La Liga Match Report Premier League UCL&UEL

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ဗီလာရီးရဲလ်ကို ပြတ်ပြတ်သားသားအနိုင်ယူတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ နောက်ခံလူ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခံစစ်မှာ ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို သုံးစွဲလာခဲ့သလို တိုက်စစ်ပိုင်းမှာတော့ ဆာလား၊ မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းလာကစားတဲ့ ဗီလာရီးရဲလ်တို့ကတော့ ဂိုးသမား ရူလီ၊ ခံစစ်မှာ ရာအူးလ် အယ်လ်ဘီယိုလ်၊ ပေါ်တောရက်စ်၊ ဟွမ် ဖွိုက်သ်၊ အက်စ်တူပီညန်တို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ပါရီဟို၊ ကာပူး၊ ကိုကလန်တို့လို အဖျက်ကစားသမား သုံးဦးနဲ့ ပွဲထွက်လာခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဒန်ဂျူးမား၊ ချူကွယ်ဇီနဲ့ လိုဆဲလ်ဆိုတို့ကို ခင်းကျင်းခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားတဲ့ လီဗာပူးလ်တို့ ပထမပိုင်းစတင်ကတည်းက ဖိကစားခဲ့ပြီး ဗီလာရီးရဲလ်တို့ကတော့ ခံစစ်ကိုသာ အားပြုခဲ့သလို သူတို့ရဲ့ တိုက်စစ်ပိုင်းမှာလည်း အထောင်တိုက်စစ်မှူးစစ်စစ်ကို ထည့်သွင်းနိုင်ခြင်း မရှိခဲ့တာကြောင့် ကစားကွက်ဖော်ဖို့က ဘောလုံးပျက်တာလောက်ကိုသာ စောင့်ခဲ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်ဖို့ ဝေလာဝေးဖြစ်နေခဲ့ပါတယ်။

လီဗာပူးလ်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာနှုန်းအထက် ရယူပြီး ဂိုးရဖို့ ကြိုးစားနေခဲ့ပြီး မာနေးနဲ့ ဆာလားတို့ရဲ့ တွဲလုံးတွေ အောင်မြင်မှု နည်းတာနဲ့ ကွင်းလယ်နဲ့ တောင်ပံက ဖန်တီးမှုတွေကို ဗီလာရီးရဲလ်ခံစစ်နဲ့ ဂိုးသမားတို့ရဲ့ ပိတ်ဆို့မှုတွေ ကောင်းမွန်ခဲ့တာကြောင့်သာ ပထမပိုင်းမှာ ခြေအသာနဲ့ ဂိုးမရခဲ့ဘဲ ဘဲဥမကွဲသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ရဲ့ တိုက်စစ်ဆင်မှုတွေက ပိုမိုအားကောင်းလာခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာ ဖာဘင်ညို ဂိုးသွင်းခဲ့ပေမယ့် ဒီဂိုးကို ပါဝင်ပတ်သက်ခဲ့တဲ့ နောက်ခံလူ ဗန်ဒိုက်က လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ဗီလာရီးရဲလ်ဂိုးသမား ရူလီကတော့ လက်မလည်အောင် ကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ကြပြီး ဆာလားနဲ့ ဟန်ဒါဆန်တို့ရဲ့ တွဲလုံးကနေ ဟန်ဒါဆန်က အတွင်းကို ပြန်ချိုးပေးရာမှာ ဘယ်နောက်ခံလူ အက်စ်တူပီညန်က ခြေထောက်ဆန့်ထုတ်ပြီး တားဆီးခဲ့ရာမှာ ဘောလုံးက လမ်းကြောင်းပြောင်းပြီး ဂိုးထဲ ဝင်သွားတာကို ဂိုးသမား ရူလီ လိုက်လံကာကွယ်ခဲ့ပေမယ့် ဂိုးမဝင်အောင်တော့ မတတ်နိုင်ခဲ့လို့ အိမ်ရှင်တွေ ပျော်ရွှင်နိုင်ခဲ့တာပါ။

နှစ်မိနစ်အကြာ ပွဲချိန် ၅၅ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယဦးဆောင်ဂိုး ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ညာခြမ်းတိုက်စစ်ကနေ ဘောလုံးရလာတဲ့ ဆာလားက လူကျွံဘောဖမ်းဖို့ ကြိုးစားတဲ့ ဗီလာရီးရဲလ်ခံစစ်ကြားက အချိန်ကိုက် ထိုးပေးတာကို မာနေးက ဂိုးသမားနဲ့အတွေ့မှာ အစွမ်းကုန် ကြိုးစားပြီး ခြေဆန့်ထုတ် ကန်သွင်းနိုင်ခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်သွားခဲ့ပါတယ်။

နှစ်ဂိုးပေးရအပြီးမှာ ဗီလာရီးရဲလ်ဘက်က ကိုကလန်အစား ပက်ဒရာဇာ၊ ပါရီဟိုအစား အော်ရီယေး၊ ချူကွယ်ဇီအစား ဘူလာယေး ဒီယားနဲ့ အက်စ်တူပီညန်အစား ထရီဂေးရော့စ်တို့ကို လဲကစားသွားခဲ့သလို လီဗာပူးလ်တို့ဘက်ကတော့ ဟန်ဒါဆန်အစား ကီးတား၊ မာနေးအစား ဂျိုတာ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်အစား ဂျိုး ဂိုမက်ဇ်နဲ့ လူးဝစ် ဒီယက်ဇ်အစား အော်ရီဂီတို့ကို ပြောင်းလဲထည့်သွင်းသွားခဲ့ကြတာပါ။

အမ်မရီရဲ့ အပြောင်းအလဲကြောင့် ဗီလာရီးရဲလ်တို့ ကစားပုံတက်လာခဲ့ပေမယ့် လီဗာပူးလ်ခံစစ်ကို ရင်ခုန်အောင်တော့ မတတ်နိုင်ခဲ့သလို ပွဲချိန် ၈၆ မိနစ်မှာတော့ နောက်ဆုံးလူစားလဲမှုအဖြစ် ခြေစွမ်းမပြနိုင်တဲ့ ဒန်ဂျူးမားအစား ပါကို အယ်လ်ကာဆာကို ထည့်ကစားခဲ့ပြီး တိုက်စစ်ဆင်မှုကလည်း ဂိုးပေါက်ကန်ခွင့်ရအောင် မစွမ်းဆောင်နိုင်တော့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်း အန်းဖီးလ်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်တို့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ပထမအကျော့ နိုင်ပွဲကို အမှားအယွင်းမရှိ ရယူသွားနိုင်ခဲ့သလို လာမယ့် ဒုတိယအကျော့ ဗီလာရီးရဲလ်ကွင်းမှာ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ဖို့အတွက်တော့ ခြေတစ်လှမ်း ရှေ့တိုးနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ေနာက္ခံလူ ဗန္ဒိုက္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ခံစစ္မွာ ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကို သုံးစြဲလာခဲ့သလို တိုက္စစ္ပိုင္းမွာေတာ့ ဆာလား၊ မာေနးနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အေဝးကြင္းလာကစားတဲ့ ဗီလာရီးရဲလ္တို႔ကေတာ့ ဂိုးသမား ႐ူလီ၊ ခံစစ္မွာ ရာအူးလ္ အယ္လ္ဘီယိုလ္၊ ေပၚေတာရက္စ္၊ ဟြမ္ ဖြိဳက္သ္၊ အက္စ္တူပီညန္တို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါရီဟို၊ ကာပူး၊ ကိုကလန္တို႔လို အဖ်က္ကစားသမား သုံးဦးနဲ႔ ပြဲထြက္လာခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဒန္ဂ်ဴးမား၊ ခ်ဴကြယ္ဇီနဲ႔ လိုဆဲလ္ဆိုတို႔ကို ခင္းက်င္းခဲ့တာပါ။

ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူထားတဲ့ လီဗာပူးလ္တို႔ ပထမပိုင္းစတင္ကတည္းက ဖိကစားခဲ့ၿပီး ဗီလာရီးရဲလ္တို႔ကေတာ့ ခံစစ္ကိုသာ အားျပဳခဲ့သလို သူတို႔ရဲ႕ တိုက္စစ္ပိုင္းမွာလည္း အေထာင္တိုက္စစ္မႉးစစ္စစ္ကို ထည့္သြင္းႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ ကစားကြက္ေဖာ္ဖို႔က ေဘာလုံးပ်က္တာေလာက္ကိုသာ ေစာင့္ခဲ့ရၿပီး ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔ ေဝလာေဝးျဖစ္ေနခဲ့ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာႏႈန္းအထက္ ရယူၿပီး ဂိုးရဖို႔ ႀကိဳးစားေနခဲ့ၿပီး မာေနးနဲ႔ ဆာလားတို႔ရဲ႕ တြဲလုံးေတြ ေအာင္ျမင္မႈ နည္းတာနဲ႔ ကြင္းလယ္နဲ႔ ေတာင္ပံက ဖန္တီးမႈေတြကို ဗီလာရီးရဲလ္ခံစစ္နဲ႔ ဂိုးသမားတို႔ရဲ႕ ပိတ္ဆို႔မႈေတြ ေကာင္းမြန္ခဲ့တာေၾကာင့္သာ ပထမပိုင္းမွာ ေျခအသာနဲ႔ ဂိုးမရခဲ့ဘဲ ဘဲဥမကြဲသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္တို႔ရဲ႕ တိုက္စစ္ဆင္မႈေတြက ပိုမိုအားေကာင္းလာခဲ့သလို ပြဲခ်ိန္ မိနစ္ ၅၀ မွာ ဖာဘင္ညိဳ ဂိုးသြင္းခဲ့ေပမယ့္ ဒီဂိုးကို ပါဝင္ပတ္သက္ခဲ့တဲ့ ေနာက္ခံလူ ဗန္ဒိုက္က လူကြၽံေနခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ဗီလာရီးရဲလ္ဂိုးသမား ႐ူလီကေတာ့ လက္မလည္ေအာင္ ကာကြယ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဆာလားနဲ႔ ဟန္ဒါဆန္တို႔ရဲ႕ တြဲလုံးကေန ဟန္ဒါဆန္က အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ဘယ္ေနာက္ခံလူ အက္စ္တူပီညန္က ေျခေထာက္ဆန႔္ထုတ္ၿပီး တားဆီးခဲ့ရာမွာ ေဘာလုံးက လမ္းေၾကာင္းေျပာင္းၿပီး ဂိုးထဲ ဝင္သြားတာကို ဂိုးသမား ႐ူလီ လိုက္လံကာကြယ္ခဲ့ေပမယ့္ ဂိုးမဝင္ေအာင္ေတာ့ မတတ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေပ်ာ္႐ႊင္ႏိုင္ခဲ့တာပါ။

ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယဦးေဆာင္ဂိုး ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ညာျခမ္းတိုက္စစ္ကေန ေဘာလုံးရလာတဲ့ ဆာလားက လူကြၽံေဘာဖမ္းဖို႔ ႀကိဳးစားတဲ့ ဗီလာရီးရဲလ္ခံစစ္ၾကားက အခ်ိန္ကိုက္ ထိုးေပးတာကို မာေနးက ဂိုးသမားနဲ႔အေတြ႕မွာ အစြမ္းကုန္ ႀကိဳးစားၿပီး ေျခဆန႔္ထုတ္ ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိျဖစ္သြားခဲ့ပါတယ္။

ႏွစ္ဂိုးေပးရအၿပီးမွာ ဗီလာရီးရဲလ္ဘက္က ကိုကလန္အစား ပက္ဒရာဇာ၊ ပါရီဟိုအစား ေအာ္ရီေယး၊ ခ်ဴကြယ္ဇီအစား ဘူလာေယး ဒီယားနဲ႔ အက္စ္တူပီညန္အစား ထရီေဂးေရာ့စ္တို႔ကို လဲကစားသြားခဲ့သလို လီဗာပူးလ္တို႔ဘက္ကေတာ့ ဟန္ဒါဆန္အစား ကီးတား၊ မာေနးအစား ဂ်ိဳတာ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အစား ဂ်ိဳး ဂိုမက္ဇ္နဲ႔ လူးဝစ္ ဒီယက္ဇ္အစား ေအာ္ရီဂီတို႔ကို ေျပာင္းလဲထည့္သြင္းသြားခဲ့ၾကတာပါ။

အမ္မရီရဲ႕ အေျပာင္းအလဲေၾကာင့္ ဗီလာရီးရဲလ္တို႔ ကစားပုံတက္လာခဲ့ေပမယ့္ လီဗာပူးလ္ခံစစ္ကို ရင္ခုန္ေအာင္ေတာ့ မတတ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ေနာက္ဆုံးလူစားလဲမႈအျဖစ္ ေျခစြမ္းမျပႏိုင္တဲ့ ဒန္ဂ်ဴးမားအစား ပါကို အယ္လ္ကာဆာကို ထည့္ကစားခဲ့ၿပီး တိုက္စစ္ဆင္မႈကလည္း ဂိုးေပါက္ကန္ခြင့္ရေအာင္ မစြမ္းေဆာင္ႏိုင္ေတာ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ကြင္း အန္းဖီးလ္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ လီဗာပူးလ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ပထမအေက်ာ့ ႏိုင္ပြဲကို အမွားအယြင္းမရွိ ရယူသြားႏိုင္ခဲ့သလို လာမယ့္ ဒုတိယအေက်ာ့ ဗီလာရီးရဲလ္ကြင္းမွာ ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲတက္ဖို႔အတြက္ေတာ့ ေျခတစ္လွမ္း ေရွ႕တိုးႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.