Other Leagues Premier League Transfer News

မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းရဲ႕ပစ္မွတ္ အယ္လ္မာဒါကို လိစ္ဒ္ယူႏိုက္တက္ ေခၚယူႏိုင္မလား

ပရီးမီးယားလိဂ္ကို လိဂ္ခ်န္ပီယံရွစ္ကေန ဗိုလ္စြဲၿပီး တက္ေရာက္လာခဲ့တဲ့ လိဒ္စ္ယူႏုိက္တက္အေနနဲ႔ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းက အလိုရွိေနတဲ့ အာဂ်င္တီးနားကြင္းလယ္ဖန္တီးရွင္ သီယာဂို အယ္လ္မာဒါကို ေခၚယူသြားႏုိင္ဖို႔ ေရပန္းစားေနၿပီး ကစားသမားကလည္း ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတယ္လုိ႔ သိရပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ဗယ္လက္ဇ္ ဆာဖီးလ္ကြင္းလယ္လူဟာ အသင္းနဲ႔ ေပါင္သန္း ၂၀ တန္ ေလ်ာ္ေၾကးစာခ်ဳပ္ ခ်ဳပ္ဆုိထားသူျဖစ္ၿပီး ဒီပမာဏက မန္စီးတီးနဲ႔ မန္ယူတုိ႔အတြက္ ထူးဆန္းလွတဲ့ ပမာဏမဟုတ္လို႔ ေျပာင္းေရႊ႕ဖို႔ အသံထြက္ခဲ့ေပမယ့္ လိဒ္စ္ယူႏုိက္တက္အသင္း တန္းတက္လာခ်ိန္မွာေတာ့ အေျခအေနက တစ္မ်ဳိးေျပာင္းလာခဲ့တာပါ။

“ကၽြန္ေတာ့္ကို မာဆယ္လို ဘီယယ္လ္ဆာက နည္းျပတာ ခံရရင္ ေကာင္းမွာပဲလို႔ ေတြးမိတယ္။ သူငယ္ခ်င္းေတြကလည္း ဘီယယ္လ္ဆာရဲ႕ အေၾကာင္းေတြ ယူလာျပၾကပါတယ္။ ကၽြန္ေတာ္က ေဘာလုံးကစားတာမ်ားၿပီး သူမ်ားအသင္းေတြကို သိပ္မၾကည့္ျဖစ္ဘူး။ ဒါေပမယ့္ လိဒ္စ္ယူႏုိက္တက္ ကစားပုံေတြကို ၾကည့္ရေတာ့ ကၽြန္ေတာ္တုိ႔ ဗယ္လက္ဇ္မွာ ဟိန္႔ဇီ(မန္ယူနဲ႔ ရီးရဲလ္ကစားသမားေဟာင္း၊ ဗယ္လက္ဇ္၏ နည္းျပ)ညႊန္ျပတာေတြနဲ႔ ေတာ္ေတာ္တူေနတယ္ေလ”လုိ႔ အယ္လ္မာဒါက သူ႕ဆႏၵကို ေျပာပါတယ္။

အယ္လ္မာဒါဟာ ကြင္းလယ္တုိက္စစ္မွာ ေနရာစုံကစားႏုိင္သူျဖစ္ၿပီး ေတာင္ပံသမားအျဖစ္ပါ အသုံးေတာ္ခံႏုိင္ေအာင္ လ်င္ျမန္မွဳနဲ႔ ေဘာလုံးကၽြမ္းက်င္မွဳကိုလည္း ပုိင္ဆုိင္ထားလို႔ သရဲနီေတြနဲ႔ မုိးျပာေရာင္ေတြရဲ႕ စိတ္ဝင္စားမွဳကို ရရွိထားတာျဖစ္ၿပီး သူ႕ရဲ႕ကစားပုံက မန္စီးတီးရဲ႕ ေဒးဗစ္ ေဆးလ္ဗားနဲ႔ တူတယ္လုိ႔လည္း သုံးသပ္ထားၾကပါတယ္။

အာဂ်င္တီးနားနည္းျပ ဘီယယ္လ္ဆာကိုင္တြယ္ေနၿပီး ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့တဲ့ ဂုဏ္သိကၡာေၾကာင့္ လိဒ္စ္ယူႏုိက္တက္ရဲ႕ အနာဂတ္မွာ အာဂ်င္တီးနားသားေတြနဲ႔ စပိန္စကားေျပာသူေတြကို ပိုမိုျမင္ေတြ႕ရႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြကလည္း ခန္႔မွန္းေနၾကၿပီး အယ္လ္မာဒါရဲ႕ စကားကေတာ့ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းအတြက္ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ေၾကာင္း ေဒးလီးေမးလ္က ေရးသားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကို လိဂ်ချန်ပီယံရှစ်ကနေ ဗိုလ်စွဲပြီး တက်ရောက်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အနေနဲ့ မန်ချက်စတာမြို့ခံနှစ်သင်းက အလိုရှိနေတဲ့ အာဂျင်တီးနားကွင်းလယ်ဖန်တီးရှင် သီယာဂို အယ်လ်မာဒါကို ခေါ်ယူသွားနိုင်ဖို့ ရေပန်းစားနေပြီး ကစားသမားကလည်း ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် ဗယ်လက်ဇ် ဆာဖီးလ်ကွင်းလယ်လူဟာ အသင်းနဲ့ ပေါင်သန်း ၂၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး ဒီပမာဏက မန်စီးတီးနဲ့ မန်ယူတို့အတွက် ထူးဆန်းလှတဲ့ ပမာဏမဟုတ်လို့ ပြောင်းရွှေ့ဖို့ အသံထွက်ခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက်အသင်း တန်းတက်လာချိန်မှာတော့ အခြေအနေက တစ်မျိုးပြောင်းလာခဲ့တာပါ။

“ကျွန်တော့်ကို မာဆယ်လို ဘီယယ်လ်ဆာက နည်းပြတာ ခံရရင် ကောင်းမှာပဲလို့ တွေးမိတယ်။ သူငယ်ချင်းတွေကလည်း ဘီယယ်လ်ဆာရဲ့ အကြောင်းတွေ ယူလာပြကြပါတယ်။ ကျွန်တော်က ဘောလုံးကစားတာများပြီး သူများအသင်းတွေကို သိပ်မကြည့်ဖြစ်ဘူး။ ဒါပေမယ့် လိဒ်စ်ယူနိုက်တက် ကစားပုံတွေကို ကြည့်ရတော့ ကျွန်တော်တို့ ဗယ်လက်ဇ်မှာ ဟိန့်ဇီ(မန်ယူနဲ့ ရီးရဲလ်ကစားသမားဟောင်း၊ ဗယ်လက်ဇ်၏ နည်းပြ)ညွှန်ပြတာတွေနဲ့ တော်တော်တူနေတယ်လေ”လို့ အယ်လ်မာဒါက သူ့ဆန္ဒကို ပြောပါတယ်။

အယ်လ်မာဒါဟာ ကွင်းလယ်တိုက်စစ်မှာ နေရာစုံကစားနိုင်သူဖြစ်ပြီး တောင်ပံသမားအဖြစ်ပါ အသုံးတော်ခံနိုင်အောင် လျင်မြန်မှုနဲ့ ဘောလုံးကျွမ်းကျင်မှုကိုလည်း ပိုင်ဆိုင်ထားလို့ သရဲနီတွေနဲ့ မိုးပြာရောင်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာဖြစ်ပြီး သူ့ရဲ့ကစားပုံက မန်စီးတီးရဲ့ ဒေးဗစ် ဆေးလ်ဗားနဲ့ တူတယ်လို့လည်း သုံးသပ်ထားကြပါတယ်။

အာဂျင်တီးနားနည်းပြ ဘီယယ်လ်ဆာကိုင်တွယ်နေပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဂုဏ်သိက္ခာကြောင့် လိဒ်စ်ယူနိုက်တက်ရဲ့ အနာဂတ်မှာ အာဂျင်တီးနားသားတွေနဲ့ စပိန်စကားပြောသူတွေကို ပိုမိုမြင်တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေကလည်း ခန့်မှန်းနေကြပြီး အယ်လ်မာဒါရဲ့ စကားကတော့ မန်ချက်စတာမြို့ခံနှစ်သင်းအတွက် စိတ်ပျက်စရာလည်းဖြစ်ခဲ့ကြောင်း ဒေးလီးမေးလ်က ရေးသားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.