UCL&UEL

မာနေးရဲ့ဂိုးကြောင့် LiVARpool လို့ စွပ်စွဲခံနေရတဲ့ လီဗာပူးလ်

ဗုဒ္ဓဟူးနေ့ညက လီဗာပူးလ်နဲ့ ဗီလာရီးရဲလ်တို့နဲ့ပွဲစဉ်မှာ ဆာဒီယို မာနေးရဲ့ သွင်းဂိုးဟာ လူကျွံစည်းနဲ့ အလွန်နီးကပ်နေပေမယ့်လည်း ဂိုးခွင့်ပြုခြင်းခံခဲ့ရပြီးနောက် ပရိသတ်တွေဟာ LiVARpool လို့ ဝေဖန်ခဲ့ကြပါတယ်။

အူနိုင်း အမ်မရီရဲ့အသင်းဟာ ပထမပိုင်း ၄၅ မိနစ်မှာ စိတ်ပျက်စရာ စွမ်းဆောင်ရည် ပြသခဲ့ပြီးနောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဒုတိယပိုင်း အစောပိုင်း ၂ မိနစ်မှာ လီဗာပူးလ်က ၂ ဂိုးအထိ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၅၃ မိနစ်မှာ ဆာလားနဲ့ ဟန်ဒါဆန်တို့ရဲ့ တွဲလုံးကနေ ဟန်ဒါဆန်က အတွင်းကို ပြန်ချိုးပေးရာမှာ ဘယ်နောက်ခံလူ အက်စ်တူပီညန်က ခြေထောက်ဆန့်ထုတ်ပြီး တားဆီးခဲ့ရာမှာ ဘောလုံးက လမ်းကြောင်းပြောင်းပြီး ဂိုးထဲ ဝင်သွားတာကို ဂိုးသမား ရူလီ လိုက်လံကာကွယ်ခဲ့ပေမယ့် ဂိုးထဲသာ ပုတ်ထုတ်မိခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ဒုတိယမြောက်ဦးဆောင်ဂိုးဖြစ်လာမယ့် သွင်းဂိုးကို ညာခြမ်းတိုက်စစ်ကနေ ဘောလုံးရလာတဲ့ ဆာလားက လူကျွံဘောဖမ်းဖို့ ကြိုးစားတဲ့ ဗီလာရီးရဲလ်ခံစစ်ကြားက အချိန်ကိုက် ထိုးပေးတာကို မာနေးက ဂိုးသမားနဲ့အတွေ့မှာ အစွမ်းကုန် ကြိုးစားပြီး ခြေဆန့်ထုတ် ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

မာနေးရဲ့ သွင်းဂိုးဟာ လူကျွံနေခဲ့တယ်လို့ သံသယ အခိုင်အမာ ရှိနေခဲ့ပေမယ့် VAR ရဲ့ မဖြစ်မနေ စစ်ဆေးခဲ့မှုအရ မာနေးဟာ လူကျွံအနေအထားမှာ ရှိမနေခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး ပွဲကြည့်ရှုသူ အများစုက သဘောမတူခဲ့ကြတာဖြစ်ပါတယ်။ လူကျွံဘောအဖြစ် ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုမှုကို VAR က အဖြစ်သဘောမျိုးလောက်သာ စစ်ဆေးသွားခဲ့တာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ အများအပြား ဖြစ်လာစေခဲ့ပါတယ်။

အများစုက လူကျွံဘောနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး စံနှုန်း ၂ မျိုးလို့ ခေါ်ဆိုခဲ့ကြပြီး ချဲလ်ဆီး တိုက်စစ်မှူး လူကာကူးနဲ့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ရာဟင်း စတားလင်းတို့ကို အလားတူ အခြေအနေမျိုးမှာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကို ထောက်ပြခဲ့ကြပါတယ်။

“အဲဒီ မာနေးရဲ့ဂိုးကိုသာ ဟာရီ ကိန်းသွင်းလိုက်တာဆိုရင် VAR ရဲ့ စည်းတွေက လူကျွံဘောဖြစ်အောင် လုပ်လိမ့်မယ်ဆိုတာ အရမ်းကို သေချာပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ကာရာဘောင်း ဗိုလ်လုပွဲတုန်းက လူကာကူး လူကျွံအနေအထားမှာမရှိခဲ့ဘူး။ ဂိုးမပေးဘူး။ မာနေး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လူကျွံတယ်။ ဂိုးပေးလိုက်တယ်။ အင်္ဂလိပ်အသင်းတွေချည်းပဲ ဗိုလ်လုပွဲမှာ တွေ့ဖို့အတွက် အရမ်းတွေကို အားစိုက်ပြီး ပြင်းပြင်းထန် ကြိုးစားနေတာပဲ”လို့ အခြား တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဖလား ၄ လုံးမျှော်လင့်ချက်အတွက် လာမယ့် စနေနေ့ နေ့လယ်မှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတဲ့ နယူးကာဆယ်လ် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အင်္ဂါနေ့မှာ ဗီလာရီးရဲလ်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗုဒၶဟူးေန႔ညက လီဗာပူးလ္နဲ႔ ဗီလာရီးရဲလ္တို႔နဲ႔ပြဲစဥ္မွာ ဆာဒီယို မာေနးရဲ့ သြင္းဂိုးဟာ လူကၽြံစည္းနဲ႔ အလြန္နီးကပ္ေနေပမယ့္လည္း ဂိုးခြင့္ျပဳျခင္းခံခဲ့ရၿပီးေနာက္ ပရိသတ္ေတြဟာ LiVARpool လို႔ ေဝဖန္ခဲ့ၾကပါတယ္။

အူနိုင္း အမ္မရီရဲ့အသင္းဟာ ပထမပိုင္း ၄၅ မိနစ္မွာ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ ျပသခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ ဒုတိယပိုင္း အေစာပိုင္း ၂ မိနစ္မွာ လီဗာပူးလ္က ၂ ဂိုးအထိ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၅၃ မိနစ္မွာ ဆာလားနဲ႔ ဟန္ဒါဆန္တို႔ရဲ့ တြဲလုံးကေန ဟန္ဒါဆန္က အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ဘယ္ေနာက္ခံလူ အက္စ္တူပီညန္က ေျခေထာက္ဆန႔္ထုတ္ၿပီး တားဆီးခဲ့ရာမွာ ေဘာလုံးက လမ္းေၾကာင္းေျပာင္းၿပီး ဂိုးထဲ ဝင္သြားတာကို ဂိုးသမား ႐ူလီ လိုက္လံကာကြယ္ခဲ့ေပမယ့္ ဂိုးထဲသာ ပုတ္ထုတ္မိခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးျဖစ္လာမယ့္ သြင္းဂိုးကို ညာျခမ္းတိုက္စစ္ကေန ေဘာလုံးရလာတဲ့ ဆာလားက လူကၽြံေဘာဖမ္းဖို႔ ႀကိဳးစားတဲ့ ဗီလာရီးရဲလ္ခံစစ္ၾကားက အခ်ိန္ကိုက္ ထိုးေပးတာကို မာေနးက ဂိုးသမားနဲ႔အေတြ႕မွာ အစြမ္းကုန္ ႀကိဳးစားၿပီး ေျခဆန႔္ထုတ္ ကန္သြင္းနိုင္ခဲ့တာျဖစ္ပါတယ္။

မာေနးရဲ့ သြင္းဂိုးဟာ လူကၽြံေနခဲ့တယ္လို႔ သံသယ အခိုင္အမာ ရွိေနခဲ့ေပမယ့္ VAR ရဲ့ မျဖစ္မေန စစ္ေဆးခဲ့မႈအရ မာေနးဟာ လူကၽြံအေနအထားမွာ ရွိမေနခဲ့ဘူးလို႔ ဆုံးျဖတ္ခဲ့ၿပီး ပြဲၾကည့္ရႈသူ အမ်ားစုက သေဘာမတူခဲ့ၾကတာျဖစ္ပါတယ္။ လူကၽြံေဘာအျဖစ္ ျပန္လည္သုံးသပ္ေပးဖို႔ ေတာင္းဆိုမႈကို VAR က အျဖစ္သေဘာမ်ိဳးေလာက္သာ စစ္ေဆးသြားခဲ့တာေၾကာင့္ လူမႈကြန္ရက္မွာ ေဝဖန္မႈေတြ အမ်ားအျပား ျဖစ္လာေစခဲ့ပါတယ္။

အမ်ားစုက လူကၽြံေဘာနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး စံႏႈန္း ၂ မ်ိဳးလို႔ ေခၚဆိုခဲ့ၾကၿပီး ခ်ဲလ္ဆီး တိုက္စစ္မႉး လူကာကူးနဲ႔ မန္ခ်က္စတာစီးတီး ေတာင္ပံကစားသမား ရာဟင္း စတားလင္းတို႔ကို အလားတူ အေျခအေနမ်ိဳးမွာ လူကၽြံေဘာအျဖစ္ သတ္မွတ္ခဲ့တာကို ေထာက္ျပခဲ့ၾကပါတယ္။

“အဲဒီ မာေနးရဲ့ဂိုးကိုသာ ဟာရီ ကိန္းသြင္းလိုက္တာဆိုရင္ VAR ရဲ့ စည္းေတြက လူကၽြံေဘာျဖစ္ေအာင္ လုပ္လိမ့္မယ္ဆိုတာ အရမ္းကို ေသခ်ာပါတယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ကာရာေဘာင္း ဗိုလ္လုပြဲတုန္းက လူကာကူး လူကၽြံအေနအထားမွာမရွိခဲ့ဘူး။ ဂိုးမေပးဘူး။ မာေနး ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ လူကၽြံတယ္။ ဂိုးေပးလိုက္တယ္။ အဂၤလိပ္အသင္းေတြခ်ည္းပဲ ဗိုလ္လုပြဲမွာ ေတြ႕ဖို႔အတြက္ အရမ္းေတြကို အားစိုက္ၿပီး ျပင္းျပင္းထန္ ႀကိဳးစားေနတာပဲ”လို႔ အျခား တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

လီဗာပူးလ္အသင္းရဲ့ ဖလား ၄ လုံးေမၽွာ္လင့္ခ်က္အတြက္ လာမယ့္ စေနေန႔ ေန႔လယ္မွာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနတဲ့ နယူးကာဆယ္လ္ အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဂၤါေန႔မွာ ဗီလာရီးရဲလ္နဲ႔ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.