Analysis Premier League

ဂါဘရီယယ်လ် ဂျေဆူးကို အာဆင်နယ်တို့ ခေါ်ယူသင့်တဲ့ အကြောင်းအရင်း ၄ ခု

အာဆင်နယ်အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ထဲကို ခြေစုံပစ်မဝင်ခင် ပရီးမီးယားလိဂ်ကံကြမ္မာကို မသိရသေးတာကြောင့် အချိန်များစွာရှိနေဆဲဖြစ်ပါတယ်။

ယူရိုပါလိဂ်မှာ ကစားနေရတဲ့ အသင်းတွေထက်စာရင် ချန်ပီယံလိဂ်မှာ ကစားနေရတဲ့အသင်းတွေအတွက် အခွင့်အရေးတွေက ပိုမိုကြီးမားတာဖြစ်ပါတယ်။ ဥရောပတိုက်က အကောင်းဆုံးနဲ့ စိတ်ဆန္ဒအပြင်းပြဆုံး ကစားသမားတွေအားလုံးဟာ အကောင်းဆုံးဆိုတဲ့အသင်းတွေနဲ့မှ ယှဉ်ပြိုင်ကစားချင်တဲ့ ဆန္ဒရှိကြတာဖြစ်ပြီး ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ခြင်း၊ မဝင်ရောက်နိုင်ခြင်းက ဂန်းနားတွေရဲ့ အနာဂတ်အပေါ် အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဘယ်သူ့ကို ခေါ်ယူနိုင်မလဲ၊ ငွေဘယ်လောက်သုံးစွဲနိုင်မလဲဆိုတာက ထိပ်ဆုံး ၄ နေရာအပေါ်မှာသာ လုံးလုံး သက်ဆိုင်နေတာဖြစ်ပြီး လက်ရှိနဲ့ ရာသီကုန်တဲ့အထိ ၅ ပွဲ မှာ မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ရမှတ် ဘယ်လောက်အထိ ရယူနိုင်မလဲဆိုတာ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့စျေးကွက် မဖွင့်ခင်ကတည်းက ခေါ်ယူမယ့် ပစ်မှတ်ကစားသမားတွေအတွက် ကြိုတင်ခြေလှမ်းတွေ ပြုလုပ်ထားပြီးဖြစ်ပြီး အီဒူးက ကြိုတင်ပြင်ဆင်မှုတွေ ကောင်းစွာလုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ ဆွဲထားပြီးပါပြီ။ အဲဒီအစီအစဉ်တွေက အသင်းပိုင်ရှင်တွေဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒါက တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမယ့်ကိစ္စတွေပါ။ ကျွန်တော်တို့ ရာသီကို ဘယ်လို ပြီးဆုံးအောင်သွားမလဲနဲ့ အစီအစဉ်တွေ ရေးဆွဲဖို့က ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားရတဲ့အကြောင်းအရာတွေပါ”လို့ အီဒူးက ပြောကြားခဲ့ပါတယ်။

အဲဒီအစီအစဉ်ရဲ့ တစ်စိတ်တပိုင်းအဖြစ် ဟာလန်းရောက်လာရင် ပွဲထွက်ကစားခွင့် ပိုမိုအကန့်အသတ်ရှိလာနိုင်တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူဖို့လည်း ပါဝင်နေပြီး အီဒူးနဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေကြား ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ လအတော်ကြာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့စျေးကွက်ကို အသင်းရဲ့ ချောင်ထိုး ခံထားရတဲ့ ဒါမှမဟုတ် ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ အခွင့်ကောင်းယူစရာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ မာတင် အော်ဒီဂွါဒ်နဲ့ အလက်ဆစ် ဆန်းချက်ဇ်တို့က မကြာသေးမီက ဥပမာတွေဖြစ်ပြီး ဟိုးအရင်တုန်းကဆိုရင်လည်း ဒန်းနစ် ဘားကမ့်နဲ့ သီယာရီ အွန်နရီတို့ကိုလည်း အလားတူပဲ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဂါဘရီယယ်လ် ၃ ဦးဖြစ်သွားလို့ အာတီတာအတွက် ကွင်းဘေးစည်းကနေ ဟို ဂါဘရီယယ်လ် ဘယ်သွား၊ ဘာလုပ် လျှာထွက်အောင် ညွှန်ကြားရနိုင်တယ်ဆိုရင်တောင်မှ ဒီ ဂါဘရီယယ်လ်က အလုပ်ဖြစ်မှာဖြစ်ပြီး ဘာကြောင့် အာဆင်နယ်အနေနဲ့ ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူသင့်လဲဆိုတဲ့ အကြောင်းအရင်းတွေကလည်း ရှိနေပါတယ်။

၁။ အရွယ်ကောင်းနဲ့ သင့်တော်တဲ့ စျေးနှုန်း

စျေးနှုန်းက ကစားသမားတစ်ဦးကို ခေါ်ယူတဲ့နေရာမှာ အဓိက သတ်မှတ်ပေးနိုင်တဲ့အရာ မဖြစ်သင့်ပေမယ့်လည်း သက်ရောက်မှုရှိတာဖြစ်ပါတယ်။ ဒါကြောင့် စာချုပ်ကိစ္စဘက်ကနေ စပြောရမယ်ဆိုရင် လမ်းဖွင့်ထားတဲ့ ဖိတ်ကြားချက်တစ်ခုလိုမျိုးတောင် နည်းနည်း ခံစားရပါတယ်။ ဒီနွေရာသီမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာဖြစ်ပေမယ့် စာချုပ်သစ် ချုပ်ဆိုမယ့် လက္ခဏာမရှိတဲ့ ဂျေဆူးကို မန်စီးတီးအနေနဲ့ မဖြစ်မနေ ရောင်းထုတ်ရမှာဖြစ်ပါတယ်။ ဟာလန်းက တိုက်စစ်ကို ဦးဆောင်မှာဖြစ်ပြီး ဂျက် ဂရီးလစ်ရှ်က တောင်ပံနေရာမှာ ပွဲထွက်ကစားချိန် ပိုမိုရရှိမှာဖြစ်ပေမယ့် ဂျေဆူးရဲ့ ပွဲကစားချိန်ကတော့ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးဟာ ဂါဘရီယယ်လ် ဂျေဆူးအတွက် သုံးခဲ့ရတဲ့ ငွေကြေးအချို့ကို ပြန်ရဖို့ လုပ်ဆောင်မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်နွေရာသီမှာ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးအတွက် ပေါင် ၂၅ သန်းထက်မနည်းတဲ့ ပမာဏတော့ လိုချင်နေမှာဖြစ်ပါတယ်။ အဲဒီပမာဏက စျေးကွက်ထဲမှာရှိတဲ့ ဂျေဆူးနဲ့ အလားတူ ပေါင် ၇၅ သန်းတန် ကစားသမားတွေနဲ့ ယှဉ်ရင် တော်တော်ကြီး သက်သာတဲ့စျေးနှုန်းဖြစ်ပြီး အာဆင်နယ်အတွက်လည်း အခြားတိုက်စစ်မှူး ဒါမှမဟုတ် အခြားနေရာကို အင်အားဖြည့်တင်းဖို့ ငွေပိုထွက်လာစေမှာဖြစ်ပါတယ်။ အဓိကအချက်ကတော့ ဂျေဆူးရဲ့ အသက်အရွယ်ဖြစ်ပြီး ဧပြီလအစောပိုင်းမှာ ၂၅ နှစ်ပြည့်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးဟာ ရှေ့မှာ အကောင်းဆုံးနှစ်တွေ စောင့်ဆိုင်းနေတဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ပြုစုပျိုးထောင်ပေးရမယ့်ကစားသမားမဟုတ်ဘဲ ပြန်ရောင်းထုတ်လို့ ပိုက်ဆံရမယ့် ကစားသမားမျိုးကို ခေါ်ယူချင်နေမှာဖြစ်ပြီး ဂျေဆူးက အဲဒီအချက်တွေနဲ့ ကွက်တိကျနေတာဖြစ်ပါတယ်။

၂။ ပရီးမီးယားလိဂ် အတွေ့အကြုံရှိထားခြင်း

ပရီးမီးယားလိဂ် ၁၅၅ ပွဲ ကစားဖူးတယ်ဆိုတာ အရမ်းများတဲ့ အတွေ့အကြုံမဟုတ်ရင်တောင် နည်းပါးတယ်လို့တော့ ပြောလို့မရတဲ့ ပမာဏဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူးသစ်တစ်ဦးက အသင်းအတွက် ဘယ်လို အသွင်ပြောင်းပေးရမလဲဆိုတာကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အတွေ့အကြုံရှိပြီးသား ကစားသမားတစ်ဦး ရောက်လာခဲ့မယ်ဆိုရင် အခုမှ အသစ်ရောက်လာတဲ့ကစားသမားထက်စာရင် အားသာချက် ဖြစ်လာမှာဖြစ်ပါတယ်။ ဂျေဆူးဟာ အင်္ဂလန်ကို ရောက်လာတုန်းက လက်ရှိ ပိုင်ဆိုင်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးမျိုး မရှိခဲ့ဘဲ တစ်ဦးချင်းထိတွေ့မှုနဲ့ ဘောလုံးကို ခန္ဓာကိုယ်ကို ဒိုင်းသဖွယ် ကာကွယ်နေမှုတွေကို မန်စီးတီးမှာ ကစားနေတဲ့ကာလအတွင်း တိုးတက်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒါအပြင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတုတွေကို အကျွမ်းတဝင်ရှိပြီးသားဖြစ်တာကြောင့် အာတီတာအနေနဲ့ ဂျေဆူးက အကောင်းဆုံးပဲဆိုတာကို သိရှိနေတာဖြစ်ပါတယ်။ ကစားသမားတိုင်းက ဒီလို ပြုပြင်ပြောင်းလဲမှုမျိုး မပြုလုပ်နိုင်ဘဲ အချို့ဆိုရင် ၁ နှစ်၊ ၂ နှစ်ေလောက် အချိန်ယူရတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကြိုတင်ပြင်ဆင်ပြီးသား ကစားသမားတစ်ဦး အသင်းကို ရောက်လာမယ်ဆိုရင် ကြီးမားတဲ့ အပိုဆုကြေးဖြစ်လာမှာဖြစ်ပါတယ်။ ဘောလုံးလောကမှာ ပါရမီရှိတဲ့ အထောင်တိုက်စစ်မှူးတွေ အများကြီးရှိနေပေမယ့်လည်း အဲဒီထဲက ဘယ်သူက ပရီးမီးယားလိဂ်မှာ အောင်မြင်မှု ရရှိမယ်ဆိုတာကို အတိအကျမသိနိုင်တာကြောင့် အောင်မြင်နိုင်ခြေရှိတယ်ဆိုတာ သိမြင်ပြီးသား ကစားသမားကို လက်လွတ်မခံသင့်တာဖြစ်ပါတယ်။

၃။ အရည်အသွေး ကြွယ်ဝခြင်း

ဂျေဆူးဟာ အရွယ်ကောင်း၊ ပရီးမီးယားလိဂ်မှာလည်း အတွေ့အကြုံရှိပြီး စျေးသက်သက်သာသာနဲ့ ရကောင်း ရနိုင်တဲ့ ကစားသမားဆိုတာ သေချာပါတယ်။ ဒါပေမယ့် မန်စီးတီးတိုက်စစ်မှူးက တကယ်ရော ကောင်းရဲ့လားဆိုရင် အမှန်တကယ်ကို ကောင်းမွန်တဲ့ ကစားသမားပါ။ ဘယ်လိုကစားသမားမဆို မန်စီးတီးမှာ ပုံမှန်ပွဲကစားချိန်ရဖို့ ရုန်းကန်ရမှာဖြစ်ပြီး ၂ သင်းစာ လူစာရင်းရှိနေတဲ့ အသင်းကြီးတစ်သင်းဖြစ်တာကြောင့် သိပ်တော့ အံ့အားသင့်စရာမရှိပါဘူး။ ဂျေဆူးဟာ အသင်းလိုက်ကစားသမားဆိုတဲ့ အနက်အဓိပ္ပာယ်ကို ထင်ဟပ်နေသူဖြစ်ပြီး အမှန်တကယ် လုပ်အားနှုန်း ထုတ်သုံးတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ အသင်းလိုက် စွမ်းဆောင်ရည်ကောင်းမွန်ဖို့အတွက် တစ်ဦးတည်း ချွန်ထွက်နေတာမျိုးကို စတေးမယ့်ကစားသမားတစ်ယောက်ကိုတော့ အာတီတာက နှစ်သက်မှာဖြစ်ပါတယ်။

နည်းစနစ်ပိုင်းအရလည်း နှစ်သက်စရာတွေ အများကြီးရှိနေပြီး ဂျေဆူးဟာ နေရာကြပ်တွေမှာ မယုံနိုင်အောင် လျင်မြန်တဲ့ ခြေထောက်နဲ့ ဘောလုံးထုတ်နိုင်စွမ်းရှိပါတယ်။ ဂျေဆူးအနေနဲ့ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံးကစားသမားမဟုတ်ပေမယ့်လည်း ခန္ဓာကိုယ်ကို ကောင်းကောင်း အသုံးချတတ်သူဖြစ်ပါတယ်။ ကစားကွက်ပုံဖော်ဖို့ ကွင်းလယ်ထိ ဆင်းပြီး အခြားကစားသမားတွေနဲ့ ချိတ်ဆက်ကစားတတ်တဲ့ ဂျေဆူးရဲ့ ပွဲရှုထောင့်ဟာ အရမ်းကို တန်ဖိုးထားသင့်သလောက် တန်ဖိုးအထားမခံခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အဝေးဘောကစားတဲ့အချိန်မှာ ဂျေဆူးက ၎င်းတို့ရဲက အကောင်းဆုံးထွက်ပေါက်ဖြစ်ပြီး ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ ခုန်နိုင်စွမ်း၊ ပြေးနှုန်းက မန်စီးတီးကို ကစားကွက်ပုံစံမပျက် ကစားနိုင်အောင် နောက်ကွယ်ကနေ ကူညီပေးနေတာဖြစ်ပါတယ်။

လျင်မြန်မှု၊ ပါးနပ်မှု၊ စိတ်ဆန္ဒပြင်းပြမှု၊ အင်တိုက်အားတိုက် ကစားတတ်ခြင်း၊ ဖန်တီးနိုင်စွမ်းနဲ့ နည်းစနစ်ပိုင်နိုင်မှုတို့လိုမျိုး သဘောကျစရာတွေ အများကြီးရှိနေပေမယ့် ပျောက်ဆုံးနေတဲ့အရာက ဂိုးရှေ့မှာ အညှာအတာကင်းမဲ့မှုဖြစ်ပါတယ်။ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဂျေဆူးဟာ ထိပ်တန်းတိုက်စစ်မှူးမဟုတ်သေးဘဲ ဂိုးရှေ့မှာ ယုံကြည်ချက်ကင်းမဲ့နေတာက တိုးတက်အောင် လုပ်ဖို့လိုအပ်နေသေးတဲ့အရာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ကာလတလျှောက်လုံး ဂျေဆူးရဲ့ မျှော်မှန်းသွင်းဂိုးဟာ ၂၀ လောက် လျော့နေခဲ့တာဖြစ်ပါတယ်(သွင်းယူသင့်တဲ့ဂိုးအရေအတွက်ထက် ၂၀ လျော့နည်းပြီး သွင်းယူခဲ့တာကို ဆိုလို)။ ဒါပေမယ့်လည်း ဂျေဆူးဟာ နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဝေဖန်မှုတွေကို တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျေဆူးရဲ့ ပုံစံအရတော့ အာဆင်နယ်နဲ့ တကယ်ကို သင့်တော်မယ့်ကစားသမားမျိုးဖြစ်ပြီး အဓိက ဂိုးသွင်းရမယ့် တာဝန်အားလုံးကို ပုခုံးထမ်းနိုင်ပါ့မလားဆိုရင်တော့ မဖြစ်ကောင်း မဖြစ်နိုင်ပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ ဘက်စုံထူးချွန်မှုတွေ ရှိနှင့်ပြီးသား အလားအလာများစွာရှိတဲ့ ကစားသမားဆိုတာတော့ အမှန်ပဲဖြစ်ပါတယ်။

၄။ နေရာစုံကစားနိုင်ပြီး ကစားကွက်ကို နားလည်တဲ့ ဂျေဆူး

ဂျေဆူးဟာ ပရီးမီးယားလိဂ်ကို အတွေ့အကြုံတွေနဲ့ ရောက်ရှိလာရုံသာမက သူ စွန့်ခွာခဲ့တဲ့ အသင်းနဲ့ တူညီတဲ့ ကစားကွက်မျိုးရှိတဲ့ အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးပြောရရင် အာတီတာက ဂျေဆူးကို နည်းပြပေးခဲ့ဖူးပြီး ၎င်းရဲ့ ဘောလုံးအခြေခံစည်းမျဉ်းတွေဟာ ဂွါဒီယိုလာရဲ့ အရိပ်လွှမ်းမိုးမှုများစွာ ပါဝင်နေတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ လူစာရင်းထဲမှာ ကြယ်ပွင့်ကစားသမားတွေ များပြားနေမှုကြောင့် ဂျေဆူးဟာ တောင်ပံနေရာတွေမှာ မကြာခဏ ထွက်ကစားခဲ့ရပြီး ညာတောင်ပံမှာ ၎င်းရဲ့ ကောင်းမွန်တဲ့ ဖြတ်တင်နိုင်စွမ်းနဲ့ လုပ်အားနှုန်းက ပြိုင်ဘက်ခံစစ်ကို ပြိုလဲစေပြီး ကျန်အသင်းဖော်တွေအတွက် လမ်းပွင့်စေခဲ့တာဖြစ်ပါတယ်။ ဂါဘရီယယ်လ် ဂျေဆူးရဲ့ တိုက်စစ် ၃ နေရာမှာ နေရာစုံ ကစားနိုင်စွမ်းဟာ အာတီတာလိုမျိုး နေရာအလိုက်သင့်ပြောင်းလဲကစားတဲ့ စနစ်အတွက် အကျိုးပြုနိုင်ရုံသာမက လူနည်းနည်းနဲ့ အကုန်လုံး ပွဲထုတ်ချင်တဲ့ဆန္ဒကိုပါ ပြည့်ဝစေမှာဖြစ်ပါတယ်။

မာတီနယ်လီနဲ့ ဂျေဆူးတို့က တောင်ပံ ၂ ဖက်မှာ ကစားနိုင်သလို အထောင်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်ကြသူတွေဖြစ်ပြီး အဲဒီအချက်က အာတီတာအတွက်တော့ ကြီးမားတဲ့အပေါင်းလက္ခဏာဆောင်တဲ့ ရွေးချယ်စရာဖြစ်နေတာဖြစ်ပါတယ်။ ကျောနံပါတ် ၉ အဖြစ် ကစားရတဲ့အချိန်မှာလည်း ဂျေဆူးက ပြိုင်ဘက်နောက်ခံလူတွေကို ကျော်ဖြတ်နိုင်စွမ်းရှိပြီး တောင်ပံမှာ ကစားတဲ့အခါမှာလည်း ၎င်းရဲ့ ဖန်တီးနိုင်စွမ်းနဲ့ အားကောင်းတဲ့ ပေးပို့မှုတွေက ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာကို မန်စီးတီးအတွက် ပွဲပေါင်း ၂၃၀ မှာ ဂိုးဖန်တီးမှု ၄၆ ကြိမ်ပြုလုပ်ထားနိုင်တာက သက်သေပြသနေပါတယ်။ သွင်းဂိုးအပိုင်းမှာလည်း စုစုပေါင်း ၉၃ ဂိုးအထိ သွင်းယူထားပြီး မန်ချက်စတာစီးတီးလိုမျိုး အလှည့်ကျ ပွဲထွက်ကစားစေတဲ့အသင်းမျိုးမှာ ကစားရပေမယ့်လည်း သွင်းဂိုး ၁၃၉ ဂိုးအထိ ပါဝင်ပတ်သက်ထားနိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

တန်ပြန်ငြင်းခုံမှုက ဂျေဆူးအနေနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးဖန်တီးရှင်တွေထဲက အချို့နဲ့အတူ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားနေလို့ ဒီလို အထင်ကြီးဖွယ် ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင် ပွဲကစားချိန် ပိုရဖို့အတွက် သေမတတ် အားစိုက်ထုတ်နေကြတဲ့ မန်စီးတီးအသင်းလို လူစာရင်းထဲမှာ မှန်ကန်တဲ့ စည်းချက်ကို ရှာတွေ့ဖို့ဆိုတာ ဘယ်လောက်ခက်ခဲလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ အာဆင်နယ်အသင်းမှာ ဂျေဆူးအနေနဲ့ ပထမဦးစားပေးမဖြစ်ခဲ့ရင်တောင်မှ မန်စီးတီးမှာတုန်းကထက်တော့ ပွဲကစားချိန် ပိုမိုရရှိနိုင်တာဖြစ်ပြီး နောက် ၅ နှစ်လောက်အထိ အသင်းရဲ့တိုက်စစ်ကို ဦးမဆောင်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဂျေဆူးရဲ့ ရှပ်အတွက်တော့ ပရိသတ်တွေ အလုအယက်ဖြစ်ကြမှာတော့ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ထဲကို ေျခစုံပစ္မဝင္ခင္ ပရီးမီးယားလိဂ္ကံၾကမၼာကို မသိရေသးတာေၾကာင့္ အခ်ိန္မ်ားစြာရွိေနဆဲျဖစ္ပါတယ္။

ယူရိုပါလိဂ္မွာ ကစားေနရတဲ့ အသင္းေတြထက္စာရင္ ခ်န္ပီယံလိဂ္မွာ ကစားေနရတဲ့အသင္းေတြအတြက္ အခြင့္အေရးေတြက ပိုမိုႀကီးမားတာျဖစ္ပါတယ္။ ဥေရာပတိုက္က အေကာင္းဆုံးနဲ႔ စိတ္ဆႏၵအျပင္းျပဆုံး ကစားသမားေတြအားလုံးဟာ အေကာင္းဆုံးဆိုတဲ့အသင္းေတြနဲ႔မွ ယွဥ္ၿပိဳင္ကစားခ်င္တဲ့ ဆႏၵရွိၾကတာျဖစ္ၿပီး ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္နိုင္ျခင္း၊ မဝင္ေရာက္နိုင္ျခင္းက ဂန္းနားေတြရဲ့ အနာဂတ္အေပၚ အက်ိဳးသက္ေရာက္မႈ ရွိလာမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဘယ္သူ႔ကို ေခၚယူနိုင္မလဲ၊ ေငြဘယ္ေလာက္သုံးစြဲနိုင္မလဲဆိုတာက ထိပ္ဆုံး ၄ ေနရာအေပၚမွာသာ လုံးလုံး သက္ဆိုင္ေနတာျဖစ္ၿပီး လက္ရွိနဲ႔ ရာသီကုန္တဲ့အထိ ၅ ပြဲ မွာ ေျမာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ ရမွတ္ ဘယ္ေလာက္အထိ ရယူနိုင္မလဲဆိုတာ မေရမရာျဖစ္ေနဆဲျဖစ္ပါတယ္။ အာဆင္နယ္ဟာ အေျပာင္းအေရႊ႕ေစ်းကြက္ မဖြင့္ခင္ကတည္းက ေခၚယူမယ့္ ပစ္မွတ္ကစားသမားေတြအတြက္ ႀကိဳတင္ေျခလွမ္းေတြ ျပဳလုပ္ထားၿပီးျဖစ္ၿပီး အီဒူးက ႀကိဳတင္ျပင္ဆင္မႈေတြ ေကာင္းစြာလုပ္ေဆာင္ေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ရဲ့ အစီအစဥ္ေတြ ဆြဲထားၿပီးပါၿပီ။ အဲဒီအစီအစဥ္ေတြက အသင္းပိုင္ရွင္ေတြဆီ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အဲဒါက တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္ေဆာင္ရမယ့္ကိစၥေတြပါ။ ကၽြန္ေတာ္တို႔ ရာသီကို ဘယ္လို ၿပီးဆုံးေအာင္သြားမလဲနဲ႔ အစီအစဥ္ေတြ ေရးဆြဲဖို႔က ကၽြန္ေတာ္ အရမ္းကို စိတ္လႈပ္ရွားရတဲ့အေၾကာင္းအရာေတြပါ”လို႔ အီဒူးက ေျပာၾကားခဲ့ပါတယ္။

အဲဒီအစီအစဥ္ရဲ့ တစ္စိတ္တပိုင္းအျဖစ္ ဟာလန္းေရာက္လာရင္ ပြဲထြက္ကစားခြင့္ ပိုမိုအကန႔္အသတ္ရွိလာနိုင္တဲ့ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူဖို႔လည္း ပါဝင္ေနၿပီး အီဒူးနဲ႔ ကစားသမားရဲ့ ကိုယ္စားလွယ္ေတြၾကား ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာ လအေတာ္ၾကာခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အေျပာင္းအေရႊ႕ေစ်းကြက္ကို အသင္းရဲ့ ေခ်ာင္ထိုး ခံထားရတဲ့ ဒါမွမဟုတ္ ပုံမွန္ပြဲထြက္ခြင့္မရတဲ့ ကစားသမားေတြကို ေခၚယူရာမွာ အခြင့္ေကာင္းယူစရာအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ အလက္ဆစ္ ဆန္းခ်က္ဇ္တို႔က မၾကာေသးမီက ဥပမာေတြျဖစ္ၿပီး ဟိုးအရင္တုန္းကဆိုရင္လည္း ဒန္းနစ္ ဘားကမ့္နဲ႔ သီယာရီ အြန္နရီတို႔ကိုလည္း အလားတူပဲ ေခၚယူခဲ့တာျဖစ္ပါတယ္။

ဂါဘရီယယ္လ္ ၃ ဦးျဖစ္သြားလို႔ အာတီတာအတြက္ ကြင္းေဘးစည္းကေန ဟို ဂါဘရီယယ္လ္ ဘယ္သြား၊ ဘာလုပ္ လၽွာထြက္ေအာင္ ညႊန္ၾကားရနိုင္တယ္ဆိုရင္ေတာင္မွ ဒီ ဂါဘရီယယ္လ္က အလုပ္ျဖစ္မွာျဖစ္ၿပီး ဘာေၾကာင့္ အာဆင္နယ္အေနနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူသင့္လဲဆိုတဲ့ အေၾကာင္းအရင္းေတြကလည္း ရွိေနပါတယ္။

၁။ အရြယ္ေကာင္းနဲ႔ သင့္ေတာ္တဲ့ ေစ်းႏႈန္း

ေစ်းႏႈန္းက ကစားသမားတစ္ဦးကို ေခၚယူတဲ့ေနရာမွာ အဓိက သတ္မွတ္ေပးနိုင္တဲ့အရာ မျဖစ္သင့္ေပမယ့္လည္း သက္ေရာက္မႈရွိတာျဖစ္ပါတယ္။ ဒါေၾကာင့္ စာခ်ဳပ္ကိစၥဘက္ကေန စေျပာရမယ္ဆိုရင္ လမ္းဖြင့္ထားတဲ့ ဖိတ္ၾကားခ်က္တစ္ခုလိုမ်ိဳးေတာင္ နည္းနည္း ခံစားရပါတယ္။ ဒီေႏြရာသီမွာ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့မွာျဖစ္ေပမယ့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ့္ လကၡဏာမရွိတဲ့ ေဂ်ဆူးကို မန္စီးတီးအေနနဲ႔ မျဖစ္မေန ေရာင္းထုတ္ရမွာျဖစ္ပါတယ္။ ဟာလန္းက တိုက္စစ္ကို ဦးေဆာင္မွာျဖစ္ၿပီး ဂ်က္ ဂရီးလစ္ရွ္က ေတာင္ပံေနရာမွာ ပြဲထြက္ကစားခ်ိန္ ပိုမိုရရွိမွာျဖစ္ေပမယ့္ ေဂ်ဆူးရဲ့ ပြဲကစားခ်ိန္ကေတာ့ ျပင္းျပင္းထန္ထန္ ထိခိုက္နိုင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္ မန္စီးတီးဟာ ဂါဘရီယယ္လ္ ေဂ်ဆူးအတြက္ သုံးခဲ့ရတဲ့ ေငြေၾကးအခ်ိဳ႕ကို ျပန္ရဖို႔ လုပ္ေဆာင္မွာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ေႏြရာသီမွာ ေပါင္ ၂၇ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉးအတြက္ ေပါင္ ၂၅ သန္းထက္မနည္းတဲ့ ပမာဏေတာ့ လိုခ်င္ေနမွာျဖစ္ပါတယ္။ အဲဒီပမာဏက ေစ်းကြက္ထဲမွာရွိတဲ့ ေဂ်ဆူးနဲ႔ အလားတူ ေပါင္ ၇၅ သန္းတန္ ကစားသမားေတြနဲ႔ ယွဥ္ရင္ ေတာ္ေတာ္ႀကီး သက္သာတဲ့ေစ်းႏႈန္းျဖစ္ၿပီး အာဆင္နယ္အတြက္လည္း အျခားတိုက္စစ္မႉး ဒါမွမဟုတ္ အျခားေနရာကို အင္အားျဖည့္တင္းဖို႔ ေငြပိုထြက္လာေစမွာျဖစ္ပါတယ္။ အဓိကအခ်က္ကေတာ့ ေဂ်ဆူးရဲ့ အသက္အရြယ္ျဖစ္ၿပီး ဧၿပီလအေစာပိုင္းမွာ ၂၅ ႏွစ္ျပည့္ခဲ့တဲ့ မန္စီးတီးတိုက္စစ္မႉးဟာ ေရွ႕မွာ အေကာင္းဆုံးႏွစ္ေတြ ေစာင့္ဆိုင္းေနတဲ့သူျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ ျပဳစုပ်ိဳးေထာင္ေပးရမယ့္ကစားသမားမဟုတ္ဘဲ ျပန္ေရာင္းထုတ္လို႔ ပိုက္ဆံရမယ့္ ကစားသမားမ်ိဳးကို ေခၚယူခ်င္ေနမွာျဖစ္ၿပီး ေဂ်ဆူးက အဲဒီအခ်က္ေတြနဲ႔ ကြက္တိက်ေနတာျဖစ္ပါတယ္။

၂။ ပရီးမီးယားလိဂ္ အေတြ႕အၾကဳံရွိထားျခင္း

ပရီးမီးယားလိဂ္ ၁၅၅ ပြဲ ကစားဖူးတယ္ဆိုတာ အရမ္းမ်ားတဲ့ အေတြ႕အၾကဳံမဟုတ္ရင္ေတာင္ နည္းပါးတယ္လို႔ေတာ့ ေျပာလို႔မရတဲ့ ပမာဏျဖစ္ပါတယ္။ အေထာင္တိုက္စစ္မႉးသစ္တစ္ဦးက အသင္းအတြက္ ဘယ္လို အသြင္ေျပာင္းေပးရမလဲဆိုတာကို နားလည္နိုင္မွာမဟုတ္ပါဘူး။ အေတြ႕အၾကဳံရွိၿပီးသား ကစားသမားတစ္ဦး ေရာက္လာခဲ့မယ္ဆိုရင္ အခုမွ အသစ္ေရာက္လာတဲ့ကစားသမားထက္စာရင္ အားသာခ်က္ ျဖစ္လာမွာျဖစ္ပါတယ္။ ေဂ်ဆူးဟာ အဂၤလန္ကို ေရာက္လာတုန္းက လက္ရွိ ပိုင္ဆိုင္ထားတဲ့ ႐ုပ္ပိုင္းဆိုင္ရာအရည္အေသြးမ်ိဳး မရွိခဲ့ဘဲ တစ္ဦးခ်င္းထိေတြ႕မႈနဲ႔ ေဘာလုံးကို ခႏၶာကိုယ္ကို ဒိုင္းသဖြယ္ ကာကြယ္ေနမႈေတြကို မန္စီးတီးမွာ ကစားေနတဲ့ကာလအတြင္း တိုးတက္ေအာင္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

အဲဒါအျပင္ ဘာသာစကား၊ ယဥ္ေက်းမႈ၊ ရာသီဥတုေတြကို အကၽြမ္းတဝင္ရွိၿပီးသားျဖစ္တာေၾကာင့္ အာတီတာအေနနဲ႔ ေဂ်ဆူးက အေကာင္းဆုံးပဲဆိုတာကို သိရွိေနတာျဖစ္ပါတယ္။ ကစားသမားတိုင္းက ဒီလို ျပဳျပင္ေျပာင္းလဲမႈမ်ိဳး မျပဳလုပ္နိုင္ဘဲ အခ်ိဳ႕ဆိုရင္ ၁ ႏွစ္၊ ၂ ႏွစ္ေေလာက္ အခ်ိန္ယူရတာေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာပါ ႀကိဳတင္ျပင္ဆင္ၿပီးသား ကစားသမားတစ္ဦး အသင္းကို ေရာက္လာမယ္ဆိုရင္ ႀကီးမားတဲ့ အပိုဆုေၾကးျဖစ္လာမွာျဖစ္ပါတယ္။ ေဘာလုံးေလာကမွာ ပါရမီရွိတဲ့ အေထာင္တိုက္စစ္မႉးေတြ အမ်ားႀကီးရွိေနေပမယ့္လည္း အဲဒီထဲက ဘယ္သူက ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈ ရရွိမယ္ဆိုတာကို အတိအက်မသိနိုင္တာေၾကာင့္ ေအာင္ျမင္နိုင္ေျခရွိတယ္ဆိုတာ သိျမင္ၿပီးသား ကစားသမားကို လက္လြတ္မခံသင့္တာျဖစ္ပါတယ္။

၃။ အရည္အေသြး ႂကြယ္ဝျခင္း

ေဂ်ဆူးဟာ အရြယ္ေကာင္း၊ ပရီးမီးယားလိဂ္မွာလည္း အေတြ႕အၾကဳံရွိၿပီး ေစ်းသက္သက္သာသာနဲ႔ ရေကာင္း ရနိုင္တဲ့ ကစားသမားဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ မန္စီးတီးတိုက္စစ္မႉးက တကယ္ေရာ ေကာင္းရဲ့လားဆိုရင္ အမွန္တကယ္ကို ေကာင္းမြန္တဲ့ ကစားသမားပါ။ ဘယ္လိုကစားသမားမဆို မန္စီးတီးမွာ ပုံမွန္ပြဲကစားခ်ိန္ရဖို႔ ႐ုန္းကန္ရမွာျဖစ္ၿပီး ၂ သင္းစာ လူစာရင္းရွိေနတဲ့ အသင္းႀကီးတစ္သင္းျဖစ္တာေၾကာင့္ သိပ္ေတာ့ အံ့အားသင့္စရာမရွိပါဘူး။ ေဂ်ဆူးဟာ အသင္းလိုက္ကစားသမားဆိုတဲ့ အနက္အဓိပၸာယ္ကို ထင္ဟပ္ေနသူျဖစ္ၿပီး အမွန္တကယ္ လုပ္အားႏႈန္း ထုတ္သုံးတဲ့ ကစားသမားမ်ိဳးျဖစ္ပါတယ္။ အသင္းလိုက္ စြမ္းေဆာင္ရည္ေကာင္းမြန္ဖို႔အတြက္ တစ္ဦးတည္း ခၽြန္ထြက္ေနတာမ်ိဳးကို စေတးမယ့္ကစားသမားတစ္ေယာက္ကိုေတာ့ အာတီတာက ႏွစ္သက္မွာျဖစ္ပါတယ္။

နည္းစနစ္ပိုင္းအရလည္း ႏွစ္သက္စရာေတြ အမ်ားႀကီးရွိေနၿပီး ေဂ်ဆူးဟာ ေနရာၾကပ္ေတြမွာ မယုံနိုင္ေအာင္ လ်င္ျမန္တဲ့ ေျခေထာက္နဲ႔ ေဘာလုံးထုတ္နိုင္စြမ္းရွိပါတယ္။ ေဂ်ဆူးအေနနဲ႔ ကမၻာေပၚမွာ အရပ္အရွည္ဆုံးကစားသမားမဟုတ္ေပမယ့္လည္း ခႏၶာကိုယ္ကို ေကာင္းေကာင္း အသုံးခ်တတ္သူျဖစ္ပါတယ္။ ကစားကြက္ပုံေဖာ္ဖို႔ ကြင္းလယ္ထိ ဆင္းၿပီး အျခားကစားသမားေတြနဲ႔ ခ်ိတ္ဆက္ကစားတတ္တဲ့ ေဂ်ဆူးရဲ့ ပြဲရႈေထာင့္ဟာ အရမ္းကို တန္ဖိုးထားသင့္သေလာက္ တန္ဖိုးအထားမခံခဲ့ရတာျဖစ္ပါတယ္။ မန္စီးတီးအသင္းအေနနဲ႔ အေဝးေဘာကစားတဲ့အခ်ိန္မွာ ေဂ်ဆူးက ၎တို႔ရဲက အေကာင္းဆုံးထြက္ေပါက္ျဖစ္ၿပီး ၎ရဲ့ အလြန္ေကာင္းမြန္တဲ့ ခုန္နိုင္စြမ္း၊ ေျပးႏႈန္းက မန္စီးတီးကို ကစားကြက္ပုံစံမပ်က္ ကစားနိုင္ေအာင္ ေနာက္ကြယ္ကေန ကူညီေပးေနတာျဖစ္ပါတယ္။

လ်င္ျမန္မႈ၊ ပါးနပ္မႈ၊ စိတ္ဆႏၵျပင္းျပမႈ၊ အင္တိုက္အားတိုက္ ကစားတတ္ျခင္း၊ ဖန္တီးနိုင္စြမ္းနဲ႔ နည္းစနစ္ပိုင္နိုင္မႈတို႔လိုမ်ိဳး သေဘာက်စရာေတြ အမ်ားႀကီးရွိေနေပမယ့္ ေပ်ာက္ဆုံးေနတဲ့အရာက ဂိုးေရွ႕မွာ အညႇာအတာကင္းမဲ့မႈျဖစ္ပါတယ္။ အေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္ ေဂ်ဆူးဟာ ထိပ္တန္းတိုက္စစ္မႉးမဟုတ္ေသးဘဲ ဂိုးေရွ႕မွာ ယုံၾကည္ခ်က္ကင္းမဲ့ေနတာက တိုးတက္ေအာင္ လုပ္ဖို႔လိုအပ္ေနေသးတဲ့အရာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ကစားခဲ့တဲ့ ကာလတေလၽွာက္လုံး ေဂ်ဆူးရဲ့ ေမၽွာ္မွန္းသြင္းဂိုးဟာ ၂၀ ေလာက္ ေလ်ာ့ေနခဲ့တာျဖစ္ပါတယ္(သြင္းယူသင့္တဲ့ဂိုးအေရအတြက္ထက္ ၂၀ ေလ်ာ့နည္းၿပီး သြင္းယူခဲ့တာကို ဆိုလို)။ ဒါေပမယ့္လည္း ေဂ်ဆူးဟာ ေနာက္ဆုံးပါဝင္ကစားခဲ့တဲ့ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ၄ ဂိုးအထိသြင္းယူနိုင္ခဲ့ၿပီး ေဝဖန္မႈေတြကို တုံ႔ျပန္နိုင္ခဲ့တာျဖစ္ပါတယ္။ ေဂ်ဆူးရဲ့ ပုံစံအရေတာ့ အာဆင္နယ္နဲ႔ တကယ္ကို သင့္ေတာ္မယ့္ကစားသမားမ်ိဳးျဖစ္ၿပီး အဓိက ဂိုးသြင္းရမယ့္ တာဝန္အားလုံးကို ပုခုံးထမ္းနိုင္ပါ့မလားဆိုရင္ေတာ့ မျဖစ္ေကာင္း မျဖစ္နိုင္ေပမယ့္ အေပၚမွာ ေျပာခဲ့တဲ့ ဘက္စုံထူးခၽြန္မႈေတြ ရွိႏွင့္ၿပီးသား အလားအလာမ်ားစြာရွိတဲ့ ကစားသမားဆိုတာေတာ့ အမွန္ပဲျဖစ္ပါတယ္။

၄။ ေနရာစုံကစားနိုင္ၿပီး ကစားကြက္ကို နားလည္တဲ့ ေဂ်ဆူး

ေဂ်ဆူးဟာ ပရီးမီးယားလိဂ္ကို အေတြ႕အၾကဳံေတြနဲ႔ ေရာက္ရွိလာ႐ုံသာမက သူ စြန႔္ခြာခဲ့တဲ့ အသင္းနဲ႔ တူညီတဲ့ ကစားကြက္မ်ိဳးရွိတဲ့ အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးေျပာရရင္ အာတီတာက ေဂ်ဆူးကို နည္းျပေပးခဲ့ဖူးၿပီး ၎ရဲ့ ေဘာလုံးအေျခခံစည္းမ်ဥ္းေတြဟာ ဂြါဒီယိုလာရဲ့ အရိပ္လႊမ္းမိုးမႈမ်ားစြာ ပါဝင္ေနတာျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ့ လူစာရင္းထဲမွာ ၾကယ္ပြင့္ကစားသမားေတြ မ်ားျပားေနမႈေၾကာင့္ ေဂ်ဆူးဟာ ေတာင္ပံေနရာေတြမွာ မၾကာခဏ ထြက္ကစားခဲ့ရၿပီး ညာေတာင္ပံမွာ ၎ရဲ့ ေကာင္းမြန္တဲ့ ျဖတ္တင္နိုင္စြမ္းနဲ႔ လုပ္အားႏႈန္းက ၿပိဳင္ဘက္ခံစစ္ကို ၿပိဳလဲေစၿပီး က်န္အသင္းေဖာ္ေတြအတြက္ လမ္းပြင့္ေစခဲ့တာျဖစ္ပါတယ္။ ဂါဘရီယယ္လ္ ေဂ်ဆူးရဲ့ တိုက္စစ္ ၃ ေနရာမွာ ေနရာစုံ ကစားနိုင္စြမ္းဟာ အာတီတာလိုမ်ိဳး ေနရာအလိုက္သင့္ေျပာင္းလဲကစားတဲ့ စနစ္အတြက္ အက်ိဳးျပဳနိုင္႐ုံသာမက လူနည္းနည္းနဲ႔ အကုန္လုံး ပြဲထုတ္ခ်င္တဲ့ဆႏၵကိုပါ ျပည့္ဝေစမွာျဖစ္ပါတယ္။

မာတီနယ္လီနဲ႔ ေဂ်ဆူးတို႔က ေတာင္ပံ ၂ ဖက္မွာ ကစားနိုင္သလို အေထာင္တိုက္စစ္မႉးအျဖစ္လည္း ကစားနိုင္ၾကသူေတြျဖစ္ၿပီး အဲဒီအခ်က္က အာတီတာအတြက္ေတာ့ ႀကီးမားတဲ့အေပါင္းလကၡဏာေဆာင္တဲ့ ေရြးခ်ယ္စရာျဖစ္ေနတာျဖစ္ပါတယ္။ ေက်ာနံပါတ္ ၉ အျဖစ္ ကစားရတဲ့အခ်ိန္မွာလည္း ေဂ်ဆူးက ၿပိဳင္ဘက္ေနာက္ခံလူေတြကို ေက်ာ္ျဖတ္နိုင္စြမ္းရွိၿပီး ေတာင္ပံမွာ ကစားတဲ့အခါမွာလည္း ၎ရဲ့ ဖန္တီးနိုင္စြမ္းနဲ႔ အားေကာင္းတဲ့ ေပးပို႔မႈေတြက ဘယ္ေလာက္အထိ အက်ိဳးသက္ေရာက္မႈရွိလဲဆိုတာကို မန္စီးတီးအတြက္ ပြဲေပါင္း ၂၃၀ မွာ ဂိုးဖန္တီးမႈ ၄၆ ႀကိမ္ျပဳလုပ္ထားနိုင္တာက သက္ေသျပသေနပါတယ္။ သြင္းဂိုးအပိုင္းမွာလည္း စုစုေပါင္း ၉၃ ဂိုးအထိ သြင္းယူထားၿပီး မန္ခ်က္စတာစီးတီးလိုမ်ိဳး အလွည့္က် ပြဲထြက္ကစားေစတဲ့အသင္းမ်ိဳးမွာ ကစားရေပမယ့္လည္း သြင္းဂိုး ၁၃၉ ဂိုးအထိ ပါဝင္ပတ္သက္ထားနိုင္ခဲ့တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

တန္ျပန္ျငင္းခုံမႈက ေဂ်ဆူးအေနနဲ႔ ကမၻာေပၚက အေကာင္းဆုံးဖန္တီးရွင္ေတြထဲက အခ်ိဳ႕နဲ႔အတူ ကမၻာ့အေကာင္းဆုံးအသင္းမွာ ကစားေနလို႔ ဒီလို အထင္ႀကီးဖြယ္ ကိန္းဂဏန္းေတြကို ပိုင္ဆိုင္ထားတယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ ဒါေပမယ့္ ေသခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ ပြဲကစားခ်ိန္ ပိုရဖို႔အတြက္ ေသမတတ္ အားစိုက္ထုတ္ေနၾကတဲ့ မန္စီးတီးအသင္းလို လူစာရင္းထဲမွာ မွန္ကန္တဲ့ စည္းခ်က္ကို ရွာေတြ႕ဖို႔ဆိုတာ ဘယ္ေလာက္ခက္ခဲလဲဆိုတာ ေတြးၾကည့္လို႔ရပါတယ္။ အာဆင္နယ္အသင္းမွာ ေဂ်ဆူးအေနနဲ႔ ပထမဦးစားေပးမျဖစ္ခဲ့ရင္ေတာင္မွ မန္စီးတီးမွာတုန္းကထက္ေတာ့ ပြဲကစားခ်ိန္ ပိုမိုရရွိနိုင္တာျဖစ္ၿပီး ေနာက္ ၅ ႏွစ္ေလာက္အထိ အသင္းရဲ့တိုက္စစ္ကို ဦးမေဆာင္နိုင္တာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ေဂ်ဆူးရဲ့ ရွပ္အတြက္ေတာ့ ပရိသတ္ေတြ အလုအယက္ျဖစ္ၾကမွာေတာ့ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.