Premier League

ယူႏုိက္တက္ဂႏၴဝင္ ေဂ်ာ့ခ်္ ဘက္စ္၊ ရြန္နီတုိ႔နဲ႔ ပုံစံတူ အလားအလာေကာင္းေတြကို ျပသေနတဲ့ ဂရင္းဝုဒ္

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တစ္ရွိန္ထိုး ထြန္းေတာက္လာခဲ့တဲ့ လူငယ္ကစားသမား ေမဆန္ ဂရင္းဝုဒ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ စံခ်ိန္ေကာင္းေတြ ရရွိထားခဲ့သလို လက္ရွိပုံစံေတြအရ အသင္းရဲ႕ ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ ေဂ်ာ့ခ်္ ဘက္စ္နဲ႔ ဝိန္း ရြန္နီတုိ႔နဲ႔ အသက္အရြယ္အရ တူညီတဲ့ အဆင့္အတန္းေတြကိုလည္း ပုိင္ဆုိင္ထားတယ္လို႔ သိရပါတယ္။

ဂရင္းဝုဒ္ဟာ ဒီႏွစ္ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၀ ဂိုး ရရွိထားခဲ့သလို ၿပဳိင္ပြဲစုံမွာေတာ့ တစ္ရာသီအတြင္း သြင္းဂိုး ၁၇ ဂိုး ရရွိထားၿပီး ၁၈ ႏွစ္အရြယ္မွာ ဒီစံခ်ိန္မ်ဳိး ရရွိခဲ့တဲ့သူေတြထဲမွာ ေရွ႕က စီနီယာေတြျဖစ္တဲ့ ရြန္နီ၊ ဘက္စ္၊ ဘ႐ိုင္ယန္ ကစ္ဒ္တုိ႔ကို စံခ်ိန္ခ်င္း တူညီႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ရာသီအတြင္း ပြဲအေရအတြက္နဲ႔ အခ်ဳိးခ်ၾကည့္ရင္ေတာ့ ၁၇ ဂိုးရဖို႔ ရြန္နီက ၄၂ ပြဲ၊ ဘက္စ္က ၄၃ ပြဲ၊ ကစ္ဒ္က ပြဲ ၅၀ အထိ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဂိုးသြင္းစံခ်ိန္ကို လုိက္မီခဲ့တဲ့ ဂရင္းဝုဒ္အတြက္ေတာ့ ရာသီပိတ္ လက္စတာနဲ႔ပြဲမွာပဲ ဒီစံခ်ိန္ကို ခ်ဳိးဖ်က္ခြင့္ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၉-၂၀ ေဘာလုံးရာသီဟာ ကိုဗစ္ ၁၉ ေၾကာင့္ ေနာက္က်ခဲ့ရၿပီး ဥေရာပၿပဳိင္ပြဲေတြကိုလည္း ကစားဖို႔ က်န္ေနခ်ိန္မွာ အသင္းနဲ႔ ယူ႐ိုပါလိဂ္ပြဲ ႏႊဲရဦးမယ့္ ဂရင္းဝုဒ္အေနနဲ႔ LASK နဲ႔ ပြဲက်န္တစ္ပြဲကို ေက်ာ္ျဖတ္ၿပီးရင္၊ အစၥတန္ဘူလ္ ဘာရွက္ရွီဟာနဲ႔ ကိုပင္ေဟဂင္တုိ႔ပြဲက အႏုိင္ရရွိတဲ့ အသင္းနဲ႔လည္း ဆက္လက္ကစားရဦးမွာျဖစ္လို႔ ဒီစံခ်ိန္ကို ခ်ဳိးဖ်က္သြားႏုိင္ဖို႔ အလားအလာေကာင္းေနပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္ေတြမွာေတာ့ ဂရင္းဝုဒ္ဟာ လီဗာပူးလ္နဲ႔ ေျခစြမ္းျပခဲ့တဲ့ မုိက္ကယ္ အုိဝင္ကို လိုက္မီခဲ့ၿပီး အသက္ ၁၈ ႏွစ္နဲ႔ ေအာက္မွာ သြင္းဂိုး ၁၀ ဂိုး ရယူႏုိင္တဲ့ ကစားသမားအျဖစ္ ၁၉၉၇-၉၈ စံခ်ိန္ကို တူညီႏုိင္ခဲ့တာျဖစ္သလို ဒီစံခ်ိန္မွာေတာ့ ရာသီဝက္မွာ ၁၉ ႏွစ္ျပည့္သြားခဲ့တဲ့ ရြန္နီ မပါဝင္ႏုိင္ခဲ့ဘဲ အိုဝင္ရဲ႕ေနာက္ပုိင္း ပထမဆုံးကစားသမားလည္းျဖစ္လာခဲ့တယ္လို႔ မွတ္တမ္းေတြအရ သိရွိရပါတယ္။

UNICODE: မန်ချက်စတာယူနိုက်တက်ရဲ့ တစ်ရှိန်ထိုး ထွန်းတောက်လာခဲ့တဲ့ လူငယ်ကစားသမား မေဆန် ဂရင်းဝုဒ်အနေနဲ့ ပရီးမီးယားလိဂ်မှာ စံချိန်ကောင်းတွေ ရရှိထားခဲ့သလို လက်ရှိပုံစံတွေအရ အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဂျော့ချ် ဘက်စ်နဲ့ ဝိန်း ရွန်နီတို့နဲ့ အသက်အရွယ်အရ တူညီတဲ့ အဆင့်အတန်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုး ရရှိထားခဲ့သလို ပြိုင်ပွဲစုံမှာတော့ တစ်ရာသီအတွင်း သွင်းဂိုး ၁၇ ဂိုး ရရှိထားပြီး ၁၈ နှစ်အရွယ်မှာ ဒီစံချိန်မျိုး ရရှိခဲ့တဲ့သူတွေထဲမှာ ရှေ့က စီနီယာတွေဖြစ်တဲ့ ရွန်နီ၊ ဘက်စ်၊ ဘရိုင်ယန် ကစ်ဒ်တို့ကို စံချိန်ချင်း တူညီနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် တစ်ရာသီအတွင်း ပွဲအရေအတွက်နဲ့ အချိုးချကြည့်ရင်တော့ ၁၇ ဂိုးရဖို့ ရွန်နီက ၄၂ ပွဲ၊ ဘက်စ်က ၄၃ ပွဲ၊ ကစ်ဒ်က ပွဲ ၅၀ အထိ အချိန်ယူခဲ့ရတာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့တဲ့ ဂရင်းဝုဒ်အတွက်တော့ ရာသီပိတ် လက်စတာနဲ့ပွဲမှာပဲ ဒီစံချိန်ကို ချိုးဖျက်ခွင့် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီဟာ ကိုဗစ် ၁၉ ကြောင့် နောက်ကျခဲ့ရပြီး ဥရောပပြိုင်ပွဲတွေကိုလည်း ကစားဖို့ ကျန်နေချိန်မှာ အသင်းနဲ့ ယူရိုပါလိဂ်ပွဲ နွှဲရဦးမယ့် ဂရင်းဝုဒ်အနေနဲ့ LASK နဲ့ ပွဲကျန်တစ်ပွဲကို ကျော်ဖြတ်ပြီးရင်၊ အစ္စတန်ဘူလ် ဘာရှက်ရှီဟာနဲ့ ကိုပင်ဟေဂင်တို့ပွဲက အနိုင်ရရှိတဲ့ အသင်းနဲ့လည်း ဆက်လက်ကစားရဦးမှာဖြစ်လို့ ဒီစံချိန်ကို ချိုးဖျက်သွားနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ စံချိန်တွေမှာတော့ ဂရင်းဝုဒ်ဟာ လီဗာပူးလ်နဲ့ ခြေစွမ်းပြခဲ့တဲ့ မိုက်ကယ် အိုဝင်ကို လိုက်မီခဲ့ပြီး အသက် ၁၈ နှစ်နဲ့ အောက်မှာ သွင်းဂိုး ၁၀ ဂိုး ရယူနိုင်တဲ့ ကစားသမားအဖြစ် ၁၉၉၇-၉၈ စံချိန်ကို တူညီနိုင်ခဲ့တာဖြစ်သလို ဒီစံချိန်မှာတော့ ရာသီဝက်မှာ ၁၉ နှစ်ပြည့်သွားခဲ့တဲ့ ရွန်နီ မပါဝင်နိုင်ခဲ့ဘဲ အိုဝင်ရဲ့နောက်ပိုင်း ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။