Premier League Serie A Transfer News

ညာနောက်ခံလူ အားဖြည့်ဖို့ ပါဘလို မာရီကို အသုံးပြီး အူဒီးနီးစ်နဲ့ ဆွေးနွေးမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ဂျပန်သား တာကဲဟီရို တိုမီယာစုကို အလွန်အကျွံ မှီခိုခဲ့ရပြီး ဒဏ်ရာသွားချိန်မှာ ဆီးဒရစ် ဆွာရက်စ်ကို မရှိသုံး လူစားဝင်ကစားခိုင်းခဲ့ရတဲ့အပေါ်မှာ သင်ခန်းစာယူဖို့ ရှိနေပြီး နွေရာသီမှာ နောက်ထပ် အလဲအလှယ်နဲ့ ကစားနိုင်မယ့် နောက်ခံလူသစ်တစ်ဦးကို ခေါ်ယူသွားဖို့ အသုံးမလိုတော့တဲ့ ပါဘလို မာရီကို အသုံးချပြီး ပြင်ဆင်နေပြီဖြစ်ပါတယ်။

နည်းပြ အာတီတာအနေနဲ့ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ တိုမီယာစုကို လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပွဲထုတ်နိုင်ခဲ့ပြီး သူ့ရဲ့ ဒဏ်ရာကနေ ပြန်လာဖို့တော့ တော်တော်လေး စောင့်ဆိုင်းခဲ့ရသလို ဒါက အနားမပေးဘဲ အလွန်အကျွံ သုံးစွဲခြင်းရဲ့ အကျိုးဆက်တွေဖြစ်တာကြောင့် လာမယ့်ရာသီမှာ အနည်းဆုံး ယူရိုပါလိဂ်ကနေ ချန်ပီယံလိဂ်အထိ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဇယားအတွက် လူစုဖို့လည်း ရှိလာခဲ့တာပါ။

ဒါကြောင့် အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ကစားသမား အငှားချထားတဲ့ အသင်းတွေကို လုပ်ဆောင်ခဲ့တဲ့ နည်းဗျူဟာတွေအတိုင်း ပါဘလို မာရီကို အငှားချထားတဲ့ အူဒီးနီးစ်ဆီ အလိုက်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး အီတလီအခြေစိုက်အသင်းဆီကနေ သူတို့ရဲ့ ညာနောက်ခံလူ နာဟူးလ် မိုလီနာကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူကို ဂျူဗင်တပ်စ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေကလည်း စောင့်ကြည့်နေပြီး အာဆင်နယ်တို့အနေနဲ့ အပြိုင်လုရဖို့ ရှိနေသလို မိုလီနာအနေနဲ့ ပြည်တွင်းက မထွက်ခွာရဲလို့ ယူရိုမှာ တောက်ပခဲ့သလောက် တူရင်မှာ မှေးမှိန်သွားခဲ့တဲ့ ဆာဆူအိုလို ကွင်းလယ်လူဟောင်း မာနူယယ်လ် လိုကာတယ်လီကိုတော့ သင်ခန်းစာ ယူရဖို့ ရှိနေပါတယ်။

ဈေးကွက်ပေါက်ဈေးအရတော့ အူဒီးနီးစ်တို့အနေနဲ့ မိုလီနာအတွက် ယူရိုသန်း ၃၀ (ပေါင် ၂၅.၃ သန်း)ရမှ ရောင်းချသွားမယ်လို့ အီတလီဘက်က လာတဲ့ သတင်းတွေအရ သိရပြီး ပါဘလို မာရီကတော့ အာဆင်နယ်တို့ ယူရို ၈ သန်းပေးဝယ်ထားခဲ့ရပေမယ့် လက်ရှိမှာတော့ ယူရို ၅ သန်းသာ တန်ကြေး ရှိနေတာမို့ အာဆင်နယ်တို့ ငွေစိုက်ထုတ်ရဖို့ တော်တော်လေး များနေမှာပါ။

အူဒီးနီးစ်ဘက်ကတော့ သူတို့ဆီကို စပိန်နောက်ခံလူအနေနဲ့ အပြီးသတ် လာရောက်လိမ့်မယ်ဆိုတာ မယုံနိုင်သေးဘဲဖြစ်နေကြပေမယ့် အသင်းရဲ့ အားကစားဒါရိုက်တာ ပျယ်ပေါ်လို မာရီနိုကတော့ ပါဘလို မာရီကို ဆက်လက်ထိန်းသိမ်းသွားချင်တယ်လို့ ဝန်ခံထားတာကြောင့် အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ဆွေးနွေးမှု အထမြောက်ဖို့ ကြိုးစားနေခဲ့ပြီး အလုပ်ဖြစ်ခဲ့ရင်တော့ မိုလီနာအတွက် ပေါင်သန်း ၂၀ လောက် ပေးချေရနိုင်တာပါ။

နည်းပြ အာတီတာအတွက်တော့ ညာနောက်ခံလူနေရာမှာ အလိုရှိနေတာက မိုလီနာတစ်ယောက်တည်း မဟုတ်ဘဲ နော့ဝစ်ချ်စီးတီးအသင်းရဲ့ မက်စ် အာရွန်စ်နဲ့ မစ်ဒယ်ဘရော့ကနေ နော့တင်ဟမ် ဖောရက်စ်အသင်းဆီ အငှားထွက်ကစားနေတဲ့ ဂျက်ဒ် စပင့်စ်တို့လည်း ရှိနေတာကြောင့် Brexit အပြီး အင်္ဂလန်သားတွေကို ဦးစားပေးခေါ်မှုအရ စဉ်းစားစရာတွေလည်း ရှိနေနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ ဂ်ပန္သား တာကဲဟီ႐ို တိုမီယာစုကို အလြန္အကြၽံ မွီခိုခဲ့ရၿပီး ဒဏ္ရာသြားခ်ိန္မွာ ဆီးဒရစ္ ဆြာရက္စ္ကို မရွိသုံး လူစားဝင္ကစားခိုင္းခဲ့ရတဲ့အေပၚမွာ သင္ခန္းစာယူဖို႔ ရွိေနၿပီး ေႏြရာသီမွာ ေနာက္ထပ္ အလဲအလွယ္နဲ႔ ကစားႏိုင္မယ့္ ေနာက္ခံလူသစ္တစ္ဦးကို ေခၚယူသြားဖို႔ အသုံးမလိုေတာ့တဲ့ ပါဘလို မာရီကို အသုံးခ်ၿပီး ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

နည္းျပ အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ တိုမီယာစုကို လူစားဝင္ကစားသမားအျဖစ္ ျပန္လည္ပြဲထုတ္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ဒဏ္ရာကေန ျပန္လာဖို႔ေတာ့ ေတာ္ေတာ္ေလး ေစာင့္ဆိုင္းခဲ့ရသလို ဒါက အနားမေပးဘဲ အလြန္အကြၽံ သုံးစြဲျခင္းရဲ႕ အက်ိဳးဆက္ေတြျဖစ္တာေၾကာင့္ လာမယ့္ရာသီမွာ အနည္းဆုံး ယူ႐ိုပါလိဂ္ကေန ခ်န္ပီယံလိဂ္အထိ ယွဥ္ၿပိဳင္ရမယ့္ ပြဲစဥ္ဇယားအတြက္ လူစုဖို႔လည္း ရွိလာခဲ့တာပါ။

ဒါေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ကစားသမား အငွားခ်ထားတဲ့ အသင္းေတြကို လုပ္ေဆာင္ခဲ့တဲ့ နည္းဗ်ဴဟာေတြအတိုင္း ပါဘလို မာရီကို အငွားခ်ထားတဲ့ အူဒီးနီးစ္ဆီ အလိုက္ေပးမယ္လို႔ ကမ္းလွမ္းလိုက္ၿပီး အီတလီအေျခစိုက္အသင္းဆီကေန သူတို႔ရဲ႕ ညာေနာက္ခံလူ နာဟူးလ္ မိုလီနာကို ေခၚယူသြားဖို႔ ျပင္ဆင္လာခဲ့တာပါ။

အသက္ ၂၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားလက္ေ႐ြးစင္ေနာက္ခံလူကို ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းေတြကလည္း ေစာင့္ၾကည့္ေနၿပီး အာဆင္နယ္တို႔အေနနဲ႔ အၿပိဳင္လုရဖို႔ ရွိေနသလို မိုလီနာအေနနဲ႔ ျပည္တြင္းက မထြက္ခြာရဲလို႔ ယူ႐ိုမွာ ေတာက္ပခဲ့သေလာက္ တူရင္မွာ ေမွးမွိန္သြားခဲ့တဲ့ ဆာဆူအိုလို ကြင္းလယ္လူေဟာင္း မာႏူယယ္လ္ လိုကာတယ္လီကိုေတာ့ သင္ခန္းစာ ယူရဖို႔ ရွိေနပါတယ္။

ေဈးကြက္ေပါက္ေဈးအရေတာ့ အူဒီးနီးစ္တို႔အေနနဲ႔ မိုလီနာအတြက္ ယူ႐ိုသန္း ၃၀ (ေပါင္ ၂၅.၃ သန္း)ရမွ ေရာင္းခ်သြားမယ္လို႔ အီတလီဘက္က လာတဲ့ သတင္းေတြအရ သိရၿပီး ပါဘလို မာရီကေတာ့ အာဆင္နယ္တို႔ ယူ႐ို ၈ သန္းေပးဝယ္ထားခဲ့ရေပမယ့္ လက္ရွိမွာေတာ့ ယူ႐ို ၅ သန္းသာ တန္ေၾကး ရွိေနတာမို႔ အာဆင္နယ္တို႔ ေငြစိုက္ထုတ္ရဖို႔ ေတာ္ေတာ္ေလး မ်ားေနမွာပါ။

အူဒီးနီးစ္ဘက္ကေတာ့ သူတို႔ဆီကို စပိန္ေနာက္ခံလူအေနနဲ႔ အၿပီးသတ္ လာေရာက္လိမ့္မယ္ဆိုတာ မယုံႏိုင္ေသးဘဲျဖစ္ေနၾကေပမယ့္ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ပ်ယ္ေပၚလို မာရီႏိုကေတာ့ ပါဘလို မာရီကို ဆက္လက္ထိန္းသိမ္းသြားခ်င္တယ္လို႔ ဝန္ခံထားတာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေဆြးေႏြးမႈ အထေျမာက္ဖို႔ ႀကိဳးစားေနခဲ့ၿပီး အလုပ္ျဖစ္ခဲ့ရင္ေတာ့ မိုလီနာအတြက္ ေပါင္သန္း ၂၀ ေလာက္ ေပးေခ်ရႏိုင္တာပါ။

နည္းျပ အာတီတာအတြက္ေတာ့ ညာေနာက္ခံလူေနရာမွာ အလိုရွိေနတာက မိုလီနာတစ္ေယာက္တည္း မဟုတ္ဘဲ ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ မက္စ္ အာ႐ြန္စ္နဲ႔ မစ္ဒယ္ဘေရာ့ကေန ေနာ့တင္ဟမ္ ေဖာရက္စ္အသင္းဆီ အငွားထြက္ကစားေနတဲ့ ဂ်က္ဒ္ စပင့္စ္တို႔လည္း ရွိေနတာေၾကာင့္ Brexit အၿပီး အဂၤလန္သားေတြကို ဦးစားေပးေခၚမႈအရ စဥ္းစားစရာေတြလည္း ရွိေနႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.