Analysis Premier League UCL&UEL

လီဗာပူးလ် 2-0 ဗီလာရီးရဲလ်ပွဲက ထင်ရှားခဲ့တဲ့ ပြောစရာအချက်များ

အလျင်အမြန် ဂိုးသွင်းစွမ်းတဲ့ တိုက်စစ်
ဗီလာရီးရဲလ်တို့ ပထမပိုင်းတစ်ပိုင်းလုံး ပိတ်ကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဖရိုဖရဲဖြစ်မှုက ပိုမိုကြီးမားလာခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ နောက်ခံလူ ပါဗစ် အက်စ်တူပီညန်ရဲ့ အုန်းဂိုးနဲ့ စိတ်ပျက်ခဲ့ကြရချိန်မှာ ဒီအနေအထားကို အကောင်းဆုံး အခွင့်အရေးယူနိုင်ခဲ့တာကတော့ ပါးနပ်လွန်းတဲ့ တိုက်စစ်တွေပဲဖြစ်ပါတယ်။ အက်စ်တူပီညန်ရှိတဲ့ ဘယ်ခြမ်းကိုပဲ လီဗာပူးလ်တို့ ထိုးနှက်တိုက်ခိုက်သွားခဲ့ကြပြီး ကမန်းကတန်း လူကျွံဘောဖမ်းတဲ့ ဗီလာရီးရဲလ်ထောင်ချောက်ကို ဆာလားရဲ့ ပေးပို့မှု၊ မာနေးရဲ့ အဆုံးသတ်တွေက နောက်ထပ်နှစ်မိနစ်အတွင်းမှာ ပြိုလဲစေခဲ့တာပါ။

ရေငုပ်သင်္ဘောထဲက နတ်သမီးပုံပြင်တွေ ရပ်တန့်တော့မှာလား
အူနိုင်း အမ်မရီအနေနဲ့ ပြိုင်ပွဲကြီးတွေမှာ သူရဲ့ အသင်းတွေကို နောက်ဆုံးအဆင့်တွေဆီ ဆွဲခေါ်လာနိုင်ခဲ့တာတွေက ပီအက်စ်ဂျီတစ်သင်းနဲ့က လွဲရင် အစဉ်အလာကောင်းကို ပိုင်ဆိုင်ထားသလိုဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကို ဖြတ်ကျော်အပြီး ဒီနေ့မှာတော့ အန်းဖီးလ်ကွင်းမှာ အထောင်တိုက်စစ်မှူးစစ်စစ် မပါဘဲ ကစားလာခဲ့တဲ့ အဝါရောင် ရေငုပ်သင်္ဘောတွေရဲ့ တိုက်စစ်က အိမ်ရှင်တွေကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့ဘဲ တစ်ကြိမ်သာ ကန်ခွင့်ရခဲ့သလို ဂိုးပေါက်တော့ မတည့်ခဲ့ချိန်မှာ ဒုတိယပိုင်းမှာ ဆက်တိုက်ဂိုးပေးခဲ့ရမှုနဲ့အတူ အိမ်ကွင်းမှာ ပြန်လာနိုင်ဖို့က နတ်သမီးပုံပြင်ကနေ လန့်နိုးရတော့မလိုဖြစ်ခဲ့ပါတယ်။

မတည့်ရင်တောင် အတူနေလို့ရတာ သေချာတဲ့ ဆာလားနဲ့ မာနေး
အီဂျစ်နဲ့ ဆီနီဂေါ အာဖရိကပွဲတွေမှာ ပြိုင်ဆိုင်မှုအပြင် အသင်းရဲ့ တိုက်စစ်ပိုင်းမှာလည်း သွင်းဂိုးတွေကို ခွဲဝေနေခဲ့ရတာကြောင့် မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ကို မတည့်ကြဘူးလို့ သမုတ်ကြသူတွေ ရှိနေခဲ့ချိန်မှာ ဒါက မှတ်တမ်းတွေအရတော့ မဟုတ်ကြောင်းကို ဒီနေ့ပွဲမှာ သက်သေ ထူနိုင်ခဲ့ပါတယ်။ မာနေးရဲ့ ဂိုးအတွက် ဆာလားရဲ့ ဖန်တီးပေးမှုက သူတို့နှစ်ဦးကြား တွဲဖက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၇ ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ်မှာ မှတ်တမ်းဝင်နိုင်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ ရွန်နီ-ရိုင်ယန်ဂစ်အတွဲနဲ့ ဆာလား-ဖာမီနိုအတွဲရဲ့ စံချိန်ကိုလည်း တူညီနိုင်ခဲ့တာပါ။

စပိန်အသင်းတွေနဲ့ အစဉ်အလာဆိုးကို ပြောင်းပြန်လှန်ဖို့ နီးလာတဲ့ လီဗာပူးလ်
လီဗာပူးလ်အသင်းအနေနဲ့ ၂၀၁၉ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲခဲ့တာကလွဲလို့ သူတို့ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ မပါ ၂၀၂၁ ခုနှစ်အထိ ဥရောပအဆင့်မှာ အိမ်လှည့်ပြန်ခဲ့စေသူတွေက စပိန်အသင်းတွေပဲဖြစ်နေခဲ့သလို ၂၀၁၆ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဗီလာရီးရဲလ်၊ ၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်၊ ၂၀၂၀ ချန်ပီယံလိဂ်မှာ အက်သလက်တီကိုနဲ့ ၂၀၂၁ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်တို့ဆီ ဒူးထောက်ခဲ့ရတာပါ။ ဒီနှစ်မှာလည်း စပိန်ကလပ် ဗီလာရီးရဲလ်နဲ့ပဲ ထပ်မံဆုံတွေ့ခဲ့စဉ်မှာတော့ ပထမအကျော့မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ခြေစွမ်းသာလွန်မှုနဲ့ပါ အနိုင်ယူနိုင်ခဲ့တာကြောင့် အစဉ်အလာဆိုးကို ဖျက်သိမ်းဖို့ မျှော်လင့်နိုင်တော့မှာဖြစ်ပါတယ်။

အန်းဖီးလ်ခံတပ်ကြီး ဟင်းချနိုင်ပြီ
လီဗာပူးလ်တို့အနေနဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပုံစံကောင်းကို ပြသထားနိုင်ခဲ့ချိန်မှာ ချန်ပီယံလိဂ်မှာတော့ လွဲမှားနေခဲ့ပြီး ဒီနှစ် ရှုံးထွက်အဆင့် သုံးဆင့်ကို ကျော်ဖြတ်ရာမှာ ရှေ့က နှစ်ပွဲမှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့သလို ဘင်ဖီကာကိုလည်း သရေရလဒ်သာ ရယူနိုင်ခဲ့လို့ ဒီနေ့ ဗီလာရီးရဲလ်နဲ့ပွဲမှာတော့ ပရိသတ်တွေ စိုးရိမ်မကင်းဖြစ်ခဲ့ကြတာ လွန်မယ် မထင်ပါဘူး။ ဒါပေမယ့် ခံစစ်ဦးစားပေးကစားလာခဲ့သလို အထောင်တိုက်စစ်မှူး ပါမလာတဲ့ အူနိုင်း အမ်မရီရဲ့ အသင်းကို လက်ဆောင်ဂိုးတစ်ဂိုး၊ မာနေးရဲ့ လျင်မြန်တဲ့ သွင်းဂိုးတစ်ဂိုးနဲ့ နှိပ်ကွပ်နိုင်ခဲ့ပြီး အိမ်ကွင်းမှာ ရှုံးထွက်နိုင်ပွဲ ပြန်ရှာတွေခဲ့လို့ ပရိသတ်တွေ ဟင်းချနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ဒုတိယပိုင်းမှာ အလုပ်ဖြစ်နေတဲ့ လီဗာပူးလ်
အဲဗာတန်နဲ့ပွဲမှာလည်း အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် လီဗာပူးလ်တို့ ဂိုးသွင်းနိုင်ဖို့ ဒုတိယပိုင်းအထိ စိတ်ရှည်ခဲ့ရပြီး ဒီနေ့မှာလည်း ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ တော်တော်လေး သည်းခံစောင့်ဆိုင်းခဲ့ရတာပါ။ အသင်းရဲ့ High Pressing နဲ့ Quick Tempo ကစားတဲ့ ပုံစံက တစ်ဖက် အသင်းတွေကို ဒုတိယပိုင်းမှာ ပြိုလဲစေဖို့ လုံလောက်နေခဲ့တာကိုလည်း တွေ့ရပြီး သွင်းဂိုးနှစ်ဂိုးကို လူစားအပြောင်းအလဲမလုပ်ခင် ရယူနိုင်ခဲ့သလို ဗန်ဒိုက်နဲ့ အယ်လစ်ဆန် ဦးဆောင်တဲ့ ခံစစ်ကလည်း ရှေ့က သွင်းသမျှ စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဖြစ်ဖို့ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဆရာကြီး ကလော့ပ်
လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ နောက်ဆုံး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၄ ကြိမ်တက်ခဲ့ရာမှာ ၄ ကြိမ်စလုံးကို အိမ်ကွင်းတွေမှာ အနိုင်ရယူနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး စံချိန်ကို ပူးတွဲပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရှေ့က ဒီစံချိန်ကို ရယူခဲ့ကြသူတွေကတော့ တကယ့် နာမည်ကြီး ဂရိတ်နည်းပြတွေဖြစ်ကြတဲ့ အော့တ်မာ ဟစ်ဇ်ဖဲလ်နဲ့ မာဆယ်လို လစ်ပီတို့ပဲဖြစ်ကြပြီး ဂျာမန်သားနည်းပြကြီးအနေနဲ့ စံချိန်ကောင်းနဲ့အတူ ဗိုလ်လုပွဲ တက်နိုင်ဖို့လည်း နီးစပ်နေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အလ်င္အျမန္ ဂိုးသြင္းစြမ္းတဲ့ တိုက္စစ္
ဗီလာရီးရဲလ္တို႔ ပထမပိုင္းတစ္ပိုင္းလုံး ပိတ္ကစားခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဖ႐ိုဖရဲျဖစ္မႈက ပိုမိုႀကီးမားလာခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာ ေနာက္ခံလူ ပါဗစ္ အက္စ္တူပီညန္ရဲ႕ အုန္းဂိုးနဲ႔ စိတ္ပ်က္ခဲ့ၾကရခ်ိန္မွာ ဒီအေနအထားကို အေကာင္းဆုံး အခြင့္အေရးယူႏိုင္ခဲ့တာကေတာ့ ပါးနပ္လြန္းတဲ့ တိုက္စစ္ေတြပဲျဖစ္ပါတယ္။ အက္စ္တူပီညန္ရွိတဲ့ ဘယ္ျခမ္းကိုပဲ လီဗာပူးလ္တို႔ ထိုးႏွက္တိုက္ခိုက္သြားခဲ့ၾကၿပီး ကမန္းကတန္း လူကြၽံေဘာဖမ္းတဲ့ ဗီလာရီးရဲလ္ေထာင္ေခ်ာက္ကို ဆာလားရဲ႕ ေပးပို႔မႈ၊ မာေနးရဲ႕ အဆုံးသတ္ေတြက ေနာက္ထပ္ႏွစ္မိနစ္အတြင္းမွာ ၿပိဳလဲေစခဲ့တာပါ။

ေရငုပ္သေဘၤာထဲက နတ္သမီးပုံျပင္ေတြ ရပ္တန႔္ေတာ့မွာလား
အူႏိုင္း အမ္မရီအေနနဲ႔ ၿပိဳင္ပြဲႀကီးေတြမွာ သူရဲ႕ အသင္းေတြကို ေနာက္ဆုံးအဆင့္ေတြဆီ ဆြဲေခၚလာႏိုင္ခဲ့တာေတြက ပီအက္စ္ဂ်ီတစ္သင္းနဲ႔က လြဲရင္ အစဥ္အလာေကာင္းကို ပိုင္ဆိုင္ထားသလိုျဖစ္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ကို ျဖတ္ေက်ာ္အၿပီး ဒီေန႔မွာေတာ့ အန္းဖီးလ္ကြင္းမွာ အေထာင္တိုက္စစ္မႉးစစ္စစ္ မပါဘဲ ကစားလာခဲ့တဲ့ အဝါေရာင္ ေရငုပ္သေဘၤာေတြရဲ႕ တိုက္စစ္က အိမ္ရွင္ေတြကို ရင္ခုန္ေအာင္ မလုပ္ႏိုင္ခဲ့ဘဲ တစ္ႀကိမ္သာ ကန္ခြင့္ရခဲ့သလို ဂိုးေပါက္ေတာ့ မတည့္ခဲ့ခ်ိန္မွာ ဒုတိယပိုင္းမွာ ဆက္တိုက္ဂိုးေပးခဲ့ရမႈနဲ႔အတူ အိမ္ကြင္းမွာ ျပန္လာႏိုင္ဖို႔က နတ္သမီးပုံျပင္ကေန လန႔္ႏိုးရေတာ့မလိုျဖစ္ခဲ့ပါတယ္။

မတည့္ရင္ေတာင္ အတူေနလို႔ရတာ ေသခ်ာတဲ့ ဆာလားနဲ႔ မာေနး
အီဂ်စ္နဲ႔ ဆီနီေဂါ အာဖရိကပြဲေတြမွာ ၿပိဳင္ဆိုင္မႈအျပင္ အသင္းရဲ႕ တိုက္စစ္ပိုင္းမွာလည္း သြင္းဂိုးေတြကို ခြဲေဝေနခဲ့ရတာေၾကာင့္ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတို႔ကို မတည့္ၾကဘူးလို႔ သမုတ္ၾကသူေတြ ရွိေနခဲ့ခ်ိန္မွာ ဒါက မွတ္တမ္းေတြအရေတာ့ မဟုတ္ေၾကာင္းကို ဒီေန႔ပြဲမွာ သက္ေသ ထူႏိုင္ခဲ့ပါတယ္။ မာေနးရဲ႕ ဂိုးအတြက္ ဆာလားရဲ႕ ဖန္တီးေပးမႈက သူတို႔ႏွစ္ဦးၾကား တြဲဖက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ၇ ႀကိမ္ေျမာက္အျဖစ္ ခ်န္ပီယံလိဂ္မွာ မွတ္တမ္းဝင္ႏိုင္ခဲ့ၿပီး မန္ယူႏိုက္တက္ရဲ႕ ႐ြန္နီ-႐ိုင္ယန္ဂစ္အတြဲနဲ႔ ဆာလား-ဖာမီႏိုအတြဲရဲ႕ စံခ်ိန္ကိုလည္း တူညီႏိုင္ခဲ့တာပါ။

စပိန္အသင္းေတြနဲ႔ အစဥ္အလာဆိုးကို ေျပာင္းျပန္လွန္ဖို႔ နီးလာတဲ့ လီဗာပူးလ္
လီဗာပူးလ္အသင္းအေနနဲ႔ ၂၀၁၉ ခ်န္ပီယံလိဂ္ဖလားကို ဗိုလ္စြဲခဲ့တာကလြဲလို႔ သူတို႔ကို ၂၀၁၆ ခုႏွစ္ကေန ၂၀၁၉ မပါ ၂၀၂၁ ခုႏွစ္အထိ ဥေရာပအဆင့္မွာ အိမ္လွည့္ျပန္ခဲ့ေစသူေတြက စပိန္အသင္းေတြပဲျဖစ္ေနခဲ့သလို ၂၀၁၆ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ဗီလာရီးရဲလ္၊ ၂၀၁၈ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္၊ ၂၀၂၀ ခ်န္ပီယံလိဂ္မွာ အက္သလက္တီကိုနဲ႔ ၂၀၂၁ ခ်န္ပီယံလိဂ္မွာ ရီးရဲလ္မက္ဒရစ္တို႔ဆီ ဒူးေထာက္ခဲ့ရတာပါ။ ဒီႏွစ္မွာလည္း စပိန္ကလပ္ ဗီလာရီးရဲလ္နဲ႔ပဲ ထပ္မံဆုံေတြ႕ခဲ့စဥ္မွာေတာ့ ပထမအေက်ာ့မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေျခစြမ္းသာလြန္မႈနဲ႔ပါ အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ အစဥ္အလာဆိုးကို ဖ်က္သိမ္းဖို႔ ေမွ်ာ္လင့္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

အန္းဖီးလ္ခံတပ္ႀကီး ဟင္းခ်ႏိုင္ၿပီ
လီဗာပူးလ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ အိမ္ကြင္းပုံစံေကာင္းကို ျပသထားႏိုင္ခဲ့ခ်ိန္မွာ ခ်န္ပီယံလိဂ္မွာေတာ့ လြဲမွားေနခဲ့ၿပီး ဒီႏွစ္ ရႈံးထြက္အဆင့္ သုံးဆင့္ကို ေက်ာ္ျဖတ္ရာမွာ ေရွ႕က ႏွစ္ပြဲမွာ အင္တာမီလန္ကို ရႈံးနိမ့္ခဲ့သလို ဘင္ဖီကာကိုလည္း သေရရလဒ္သာ ရယူႏိုင္ခဲ့လို႔ ဒီေန႔ ဗီလာရီးရဲလ္နဲ႔ပြဲမွာေတာ့ ပရိသတ္ေတြ စိုးရိမ္မကင္းျဖစ္ခဲ့ၾကတာ လြန္မယ္ မထင္ပါဘူး။ ဒါေပမယ့္ ခံစစ္ဦးစားေပးကစားလာခဲ့သလို အေထာင္တိုက္စစ္မႉး ပါမလာတဲ့ အူႏိုင္း အမ္မရီရဲ႕ အသင္းကို လက္ေဆာင္ဂိုးတစ္ဂိုး၊ မာေနးရဲ႕ လ်င္ျမန္တဲ့ သြင္းဂိုးတစ္ဂိုးနဲ႔ ႏွိပ္ကြပ္ႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ ရႈံးထြက္ႏိုင္ပြဲ ျပန္ရွာေတြခဲ့လို႔ ပရိသတ္ေတြ ဟင္းခ်ႏိုင္ခဲ့တယ္လို႔ပဲ ဆိုရမွာပါ။

ဒုတိယပိုင္းမွာ အလုပ္ျဖစ္ေနတဲ့ လီဗာပူးလ္
အဲဗာတန္နဲ႔ပြဲမွာလည္း အိမ္ကြင္းမွာ ကစားခဲ့ရေပမယ့္ လီဗာပူးလ္တို႔ ဂိုးသြင္းႏိုင္ဖို႔ ဒုတိယပိုင္းအထိ စိတ္ရွည္ခဲ့ရၿပီး ဒီေန႔မွာလည္း ဖိကစားႏိုင္ခဲ့ေပမယ့္ ဂိုးရဖို႔ေတာ့ ေတာ္ေတာ္ေလး သည္းခံေစာင့္ဆိုင္းခဲ့ရတာပါ။ အသင္းရဲ႕ High Pressing နဲ႔ Quick Tempo ကစားတဲ့ ပုံစံက တစ္ဖက္ အသင္းေတြကို ဒုတိယပိုင္းမွာ ၿပိဳလဲေစဖို႔ လုံေလာက္ေနခဲ့တာကိုလည္း ေတြ႕ရၿပီး သြင္းဂိုးႏွစ္ဂိုးကို လူစားအေျပာင္းအလဲမလုပ္ခင္ ရယူႏိုင္ခဲ့သလို ဗန္ဒိုက္နဲ႔ အယ္လစ္ဆန္ ဦးေဆာင္တဲ့ ခံစစ္ကလည္း ေရွ႕က သြင္းသမွ် စီးတဲ့ေရ ဆည္တဲ့ ကန္သင္းျဖစ္ဖို႔ လုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆီမီးဆရာႀကီး ကေလာ့ပ္
လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ ေနာက္ဆုံး ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ၄ ႀကိမ္တက္ခဲ့ရာမွာ ၄ ႀကိမ္စလုံးကို အိမ္ကြင္းေတြမွာ အႏိုင္ရယူႏိုင္ခဲ့ၿပီး ဒီၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး စံခ်ိန္ကို ပူးတြဲပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေရွ႕က ဒီစံခ်ိန္ကို ရယူခဲ့ၾကသူေတြကေတာ့ တကယ့္ နာမည္ႀကီး ဂရိတ္နည္းျပေတြျဖစ္ၾကတဲ့ ေအာ့တ္မာ ဟစ္ဇ္ဖဲလ္နဲ႔ မာဆယ္လို လစ္ပီတို႔ပဲျဖစ္ၾကၿပီး ဂ်ာမန္သားနည္းျပႀကီးအေနနဲ႔ စံခ်ိန္ေကာင္းနဲ႔အတူ ဗိုလ္လုပြဲ တက္ႏိုင္ဖို႔လည္း နီးစပ္ေနခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.