Premier League

အိုးထရက်ဖို့ဒ်က သေချင်တဲ့ကျားကြီးလို့ အပြောခံခဲ့ရတဲ့ ရော်နယ်လ်ဒို

နိုင်ဂျီးရီးယား ဂန္တဝင်တိုက်စစ်မှူး ဗစ်တာ အစ်ခ်ပေဘာက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာက အမှားလုပ်မိခဲ့တာဖြစ်ပြီး သေချင်တဲ့ကျား တောပြောင်းဆိုသလိုဖြစ်ခဲ့တယ်လို့ ခံစားနေရပါတယ်။

အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ စီးရီးအေမှာ ၃ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ဂျူဗင်တပ်ကို စွန့်ခွာခဲ့တာဖြစ်ပြီး အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ ယခုရာသီ ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး ယခုရာသီ မန်ချက်စတာယူနိုက်တက်အတွက် စုစုပေါင်း သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ တစ်ဦးချင်း ယှဉ်ဖို့ ခက်ခဲတဲ့ စွမ်းရည်ရှိပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီမှာလည်း ဖလားလက်မဲ့အဖြစ်နဲ့ အဆုံးသတ်ရတော့မှာ ဖြစ်ပြီး ဖလားပြိုင်ပွဲအားလုံးကနေ ထွက်ခွာခဲ့ရပြီးဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံး ၄ နေရာဝင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ပြီး ဂျာမန်လူမျိုးနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်စေခဲ့တာဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ယခုနွေရာသီမှာ အဲရစ် တန်ဟက်ဂ်ကို နည်းပြရာထူး လွှဲပြောင်းပေးသွားတော့မှာဖြစ်ပြီး အသင်းမှာ အကြံပေးရာထူးနဲ့ ပြောင်းလဲ တာဝန်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ရန်းနစ်ခ်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဥရောပမှာ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြီးမားတဲ့ မြေလှန်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အသက်အရွယ်ကြောင့် အဲဒီ မြေလှန်ပြောင်းလဲမှုထဲမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်နေမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပေမယ့်လည်း ဒေါ့မွန်တိုက်စစ်မှူးဟောင်း အစ်ခ်ပေဘာက အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“သူ အသင်းကို စွန့်ခွာသင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။ ရော်နယ်လ်ဒို မန်ချက်စတာယူနိုက်တက်ကို ပြန်လာတာကိုက အမှားလုပ်မိခဲ့တာပါ။ အဲဒါက သူ့ရဲ့ သွင်းဂိုးတွေကို မေးခွန်းထုတ်တာမဟုတ်ပါဘူး။ ကြယ်ပွင့်ကစားသမားတစ်ဦးက သူ့မူလအသင်းကို ပြန်လာတဲ့အချိန်မှာ အရာအများကြီး ဖြစ်ပျက်တတ်တာကြောင့်ပါ”

နိုင်ဂျီးရီးယားဂန္တဝင်တိုက်စစ်မှူးက ရော်နယ်လ်ဒိုရဲ့ အောင်မြင်မှု၊ အလွန်ကောင်းမွန်မှု၊ ကျော်ကြားမှုနဲ့ ကြယ်ပွင့်လို တောက်ပမှုတွေက မန်ချက်စတာယူနိုက်တက်ကို အကူအညီမဖြစ်စေခဲ့ဘူးလို့ ယုံကြည်နေပြီး မန်ယူနိုက်တက်အစား မန်စီးတီးကို ပြောင်းရွှေ့ဖို့ အကြံပြုခဲ့ပါတယ်။

“ပုံစံအမျိုးမျိုးနဲ့ ရော်နယ်လ်ဒိုက အာရုံ ရှုပ်ထွေးခဲ့ပါတယ်။ သူက ဘောလုံးလောကရဲ့ ကမ္ဘာကျော်ကြယ်ပွင့်တစ်ဦးပါ။ သူ ဒီအသက်အရွယ်ရောက်မှ အသင်းကို ပြန်မလာသင့်ပါဘူး။ သူက မန်စီးတီးကို သွားခဲ့သင့်တာပါ။ အတ္တဗဟိုပြုထားတဲ့ကစားသမား၊ မနာလိုဝန်တိုမှုတွေက အဝတ်လဲခန်းထဲကို ရောက်ရှိလာခဲ့ပါတယ်။ ပတ်ဝန်းကျင်အငွေ့အသက်က အစကတည်းက မသတီစရာဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ သွင်းဂိုး ၇၀၀ ပြည့်မြောက်ဖို့အတွက် ၄ ဂိုးသာ လိုအပ်တော့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ နိုင်ငံတကာသွင်းဂိုး အများဆုံးနဲ့ တသက်တာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၈၁၁ ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သောကြာနေ့ညနေ အိုးထရက်ဖို့ဒ်မှာ ချဲလ်ဆီးအသင်းကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ထိပ်ဆုံး ၄ နေရာအတွက် နိုင်ပွဲရယူဖို့ ကြိုးပမ်းသွားဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်အပါအဝင် ရော်နယ်လ်ဒိုဟာ လက်ရှိ ရာသီမကုန်ခင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ဖို့ ၄ ပွဲ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နိုင္ဂ်ီးရီးယား ဂႏၲဝင္တိုက္စစ္မႉး ဗစ္တာ အစ္ခ္ေပဘာက ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္ကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္ခဲ့တာက အမွားလုပ္မိခဲ့တာျဖစ္ၿပီး ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလိုျဖစ္ခဲ့တယ္လို႔ ခံစားေနရပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္တိုက္စစ္မႉးဟာ စီးရီးေအမွာ ၃ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ၂၀၂၁ ခုႏွစ္မွာ ဂ်ဴဗင္တပ္ကို စြန႔္ခြာခဲ့တာျဖစ္ၿပီး အသင္းေဟာင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ လက္ရွိမွာေတာ့ ယခုရာသီ ပရီးမီးယားလိဂ္ရဲ့ တတိယေျမာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနၿပီး ယခုရာသီ မန္ခ်က္စတာယူနိုက္တက္အတြက္ စုစုေပါင္း သြင္းဂိုး ၂၂ ဂိုးအထိ သြင္းယူေပးထားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့ တစ္ဦးခ်င္း ယွဥ္ဖို႔ ခက္ခဲတဲ့ စြမ္းရည္ရွိေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယခုရာသီမွာလည္း ဖလားလက္မဲ့အျဖစ္နဲ႔ အဆုံးသတ္ရေတာ့မွာ ျဖစ္ၿပီး ဖလားၿပိဳင္ပြဲအားလုံးကေန ထြက္ခြာခဲ့ရၿပီးျဖစ္သလို ပရီးမီးယားလိဂ္မွာလည္း ထိပ္ဆုံး ၄ ေနရာဝင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ နိုဝင္ဘာလမွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ နည္းၿပ ဆိုးလ္ရွားနဲ႔ လမ္းခြဲခဲ့ၿပီး ဂ်ာမန္လူမ်ိဳးနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္ကို ယာယီနည္းျပအျဖစ္ ရာသီကုန္အထိ တာဝန္ယူကိုင္တြယ္ေစခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာ ယခုေႏြရာသီမွာ အဲရစ္ တန္ဟက္ဂ္ကို နည္းျပရာထူး လႊဲေျပာင္းေပးသြားေတာ့မွာျဖစ္ၿပီး အသင္းမွာ အႀကံေပးရာထူးနဲ႔ ေျပာင္းလဲ တာဝန္ထမ္းေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။ ရန္းနစ္ခ္က မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ဥေရာပမွာ အေကာင္းဆုံးအသင္းေတြနဲ႔ ယွဥ္ၿပိဳင္နိုင္ဖို႔အတြက္ ႀကီးမားတဲ့ ေျမလွန္ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ေနတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ အသက္အရြယ္ေၾကာင့္ အဲဒီ ေျမလွန္ေျပာင္းလဲမႈထဲမွာ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ေနမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေပမယ့္လည္း ေဒါ့မြန္တိုက္စစ္မႉးေဟာင္း အစ္ခ္ေပဘာက အသက္ ၃၇ ႏွစ္အရြယ္ တိုက္စစ္မႉးအေနနဲ႔ ယခုေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာသင့္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“သူ အသင္းကို စြန႔္ခြာသင့္ၿပီလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ေရာ္နယ္လ္ဒို မန္ခ်က္စတာယူနိုက္တက္ကို ျပန္လာတာကိုက အမွားလုပ္မိခဲ့တာပါ။ အဲဒါက သူ႔ရဲ့ သြင္းဂိုးေတြကို ေမးခြန္းထုတ္တာမဟုတ္ပါဘူး။ ၾကယ္ပြင့္ကစားသမားတစ္ဦးက သူ႔မူလအသင္းကို ျပန္လာတဲ့အခ်ိန္မွာ အရာအမ်ားႀကီး ျဖစ္ပ်က္တတ္တာေၾကာင့္ပါ”

နိုင္ဂ်ီးရီးယားဂႏၲဝင္တိုက္စစ္မႉးက ေရာ္နယ္လ္ဒိုရဲ့ ေအာင္ျမင္မႈ၊ အလြန္ေကာင္းမြန္မႈ၊ ေက်ာ္ၾကားမႈနဲ႔ ၾကယ္ပြင့္လို ေတာက္ပမႈေတြက မန္ခ်က္စတာယူနိုက္တက္ကို အကူအညီမျဖစ္ေစခဲ့ဘူးလို႔ ယုံၾကည္ေနၿပီး မန္ယူနိုက္တက္အစား မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔ အႀကံျပဳခဲ့ပါတယ္။

“ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေရာ္နယ္လ္ဒိုက အာ႐ုံ ရႈပ္ေထြးခဲ့ပါတယ္။ သူက ေဘာလုံးေလာကရဲ့ ကမၻာေက်ာ္ၾကယ္ပြင့္တစ္ဦးပါ။ သူ ဒီအသက္အရြယ္ေရာက္မွ အသင္းကို ျပန္မလာသင့္ပါဘူး။ သူက မန္စီးတီးကို သြားခဲ့သင့္တာပါ။ အတၱဗဟိုျပဳထားတဲ့ကစားသမား၊ မနာလိုဝန္တိုမႈေတြက အဝတ္လဲခန္းထဲကို ေရာက္ရွိလာခဲ့ပါတယ္။ ပတ္ဝန္းက်င္အေငြ႕အသက္က အစကတည္းက မသတီစရာျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ လက္ရွိမွာေတာ့ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွာ သြင္းဂိုး ၇၀၀ ျပည့္ေျမာက္ဖို႔အတြက္ ၄ ဂိုးသာ လိုအပ္ေတာ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ နိုင္ငံတကာသြင္းဂိုး အမ်ားဆုံးနဲ႔ တသက္တာ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ၈၁၁ ဂိုးနဲ႔ ရပ္တည္နိုင္ခဲ့ၿပီးျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေသာၾကာေန႔ညေန အိုးထရက္ဖို႔ဒ္မွာ ခ်ဲလ္ဆီးအသင္းကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ထိပ္ဆုံး ၄ ေနရာအတြက္ နိုင္ပြဲရယူဖို႔ ႀကိဳးပမ္းသြားဖို႔ ေမၽွာ္လင့္ေနမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္အပါအဝင္ ေရာ္နယ္လ္ဒိုဟာ လက္ရွိ ရာသီမကုန္ခင္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ သြင္းဂိုး ၇၀၀ ျပည့္ေျမာက္တဲ့ ကစားသမားအျဖစ္ စံခ်ိန္တင္နိုင္ဖို႔ ၄ ပြဲ က်န္ရွိေနေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.