမား အာရီယိုလာ ဘာမွ မတတ္ႏိုင္လိုက္ဘဲ ဝက္စ္ဟမ္းတို႔ အငိုက္မိခဲ့ရတာျဖစ္ပါတယ္။

ဒီဂိုးကေတာ့ ၃ ေယာက္တန္းခံစစ္ကို အစြဲရွိေနပုံရတဲ့ ဘယ္ေနာက္ခံလူ ခရက္စ္ဝဲလ္ရဲ႕ ေနရာယူပုံ က်ဥ္းလြန္းေနတာေၾကာင့္ ေတာင္ပံကေန ဖရန႔္ဖတ္တို႔ အခြင့္အေရး ရသြားခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ နည္းစနစ္ပိုင္း အေျပာင္းအလဲလုပ္လုပ္ခ်င္း ပြဲစဥ္မ်ိဳးေတြမွာ ျပႆနာရွိခဲ့သလို နည္းျပ ေဒးဗစ္ မြိဳက္စ္အတြက္ေတာ့ အသင္းက လိုသလို မလိုက္ႏိုင္ေသးတာကိုလည္း ေတြ႕ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာ ဝက္စ္ဟမ္းတို႔ တန္ျပန္တိုက္စစ္ကေန အေကာင္းဆုံးအခြင့္အေရးခဲ့ၿပီး ဘိုဝင္ရဲ႕ ကန္ခ်က္က ဂိုးျဖစ္သြားၿပီလို႔ ထင္ခဲ့ၾကေပမယ့္ တိုင္ထိၿပီး ျပန္ထြက္လာခဲ့သလို ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ခေနာ့ဖ္ရဲ႕ အမွတ္မထင္ အငိုက္ဖမ္းကန္ခ်က္ကို ဂိုးသမား အာရီယိုလာ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖရီးကစ္ကေန လန္ဇီနီ ကန္တင္ေပးတာကို ေနာက္ခံလူ ဇူးမားက ေခါင္းတိုက္သြင္းခဲ့ရာမွာ ဂိုးထဲကို ဝင္လုဝင္ခင္ အေနအထားမွာ ဂိုးသမား ထရက္ပ္ မကာကြယ္ႏိုင္ခင္ ေနာက္က ပါလာတဲ့ အန္တိုနီယိုက အနီးကပ္ ပိတ္သြင္းၿပီး တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔ရဲ႕ ခံစစ္စုဖြဲ႕မႈကေတာ့ ေတာ္ေတာ္ေလး ဟာကြက္မ်ားေနခဲ့တာကို ေတြ႕ရၿပီး ခရက္စ္ဝဲလ္ရဲ႕ ဘယ္ျခမ္းကပဲ ဖရန႔္ဖတ္တို႔ အဓိက ထိုးႏွက္ကစားသြားခဲ့ၾကသလို ဖရန႔္ဖတ္ရဲ႕ ခေနာ့ဖ္ကလည္း အခြင့္အေရးေကာင္းတစ္ႀကိမ္ကို ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ တစ္ဂိုးစီ သေရပဲ ျဖစ္ေနခဲ့ပါတယ္။

အိမ္ရွင္ ဝက္စ္ဟမ္းတို႔ ဖိကစားခဲ့ေပမယ့္ တိုက္စစ္မွာ ထိေရာက္မႈကေတာ့ ေတာ္ေတာ္ဆိုးဆိုးျဖစ္ေနၿပီး ကန္ခ်က္ ၁၅ ႀကိမ္မွာ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာေၾကာင့္ ဂ်ာမန္ ကလပ္ရဲ႕ ဂိုးသမား ထရက္ပ္ ျခင္ကိုက္မွာ စိုးရိမ္ေနခဲ့ရသလို တျဖည္းျဖည္းနဲ႔ ဖရန႔္ဖတ္တို႔ပဲ ျပန္ၿပီး ကစားကြက္ ေဖာ္ေဆာင္လာႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ေနာက္ထပ္ဦးေဆာင္ဂိုးတစ္ဂိုးကို ဖရန႔္ဖတ္တို႔ ျပန္လည္သြင္းယူသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ ပထမဂိုး သြင္းယူေပးထားတဲ့ ခေနာ့ဖ္ကပဲ လင့္ဒစထ႐ြမ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ကန္ရာမွာ ဝက္စ္ဟမ္းဂိုးသမားနဲ႔ ထိထြက္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ကာမာဒါက အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အိမ္ရွင္တိုက္စစ္က လန္ဇီနီအစား ဘင္ရာမာကို ထည့္သြင္းကစားခဲ့ေပမယ့္ ရလဒ္ကို အိမ္ကြင္းမွာ ျပန္ေျပာင္းလဲဖို႔ မတတ္ႏိုင္ၾကေတာ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ ဖရန႔္ဖတ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ ကိုယ့္ကြင္းမွာ မ်က္ႏွာ ပ်က္ခဲ့ရတာေၾကာင့္ လာမယ့္ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ ျပန္လာႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF:INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.