Analysis Article Premier League

စပါးစ်၊ ဝက်စ်ဟမ်းတို့ရှေ့ကနေ အာဆင်နယ်တို့ အဆင့် ၄ ကို ရသွားဖို့ အားသာချက်များ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပြိုင်ဘက်အသင်းငယ်တွေ ဖြစ်ကြတဲ့ ပဲလေ့စ်၊ ဘရိုက်တန်၊ ဆောက်သမ်တန်တို့နဲ့ ဆက်တိုက်ကျခဲ့တဲ့ ပုံစံတွေအရ ဘယ်လိုမှ မနိုင်နိုင်ဘူးလို့ ထင်ထားတဲ့ အသင်းကြီးနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ဆက်တိုက်အနိုင်ယူခဲ့ချိန်မှာ ဘရန့်ဖို့ဒ်နဲ့ သရေကျတဲ့ စပါးစ်တို့ကြောင့် အဆင့် ၄ ကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

အားလုံးထဲမှာ အကောင်းဆုံး မဟုတ်ပေမယ့် စတုတ္ထအကောင်းဆုံးဆိုတဲ့ အဆင့်အတန်းကို ယှဉ်ပြိုင်တဲ့အခါမှာ အာဆင်နယ်တို့အတွက် အားသာချက်က သူများတွေထက်တော့ နည်းနည်းပိုများနေပြီး ဒီနေရာကို မန်ယူနိုက်တက်တို့ စိန်မခေါ်နိုင်တော့ချိန်မှာ စပါးစ်နဲ့ ဝက်စ်ဟမ်းတို့ကို အသာရ ကျော်ဖြတ်နိုင်ဖို့ လုံလောက်တဲ့ အကြောင်းရင်းတွေ ရှိနေခဲ့ပါတယ်။

၁။ ပါတေး အချိန်မီ ပြန်လာနိုင်ခြင်း
လောလောဆယ်တော့ ပြေးစက်ပေါ်မှာ ပြေးနေပြီဖြစ်တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ မကြာခင်မှာ ကွင်းထဲကို ပြန်လည်ချေနိုင်ဖို့ များနေပြီး အယ်လ်နန်နီနဲ့ ချာကာအတွဲက ဟုတ်နေပေမယ့် မေလ ၁၃ ရက်နေ့မှာ ကစားရမယ့် စပါးစ်နဲ့ပွဲရဲ့ မြောက်လန်ဒန်ဒါဘီ အဝေးကွင်း ပရက်ရှာကို ခံနိုင်ဖို့ကတော့ ပါတေး ပါနိုင်မှ တော်ကာကျမှာပါ။ ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှားမရှိခဲ့ရင် လီဗာပူးလ်နဲ့ပွဲမှာ သေချာပေါက် အမှတ်လျော့မယ့် စပါးစ်ကို အေးအေးဆေးဆေး ဖိနင်းထားနိုင်မှာဖြစ်ပြီး အဆင့် ၄ က အာဆင်နယ်တို့အတွက် ဖြစ်လာနိုင်ပါလိမ့်မယ်။

၂။ စပါးစ်ဟာ စပါးစ်ပဲဖြစ်နေခြင်း
ဘောလုံးပေးကိုင်လိုက်ရင် ဘာမှ မလုပ်တတ်တဲ့ ကွန်တီရဲ့ အားနည်းချက်နဲ့ စပါးစ်တစ်သင်းလုံးရဲ့ နိုင်ပွဲရဖို့ လုံလောက်တဲ့ စိတ်ဓာတ်မျိုးကို အမြဲတမ်း သွတ်သွင်းမထားနိုင်မှုက ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ကို ဘောလုံးကိုင်ကစားပြီး ၉ ကြိမ်ကန်ခွင့်ရခဲ့ပေမယ့် တစ်ကြိမ်မှ ဂိုးပေါက်မတည့်တဲ့ ကစားပုံမျိုးနဲ့ စပါးစ်ဟာ အဆင့် ၄ ဝင်ဖို့ လုံလောက်ကြောင်းကို ထောက်ခံချက်များစွာ ရယူဖို့ လိုအပ်နေသေးပြီး လီဗာပူးလ်နဲ့ပွဲကို အမှတ်လျော့ပြီးရင် ပိတ်ကစားတဲ့ ဘန်လေကိုရော အနိုင်ရပါ့မလားဆိုတာက သူတို့ပရိသတ်တွေတောင် မယုံချင်စရာဖြစ်နေခဲ့တာပါ။

၃။ ဝက်စ်ဟမ်းကို ယူရိုပါလိဂ်က ဖိစီးနေခြင်း
မေဒေးနေ့မှာ အာဆင်နယ်တို့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပြီး ဒီပွဲက သူတို့အတွက် သရေနဲ့ အနိုင်လို့ ယေဘုယျ တွက်ထားရမှာပါ။ ချဲလ်ဆီးနဲ့ပွဲမှာ ဝက်စ်ဟမ်းတို့ လူချွေတာ ပွဲပန်းနေတဲ့ ပုံစံက ပရီးမီးယားလိဂ် ပန်းဝင်ချိန်မှာ သူတို့တွေ ဆက်သွားဦးမယ့် ပုံစံပဲဖြစ်နေပြီး ဒီညမှာ ဖရန့်ဖတ်နဲ့ ကစားပြီးရင် နားရက်နှစ်ရက်သာ ရှိမယ့် ဒေးဗစ် မွိုက်စ်ရဲ့အသင်းက တူညီတဲ့ ပုံစံနဲ့ တိုက်စစ်ကစားဖို့ထက် ခံစစ်ကစားဖို့ပဲ လုပ်လာမှာပါ။ ဒါကြောင့် အာဆင်နယ်တို့ အနိုင်ရခွင့်ရှိနေသလို လက်ကျန်ပွဲတွေမှာလည်း သူတို့က နှောင့်ယှက်ဖို့ ဖြစ်လာနိုင်မယ် မထင်ပါဘူး။

၄။ အဲဗာတန်ရဲ့ အဖြေထွက်ပြီးမှ ကစားရဖို့ ရှိနေခြင်း
အာဆင်နယ်တို့ ကြောက်ရမှာက သူတို့ရဲ့နောက်ခံလူ တိုမီယာစုရဲ့ မျက်နှာကို တက်နင်းပြီးမှ အနိုင်ယူသွားတဲ့ အဲဗာတန်ကိုပါ။ ဒါပေမယ့် ပထမ အကျော့ကထက် သာလွန်တာက အိမ်ကွင်းမှာ နောက်ဆုံးပွဲကို လက်ခံကစားရမှာဖြစ်ပြီး အိုးနင်းခွက်နင်းနဲ့ ချဲလ်ဆီးမှာတောင် ကျရှုံးခဲ့တဲ့ ဖရန့် လမ်းပတ် အနေနဲ့ ပွဲစဉ် ၃၈ မှာ တင်ကျန်ရစ်မလား တန်းဆင်းမလားဆိုတာ သိပြီးလောက်ပါပြီ။ နောက်ဆုံးပွဲရဲ့ ရလဒ်က အဲဗာတန်တို့ကို မသက်ရောက်စေနိုင်ဖို့ များနေလို့ အာတီတာ ဗျူဟာချပြီး နိုင်ပွဲရယူဖို့ ဖြစ်နိုင်ပါလိမ့်မယ်။

ဒီအချက်တွေက အာဆင်နယ်အသင်းကို အဆင့် ၄ ကို အရောက်ပို့ပေးနိုင်တဲ့ အချက်တွေဖြစ်ပြီး အသင်းရဲ့ အမှားလုပ်တတ်တဲ့ ခံစစ်၊ မရှိသုံး နောက်ခံလူ တာဗာရက်စ်နဲ့ ပဲများနေတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်တို့သာ အဆင်ပြေခဲ့မယ်ဆိုရင် တကယ်ကတော့ ဘရန့်ဖို့ဒ်ကို စပါးစ်သရေကျခဲ့အပြီးမှာ ကတည်းက ကျန်တဲ့နှစ်သင်းကို လှည့်ကြည့်စရာမလိုတော့တာဖြစ်ပြီး ဂန်းနားတွေရဲ့ ရန်သူက ဂန်းနားတွေ ကိုယ်တိုင်ပဲဖြစ်ချိန်မှာ သာလွန်နေတဲ့ အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့သာ ရှိတော့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၿပိဳင္ဘက္အသင္းငယ္ေတြ ျဖစ္ၾကတဲ့ ပဲေလ့စ္၊ ဘ႐ိုက္တန္၊ ေဆာက္သမ္တန္တို႔နဲ႔ ဆက္တိုက္က်ခဲ့တဲ့ ပုံစံေတြအရ ဘယ္လိုမွ မႏိုင္ႏိုင္ဘူးလို႔ ထင္ထားတဲ့ အသင္းႀကီးႏွစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ဆက္တိုက္အႏိုင္ယူခဲ့ခ်ိန္မွာ ဘရန႔္ဖို႔ဒ္နဲ႔ သေရက်တဲ့ စပါးစ္တို႔ေၾကာင့္ အဆင့္ ၄ ကို ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။

အားလုံးထဲမွာ အေကာင္းဆုံး မဟုတ္ေပမယ့္ စတုတၳအေကာင္းဆုံးဆိုတဲ့ အဆင့္အတန္းကို ယွဥ္ၿပိဳင္တဲ့အခါမွာ အာဆင္နယ္တို႔အတြက္ အားသာခ်က္က သူမ်ားေတြထက္ေတာ့ နည္းနည္းပိုမ်ားေနၿပီး ဒီေနရာကို မန္ယူႏိုက္တက္တို႔ စိန္မေခၚႏိုင္ေတာ့ခ်ိန္မွာ စပါးစ္နဲ႔ ဝက္စ္ဟမ္းတို႔ကို အသာရ ေက်ာ္ျဖတ္ႏိုင္ဖို႔ လုံေလာက္တဲ့ အေၾကာင္းရင္းေတြ ရွိေနခဲ့ပါတယ္။

၁။ ပါေတး အခ်ိန္မီ ျပန္လာႏိုင္ျခင္း
ေလာေလာဆယ္ေတာ့ ေျပးစက္ေပၚမွာ ေျပးေနၿပီျဖစ္တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ မၾကာခင္မွာ ကြင္းထဲကို ျပန္လည္ေခ်ႏိုင္ဖို႔ မ်ားေနၿပီး အယ္လ္နန္နီနဲ႔ ခ်ာကာအတြဲက ဟုတ္ေနေပမယ့္ ေမလ ၁၃ ရက္ေန႔မွာ ကစားရမယ့္ စပါးစ္နဲ႔ပြဲရဲ႕ ေျမာက္လန္ဒန္ဒါဘီ အေဝးကြင္း ပရက္ရွာကို ခံႏိုင္ဖို႔ကေတာ့ ပါေတး ပါႏိုင္မွ ေတာ္ကာက်မွာပါ။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အမွားမရွိခဲ့ရင္ လီဗာပူးလ္နဲ႔ပြဲမွာ ေသခ်ာေပါက္ အမွတ္ေလ်ာ့မယ့္ စပါးစ္ကို ေအးေအးေဆးေဆး ဖိနင္းထားႏိုင္မွာျဖစ္ၿပီး အဆင့္ ၄ က အာဆင္နယ္တို႔အတြက္ ျဖစ္လာႏိုင္ပါလိမ့္မယ္။

၂။ စပါးစ္ဟာ စပါးစ္ပဲျဖစ္ေနျခင္း
ေဘာလုံးေပးကိုင္လိုက္ရင္ ဘာမွ မလုပ္တတ္တဲ့ ကြန္တီရဲ႕ အားနည္းခ်က္နဲ႔ စပါးစ္တစ္သင္းလုံးရဲ႕ ႏိုင္ပြဲရဖို႔ လုံေလာက္တဲ့ စိတ္ဓာတ္မ်ိဳးကို အၿမဲတမ္း သြတ္သြင္းမထားႏိုင္မႈက ႀကီးမားတဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ ဘရန႔္ဖို႔ဒ္ကို ေဘာလုံးကိုင္ကစားၿပီး ၉ ႀကိမ္ကန္ခြင့္ရခဲ့ေပမယ့္ တစ္ႀကိမ္မွ ဂိုးေပါက္မတည့္တဲ့ ကစားပုံမ်ိဳးနဲ႔ စပါးစ္ဟာ အဆင့္ ၄ ဝင္ဖို႔ လုံေလာက္ေၾကာင္းကို ေထာက္ခံခ်က္မ်ားစြာ ရယူဖို႔ လိုအပ္ေနေသးၿပီး လီဗာပူးလ္နဲ႔ပြဲကို အမွတ္ေလ်ာ့ၿပီးရင္ ပိတ္ကစားတဲ့ ဘန္ေလကိုေရာ အႏိုင္ရပါ့မလားဆိုတာက သူတို႔ပရိသတ္ေတြေတာင္ မယုံခ်င္စရာျဖစ္ေနခဲ့တာပါ။

၃။ ဝက္စ္ဟမ္းကို ယူ႐ိုပါလိဂ္က ဖိစီးေနျခင္း
ေမေဒးေန႔မွာ အာဆင္နယ္တို႔ ဝက္စ္ဟမ္းနဲ႔ အေဝးကြင္းမွာ ကစားရမွာျဖစ္ၿပီး ဒီပြဲက သူတို႔အတြက္ သေရနဲ႔ အႏိုင္လို႔ ေယဘုယ် တြက္ထားရမွာပါ။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဝက္စ္ဟမ္းတို႔ လူေခြၽတာ ပြဲပန္းေနတဲ့ ပုံစံက ပရီးမီးယားလိဂ္ ပန္းဝင္ခ်ိန္မွာ သူတို႔ေတြ ဆက္သြားဦးမယ့္ ပုံစံပဲျဖစ္ေနၿပီး ဒီညမွာ ဖရန႔္ဖတ္နဲ႔ ကစားၿပီးရင္ နားရက္ႏွစ္ရက္သာ ရွိမယ့္ ေဒးဗစ္ မြိဳက္စ္ရဲ႕အသင္းက တူညီတဲ့ ပုံစံနဲ႔ တိုက္စစ္ကစားဖို႔ထက္ ခံစစ္ကစားဖို႔ပဲ လုပ္လာမွာပါ။ ဒါေၾကာင့္ အာဆင္နယ္တို႔ အႏိုင္ရခြင့္ရွိေနသလို လက္က်န္ပြဲေတြမွာလည္း သူတို႔က ေႏွာင့္ယွက္ဖို႔ ျဖစ္လာႏိုင္မယ္ မထင္ပါဘူး။

၄။ အဲဗာတန္ရဲ႕ အေျဖထြက္ၿပီးမွ ကစားရဖို႔ ရွိေနျခင္း
အာဆင္နယ္တို႔ ေၾကာက္ရမွာက သူတို႔ရဲ႕ေနာက္ခံလူ တိုမီယာစုရဲ႕ မ်က္ႏွာကို တက္နင္းၿပီးမွ အႏိုင္ယူသြားတဲ့ အဲဗာတန္ကိုပါ။ ဒါေပမယ့္ ပထမ အေက်ာ့ကထက္ သာလြန္တာက အိမ္ကြင္းမွာ ေနာက္ဆုံးပြဲကို လက္ခံကစားရမွာျဖစ္ၿပီး အိုးနင္းခြက္နင္းနဲ႔ ခ်ဲလ္ဆီးမွာေတာင္ က်ရႈံးခဲ့တဲ့ ဖရန႔္ လမ္းပတ္ အေနနဲ႔ ပြဲစဥ္ ၃၈ မွာ တင္က်န္ရစ္မလား တန္းဆင္းမလားဆိုတာ သိၿပီးေလာက္ပါၿပီ။ ေနာက္ဆုံးပြဲရဲ႕ ရလဒ္က အဲဗာတန္တို႔ကို မသက္ေရာက္ေစႏိုင္ဖို႔ မ်ားေနလို႔ အာတီတာ ဗ်ဴဟာခ်ၿပီး ႏိုင္ပြဲရယူဖို႔ ျဖစ္ႏိုင္ပါလိမ့္မယ္။

ဒီအခ်က္ေတြက အာဆင္နယ္အသင္းကို အဆင့္ ၄ ကို အေရာက္ပို႔ေပးႏိုင္တဲ့ အခ်က္ေတြျဖစ္ၿပီး အသင္းရဲ႕ အမွားလုပ္တတ္တဲ့ ခံစစ္၊ မရွိသုံး ေနာက္ခံလူ တာဗာရက္စ္နဲ႔ ပဲမ်ားေနတဲ့ ဂိုးသမား ရမ္းစ္ေဒးလ္တို႔သာ အဆင္ေျပခဲ့မယ္ဆိုရင္ တကယ္ကေတာ့ ဘရန႔္ဖို႔ဒ္ကို စပါးစ္သေရက်ခဲ့အၿပီးမွာ ကတည္းက က်န္တဲ့ႏွစ္သင္းကို လွည့္ၾကည့္စရာမလိုေတာ့တာျဖစ္ၿပီး ဂန္းနားေတြရဲ႕ ရန္သူက ဂန္းနားေတြ ကိုယ္တိုင္ပဲျဖစ္ခ်ိန္မွာ သာလြန္ေနတဲ့ အခြင့္အေရးေတြကို အမိအရဆုပ္ကိုင္ႏိုင္ဖို႔သာ ရွိေတာ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.