UCL&UEL

မန်စီးတီးပွဲကို မြင်တွေ့ခဲ့ရပြီးနောက် လီဗာပူးလ်ပွဲ ဘယ်လိုဖြစ်လာမလဲ ပြောပြလိုက်တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် နောက်ခံကစားသမား ဂျေမီ ကာရေဂါက မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ၇ ဂိုးအထိ အပြန်အလှန်သွင်းယူခဲ့တဲ့ပွဲစဉ်ကို မြင်တွေ့ခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ ဗီလာရီးရဲလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ပျင်းစရာကောင်းနေတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အင်္ဂါနေ့ညက အစ်တီဟတ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဒုတိယအကျော့မှာ အနိုင်ရရှိတဲ့အသင်းက ပဲရစ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ လီဗာပူးလ် သို့မဟုတ် ဗီလာရီးရဲလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ယာဂန် ကလော့ပ်နဲ့ အူနိုင်း အမ်မရီတို့ ၂ သင်းကြားက အရည်အသွေးချင်းယှဉ်ရင် အင်္ဂါနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ရီးရဲလ်တို့ ပွဲစဉ်က အများကြီး ပိုမိုကောင်းမွန်တဲ့ ပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကာရေဂါဟာ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်ဟာ အစ်တီဟတ်မှာ ကစားခဲ့တဲ့ ပွဲစဉ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် တူညီတဲ့ ဖျော်ဖြေမှု ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်မိလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အခုလိုပဲ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်ကတော့ အဲဒီလို မဖြစ်နိုင်ဘူးလို့ မျှော်လင့်ပါတယ်”

“လီဗာပူးလ်က ၄-၀ လောက်နဲ့ အနိုင်ရသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲဒီပွဲက ပျင်းစရာကောင်းမယ်လို့လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ အဲဒီပွဲက ပျင်းစရာကောင်းလာမယ်လို့ ကျွန်တော် ထင်ပြီး ပဲရစ်မှာ ကျွန်တော်တို့ ခင်ဗျားနဲ့ တွေ့ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့ညက ပွဲစဉ်မှာ မန်ချက်စတာစီးတီးပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာကြောင့် အပြတ်အသတ် အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် သိပ်မကြာခင်မှာပဲ လာလီဂါချန်ပီယံက အိမ်ရှင်အသင်းကို တစ်ချက်ပြီးတစ်ချက် ပြန်လည် ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

၂ သင်းစလုံး ကစားခဲ့တဲ့ မြန်နှုန်းက တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး အထူးသဖြင့် မန်ချက်စတာစီးတီးရဲ့ မြန်နှုန်းဟာ မယုံနိုင်စရာကောင်းခဲ့တာကြောင့် အဲဒါကြောင့်ပဲ ကမ္ဘာပေါ်က အကောင်းဆုံးကလပ်ပြိုင်ပွဲ ဘာကြောင့်ဖြစ်နေရလဲဆိုတာ ပေါ်လွင်ခဲ့တာဖြစ်ပါတယ်။

အဲဒါတွေ ဘေးဖယ်ထားလိုက်မယ်ဆိုရင်လည်း သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က ၇ ဂိုးအထိ ကြောက်မက်ဖွယ် များပြားခဲ့ပြီး ကာရင် ဘန်ဇီးမားက ၄-၂ ကနေ ၄-၃ ဖြစ်စေမယ့် ပင်နယ်တီကန်သွင်းချက်ကို ပွဲပြီးခါနီး ၁၀ မိနစ်မှာ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဂႏၲဝင္ ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက မန္ခ်က္စတာစီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ့ ၇ ဂိုးအထိ အျပန္အလွန္သြင္းယူခဲ့တဲ့ပြဲစဥ္ကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းရဲ့ ဗီလာရီးရဲလ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္ဟာ ပ်င္းစရာေကာင္းေနေတာ့မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို အဂၤါေန႔ညက အစ္တီဟတ္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ၄-၃ နဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ဒုတိယအေက်ာ့မွာ အနိုင္ရရွိတဲ့အသင္းက ပဲရစ္မွာ က်င္းပမယ့္ ဗိုလ္လုပြဲမွာ လီဗာပူးလ္ သို႔မဟုတ္ ဗီလာရီးရဲလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။ ယာဂန္ ကေလာ့ပ္နဲ႔ အူနိုင္း အမ္မရီတို႔ ၂ သင္းၾကားက အရည္အေသြးခ်င္းယွဥ္ရင္ အဂၤါေန႔ညက ကစားခဲ့တဲ့ မန္စီးတီးနဲ႔ ရီးရဲလ္တို႔ ပြဲစဥ္က အမ်ားႀကီး ပိုမိုေကာင္းမြန္တဲ့ ပြဲစဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ကာေရဂါဟာ လီဗာပူးလ္အသင္းရဲ့ ပြဲစဥ္ဟာ အစ္တီဟတ္မွာ ကစားခဲ့တဲ့ ပြဲစဥ္နဲ႔ ႏွိုင္းယွဥ္မယ္ဆိုရင္ တူညီတဲ့ ေဖ်ာ္ေျဖမႈ ေပးစြမ္းနိုင္မယ္လို႔ ေမၽွာ္လင့္မိလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အခုလိုပဲ တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္ကေတာ့ အဲဒီလို မျဖစ္နိုင္ဘူးလို႔ ေမၽွာ္လင့္ပါတယ္”

“လီဗာပူးလ္က ၄-၀ ေလာက္နဲ႔ အနိုင္ရသြားမယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ အဲဒီပြဲက ပ်င္းစရာေကာင္းမယ္လို႔လည္း ကၽြန္ေတာ္ ေမၽွာ္လင့္ထားပါတယ္။ အဲဒီပြဲက ပ်င္းစရာေကာင္းလာမယ္လို႔ ကၽြန္ေတာ္ ထင္ၿပီး ပဲရစ္မွာ ကၽြန္ေတာ္တို႔ ခင္ဗ်ားနဲ႔ ေတြ႕ရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤါေန႔ညက ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးပရိသတ္ေတြဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ၂-၀ နဲ႔ ဦးေဆာင္ထားနိုင္ခဲ့တာေၾကာင့္ အျပတ္အသတ္ အနိုင္ရရွိလိမ့္မယ္လို႔ ေမၽွာ္လင့္ခဲ့ၾကေပမယ့္ သိပ္မၾကာခင္မွာပဲ လာလီဂါခ်န္ပီယံက အိမ္ရွင္အသင္းကို တစ္ခ်က္ၿပီးတစ္ခ်က္ ျပန္လည္ ထိုးႏွက္ခဲ့တာျဖစ္ပါတယ္။

၂ သင္းစလုံး ကစားခဲ့တဲ့ ျမန္ႏႈန္းက ေတာ္ေတာ္ေလး စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး အထူးသျဖင့္ မန္ခ်က္စတာစီးတီးရဲ့ ျမန္ႏႈန္းဟာ မယုံနိုင္စရာေကာင္းခဲ့တာေၾကာင့္ အဲဒါေၾကာင့္ပဲ ကမၻာေပၚက အေကာင္းဆုံးကလပ္ၿပိဳင္ပြဲ ဘာေၾကာင့္ျဖစ္ေနရလဲဆိုတာ ေပၚလြင္ခဲ့တာျဖစ္ပါတယ္။

အဲဒါေတြ ေဘးဖယ္ထားလိုက္မယ္ဆိုရင္လည္း သြင္းယူခဲ့တဲ့ ဂိုးအေရအတြက္က ၇ ဂိုးအထိ ေၾကာက္မက္ဖြယ္ မ်ားျပားခဲ့ၿပီး ကာရင္ ဘန္ဇီးမားက ၄-၂ ကေန ၄-၃ ျဖစ္ေစမယ့္ ပင္နယ္တီကန္သြင္းခ်က္ကို ပြဲၿပီးခါနီး ၁၀ မိနစ္မွာ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.