Premier League Transfer News

ပရီးမီးယားလိဂ်ကို ဘီလူးဆိုင်းတီးပြီး ဝင်လာဖို့ စီစဉ်နေတဲ့ အဲရစ် တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခေါ်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အိုင်းယက်စ် တိုက်စစ်မှူး ဆီဘက်စတီယန် အဲလားကို အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆိုးရွားတဲ့ရာသီအဆုံးသတ်တော့မယ့်အချိန်မှာ ဒတ်ချ်လူမျိုးနည်းပြသစ်လက်အောက် အဓိကကျတဲ့ နေရာတွေကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်လည်ပြောင်းရွှေ့လာမှုကြောင့် ယခုရာသီအစပိုင်းတုန်းက အိုးထရက်ဖို့ဒ်မှာ စိတ်လှုပ်ရှားစရာတွေဖြစ်ခဲ့ပေမယ့်လည်း နောက်ဆုံးတော့ ဆိုးလ်ရှားပါ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ယာယီနည်းပြ ရန်းနစ်ခ်ဟာ ကြီးမားတဲ့ အလှည့်အပြောင်းကြီးတွေ ပြုလုပ်ပြနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအပြင်ဘက်မှာ ရာသီပြီးဆုံးနိုင်တဲ့အလားအလာတွေရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အိုင်းယက်စ်နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ကို အလားအလာကောင်းမွန်တဲ့အစဖြစ်လာစေဖို့ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွက် ကြီးမားတဲ့ ရည်မှန်းချက် ထားရှိနေတာဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဆဲဖြစ်ပေမယ့်လည်း ကစားသမားဘဝ အဆုံးသတ်ပိုင်းကို ရောက်ရှိနေပြီဖြစ်တာကြောင့် ထိပ်တန်းတိုက်စစ်မှူးသစ် ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဆီဘက်စတီယန် အဲလားဟာ မန်ချက်စတာယူနိုက်တက်နဲ့ အဲရစ် တန်ဟက်ဂ်တို့ရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

တန်ဟက်ဂ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ကာလတွေကို ဖြတ်သန်းခဲ့တဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အဲလားကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလားဟာ ဟောလန်ကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက နည်းပြ တန်ဟက်ဂ်လက်အောက် ဒတ်ချ်လိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာ တောက်ပခဲ့တာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးဟာ အိုင်းယက်စ်အတွက် ယခုရာသီ ၃၉ ပွဲမှာ ၃၃ ဂိုးအပါအဝင် ၆၂ ပွဲမှာ ၄၆ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီသွင်းဂိုးတွေထဲက ၁၁ ဂိုးဟာ ချန်ပီယံလိဂ် ၈ ပွဲအတွင်း သွင်းယူခဲ့တာဖြစ်ပြီး ဆီဘက်စတီယန် အဲလားဟာ အိုင်းယက်စ်အသင်းရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေအားလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိုင်းယက်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတဲ့ အဲလားကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းအထိ ကုန်ကျနိုင်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီ ကိန်းလိုမျိုး ပြောင်းရွှေ့ကြေးမြင့်မားတဲ့ ကစားသမားမျိုးတွေကို မခေါ်ယူနိုင်တာကြောင့် အဲလားကိုပဲ တော်တော်လေး မျက်စိကျနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မကြာသေးမီက အဲလားဟာ တန်ဟက်ဂ်ရဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး စကားပြောဆိုခဲ့ရာမှာ နည်းပြရဲ့အောင်မြင်မှုဟာ အဝတ်လဲခန်းထဲက ပတ်ဝန်းကျင်နဲ့သက်ဆိုင်းကြောင်း ပြောဆိုခဲ့ပြီး မန်ယူနိုက်တက်နဲ့ အိုင်းယက်စ်အသင်းတို့ရဲ့ ပတ်ဝန်းကျင်ကွာခြားမှုကို ထောက်ပြခဲ့ပါတယ်။

ဆီဘက်စတီယန် အဲလားက အဲရစ် တန်ဟက်ဂ်ရဲ့ အဝတ်လဲခန်းအတွင်း တင်းတင်းကြပ်ကြပ်ကိုင်တွယ်တတ်တဲ့ အရည်အချင်းက မန်ချက်စတာမှာ ကြုံတွေ့ရမယ့် ပတ်ဝန်းကျင်ကြောင့် အားနည်းချက်ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲလားက တန်ဟက်ဂ်အနေနဲ့ ၎င်းကို ခေါ်ယူခဲ့ပြီး အကောင်းဆုံးပုံစံ ရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အိုင်းယက်စ် တိုက်စစ်မှူးက ၎င်းရဲ့ခြေစွမ်း ဘယ်လောက်ကောင်းတယ်ဆိုတာကို သိရှိနေတဲ့ နည်းပြ တန်ဟက်ဂ်က နည်းဗျူဟာကျကျ ထုတ်ဖော်ပေးခဲ့တာဖြစ်ပြီး ၎င်းရဲ့ နှလုံးသား၊ ဦးနှောက်ရဲ့ ခေါ်ဆောင်ရာအတိုင်းလိုက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အဲရစ္ တန္ဟက္ဂ္ကို နည္းျပသစ္အျဖစ္ ေခၚယူနိုင္ခဲ့ၿပီးေနာက္ပိုင္း အိုင္းယက္စ္ တိုက္စစ္မႉး ဆီဘက္စတီယန္ အဲလားကို အေျပာင္းအေရႊ႕ပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ဆိုးရြားတဲ့ရာသီအဆုံးသတ္ေတာ့မယ့္အခ်ိန္မွာ ဒတ္ခ်္လူမ်ိဳးနည္းျပသစ္လက္ေအာက္ အဓိကက်တဲ့ ေနရာေတြကို ျပန္လည္တည္ေဆာက္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒို ျပန္လည္ေျပာင္းေရႊ႕လာမႈေၾကာင့္ ယခုရာသီအစပိုင္းတုန္းက အိုးထရက္ဖို႔ဒ္မွာ စိတ္လႈပ္ရွားစရာေတြျဖစ္ခဲ့ေပမယ့္လည္း ေနာက္ဆုံးေတာ့ ဆိုးလ္ရွားပါ နည္းျပရာထူးကေန ထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။

ယာယီနည္းၿပ ရန္းနစ္ခ္ဟာ ႀကီးမားတဲ့ အလွည့္အေျပာင္းႀကီးေတြ ျပဳလုပ္ျပနိုင္ခဲ့ျခင္းမရွိတာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာအျပင္ဘက္မွာ ရာသီၿပီးဆုံးနိုင္တဲ့အလားအလာေတြရွိေနၿပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္ဟာ အိုင္းယက္စ္နည္းျပေဟာင္း အဲရစ္ တန္ဟက္ဂ္ကို အလားအလာေကာင္းမြန္တဲ့အစျဖစ္လာေစဖို႔ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြက္ ႀကီးမားတဲ့ ရည္မွန္းခ်က္ ထားရွိေနတာျဖစ္ပါတယ္။

သတင္းေတြရဲ့ ေဖာ္ျပခ်က္အရ အသက္ ၃၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ စြမ္းေဆာင္ရည္ေကာင္း ျပသနိုင္ဆဲျဖစ္ေပမယ့္လည္း ကစားသမားဘဝ အဆုံးသတ္ပိုင္းကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ထိပ္တန္းတိုက္စစ္မႉးသစ္ ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ The Sun ရဲ့ ေဖာ္ျပခ်က္အရ ဆီဘက္စတီယန္ အဲလားဟာ မန္ခ်က္စတာယူနိုက္တက္နဲ႔ အဲရစ္ တန္ဟက္ဂ္တို႔ရဲ့ အဓိကပစ္မွတ္ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

တန္ဟက္ဂ္ဟာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ပရီးမီးယားလိဂ္မွာ ဆိုးရြားတဲ့ကာလေတြကို ျဖတ္သန္းခဲ့တဲ့ ဝက္စ္ဟမ္းတိုက္စစ္မႉးေဟာင္း အဲလားကို ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲလားဟာ ေဟာလန္ကို ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက နည္းၿပ တန္ဟက္ဂ္လက္ေအာက္ ဒတ္ခ်္လိဂ္နဲ႔ ခ်န္ပီယံလိဂ္တို႔မွာ ေတာက္ပခဲ့တာျဖစ္ၿပီး အသက္ ၂၇ ႏွစ္အရြယ္တိုက္စစ္မႉးဟာ အိုင္းယက္စ္အတြက္ ယခုရာသီ ၃၉ ပြဲမွာ ၃၃ ဂိုးအပါအဝင္ ၆၂ ပြဲမွာ ၄၆ ဂိုးအထိ သြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီသြင္းဂိုးေတြထဲက ၁၁ ဂိုးဟာ ခ်န္ပီယံလိဂ္ ၈ ပြဲအတြင္း သြင္းယူခဲ့တာျဖစ္ၿပီး ဆီဘက္စတီယန္ အဲလားဟာ အိုင္းယက္စ္အသင္းရဲ့ အုပ္စုအဆင့္ပြဲစဥ္ေတြအားလုံးမွာ ဂိုးသြင္းယူနိုင္ခဲ့တာ ျဖစ္ပါတယ္။ အိုင္းယက္စ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ က်န္ရွိေနေသးတဲ့ အဲလားကို ေခၚယူမယ္ဆိုရင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းအထိ ကုန္က်နိုင္တယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉး ဟာရီ ကိန္းလိုမ်ိဳး ေျပာင္းေရႊ႕ေၾကးျမင့္မားတဲ့ ကစားသမားမ်ိဳးေတြကို မေခၚယူနိုင္တာေၾကာင့္ အဲလားကိုပဲ ေတာ္ေတာ္ေလး မ်က္စိက်ေနတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မၾကာေသးမီက အဲလားဟာ တန္ဟက္ဂ္ရဲ့ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕မႈနဲ႔ပတ္သက္ၿပီး စကားေျပာဆိုခဲ့ရာမွာ နည္းျပရဲ့ေအာင္ျမင္မႈဟာ အဝတ္လဲခန္းထဲက ပတ္ဝန္းက်င္နဲ႔သက္ဆိုင္းေၾကာင္း ေျပာဆိုခဲ့ၿပီး မန္ယူနိုက္တက္နဲ႔ အိုင္းယက္စ္အသင္းတို႔ရဲ့ ပတ္ဝန္းက်င္ကြာျခားမႈကို ေထာက္ျပခဲ့ပါတယ္။

ဆီဘက္စတီယန္ အဲလားက အဲရစ္ တန္ဟက္ဂ္ရဲ့ အဝတ္လဲခန္းအတြင္း တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္တတ္တဲ့ အရည္အခ်င္းက မန္ခ်က္စတာမွာ ၾကဳံေတြ႕ရမယ့္ ပတ္ဝန္းက်င္ေၾကာင့္ အားနည္းခ်က္ျဖစ္ေကာင္း ျဖစ္လာနိုင္တယ္လို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲလားက တန္ဟက္ဂ္အေနနဲ႔ ၎ကို ေခၚယူခဲ့ၿပီး အေကာင္းဆုံးပုံစံ ရရွိေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အိုင္းယက္စ္ တိုက္စစ္မႉးက ၎ရဲ့ေျခစြမ္း ဘယ္ေလာက္ေကာင္းတယ္ဆိုတာကို သိရွိေနတဲ့ နည္းၿပ တန္ဟက္ဂ္က နည္းဗ်ဴဟာက်က် ထုတ္ေဖာ္ေပးခဲ့တာျဖစ္ၿပီး ၎ရဲ့ ႏွလုံးသား၊ ဦးေႏွာက္ရဲ့ ေခၚေဆာင္ရာအတိုင္းလိုက္ၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.