Match Report Premier League

အိုးလ်ထရက်ဖို့ဒ်က ချစ်ကြည်ရေးမှာ တစ်မှတ်စီခွဲယူတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ လင်ဒီလော့ဖ်၊ ဗာရွန်း၊ ဒါလော့နဲ့ အဲလက်စ် တဲလက်စ်တို့ကို ခံစစ်မှာ ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ မာတစ်ချ်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချဲ့သလို တိုက်စစ်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အီလန်ဂါနဲ့ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လာခဲ့ကြပါတယ်။

ချဲလ်ဆီးတို့ကတော့ ခံစစ်မှာ ဂိုးသမား မန်ဒီ၊ သီယာဂို ဆေးလ်ဗား၊ ရူဒီဂါ၊ အက်ဇ်ပီလီကွေတာတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ရီးစ် ဂျိမ်းစ်၊ အလွန်ဆို၊ ကွန်တေ၊ ဂျော်ဂျင်ညိုနဲ့ မေဆန်မောင့်တို့ကို နည်းပြ တူဟယ်လ်က ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်နဲ့ တီမို ဗာနာတို့အတွဲကို အသုံးပြုလာခဲ့တာပါ။

ပွဲစပြီး သိပ်မကြာခင်မှာပဲ ရီးစ် ဂျိမ်းစ်နဲ့ တီမို ဗာနာတို့ရဲ့ ကန်ချက်တွေကို ဒဟေးယား ကာကွယ်ခဲ့ရသလို အဲလက်စ် တဲလက်စ်ရဲ့ ဖြတ်တင် ပေးပို့မှုကနေ ဘရူနို ဖာနန်ဒက်စ် ခေါင်းတိုက်တာကတော့ မန်ဒီတည့်တည့်ကိုပဲ ရောက်သွားခဲ့ပြီး လူကျွံဘောဖမ်းတာ မပီပြင်တဲ့ အိမ်ရှင်ခံစစ်ကြားထဲက လွတ်ထွက်သွားခဲ့တဲ့ ဟာဗတ်ဇ်ရဲ့ ကန်ချက်ကလည်း ဒဟေးယား မျက်နှာနဲ့ပဲ ထိထွက်သွားခဲ့ပါတယ်။

ရီးစ် ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောတစ်ကြိမ်ကို အလွန်ဆို လွဲချော်သွားခဲ့သလို နောက်တစ်ကြိမ်ကိုတော့ ဟာဗတ်ဇ် ခေါင်းတိုက်ရာမှာ ဒဟေးယားပဲ ကာကွယ်သွားနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့ ၁၁ ကြိမ်ကန်ပြီး ၅ ကြိမ် ဂိုးပေါက်တည့်ခဲ့ချိန်မှာ အိမ်ရှင်တွေကတော့ ၃ ကြိမ်မှာ ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဂိုးမရှိသရေပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန်မိနစ် ၆၀ မှာ ညာခြမ်းကနေ ရီးစ် ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို ဟာဗတ်ဇ်က ဂိုးထဲတိုက်ဖို့ အခွင့်မသာလို့ နောက်ပြန်တိုက်ချပေးရာမှာ အဆင်သင့်ရှိနေတဲ့ မားကို့စ် အလွန်ဆိုက အနီးကပ် Volley ကန်သွင်းပြီး ယူနိုက်တက်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။

ချဲလ်ဆီးတို့ရဲ့ အပျော်ကတော့ ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၆၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ခံစစ်က ကွန်တေ ရှင်းထုတ်တဲ့ ဘောလုံးကို ခံစစ်က ပြန်ဖြတ်ယူခဲ့ပြီး ဘောလုံးရသွားတဲ့ မာတစ်ချ်က နေရာယူပုံ ဖရိုဖရဲဖြစ်နေတဲ့ ချဲလ်ဆီးနောက်တန်းကို ကျော်ချပေးရာမှာ ရော်နယ်လ်ဒိုက လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး အနီးကပ် ထိန်းသိမ်းကန်သွင်းနိုင်ခဲ့သလို့ သရေပြန်ဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ ဂိုးထပ်ရဖို့ တီမို ဗာနာနဲ့ ဟာဗတ်ဇ်အစား ပူလီရှစ်ချ်နဲ့ လူကာကူးတို့ကို ထည့်ကစားခဲ့ကြပြီး ပွဲချိန် ၇၉ မိနစ်မှာ ကွန်တေ ပေးတဲ့ ဘောလုံးကို မေဆန်မောင့် နောက်ပေါက်နဲ့ ချပေးရာမှာ ရီးစ် ဂျိမ်းစ်ရဲ့ ဘယ်ခြေကန်ချက်က တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြီး အိမ်ရှင်တွေ ကတော့ ရက်ရှ်ဖို့ဒ်နဲ့ မာတစ်ချ်အစား မာတာနဲ့ ဖီးလ် ဂျုံးစ်တို့ကို လဲကစားသွားခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာ ကွန်တေအစား လော့ဖ်တပ်စ်-ချိခ်ကို ထပ်ပြီး အပြောင်းအလဲလုပ်ခဲ့ပေမယ့် လက်ကျန်ပွဲချိန်တွေမှာတော့ အလွန်ဆိုနဲ့ ရီးစ် ဂျိမ်းစ်တို့ ဖြုန်းတီးနေခဲ့ကြတာကြောင့် ချဲလ်ဆီးတို့ ဂိုးမရှာဖွေနိုင်တော့သလို အိမ်ရှင်တွေကလည်း အမှားမရှိဖို့သာ ကစားသွားခဲ့တာကြောင့် နောက်ဆုံးမှာ တစ်ဂိုးစီသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ပွဲစဉ် ၃၃ အပြီးမှာ ရမှတ် ၆၆ မှတ်အထိ စုဆောင်းသွားနိုင်ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်တို့ကတော့ ၃၅ ပွဲ ကစားအပြီးမှာ ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ လင္ဒီေလာ့ဖ္၊ ဗာ႐ြန္း၊ ဒါေလာ့နဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို ခံစစ္မွာ ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ မာတစ္ခ်္၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ဲ႕သလို တိုက္စစ္မွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ အီလန္ဂါနဲ႔ ရက္ရွ္ဖို႔ဒ္ကို ပြဲထြက္လာခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးတို႔ကေတာ့ ခံစစ္မွာ ဂိုးသမား မန္ဒီ၊ သီယာဂို ေဆးလ္ဗား၊ ႐ူဒီဂါ၊ အက္ဇ္ပီလီေကြတာတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ ဂ်ိမ္းစ္၊ အလြန္ဆို၊ ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေမဆန္ေမာင့္တို႔ကို နည္းျပ တူဟယ္လ္က ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္နဲ႔ တီမို ဗာနာတို႔အတြဲကို အသုံးျပဳလာခဲ့တာပါ။

ပြဲစၿပီး သိပ္မၾကာခင္မွာပဲ ရီးစ္ ဂ်ိမ္းစ္နဲ႔ တီမို ဗာနာတို႔ရဲ႕ ကန္ခ်က္ေတြကို ဒေဟးယား ကာကြယ္ခဲ့ရသလို အဲလက္စ္ တဲလက္စ္ရဲ႕ ျဖတ္တင္ ေပးပို႔မႈကေန ဘ႐ူႏို ဖာနန္ဒက္စ္ ေခါင္းတိုက္တာကေတာ့ မန္ဒီတည့္တည့္ကိုပဲ ေရာက္သြားခဲ့ၿပီး လူကြၽံေဘာဖမ္းတာ မပီျပင္တဲ့ အိမ္ရွင္ခံစစ္ၾကားထဲက လြတ္ထြက္သြားခဲ့တဲ့ ဟာဗတ္ဇ္ရဲ႕ ကန္ခ်က္ကလည္း ဒေဟးယား မ်က္ႏွာနဲ႔ပဲ ထိထြက္သြားခဲ့ပါတယ္။

ရီးစ္ ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာတစ္ႀကိမ္ကို အလြန္ဆို လြဲေခ်ာ္သြားခဲ့သလို ေနာက္တစ္ႀကိမ္ကိုေတာ့ ဟာဗတ္ဇ္ ေခါင္းတိုက္ရာမွာ ဒေဟးယားပဲ ကာကြယ္သြားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ၁၁ ႀကိမ္ကန္ၿပီး ၅ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ခ်ိန္မွာ အိမ္ရွင္ေတြကေတာ့ ၃ ႀကိမ္မွာ ၁ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၆၀ မွာ ညာျခမ္းကေန ရီးစ္ ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာကို ဟာဗတ္ဇ္က ဂိုးထဲတိုက္ဖို႔ အခြင့္မသာလို႔ ေနာက္ျပန္တိုက္ခ်ေပးရာမွာ အဆင္သင့္ရွိေနတဲ့ မားကို႔စ္ အလြန္ဆိုက အနီးကပ္ Volley ကန္သြင္းၿပီး ယူႏိုက္တက္တို႔ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

ခ်ဲလ္ဆီးတို႔ရဲ႕ အေပ်ာ္ကေတာ့ ၾကာၾကာမခံလိုက္ဘဲ ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ခံစစ္က ကြန္ေတ ရွင္းထုတ္တဲ့ ေဘာလုံးကို ခံစစ္က ျပန္ျဖတ္ယူခဲ့ၿပီး ေဘာလုံးရသြားတဲ့ မာတစ္ခ်္က ေနရာယူပုံ ဖ႐ိုဖရဲျဖစ္ေနတဲ့ ခ်ဲလ္ဆီးေနာက္တန္းကို ေက်ာ္ခ်ေပးရာမွာ ေရာ္နယ္လ္ဒိုက လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး အနီးကပ္ ထိန္းသိမ္းကန္သြင္းႏိုင္ခဲ့သလို႔ သေရျပန္ျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ဂိုးထပ္ရဖို႔ တီမို ဗာနာနဲ႔ ဟာဗတ္ဇ္အစား ပူလီရွစ္ခ်္နဲ႔ လူကာကူးတို႔ကို ထည့္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၇၉ မိနစ္မွာ ကြန္ေတ ေပးတဲ့ ေဘာလုံးကို ေမဆန္ေမာင့္ ေနာက္ေပါက္နဲ႔ ခ်ေပးရာမွာ ရီးစ္ ဂ်ိမ္းစ္ရဲ႕ ဘယ္ေျခကန္ခ်က္က တိုင္ထိထြက္ခဲ့လို႔ နစ္နာခဲ့ရၿပီး အိမ္ရွင္ေတြ ကေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာတစ္ခ်္အစား မာတာနဲ႔ ဖီးလ္ ဂ်ဳံးစ္တို႔ကို လဲကစားသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာ ကြန္ေတအစား ေလာ့ဖ္တပ္စ္-ခ်ိခ္ကို ထပ္ၿပီး အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အလြန္ဆိုနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ ျဖဳန္းတီးေနခဲ့ၾကတာေၾကာင့္ ခ်ဲလ္ဆီးတို႔ ဂိုးမရွာေဖြႏိုင္ေတာ့သလို အိမ္ရွင္ေတြကလည္း အမွားမရွိဖို႔သာ ကစားသြားခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ တစ္ဂိုးစီသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၃ ေနရာကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ ပြဲစဥ္ ၃၃ အၿပီးမွာ ရမွတ္ ၆၆ မွတ္အထိ စုေဆာင္းသြားႏိုင္ခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ၃၅ ပြဲ ကစားအၿပီးမွာ ရမွတ္ ၅၅ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာ ဆက္လက္ရပ္တည္သြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.