Premier League

ချော်လဲပြီး ပရီးမီးယားလိဂ်ဖလားကြီးပါ ပေးလိုက်ရတဲ့ ဂျရတ်ကို မသနားတဲ့ ဒမ်ဘာဘ

လွန်ခဲ့တဲ့ ၈ နှစ်က လီဗာပူးလ်ဂန္တဝင် ကွင်းလယ်ကစားသမား စတီဗင် ဂျရတ်ဟာ အန်းဖီးမှာ ခြေချော်လဲကျပြီး ချဲလ်ဆီး တိုက်စစ်မှူး ဒမ်ဘာ ဘကို ဂိုးလက်ဆောင်ပေးခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၁၃-၂၀၁၄ ရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကို အိမ်ကွင်း အန်းဖီးမှာ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဖို့သာ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဟိုဆေး မော်ရင်ညိုဟာ ၎င်းရဲ့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေဆဲဖြစ်တာကြောင့် လီဗာပူးလ်နဲ့ပွဲစဉ်အတွက် အဓိကကစားသမားအများအပြားကို အနားပေးခဲ့ပြီး အများစုကလည်း လီဗာပူးလ်အသင်းပဲ သက်တောင့်သက်သာနဲ့အနိုင်ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မမျှော်လင့်ထားတာတွေ ဖြစ်လာတတ်တဲ့ လောကသဘာဝအတိုင်းပဲ ချဲလ်ဆီးအသင်းဟာ မာဆေးဆိုဒ်မှာ ဂျရတ်ရဲ့ ခြေချော်လဲကျမှုကို အခွင့်ကောင်းယူခဲ့တဲ့ ဒမ်ဘာ ဘနဲ့ ဝီလီယံရဲ့ နောက်ကျဂိုးကြောင့် ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အိမ်ကွင်း ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၃-၀ နဲ့ ဦးဆောင်ထားနိုင်ပြီးနောက် ၃-၃ နဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးအသင်းလက်ထဲကို လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

ဂျရတ်ရဲ့အသင်းအတွက် တော်တော်လေး ကံဆိုးမိုးမှောင်ကျခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းခေါင်းဆောင်ဟာ ဆာခိုရဲ့ ပေးပို့မှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းချိန်မှာ ခြေချော်ပြီး မြက်ခင်းပြင်ပေါ် လဲကျသွားခဲ့တာဖြစ်ပါတယ်။ ဂျရတ်ကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့တဲ့ ဒမ်ဘာ ဘက ဘောလုံးကို ချက်ချင်းပဲ ဆွဲပြေးပြီး မစ်ဂ်နိုလတ်ကို တစ်ဦးချင်း သက်တောင့်သက်သာနဲ့ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီအခိုက်အတန့်ဟာ ဘောလုံးပရိသတ်တွေ ဘယ်တော့မှ မမေ့နိုင်တဲ့အခိုက်အတန့်ဖြစ်ခဲ့ပြီး မေးခွန်းထုတ်စရာရှိတာက ချဲလ်ဆီး တိုက်စစ်မှူးဟောင်းအနေနဲ့ လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ဖလားအိပ်မက်ကို အဆုံးသတ်ခဲ့ပြီးနောက် ဂျရတ်အတွက် ကိုယ်ချင်းစာနာစိတ်များ ရှိခဲ့သလားဆိုတာဖြစ်ပါတယ်။ အဖြေကတော့ လုံးဝ မရှိခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက အင်တာဗျူးမှာ ဒမ်ဘာဘက “ကျွန်တော် သူ့အတွက် စိတ်မကောင်းသလို မခံစားခဲ့ရပါဘူး။ ကျွန်တော်က စတီဗင် ဂျရတ်ကို အားပေးတဲ့သူမဟုတ်ပါဘူး။ ကျွန်တော်က လီဗာပူးလ်ပရိသတ်လည်း မဟုတ်ပါဘူး”

“ကျွန်တော်က မန်စီးတီးပရိသတ်လည်း မဟုတ်သလို သူတို့တွေ ပရီးမီးယားလိဂ်ဖလားရသွားခဲ့တာကိုလည်း မပျော်ရွှင်ပါဘူး။ အဲဒါက ကစားပွဲရဲ့ အစိတ်အပိုင်းပါပဲ။ အဲဒါက ပြီးခဲ့တဲ့နှစ်က ခရစ္စတယ်ပဲလေ့စ်အတိုင်းပါပဲ။ သူတို့တွေက လုံခြုံစိတ်ချရတဲ့အခြေအနေမှာရှိနေပြီး ဘာအတွက်မှ ကစားစရာမရှိတော့ပေမယ့် စတုတ်နဲ့ ကစားတဲ့ပွဲမှာ အနိုင်ယူပြီး သူတို့ကို တန်းဆင်းရအောင် လုပ်ခဲ့သလိုပေါ့။ ခင်ဗျားက ခင်ဗျားအလုပ် ခင်ဗျားလုပ်တာပဲ။ ခင်ဗျား အနိုင်ရဖို့ ကစားရမှာပါ”

“ဒါက တိုက်စစ်မှူးတစ်ယောက် လုပ်ရမယ့်အရာပါ”လို့ ဂိုးအကြောင်း မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဒမ်ဘာ ဘက ထပ်လောင်းပြောကြားခဲ့ပြီး “အခြားတိုက်စစ်မှူး ၉၀ ရာခိုင်နှုန်းလိုပဲ။ ကျွန်တော်တို့က ခံစစ်ကစားဖို့အတွက် တည်ဆောက်ခြင်းခံခဲ့ရတာမဟုတ်ဘဲ ခံစစ်ကစားတဲ့နေရာမှာ ကျွန်တော်တို့ မတော်ပါဘူး။ ကျွန်တော်တို့ နည်းနည်း ညစ်နိုင်တယ်။ ကျွန်တော်တို့ ဖိအားပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ခံကစားသမားတွေ ဖိအားပေးသလိုမျိုး တကယ် ဖိအားပေးနိုင်တာမဟုတ်ပါဘူး။ တကယ်လို့ နောက်ခံကစားသမားသာ ဘောလုံးရပြီး လှည့်ထွက်ရင် ကျွန်တော်တို့ သူ ဘောလုံး နောက်ပြန်မပေးခင် ဂိုးသမားကို ဖိအားပေးတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ အမှားလုပ်မိရင် အခွင့်အရေးရမှာမို့လို့ပါ”

“ကျွန်တော်တို့ အမြဲတမ်း လောင်းကစားဆန်ဆန် လုပ်ကြပြီး အဲဒီအချိန်တုန်းက ကျွန်တော်က အဲဒီမှာရှိနေခဲ့တာပါ။ ကျွန်တော် နည်းနည်းလေး လောင်းကြေးထပ်ခဲ့တယ်။ ဂိုးအလယ်တည့်တည့်ကို ပြေးလာတော့ ကျွန်တော့်မှာ ကန်သွင်းစရာ ထောင့်မရှိဘူး။ ကျွန်တော် ဂိုးသမားရဲ့ ခြေထောက်ကြားကနေ သွင်းယူနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ထောင့်က အရမ်းကျဉ်းနေလို့ပါ။ အဲဒါက အလုပ်ဖြစ်ခဲ့ပါတယ်”

ဒါပေမယ့် အဲဒီသွင်းဂိုးဟာ ဒမ်ဘာ ဘအတွက် အမှန်တကယ် အဓိပ္ပာယ်အများကြီး ရှိခဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “တကယ်တော့ မရှိပါဘူး။ သူတို့အတွက်တော့ အဲဒါက အဓိပ္ပာယ်ရှိခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ မဟုတ်ဘူး။ သူတို့တွေ အဲဒီပွဲသာ နိုင်ရင် သူတို့တွေ ပရီးမီးယားလိဂ်ဖလား ရခဲ့ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လြန္ခဲ့တဲ့ ၈ ႏွစ္က လီဗာပူးလ္ဂႏၲဝင္ ကြင္းလယ္ကစားသမား စတီဗင္ ဂ်ရတ္ဟာ အန္းဖီးမွာ ေျခေခ်ာ္လဲက်ၿပီး ခ်ဲလ္ဆီး တိုက္စစ္မႉး ဒမ္ဘာ ဘကို ဂိုးလက္ေဆာင္ေပးခဲ့ရပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၁၃-၂၀၁၄ ရာသီ ပရီးမီးယားလိဂ္ဖလားကို အနိုင္ရရွိဖို႔ လက္တစ္ကမ္းအလိုမွာ ရွိေနခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္း အန္းဖီးမွာ အနိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနဖို႔သာ လိုအပ္ခဲ့တာျဖစ္ပါတယ္။ ဟိုေဆး ေမာ္ရင္ညိဳဟာ ၎ရဲ့အသင္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနဆဲျဖစ္တာေၾကာင့္ လီဗာပူးလ္နဲ႔ပြဲစဥ္အတြက္ အဓိကကစားသမားအမ်ားအျပားကို အနားေပးခဲ့ၿပီး အမ်ားစုကလည္း လီဗာပူးလ္အသင္းပဲ သက္ေတာင့္သက္သာနဲ႔အနိုင္ရရွိသြားလိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မေမၽွာ္လင့္ထားတာေတြ ျဖစ္လာတတ္တဲ့ ေလာကသဘာဝအတိုင္းပဲ ခ်ဲလ္ဆီးအသင္းဟာ မာေဆးဆိုဒ္မွာ ဂ်ရတ္ရဲ့ ေျခေခ်ာ္လဲက်မႈကို အခြင့္ေကာင္းယူခဲ့တဲ့ ဒမ္ဘာ ဘနဲ႔ ဝီလီယံရဲ့ ေနာက္က်ဂိုးေၾကာင့္ ၂-၀ နဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ေနာက္ပြဲစဥ္ျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္ အိမ္ကြင္း ဆဲလ္ဟတ္စ္ပါ့ခ္မွာ ၃-၀ နဲ႔ ဦးေဆာင္ထားနိုင္ၿပီးေနာက္ ၃-၃ နဲ႔ သေရက်ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ဖလားကို မန္ခ်က္စတာစီးတီးအသင္းလက္ထဲကို လႊဲေျပာင္းေပးခဲ့ရတာ ျဖစ္ပါတယ္။

ဂ်ရတ္ရဲ့အသင္းအတြက္ ေတာ္ေတာ္ေလး ကံဆိုးမိုးေမွာင္က်ခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းေခါင္းေဆာင္ဟာ ဆာခိုရဲ့ ေပးပို႔မႈကို ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခ်ိန္မွာ ေျခေခ်ာ္ၿပီး ျမက္ခင္းျပင္ေပၚ လဲက်သြားခဲ့တာျဖစ္ပါတယ္။ ဂ်ရတ္ကို ဖိအားေပးဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဒမ္ဘာ ဘက ေဘာလုံးကို ခ်က္ခ်င္းပဲ ဆြဲေျပးၿပီး မစ္ဂ္နိုလတ္ကို တစ္ဦးခ်င္း သက္ေတာင့္သက္သာနဲ႔ ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဒီအခိုက္အတန႔္ဟာ ေဘာလုံးပရိသတ္ေတြ ဘယ္ေတာ့မွ မေမ့နိုင္တဲ့အခိုက္အတန႔္ျဖစ္ခဲ့ၿပီး ေမးခြန္းထုတ္စရာရွိတာက ခ်ဲလ္ဆီး တိုက္စစ္မႉးေဟာင္းအေနနဲ႔ လီဗာပူးလ္ရဲ့ ပရီးမီးယားလိဂ္ဖလားအိပ္မက္ကို အဆုံးသတ္ခဲ့ၿပီးေနာက္ ဂ်ရတ္အတြက္ ကိုယ္ခ်င္းစာနာစိတ္မ်ား ရွိခဲ့သလားဆိုတာျဖစ္ပါတယ္။ အေျဖကေတာ့ လုံးဝ မရွိခဲ့တာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တုန္းက အင္တာဗ်ဴးမွာ ဒမ္ဘာဘက “ကၽြန္ေတာ္ သူ႔အတြက္ စိတ္မေကာင္းသလို မခံစားခဲ့ရပါဘူး။ ကၽြန္ေတာ္က စတီဗင္ ဂ်ရတ္ကို အားေပးတဲ့သူမဟုတ္ပါဘူး။ ကၽြန္ေတာ္က လီဗာပူးလ္ပရိသတ္လည္း မဟုတ္ပါဘူး”

“ကၽြန္ေတာ္က မန္စီးတီးပရိသတ္လည္း မဟုတ္သလို သူတို႔ေတြ ပရီးမီးယားလိဂ္ဖလားရသြားခဲ့တာကိုလည္း မေပ်ာ္ရႊင္ပါဘူး။ အဲဒါက ကစားပြဲရဲ့ အစိတ္အပိုင္းပါပဲ။ အဲဒါက ၿပီးခဲ့တဲ့ႏွစ္က ခရစၥတယ္ပဲေလ့စ္အတိုင္းပါပဲ။ သူတို႔ေတြက လုံျခဳံစိတ္ခ်ရတဲ့အေျခအေနမွာရွိေနၿပီး ဘာအတြက္မွ ကစားစရာမရွိေတာ့ေပမယ့္ စတုတ္နဲ႔ ကစားတဲ့ပြဲမွာ အနိုင္ယူၿပီး သူတို႔ကို တန္းဆင္းရေအာင္ လုပ္ခဲ့သလိုေပါ့။ ခင္ဗ်ားက ခင္ဗ်ားအလုပ္ ခင္ဗ်ားလုပ္တာပဲ။ ခင္ဗ်ား အနိုင္ရဖို႔ ကစားရမွာပါ”

“ဒါက တိုက္စစ္မႉးတစ္ေယာက္ လုပ္ရမယ့္အရာပါ”လို႔ ဂိုးအေၾကာင္း ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဒမ္ဘာ ဘက ထပ္ေလာင္းေျပာၾကားခဲ့ၿပီး “အျခားတိုက္စစ္မႉး ၉၀ ရာခိုင္ႏႈန္းလိုပဲ။ ကၽြန္ေတာ္တို႔က ခံစစ္ကစားဖို႔အတြက္ တည္ေဆာက္ျခင္းခံခဲ့ရတာမဟုတ္ဘဲ ခံစစ္ကစားတဲ့ေနရာမွာ ကၽြန္ေတာ္တို႔ မေတာ္ပါဘူး။ ကၽြန္ေတာ္တို႔ နည္းနည္း ညစ္နိုင္တယ္။ ကၽြန္ေတာ္တို႔ ဖိအားေပးတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ေနာက္ခံကစားသမားေတြ ဖိအားေပးသလိုမ်ိဳး တကယ္ ဖိအားေပးနိုင္တာမဟုတ္ပါဘူး။ တကယ္လို႔ ေနာက္ခံကစားသမားသာ ေဘာလုံးရၿပီး လွည့္ထြက္ရင္ ကၽြန္ေတာ္တို႔ သူ ေဘာလုံး ေနာက္ျပန္မေပးခင္ ဂိုးသမားကို ဖိအားေပးတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ အမွားလုပ္မိရင္ အခြင့္အေရးရမွာမို႔လို႔ပါ”

“ကၽြန္ေတာ္တို႔ အျမဲတမ္း ေလာင္းကစားဆန္ဆန္ လုပ္ၾကၿပီး အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ္က အဲဒီမွာရွိေနခဲ့တာပါ။ ကၽြန္ေတာ္ နည္းနည္းေလး ေလာင္းေၾကးထပ္ခဲ့တယ္။ ဂိုးအလယ္တည့္တည့္ကို ေျပးလာေတာ့ ကၽြန္ေတာ့္မွာ ကန္သြင္းစရာ ေထာင့္မရွိဘူး။ ကၽြန္ေတာ္ ဂိုးသမားရဲ့ ေျခေထာက္ၾကားကေန သြင္းယူနိုင္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ေထာင့္က အရမ္းက်ဥ္းေနလို႔ပါ။ အဲဒါက အလုပ္ျဖစ္ခဲ့ပါတယ္”

ဒါေပမယ့္ အဲဒီသြင္းဂိုးဟာ ဒမ္ဘာ ဘအတြက္ အမွန္တကယ္ အဓိပၸာယ္အမ်ားႀကီး ရွိခဲ့လားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “တကယ္ေတာ့ မရွိပါဘူး။ သူတို႔အတြက္ေတာ့ အဲဒါက အဓိပၸာယ္ရွိခဲ့တယ္ဆိုတာ သိသာပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အတြက္ေတာ့ မဟုတ္ဘူး။ သူတို႔ေတြ အဲဒီပြဲသာ နိုင္ရင္ သူတို႔ေတြ ပရီးမီးယားလိဂ္ဖလား ရခဲ့ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.