Premier League UCL&UEL

ဒုတိယအကျော့မှာ ပြန်အဖုတ်ခံရတော့မှာတွေးပြီး လန့်နေတဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်အသင်းကို ၄-၃ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း အခွင့်အရေးတွေကို လွဲချော်ခဲ့တဲ့အတွက် နောင်တရနေပြီး မန်စီးတီးဟာ အင်္ဂါနေ့ညက ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်လာလီဂါအသင်းကို အပြတ်အသတ် အနိုင်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အစ်တီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို စောစောစီးစီး ပတ်စာခွာ ဖျာလိပ်ပြီး အိမ်ပြန်ခိုင်းဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေကို ဒုတိယအကျော့အတွက် ၁ ဂိုးအသာနဲ့သာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ၁၁ မိနစ်အကြာမှာပဲ ၂ ဂိုးအထိ ဦးဆောင်ထားနိုင်ခဲ့ပြီး ၃-၁၊ ၄-၂ နဲ့လည်း ဦးဆောင်နိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲမှာ လက်မြှောက်အရှုံးပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ကာရင် ဘန်ဇီးမားရဲ့ ဒုတိယမြောက်ဂိုးဟာ ၈၂ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် အီဒါဆင်ကို အရူးလုပ်နိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒုတိယအကျော့ ဘာနေဗျူးမှာ အခွင့်အရေး ရှိနေဆဲဆိုတာကို သေချာစေခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ၂ သင်းစလုံးဆီကနေ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရတဲ့အတွက် ချီးကျူးခဲ့ပေမယ့်လည်း ၎င်းအသင်းရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်အတွက် ဆုလာဘ်အပြည့်အဝ မရရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေက ပိုမိုများပြားနေခဲ့တာဖြစ်ပါတယ်။

“၂ သင်းစလုံးအတွက် ထူးခြားဆန်းကြယ်တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အရာအများအပြားကို လုပ်နိုင်ခဲ့တယ်။ ကံဆိုးစွာနဲ့ ကျွန်တော်တို့ ဂိုးတွေ ခွင့်ပြုခဲ့ရပြီး ကျွန်တော်တို့ ဂိုးတွေပိုမသွင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဘောလုံးရှိနေတဲ့အချိန်နဲ့ မရှိတဲ့အချိန်မှာ လုပ်ခဲ့တာတွေက အခွင့်အရေးတွေ ဖန်တီးပြီးရင်း ဖန်တီးခဲ့ပါတယ်။ ကျွန်တော် တခြားဟာတွေကို တောင်းဆိုလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့က မယုံနိုင်စရာအသင်းနဲ့ အံ့အားသင့်စရာပွဲတစ်ပွဲကို ကစားခဲ့တာပါ”

“ပထမပိုင်းမှာ သူတို့တွေ ခြေစွမ်းကောင်းလာပြီး ပွဲထဲ ပြန်လာနိုင်တဲ့အချိန်မှာ ကျွန်တော်တို့ တိုက်စစ်စတင်ပုံက အရမ်းကို စိတ်လှုပ်ရှားနေတာကြောင့် သူတို့ကို ဂိုးပေးခဲ့ရပြီလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ သာမန်အားဖြင့် ကျွန်တော်တို့က လုံခြုံစိတ်ချရပြီး အရမ်းကောင်းပါတယ်။ သူတို့ရဲ့ ဖိအားပေးမှုကလည်း တကယ်ကို ကောင်းပြီး အားကောင်းပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့အရည်အသွေးက ခင်ဗျားကို အပြစ်ပေးနိုင်တဲ့ အရည်အသွေးမျိုးပါ”

မန်ချက်စတာစီးတီးအသင်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို အလဲထိုးနိုင်ခြင်းမရှိမှုကြောင့် မေလ ၄ ရက်နေ့ ဘာနေဗျူးမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ဟာ ၂ သင်းစလုံးအတွက် အဆုံးအဖြတ် ပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ယခုရာသီ ချန်ပီယံလိဂ်မှာ ဒုတိယအကျော့မှာ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်တွေပြသပြီး ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့လို အသင်းတွေကို ဖြုတ်ပစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဘာနေဗျူးမှာ ကျဉ်းမြောင်းတဲ့ ဦးဆောင်နိုင်မှုကို ကာကွယ်ဖို့အတွက် အဓိကထားရမှာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာက မန်စီးတီးဟာ ခံစစ်ကစားဖို့ အစီအစဉ်မရှိဘဲ အနိုင်ရယူသွားဖို့ပဲ ပစ်မှတ်ထားနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘောလုံးက လုံးကို ထူးခြားဆန်းကြယ်တဲ့အရာပါ။ ကာလိုနဲ့ သူ့အသင်းကို အရမ်းကောင်းမွန်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အဲဒီမှာ အနိုင်ရနိုင်တယ်ဆိုတာကိုလည်း ပြန်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာအားလုံးက ကျွန်တော်တို့ စွမ်းဆောင်နေကျအတိုင်း စွမ်းဆောင်ဖို့ပဲ။ တစ်ကမ္ဘာလုံးနဲ့ မန်ချက်စတာစီးတီးအတွက် ကျွန်တော်တို့ အရမ်း ဂုဏ်ယူပါတယ်။ ဒါပေမယ့် အဲဒါက ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ဖြစ်ပြီး တစ်ခါတရံ ဘောလုံးမှာ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ မက်ဒရစ်ကို သွားပြီး အနိုင်ရအောင် ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပက္ ဂြါဒီယိုလာက ရီးရဲလ္မက္ဒရစ္အသင္းကို ၄-၃ နဲ႔ အနိုင္ရရွိခဲ့ေပမယ့္လည္း အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့တဲ့အတြက္ ေနာင္တရေနၿပီး မန္စီးတီးဟာ အဂၤါေန႔ညက ဆီမီးဖိုင္နယ္ပြဲစဥ္မွာ စပိန္လာလီဂါအသင္းကို အျပတ္အသတ္ အနိုင္ယူနိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ့အသင္းဟာ အစ္တီဟတ္ကြင္းမွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေစာေစာစီးစီး ပတ္စာခြာ ဖ်ာလိပ္ၿပီး အိမ္ျပန္ခိုင္းဖို႔ အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း လာလီဂါအမွတ္ေပးဇယားဦးေဆာင္သူေတြကို ဒုတိယအေက်ာ့အတြက္ ၁ ဂိုးအသာနဲ႔သာ အနိုင္ယူနိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၁၁ မိနစ္အၾကာမွာပဲ ၂ ဂိုးအထိ ဦးေဆာင္ထားနိုင္ခဲ့ၿပီး ၃-၁၊ ၄-၂ နဲ႔လည္း ဦးေဆာင္နိုင္ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္က ခ်န္ပီယံလိဂ္ရဲ့ အေကာင္းဆုံးပြဲစဥ္ေတြထဲက တစ္ပြဲမွာ လက္ေျမႇာက္အရႈံးေပးဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ ကာရင္ ဘန္ဇီးမားရဲ့ ဒုတိယေျမာက္ဂိုးဟာ ၈၂ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ အီဒါဆင္ကို အ႐ူးလုပ္နိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒုတိယအေက်ာ့ ဘာေနဗ်ဴးမွာ အခြင့္အေရး ရွိေနဆဲဆိုတာကို ေသခ်ာေစခဲ့တာ ျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ၂ သင္းစလုံးဆီကေန ထိပ္တန္းအဆင့္ စြမ္းေဆာင္ရည္ေတြကို ျမင္ေတြ႕ခဲ့ရတဲ့အတြက္ ခ်ီးက်ဴးခဲ့ေပမယ့္လည္း ၎အသင္းရဲ့ ေတာက္ပတဲ့ စြမ္းေဆာင္ရည္အတြက္ ဆုလာဘ္အျပည့္အဝ မရရွိခဲ့တဲ့အတြက္ စိုးရိမ္မႈေတြက ပိုမိုမ်ားျပားေနခဲ့တာျဖစ္ပါတယ္။

“၂ သင္းစလုံးအတြက္ ထူးျခားဆန္းၾကယ္တဲ့ ပြဲစဥ္ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ေကာင္းမြန္တဲ့အရာအမ်ားအျပားကို လုပ္နိုင္ခဲ့တယ္။ ကံဆိုးစြာနဲ႔ ကၽြန္ေတာ္တို႔ ဂိုးေတြ ခြင့္ျပဳခဲ့ရၿပီး ကၽြန္ေတာ္တို႔ ဂိုးေတြပိုမသြင္းနိုင္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ ေဘာလုံးရွိေနတဲ့အခ်ိန္နဲ႔ မရွိတဲ့အခ်ိန္မွာ လုပ္ခဲ့တာေတြက အခြင့္အေရးေတြ ဖန္တီးၿပီးရင္း ဖန္တီးခဲ့ပါတယ္။ ကၽြန္ေတာ္ တျခားဟာေတြကို ေတာင္းဆိုလို႔ မရနိုင္ပါဘူး။ ကၽြန္ေတာ္တို႔က မယုံနိုင္စရာအသင္းနဲ႔ အံ့အားသင့္စရာပြဲတစ္ပြဲကို ကစားခဲ့တာပါ”

“ပထမပိုင္းမွာ သူတို႔ေတြ ေျခစြမ္းေကာင္းလာၿပီး ပြဲထဲ ျပန္လာနိုင္တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ တိုက္စစ္စတင္ပုံက အရမ္းကို စိတ္လႈပ္ရွားေနတာေၾကာင့္ သူတို႔ကို ဂိုးေပးခဲ့ရၿပီလို႔ ကၽြန္ေတာ္ ထင္ခဲ့ပါတယ္။ သာမန္အားျဖင့္ ကၽြန္ေတာ္တို႔က လုံျခဳံစိတ္ခ်ရၿပီး အရမ္းေကာင္းပါတယ္။ သူတို႔ရဲ့ ဖိအားေပးမႈကလည္း တကယ္ကို ေကာင္းၿပီး အားေကာင္းပါတယ္။ ရီးရဲလ္မက္ဒရစ္ရဲ့အရည္အေသြးက ခင္ဗ်ားကို အျပစ္ေပးနိုင္တဲ့ အရည္အေသြးမ်ိဳးပါ”

မန္ခ်က္စတာစီးတီးအသင္းရဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို အလဲထိုးနိုင္ျခင္းမရွိမႈေၾကာင့္ ေမလ ၄ ရက္ေန႔ ဘာေနဗ်ဴးမွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္ဟာ ၂ သင္းစလုံးအတြက္ အဆုံးအျဖတ္ ပြဲစဥ္ျဖစ္လာေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဟာ ယခုရာသီ ခ်န္ပီယံလိဂ္မွာ ဒုတိယအေက်ာ့မွာ အံ့အားသင့္ဖြယ္စြမ္းေဆာင္ရည္ေတြျပသၿပီး ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးတို႔လို အသင္းေတြကို ျဖဳတ္ပစ္ခဲ့ၿပီး ျဖစ္ပါတယ္။

ဘာေနဗ်ဴးမွာ က်ဥ္းေျမာင္းတဲ့ ဦးေဆာင္နိုင္မႈကို ကာကြယ္ဖို႔အတြက္ အဓိကထားရမွာျဖစ္ေပမယ့္လည္း ဂြါဒီယိုလာက မန္စီးတီးဟာ ခံစစ္ကစားဖို႔ အစီအစဥ္မရွိဘဲ အနိုင္ရယူသြားဖို႔ပဲ ပစ္မွတ္ထားေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေဘာလုံးက လုံးကို ထူးျခားဆန္းၾကယ္တဲ့အရာပါ။ ကာလိုနဲ႔ သူ႔အသင္းကို အရမ္းေကာင္းမြန္ခဲ့တဲ့အတြက္ ဂုဏ္ျပဳပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ကၽြန္ေတာ္တို႔ အဲဒီမွာ အနိုင္ရနိုင္တယ္ဆိုတာကိုလည္း ျပန္ျမင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ လုပ္နိုင္တဲ့အရာအားလုံးက ကၽြန္ေတာ္တို႔ စြမ္းေဆာင္ေနက်အတိုင္း စြမ္းေဆာင္ဖို႔ပဲ။ တစ္ကမၻာလုံးနဲ႔ မန္ခ်က္စတာစီးတီးအတြက္ ကၽြန္ေတာ္တို႔ အရမ္း ဂုဏ္ယူပါတယ္။ ဒါေပမယ့္ အဲဒါက ဗိုလ္လုပြဲတက္ေရာက္နိုင္ဖို႔ျဖစ္ၿပီး တစ္ခါတရံ ေဘာလုံးမွာ ျဖစ္တတ္ပါတယ္။ ကၽြန္ေတာ္တို႔ မက္ဒရစ္ကို သြားၿပီး အနိုင္ရေအာင္ ႀကိဳးပမ္းသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.