La Liga UCL&UEL

ဒီနှစ် ဘလွန်ဒေါကို ဘန်ဇီးမားသာ ပေးလိုက်ကြတော့လို့ ဝင်ငံတဲ့ အိုဇေးလ်

မီဆွတ် အိုဇေးလ်ဟာ ၎င်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ကာရင် ဘန်ဇီးမားဟာ ချန်ပီယံလိဂ်မှာ နောက်ထပ် အထင်ကြီးဖွယ်စွမ်းဆောင်ရည်ပြသခဲ့ပြီးနောက် ယခုနှစ် ဘလွန်ဒေါဆုကို ရရှိသင့်တယ်လို့ ထောက်ခံခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အင်္ဂါနေ့ညက အစ်တီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပမေယ့်လည်း စပိန်လာလီဂါထိပ်သီးအသင်းကြီးအနေနဲ့ ဘန်ဇီးမားသာ မပါရင် ဒီထက်အများကြီး အခြေအနေဆိုးခဲ့မှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး မေလ ၄ ရက်နေ့ ဘာနေဗျူးမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် မျှော်လင့်ချက် အသက်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ လက်ရှိမှာတော့ ယခုရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၄၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားလှတဲ့ ဘလွန်ဒေါဆုကို ရရှိဖို့အတွက် လောင်းကစားဒိုင်တွေရဲ့ ရေပန်းအစားဆုံးကစားသမားဖြစ်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်း အိုဇေးလ်က ဘန်ဇီးမားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ဆွတ်ခူးဖို့အတွက် အပြည့်အဝ ထိုက်တန်ကြောင်း ယုံကြည်နေတာ ဖြစ်ပါတယ်။

“အံ့သြဆန်းကြယ်လိုက်တဲ့ ပွဲစဉ်။ ကျွန်တော့်ကောင် ဘန်ဇီကို ဘလွန်ဒေါဆု ပေးလိုက်ကြပါတော့”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် မန်စီးတီးကွင်းလယ်ကစားသမား ဂန်ဒိုဝမ်ကလည်း ဘန်ဇီးမားဟာ ယခုနှစ် ဘလွန်ဒေါဆုကို ရရှိဖို့ ရေပန်းအစားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ယူဆထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“အခုအချိန်မှာတော့ ကျွန်တော့်အတွက် ဘန်ဇီးမားက လီဗန်ဒေါ့ဗ်စကီးနဲ့အတူ ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူးပါပဲ။ သူက ခြေ ၂ ဖက်စလုံးနဲ့ ကောင်းကောင်း ဂိုးသွင်းနိုင်တယ်။ လေထဲမှာလည်း ကောင်းမွန်တယ်။ သူက အရင်တုန်းက တန်ဖိုးထားသင့်သလောက် အထားမခံခဲ့ရဘူးလို့ ကျွန်တော် ထင်တယ်။ အခုတော့ သူ့ကို ဝေဖန်ပြစ်တင်မှုတွေက မှားယွင်းခဲ့တယ်ဆိုတာကို သက်သေပြသနေပါပြီ”

“သူက အချိန်အကြာကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အရိပ်မိုးခြင်းကိုခံခဲ့ရတယ်။ အထူးသဖြင့် သတင်းစာတွေမှာပေါ့။ ဒါပေမယ့် အခုတော့ သူက သူနဲ့ထိုက်တန်တဲ့ အာရုံစိုက်မှုနဲ့ ချီးကျူးမှုတွေ ခံနေရပါပြီ။ သူ့ရဲ့ အောင်မြင်မှုတွေက သူတို့ဘာသာ အလိုလို စကားပြောနေပါတယ်။ ဘန်ဇီးမားက ဘလွန်ဒေါဆုကို ရရှိဖို့အတွက် ရှိရမယ့် အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မီဆြတ္ အိုေဇးလ္ဟာ ၎ရဲ့ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ကာရင္ ဘန္ဇီးမားဟာ ခ်န္ပီယံလိဂ္မွာ ေနာက္ထပ္ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ျပသခဲ့ၿပီးေနာက္ ယခုႏွစ္ ဘလြန္ေဒါဆုကို ရရွိသင့္တယ္လို႔ ေထာက္ခံခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အဂၤါေန႔ညက အစ္တီဟတ္ကြင္းမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအသင္းကို ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပေမယ့္လည္း စပိန္လာလီဂါထိပ္သီးအသင္းႀကီးအေနနဲ႔ ဘန္ဇီးမားသာ မပါရင္ ဒီထက္အမ်ားႀကီး အေျခအေနဆိုးခဲ့မွာျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၂ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ေမလ ၄ ရက္ေန႔ ဘာေနဗ်ဴးမွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္အတြက္ ေမၽွာ္လင့္ခ်က္ အသက္ဆက္ေပးခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ လက္ရွိမွာေတာ့ ယခုရာသီ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၄၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၄၁ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး ဂုဏ္သိကၡာႀကီးမားလွတဲ့ ဘလြန္ေဒါဆုကို ရရွိဖို႔အတြက္ ေလာင္းကစားဒိုင္ေတြရဲ့ ေရပန္းအစားဆုံးကစားသမားျဖစ္ေနတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ကစားသမားေဟာင္း အိုေဇးလ္က ဘန္ဇီးမားဟာ ကမၻာ့ေဘာလုံးေလာကရဲ့ အေကာင္းဆုံး အမ်ိဳးသားကစားသမားဆုကို ဆြတ္ခူးဖို႔အတြက္ အျပည့္အဝ ထိုက္တန္ေၾကာင္း ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“အံ့ၾသဆန္းၾကယ္လိုက္တဲ့ ပြဲစဥ္။ ကၽြန္ေတာ့္ေကာင္ ဘန္ဇီကို ဘလြန္ေဒါဆု ေပးလိုက္ၾကပါေတာ့”လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္မတိုင္ခင္ မန္စီးတီးကြင္းလယ္ကစားသမား ဂန္ဒိုဝမ္ကလည္း ဘန္ဇီးမားဟာ ယခုႏွစ္ ဘလြန္ေဒါဆုကို ရရွိဖို႔ ေရပန္းအစားဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ ယူဆထားေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အခုအခ်ိန္မွာေတာ့ ကၽြန္ေတာ့္အတြက္ ဘန္ဇီးမားက လီဗန္ေဒါ့ဗ္စကီးနဲ႔အတူ ကမၻာေပၚက အေကာင္းဆုံး တိုက္စစ္မႉးပါပဲ။ သူက ေၿခ ၂ ဖက္စလုံးနဲ႔ ေကာင္းေကာင္း ဂိုးသြင္းနိုင္တယ္။ ေလထဲမွာလည္း ေကာင္းမြန္တယ္။ သူက အရင္တုန္းက တန္ဖိုးထားသင့္သေလာက္ အထားမခံခဲ့ရဘူးလို႔ ကၽြန္ေတာ္ ထင္တယ္။ အခုေတာ့ သူ႔ကို ေဝဖန္ျပစ္တင္မႈေတြက မွားယြင္းခဲ့တယ္ဆိုတာကို သက္ေသျပသေနပါၿပီ”

“သူက အခ်ိန္အၾကာႀကီး ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ အရိပ္မိုးျခင္းကိုခံခဲ့ရတယ္။ အထူးသျဖင့္ သတင္းစာေတြမွာေပါ့။ ဒါေပမယ့္ အခုေတာ့ သူက သူနဲ႔ထိုက္တန္တဲ့ အာ႐ုံစိုက္မႈနဲ႔ ခ်ီးက်ဴးမႈေတြ ခံေနရပါၿပီ။ သူ႔ရဲ့ ေအာင္ျမင္မႈေတြက သူတို႔ဘာသာ အလိုလို စကားေျပာေနပါတယ္။ ဘန္ဇီးမားက ဘလြန္ေဒါဆုကို ရရွိဖို႔အတြက္ ရွိရမယ့္ အရာအားလုံးကို ပိုင္ဆိုင္ထားတဲ့ ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.