Premier League

ေဒးဗစ္ ေဆးလ္ဗားကို အသင္းအေနနဲ႔ အျမဲပဲ ေက်းဇူးတင္ေနမွာပါလို႔ဆုိလုိက္တဲ့ ဂြါဒီယိုလာ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီႏွစ္ရာသီကုန္မွာ အသင္းနဲ႔ လမ္းခြဲေတာ့ အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားရဲ႕ သူမတူေအာင္ အက်ဳိးျပဳခဲ့သမွ်ေတြအတြက္ အျမဲတမ္း အမွတ္တရအေနနဲ႔ ေက်းဇူးတင္ေနၾကမွာပါလို႔ အသင္းရဲ႕ကိုယ္စား နည္းျပ ပက္ပ္ ဂြါဒီယိုလာက ေျပာၾကားလုိက္ပါတယ္။

လာမယ့္ရာသီပိတ္ပြဲစဥ္ကို ေနာ့ဝစ္ခ်္နဲ႔ အိမ္ကြင္းမွာ ေနာက္ဆုံးကစားရမယ့္ အသက္ ၃၄ ႏွစ္အရြယ္ စပိန္ကြင္းလယ္လူအတြက္ ဒီပြဲဟာ သူတုိ႔ရဲ႕ ခြဲခြာေတာ့ ကြင္းလယ္လူကို ႏွဳတ္ဆက္တဲ့ ပြဲမ်ဳိးေတာ့ ပုံစံတက်ျဖစ္လာႏုိင္မွာ မဟုတ္ဘဲ ပရိသတ္ေတြ မပါတဲ့ ကြင္းမွာ သူ႕ရဲ႕ မန္စီးတီးနဲ႔ ေနာက္ဆုံးနဲ႔ ၃၀၉ ပြဲေျမာက္ ပရီးမီးယားလိဂ္ပြဲကို ကစားရမွာလည္းျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ ပရိသတ္ေတြ မပါဝင္ႏိုင္တဲ့ ႏွဳတ္ဆက္ပြဲဟာ အသင္းကို ႏွစ္ရွည္လမ်ား အက်ဳိးျပဳခဲ့တဲ့ ကစားသမားတစ္ေယာက္အတြက္ သင့္ေတာ္တဲ့ ပုံစံမဟုတ္ဘူးလို႔ ဂြါဒီယိုလာကေတာ့ ရွဳျမင္ေနၿပီး ကြင္းထဲကို ပရိသတ္ေတြ ျပန္လည္ဝင္ေရာက္ခြင့္ရႏုိင္မယ့္အခ်ိန္က်ရင္ ေဆးလ္ဗားအတြက္ ႏွဳတ္ဆက္ပြဲစီစဥ္ေပးဖို႔လည္း ရည္ရြယ္ထားပါတယ္။

“သာမန္ထက္ အမ်ားႀကီး ပုိမုိျမင့္မားတဲ့ စြမ္းေဆာင္ရည္ကို သူျပသခဲ့ၿပီးပါၿပီ။ အသင္းကို ဆုဖလားေတြ အမ်ားႀကီး ရယူေပးခဲ့သလို ဒီလိုမ်ဳိး ျမင့္မားတဲ့ အေျခအေနကို ေရာက္လာေအာင္ တည္ေဆာက္ေပးခဲ့တဲ့ ငါးေယာက္ေျခာက္ေသာ ပုဂၢဳိလ္ေတြထဲမွာ သူက တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းအေနနဲ႔ သူ႕ကို အျမဲတမ္း အမွတ္ရၿပီး ေက်းဇူးတင္ေနေတာ့မွာပါ”လို႔ ဂြါဒီယိုလာက မန္စီးတီးအသင္းဝက္ဘ္ဆုိက္ကေန ထုတ္ျပန္ခဲ့ပါတယ္။

ကြင္းလယ္မွာ ေမွာ္ဆရာတစ္ဦးလို ေျခစြမ္းျပ ထိန္းခ်ဳပ္ႏုိင္တာေၾကာင့္ မာလင္လို႔ နာမည္ေျပာင္ေပးခံရတဲ့ ေဒးဗစ္ ေဆးလ္ဗားဟာ သူ႕ကို ဆက္ခံဖို႔ေတာ့ အဂၤလန္လူငယ္ ဖီးလ္ ဖိုဒန္ကို ခ်န္ထားေပးခဲ့ၿပီး သူ႕ရဲ႕ေနာက္ဆုံး ရာသီမွာ အသင္းအတြက္ ၆ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၁၁ ဂိုး ဖန္တီးေပးႏုိင္ခဲ့သလို မန္စီးတီးအသင္းအတြက္ ေဘာလုံးရာသီ ၁၀ ရာသီနဲ႔ စုစုေပါင္း ၄၃၃ ပြဲမွာ ၇၇ ဂိုးသြင္း၊ ဂိုး ၁၄၀ ဖန္တီးၿပီး အသင္းရဲ႕ ဂႏၴဝင္ကစားသမားတစ္ဦးအျဖစ္ အျမဲရွိေနေတာ့မွာလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနှစ်ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့ အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားရဲ့ သူမတူအောင် အကျိုးပြုခဲ့သမျှတွေအတွက် အမြဲတမ်း အမှတ်တရအနေနဲ့ ကျေးဇူးတင်နေကြမှာပါလို့ အသင်းရဲ့ကိုယ်စား နည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

လာမယ့်ရာသီပိတ်ပွဲစဉ်ကို နော့ဝစ်ချ်နဲ့ အိမ်ကွင်းမှာ နောက်ဆုံးကစားရမယ့် အသက် ၃၄ နှစ်အရွယ် စပိန်ကွင်းလယ်လူအတွက် ဒီပွဲဟာ သူတို့ရဲ့ ခွဲခွာတော့ ကွင်းလယ်လူကို နှုတ်ဆက်တဲ့ ပွဲမျိုးတော့ ပုံစံတကျဖြစ်လာနိုင်မှာ မဟုတ်ဘဲ ပရိသတ်တွေ မပါတဲ့ ကွင်းမှာ သူ့ရဲ့ မန်စီးတီးနဲ့ နောက်ဆုံးနဲ့ ၃၀၉ ပွဲမြောက် ပရီးမီးယားလိဂ်ပွဲကို ကစားရမှာလည်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ပရိသတ်တွေ မပါဝင်နိုင်တဲ့ နှုတ်ဆက်ပွဲဟာ အသင်းကို နှစ်ရှည်လများ အကျိုးပြုခဲ့တဲ့ ကစားသမားတစ်ယောက်အတွက် သင့်တော်တဲ့ ပုံစံမဟုတ်ဘူးလို့ ဂွါဒီယိုလာကတော့ ရှုမြင်နေပြီး ကွင်းထဲကို ပရိသတ်တွေ ပြန်လည်ဝင်ရောက်ခွင့်ရနိုင်မယ့်အချိန်ကျရင် ဆေးလ်ဗားအတွက် နှုတ်ဆက်ပွဲစီစဉ်ပေးဖို့လည်း ရည်ရွယ်ထားပါတယ်။

“သာမန်ထက် အများကြီး ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို သူပြသခဲ့ပြီးပါပြီ။ အသင်းကို ဆုဖလားတွေ အများကြီး ရယူပေးခဲ့သလို ဒီလိုမျိုး မြင့်မားတဲ့ အခြေအနေကို ရောက်လာအောင် တည်ဆောက်ပေးခဲ့တဲ့ ငါးယောက်ခြောက်သော ပုဂ္ဂိုလ်တွေထဲမှာ သူက တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ သူ့ကို အမြဲတမ်း အမှတ်ရပြီး ကျေးဇူးတင်နေတော့မှာပါ”လို့ ဂွါဒီယိုလာက မန်စီးတီးအသင်းဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ကွင်းလယ်မှာ မှော်ဆရာတစ်ဦးလို ခြေစွမ်းပြ ထိန်းချုပ်နိုင်တာကြောင့် မာလင်လို့ နာမည်ပြောင်ပေးခံရတဲ့ ဒေးဗစ် ဆေးလ်ဗားဟာ သူ့ကို ဆက်ခံဖို့တော့ အင်္ဂလန်လူငယ် ဖီးလ် ဖိုဒန်ကို ချန်ထားပေးခဲ့ပြီး သူ့ရဲ့နောက်ဆုံး ရာသီမှာ အသင်းအတွက် ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သလို မန်စီးတီးအသင်းအတွက် ဘောလုံးရာသီ ၁၀ ရာသီနဲ့ စုစုပေါင်း ၄၃၃ ပွဲမှာ ၇၇ ဂိုးသွင်း၊ ဂိုး ၁၄၀ ဖန်တီးပြီး အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် အမြဲရှိနေတော့မှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.