Premier League

ကပ္ပတိန်အမေရိကားအားကိုးနဲ့ မိုက်ခဲ့တဲ့ အဗန်ဂျာချဲလ်ဆီး ၁-၀ ဝက်စ်ဟမ်းတို့ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာ ၇ ချက်

၁။ အပြောင်းအလဲအများကြီးလုပ်ခဲ့တဲ့ ဝက်စ်ဟမ်း

အခုအချိန်ဟာ ပြိုင်ပွဲအများအပြားမှာ ယှဉ်ပြိုင်နေရတယ်ဆိုရင် နည်းပြတွေအနေနဲ့ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေဆီကနေ ဘယ်လောက်အထိ တောင်းဆိုနိုင်မလဲဆိုတာကို ချိန်ဆရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ် မွိုက်စ်အနေနဲ့ လာမယ့် ဖရန့်ဖွတ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့တာကို မြင်ရတာ အံ့အားသင့်စရာတော့မဟုတ်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနည်းပြဟာ အန်တိုနီယို၊ ဘိုဝင်နဲ့ ဒီကလန် ရိုက်စ်တို့လို ပုံမှန်ပွဲထွက်ခွင့်ရကစားသမားတွေကို ချဲလ်ဆီးနဲ့ပွဲမှာ အရန်ခုံထိုင်ခိုင်းထားဖို့ ရွေးချယ်ခဲ့ပြီး တစ်ဆက်တည်းမှာပဲ တူဟယ်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့်လည်း မေလမှာ လီဗာပူးလ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် တံကောက်ကြောဒဏ်ရာကြောင့် သက်တောင့်သက်သာဖြစ်မနေတဲ့ ရီးစ် ဂျိမ်းစ်ကို စွန့်စားပြီး သုံးမယ့်အစား ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

တူဟယ်ဟာ လော့ဖ်တပ်စ်-ချိခ်ကို ညာနောက်ခံတောင်ပံကို ပြောင်းကစားစေခဲ့ပြီး ခိုင် ဟာဗတ်ဇ်ကို တိုက်စစ်မှာ ဗာနာ၊ မေဆန် မောင့်တို့နဲ့အတူ ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်မှာ ဒဏ်ရာရသွားတဲ့ ခရစ္စတင်ဆန်နေရာမှာ ချာလိုဘက်ကို ပွဲထွက်ကစားသမားအဖြစ် ကစားစေခဲ့ပြီး ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်က ရှုံးပွဲကနေ ပြန်လာဖို့ ရည်မှန်းခဲ့တာဖြစ်ပါတယ်။

၂။ လေးလံထိုင်းမှိုင်းနေခဲ့တဲ့ ချဲလ်ဆီး

ပထမပိုင်းတလျှောက်လုံး ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့ခြင်းကို ထင်သာစေတဲ့ အခိုက်အတန့်ရှိခဲ့တယ်ဆိုရင် အဲဒီအခိုက်အတန့်ဟာ မိနစ် ၃၀ မှာ ခိုင် ဟာဗတ်ဇ်က ဂိုးကန်သွင်းရမယ့်အစား လှည့်ထွက်ပြီး ဘောလုံးပေးဖို့ ကြိုးပမ်းခဲ့တဲ့အချိန်ဖြစ်ပါတယ်။ ခိုင် ဟာဗတ်ဇ်က ဘောလုံးပေးပို့မှု ပြုလုပ်လိုက်တဲ့အချိန်မှာပဲ ဝက်စ်ဟမ်း နောက်ခံကစားသမားတွေဟာ ဂိုးကန်သွင်းနိုင်တဲ့ ထောင့်တိုင်းကို ပိတ်ချထားနိုင်ပြီဖြစ်တာကြောင့် နောက်ဆုံးမှာတော့ အလဟဿဖြစ်သွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အိမ်ရှင်ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းမတိုင်ခင်အထိ ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်ပေမယ့်လည်း ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဝက်စ်ဟမ်းအသင်းကလည်း ချဲလ်ဆီးအသင်းနဲ့ သူမသာ ကိုယ်မသာဖြစ်နေတာကြောင့် ဖေဘီယန်းစကီးနည်းတူ အေဒူယာ မန်ဒီလည်း ပထမပိုင်း ၄၅ မိနစ်မှာ ဂိုးတိုင်ရှေ့ ငေါင်ငေါင်ကြီး ရပ်နေခဲ့ရတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရတာက ဧည့်သည် ဝက်စ်ဟမ်းအသင်းအနေနဲ့ ယခုရာသီမှာ ၎င်းတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ၂ ဦးဖြစ်တဲ့ ဘိုဝင်နဲ့ အန်တိုနီယိုတို့ကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းခဲ့ခြင်းမရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၃။ ပွဲပိုမြိုင်ခဲ့တဲ့ ဒုတိယပိုင်း

ပထမပိုင်းအပြီးမှ ပွဲက အသက်ဝင်လာတယ်လို့ ပြောရင် မှန်မှာဖြစ်ပေမယ့် ပွဲကစားချိန် မိနစ် ၆၀ နားကပ်လာတဲ့အချိန်မှာ ခြိမ်းခြောက်မှုအချို့ ရှိခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ကွန်တေက ဘောလုံးကို ဆွဲပြေးပြီး ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့မှုက လမ်းကြောင်းပြောင်း အားပျော့သွားခဲ့တာကြောင့် ဖေဘီယန်းစကီးက အသာအယာ ကာကွယ်နိုင်ခဲ့ပြီး ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ချာလိုဘက်က ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ညာခြေနဲ့ ဂိုးအောက်ခြေကို အပြင်းကန်သွင်းယူခဲ့တဲ့ဘောလုံးကို ဖေဘီယန်းစကီးက သတိရှိရှိနဲ့ ဒိုင်ဗင်ထိုး ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်း နောက်ထပ် ဂိုးရရှိမယ့် အခွင့်အရေးလွဲချော်ခဲ့တာဖြစ်ပါတယ်။ အဲဒါက ချဲလ်ဆီးအသင်းရဲ့ ဒုတိယပိုင်းမှာ ကစားပုံ တိုးတက်လာမှု လက္ခဏာဖြစ်ပြီး ဒါကြောင့် ဒေးဗစ် မွိုက်စ်အနေနဲ့ နောက်ဆုံး မိနစ် ၃၀ မှာ ဒီကလန် ရိုက်စ်ကို ထည့်သွင်းပြီး တုံ့ပြန်ခဲ့တာကို အံ့အားသင့်စရာမရှိခဲ့တာဖြစ်ပါတယ်။

၄။ စကားပြောသွားတဲ့ တူဟယ်ရဲ့ ဆုံးဖြတ်ချက်

ချဲလ်ဆီးအသင်းဟာ ခေါင်းမာတဲ့ ဧည့်သည် ဝက်စ်ဟမ်းအသင်းကို ဂိုးသွင်းဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးဆိုရင်တောင် ၎င်းတို့ရဲ့ ပေါင် ၉၇.၅ သန်းတန် တိုက်စစ်မှူးက အရန်ခုံမှာ ရှိနေဆဲဖြစ်ပါတယ်။ လူကာကူးဟာ ဗုဒ္ဓဟူးနေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မိနစ် ၆၀ မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း ၇၅ မိနစ်အထိ အရန်ခုံကနေ ထိုင်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ နည်းပြတူဟယ်က အပြောင်းအလဲ ၃ ခုအနေနဲ့ ဟာကင်း ဇီယက်ရှ်၊ ပူလီရှစ်တို့ကို ထည့်သွင်းခဲ့ရာမှာ လူကာကူးလည်း အပါအဝင် ဖြစ်ခဲ့တာဖြစ်ပြီး ရယ်စရာကောင်းတာက ချဲလ်ဆီးနည်းပြဟာ ၎င်းရဲ့အသင်း ဂိုးသွင်းနိုင်တော့မယ့် အရိပ်အယောင်ကို မြင်တွေ့ခဲ့ပြီးနောက်မှာ နောက်ဆုံးလူစားလဲလှယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မေဆန် မောင့်ရဲ့ ကန်သွင်းချက် ပိတ်ဆို့ခံခဲ့ရပြီး တီမို ဗာနာရဲ့ ကန်ချက် ဂိုးပိုက်ဘေးကို ထိမှန်ခဲ့သလို မားကို့စ် အလွန်ဆိုကလည်း ခိုင် ဟာဗတ်ဇ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ကန်သွင်းရာမှာ ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူဟယ်ရဲ့ လူစားလဲလှယ်မှုက နောက်ဆုံးမှာတော့ အလုပ်ဖြစ်ခဲ့ပြီး လူကာကူးကြောင့် ပင်နယ်တီ ရရှိခဲ့ရာမှာ ဂျော်ဂျင်ညို အသုံးမချနိုင်ခဲ့ပေမယ့်လည်း ပူလီရှစ်က အလွန်ဆိုရဲ့ ဖြတ်တင်ပေးပို့မှုကနေ အနိုင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

၅။ ဥရောပ ပွဲကစားချိန်

ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ဟာ ရာသီနောက်ဆုံးအချိန်မှာ အက်ဖ်အေနဲ့ ယူရိုပါလိဂ်လို တခြားဦးစားပေးစရာကိစ္စတွေ အသီးသီး ရှိနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့မှုက ၎င်းတို့ရဲ့ တတိယနေရာကို ပိုမို ခိုင်မာစေခဲ့ပြီး အာဆင်နယ်နဲ့ စပါးစ်တို့လို အသင်းတွေကို သိပ်လန့်စရာမလိုတော့တဲ့ အနေအထားမှာ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အမှတ်ပေးဇယား အောက်နည်းနည်း ဆင်းကြည့်မယ်ဆိုရင် ဝက်စ်ဟမ်းအသင်းက အနောက်လန်ဒန်မှာ ရှုံးနိမ့်ခဲ့မှုကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ယူရိုပါကွန်းဖရင့်လိဂ်နေရာကို ခုန်တက်ဖို့ အခွင့်အရေး လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ယူရိုပါလိဂ်ဖလား ယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ဒေးဗစ် မွိုက်စ်ရဲ့ အဓိက ပန်းတိုင်ဆိုတာ ငြင်းစရာမရှိပေမယ့် ဖရန့်ဖွတ်နဲ့ ရင်ဆိုင်ရမယ့် ဆီမီး ၂ ကျော့မတိုင်ခင် ရွေးချယ်စရာ ၂ ခုထဲက တစ်ခုကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

၆။ ချဲလ်ဆီးအတွက် ကယ်တင်ရှင်ဖြစ်ခဲ့တဲ့ ကပ္ပတိန် အမေရိကား

ချဲလ်ဆီးအသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရခဲ့ရပြီးနောက် တစ်စုံတယောက်ကတော့ တစ်ခုခု လုပ်ပြဖို့ လိုအပ်နေခဲ့ပြီး အဲဒီတစ်စုံတယောက်က ပူလီရှစ်ဖြစ်ခဲ့ပါတယ်။ ယူအက်စ်အေကြယ်ပွင့်ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း အရေးကြီးတဲ့ သွင်းဂိုးကိုတော့ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကလည်း ချီးကျူးမှုနဲ့ ထိုက်တန်ခဲ့ပြီး နောက်ဆုံးမှာတော့ ကပ္ပတိန်အမေရိကားက နောက်ဆုံးမိနစ်မှာ ဝက်စ်ဟမ်းကို အသည်းခွဲပြီး အဗန်ဂျာချဲလ်ဆီးတို့ရဲ့ ကယ်တင်ရှင်သူရဲကောင်းကြီးဘွဲ့ခံသွားခဲ့တာဖြစ်ပါတယ်။

၇။ ကွန်တေရဲ့ မောင်းနှင်နိုင်စွမ်းနဲ့ အစောပိုင်းမှာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ ချဲလ်ဆီး

ထင်ထားတဲ့အတိုင်း ချဲလ်ဆီးအသင်းက ပွဲကို အားကောင်းမောင်းသန်နဲ့ စတင်နိုင်ခဲ့ပြီး အစောပိုင်းပွဲကစားချိန်တွေကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှာ တီမို ဗာနာနဲ့ ခိုင် ဟာဗတ်ဇ်တို့ကို ဦးဆောင်စေပြီး ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒဏ်ရာကြောင့် ရူဒီဂါ၊ ရီးစ် ဂျိမ်းစ်၊ ခရစ္စတင်ဆန်တို့လို ပုံမှန်ပွဲထွက်ကစားသမားတွေကို ဆုံးရှုံးခဲ့ပြီး ရလဒ်အနေနဲ့ သီယေဂို ဆေးလ်ဗား၊ အက်ဇ်ပီလီကွေတာ၊ ချာလိုဘက်တို့နဲ့ ပွဲထွက်ခဲ့ရပါတယ်။ အိမ်ရှင်ချဲလ်ဆီးဟာ ပထမပိုင်း ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိခဲ့ပြီး ကွင်းလယ်မှာ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ကွန်တေဟာ ကွင်းလယ်နဲ့ တိုက်စစ်ကို အစုန်အဆန် ကစားပေးခဲ့ပြီး ချဲလ်ဆီးအတွက် ဘောလုံးသယ်ယူပေးသူအဖြစ် မကြာခဏ စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဂျော်ဂျင်ညိုဟာ ကွင်းလယ်ခံစစ်နေရာမှာ ကစားပေးပြီး ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုနဲ့ ကစားကွက်ကို ပုံဖော်ပေးနေခဲ့တာဖြစ်ပါတယ်။ လော့ဖ်တပ်စ်-ချိခ်ဟာ ကစားနေကျမဟုတ်တဲ့ ညာနောက်ခံတောင်ပံမှာ ပွဲထွက်ကစားပေးခဲ့ပြီး ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့မှုအချို့ ပြုလုပ်င်္နိုင်ခဲ့သလို ညာတောင်ပံကနေတဆင့် အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းရဲ့ ခံစစ် ၃ ဦးဟာ ကြံ့ကြံ့ခံပြီး ချဲလ်ဆီး တိုက်စစ်ကို ဖြတ်တောက်နိုင်ခဲ့တာကြောင့် အိမ်ရှင်အနေနဲ့ ၁၈ မိနစ်မှ ပထမဆုံး ထောင့်ကန်ဘောကို ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ အေျပာင္းအလဲအမ်ားႀကီးလုပ္ခဲ့တဲ့ ဝက္စ္ဟမ္း

အခုအခ်ိန္ဟာ ၿပိဳင္ပြဲအမ်ားအျပားမွာ ယွဥ္ၿပိဳင္ေနရတယ္ဆိုရင္ နည္းျပေတြအေနနဲ႔ ၎တို႔ရဲ့ ၾကယ္ပြင့္ကစားသမားေတြဆီကေန ဘယ္ေလာက္အထိ ေတာင္းဆိုနိုင္မလဲဆိုတာကို ခ်ိန္ဆရမယ့္ အခ်ိန္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ လာမယ့္ ဖရန႔္ဖြတ္နဲ႔ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္မတိုင္မီ အေျပာင္းအလဲ အမ်ားအျပား ျပဳလုပ္ခဲ့တာကို ျမင္ရတာ အံ့အားသင့္စရာေတာ့မဟုတ္ခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းနည္းျပဟာ အန္တိုနီယို၊ ဘိုဝင္နဲ႔ ဒီကလန္ ရိုက္စ္တို႔လို ပုံမွန္ပြဲထြက္ခြင့္ရကစားသမားေတြကို ခ်ဲလ္ဆီးနဲ႔ပြဲမွာ အရန္ခုံထိုင္ခိုင္းထားဖို႔ ေရြးခ်ယ္ခဲ့ၿပီး တစ္ဆက္တည္းမွာပဲ တူဟယ္ဟာ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရေပမယ့္လည္း ေမလမွာ လီဗာပူးလ္နဲ႔ အက္ဖ္ေအဖလား ဗိုလ္လုပြဲကစားဖို႔ က်န္ရွိေနေသးတာေၾကာင့္ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ သက္ေတာင့္သက္သာျဖစ္မေနတဲ့ ရီးစ္ ဂ်ိမ္းစ္ကို စြန႔္စားၿပီး သုံးမယ့္အစား ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။

တူဟယ္ဟာ ေလာ့ဖ္တပ္စ္-ခ်ိခ္ကို ညာေနာက္ခံေတာင္ပံကို ေျပာင္းကစားေစခဲ့ၿပီး ခိုင္ ဟာဗတ္ဇ္ကို တိုက္စစ္မွာ ဗာနာ၊ ေမဆန္ ေမာင့္တို႔နဲ႔အတူ ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။ ေသြးပူေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ ဒဏ္ရာရသြားတဲ့ ခရစၥတင္ဆန္ေနရာမွာ ခ်ာလိုဘက္ကို ပြဲထြက္ကစားသမားအျဖစ္ ကစားေစခဲ့ၿပီး ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲစဥ္က ရႈံးပြဲကေန ျပန္လာဖို႔ ရည္မွန္းခဲ့တာျဖစ္ပါတယ္။

၂။ ေလးလံထိုင္းမွိုင္းေနခဲ့တဲ့ ခ်ဲလ္ဆီး

ပထမပိုင္းတေလၽွာက္လုံး ခ်ဲလ္ဆီးအသင္းရဲ့ တိုက္စစ္ၿခိမ္းေျခာက္နိုင္စြမ္း ကင္းမဲ့ျခင္းကို ထင္သာေစတဲ့ အခိုက္အတန႔္ရွိခဲ့တယ္ဆိုရင္ အဲဒီအခိုက္အတန႔္ဟာ မိနစ္ ၃၀ မွာ ခိုင္ ဟာဗတ္ဇ္က ဂိုးကန္သြင္းရမယ့္အစား လွည့္ထြက္ၿပီး ေဘာလုံးေပးဖို႔ ႀကိဳးပမ္းခဲ့တဲ့အခ်ိန္ျဖစ္ပါတယ္။ ခိုင္ ဟာဗတ္ဇ္က ေဘာလုံးေပးပို႔မႈ ျပဳလုပ္လိုက္တဲ့အခ်ိန္မွာပဲ ဝက္စ္ဟမ္း ေနာက္ခံကစားသမားေတြဟာ ဂိုးကန္သြင္းနိုင္တဲ့ ေထာင့္တိုင္းကို ပိတ္ခ်ထားနိုင္ၿပီျဖစ္တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ အလဟႆျဖစ္သြားခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ အိမ္ရွင္ခ်ဲလ္ဆီးအသင္းဟာ ဒုတိယပိုင္းမတိုင္ခင္အထိ ဂိုးေပါက္ကန္သြင္းမႈ ျပဳလုပ္နိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူထားနိုင္ေပမယ့္လည္း ထိထိေရာက္ေရာက္ တိုက္စစ္ဆင္နိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ဝက္စ္ဟမ္းအသင္းကလည္း ခ်ဲလ္ဆီးအသင္းနဲ႔ သူမသာ ကိုယ္မသာျဖစ္ေနတာေၾကာင့္ ေဖဘီယန္းစကီးနည္းတူ ေအဒူယာ မန္ဒီလည္း ပထမပိုင္း ၄၅ မိနစ္မွာ ဂိုးတိုင္ေရွ႕ ေငါင္ေငါင္ႀကီး ရပ္ေနခဲ့ရတာျဖစ္ပါတယ္။ အဲဒီလိုျဖစ္ရတာက ဧည့္သည္ ဝက္စ္ဟမ္းအသင္းအေနနဲ႔ ယခုရာသီမွာ ၎တို႔ရဲ့ ထိပ္တန္းဂိုးသြင္းရွင္ ၂ ဦးျဖစ္တဲ့ ဘိုဝင္နဲ႔ အန္တိုနီယိုတို႔ကို ပြဲထြက္လူစာရင္းထဲမွာ ထည့္သြင္းခဲ့ျခင္းမရွိတာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

၃။ ပြဲပိုၿမိဳင္ခဲ့တဲ့ ဒုတိယပိုင္း

ပထမပိုင္းအၿပီးမွ ပြဲက အသက္ဝင္လာတယ္လို႔ ေျပာရင္ မွန္မွာျဖစ္ေပမယ့္ ပြဲကစားခ်ိန္ မိနစ္ ၆၀ နားကပ္လာတဲ့အခ်ိန္မွာ ၿခိမ္းေျခာက္မႈအခ်ိဳ႕ ရွိခဲ့ပါတယ္။ ပထမဆုံးအေနနဲ႔ ကြန္ေတက ေဘာလုံးကို ဆြဲေျပးၿပီး ပင္နယ္တီဧရိယာထိပ္ကေန အျပင္းကန္သြင္းခဲ့မႈက လမ္းေၾကာင္းေျပာင္း အားေပ်ာ့သြားခဲ့တာေၾကာင့္ ေဖဘီယန္းစကီးက အသာအယာ ကာကြယ္နိုင္ခဲ့ၿပီး ဂိုးရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

သိပ္မၾကာခင္မွာပဲ ခ်ာလိုဘက္က ပင္နယ္တီဧရိယာအျပင္ဘက္ကေန ညာေျခနဲ႔ ဂိုးေအာက္ေျခကို အျပင္းကန္သြင္းယူခဲ့တဲ့ေဘာလုံးကို ေဖဘီယန္းစကီးက သတိရွိရွိနဲ႔ ဒိုင္ဗင္ထိုး ပုတ္ထုတ္ကာကြယ္နိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္း ေနာက္ထပ္ ဂိုးရရွိမယ့္ အခြင့္အေရးလြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ အဲဒါက ခ်ဲလ္ဆီးအသင္းရဲ့ ဒုတိယပိုင္းမွာ ကစားပုံ တိုးတက္လာမႈ လကၡဏာျဖစ္ၿပီး ဒါေၾကာင့္ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ ေနာက္ဆုံး မိနစ္ ၃၀ မွာ ဒီကလန္ ရိုက္စ္ကို ထည့္သြင္းၿပီး တုံ႔ျပန္ခဲ့တာကို အံ့အားသင့္စရာမရွိခဲ့တာျဖစ္ပါတယ္။

၄။ စကားေျပာသြားတဲ့ တူဟယ္ရဲ့ ဆုံးျဖတ္ခ်က္

ခ်ဲလ္ဆီးအသင္းဟာ ေခါင္းမာတဲ့ ဧည့္သည္ ဝက္စ္ဟမ္းအသင္းကို ဂိုးသြင္းဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့ဘူးဆိုရင္ေတာင္ ၎တို႔ရဲ့ ေပါင္ ၉၇.၅ သန္းတန္ တိုက္စစ္မႉးက အရန္ခုံမွာ ရွိေနဆဲျဖစ္ပါတယ္။ လူကာကူးဟာ ဗုဒၶဟူးေန႔က အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ မိနစ္ ၆၀ မွာပဲ လူစားလဲခံခဲ့ရတာျဖစ္ၿပီး ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာလည္း ၇၅ မိနစ္အထိ အရန္ခုံကေန ထိုင္ၾကည့္ေနခဲ့ရတာျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ နည္းျပတူဟယ္က အေျပာင္းအလဲ ၃ ခုအေနနဲ႔ ဟာကင္း ဇီယက္ရွ္၊ ပူလီရွစ္တို႔ကို ထည့္သြင္းခဲ့ရာမွာ လူကာကူးလည္း အပါအဝင္ ျဖစ္ခဲ့တာျဖစ္ၿပီး ရယ္စရာေကာင္းတာက ခ်ဲလ္ဆီးနည္းျပဟာ ၎ရဲ့အသင္း ဂိုးသြင္းနိုင္ေတာ့မယ့္ အရိပ္အေယာင္ကို ျမင္ေတြ႕ခဲ့ၿပီးေနာက္မွာ ေနာက္ဆုံးလူစားလဲလွယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေမဆန္ ေမာင့္ရဲ့ ကန္သြင္းခ်က္ ပိတ္ဆို႔ခံခဲ့ရၿပီး တီမို ဗာနာရဲ့ ကန္ခ်က္ ဂိုးပိုက္ေဘးကို ထိမွန္ခဲ့သလို မားကို႔စ္ အလြန္ဆိုကလည္း ခိုင္ ဟာဗတ္ဇ္ရဲ့ ျဖတ္တင္ေပးပို႔မႈကို ကန္သြင္းရာမွာ ပိုေကာင္းေကာင္း လုပ္နိုင္ခဲ့သင့္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တူဟယ္ရဲ့ လူစားလဲလွယ္မႈက ေနာက္ဆုံးမွာေတာ့ အလုပ္ျဖစ္ခဲ့ၿပီး လူကာကူးေၾကာင့္ ပင္နယ္တီ ရရွိခဲ့ရာမွာ ေဂ်ာ္ဂ်င္ညိဳ အသုံးမခ်နိုင္ခဲ့ေပမယ့္လည္း ပူလီရွစ္က အလြန္ဆိုရဲ့ ျဖတ္တင္ေပးပို႔မႈကေန အနိုင္ဂိုးကို သြင္းယူေပးသြားနိုင္ခဲ့တာျဖစ္ပါတယ္။

၅။ ဥေရာပ ပြဲကစားခ်ိန္

ခ်ဲလ္ဆီးနဲ႔ ဝက္စ္ဟမ္းတို႔ဟာ ရာသီေနာက္ဆုံးအခ်ိန္မွာ အက္ဖ္ေအနဲ႔ ယူရိုပါလိဂ္လို တျခားဦးစားေပးစရာကိစၥေတြ အသီးသီး ရွိေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ့ ဝက္စ္ဟမ္းကို အနိုင္ရရွိခဲ့မႈက ၎တို႔ရဲ့ တတိယေနရာကို ပိုမို ခိုင္မာေစခဲ့ၿပီး အာဆင္နယ္နဲ႔ စပါးစ္တို႔လို အသင္းေတြကို သိပ္လန႔္စရာမလိုေတာ့တဲ့ အေနအထားမွာ ေရာက္ရွိခဲ့ၿပီျဖစ္ပါတယ္။ အမွတ္ေပးဇယား ေအာက္နည္းနည္း ဆင္းၾကည့္မယ္ဆိုရင္ ဝက္စ္ဟမ္းအသင္းက အေနာက္လန္ဒန္မွာ ရႈံးနိမ့္ခဲ့မႈေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ရဲ့ ယူရိုပါကြန္းဖရင့္လိဂ္ေနရာကို ခုန္တက္ဖို႔ အခြင့္အေရး လြဲေခ်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။ ယူရိုပါလိဂ္ဖလား ယူၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔က ေဒးဗစ္ မြိဳက္စ္ရဲ့ အဓိက ပန္းတိုင္ဆိုတာ ျငင္းစရာမရွိေပမယ့္ ဖရန႔္ဖြတ္နဲ႔ ရင္ဆိုင္ရမယ့္ ဆီမီး ၂ ေက်ာ့မတိုင္ခင္ ေရြးခ်ယ္စရာ ၂ ခုထဲက တစ္ခုကို လက္လႊတ္ခဲ့ရၿပီျဖစ္ပါတယ္။

၆။ ခ်ဲလ္ဆီးအတြက္ ကယ္တင္ရွင္ျဖစ္ခဲ့တဲ့ ကပၸတိန္ အေမရိကား

ခ်ဲလ္ဆီးအသင္းရဲ့ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ရခဲ့ရၿပီးေနာက္ တစ္စုံတေယာက္ကေတာ့ တစ္ခုခု လုပ္ျပဖို႔ လိုအပ္ေနခဲ့ၿပီး အဲဒီတစ္စုံတေယာက္က ပူလီရွစ္ျဖစ္ခဲ့ပါတယ္။ ယူအက္စ္ေအၾကယ္ပြင့္ဟာ အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္လည္း အေရးႀကီးတဲ့ သြင္းဂိုးကိုေတာ့ သြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။ အလြန္ဆိုရဲ့ အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈကလည္း ခ်ီးက်ဴးမႈနဲ႔ ထိုက္တန္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ကပၸတိန္အေမရိကားက ေနာက္ဆုံးမိနစ္မွာ ဝက္စ္ဟမ္းကို အသည္းခြဲၿပီး အဗန္ဂ်ာခ်ဲလ္ဆီးတို႔ရဲ့ ကယ္တင္ရွင္သူရဲေကာင္းႀကီးဘြဲ႕ခံသြားခဲ့တာျဖစ္ပါတယ္။

၇။ ကြန္ေတရဲ့ ေမာင္းႏွင္နိုင္စြမ္းနဲ႔ အေစာပိုင္းမွာ လႊမ္းမိုးထားနိုင္ခဲ့တဲ့ ခ်ဲလ္ဆီး

ထင္ထားတဲ့အတိုင္း ခ်ဲလ္ဆီးအသင္းက ပြဲကို အားေကာင္းေမာင္းသန္နဲ႔ စတင္နိုင္ခဲ့ၿပီး အေစာပိုင္းပြဲကစားခ်ိန္ေတြကို လႊမ္းမိုးထားနိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ တိုက္စစ္မွာ တီမို ဗာနာနဲ႔ ခိုင္ ဟာဗတ္ဇ္တို႔ကို ဦးေဆာင္ေစၿပီး ၃-၄-၁-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဒဏ္ရာေၾကာင့္ ႐ူဒီဂါ၊ ရီးစ္ ဂ်ိမ္းစ္၊ ခရစၥတင္ဆန္တို႔လို ပုံမွန္ပြဲထြက္ကစားသမားေတြကို ဆုံးရႈံးခဲ့ၿပီး ရလဒ္အေနနဲ႔ သီေယဂို ေဆးလ္ဗား၊ အက္ဇ္ပီလီေကြတာ၊ ခ်ာလိုဘက္တို႔နဲ႔ ပြဲထြက္ခဲ့ရပါတယ္။ အိမ္ရွင္ခ်ဲလ္ဆီးဟာ ပထမပိုင္း ၁၀ မိနစ္ကေန ၁၅ မိနစ္အတြင္း ေဘာလုံးပိုင္ဆိုင္မႈ ၈၀ ရာခိုင္ႏႈန္းဝန္းက်င္အထိ ရွိခဲ့ၿပီး ကြင္းလယ္မွာ လႊမ္းမိုးထားနိုင္ခဲ့ပါတယ္။

ကြန္ေတဟာ ကြင္းလယ္နဲ႔ တိုက္စစ္ကို အစုန္အဆန္ ကစားေပးခဲ့ၿပီး ခ်ဲလ္ဆီးအတြက္ ေဘာလုံးသယ္ယူေပးသူအျဖစ္ မၾကာခဏ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳဟာ ကြင္းလယ္ခံစစ္ေနရာမွာ ကစားေပးၿပီး ၎ရဲ့ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈနဲ႔ ကစားကြက္ကို ပုံေဖာ္ေပးေနခဲ့တာျဖစ္ပါတယ္။ ေလာ့ဖ္တပ္စ္-ခ်ိခ္ဟာ ကစားေနက်မဟုတ္တဲ့ ညာေနာက္ခံေတာင္ပံမွာ ပြဲထြက္ကစားေပးခဲ့ၿပီး ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ေပးပို႔မႈအခ်ိဳ႕ ျပဳလုပ္နႋဳင္ခဲ့သလို ညာေတာင္ပံကေနတဆင့္ အတြင္းပိုင္းအထိ ထိုးေဖာက္ဝင္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဝက္စ္ဟမ္းရဲ့ ခံစစ္ ၃ ဦးဟာ ႀကံ့ႀကံ့ခံၿပီး ခ်ဲလ္ဆီး တိုက္စစ္ကို ျဖတ္ေတာက္နိုင္ခဲ့တာေၾကာင့္ အိမ္ရွင္အေနနဲ႔ ၁၈ မိနစ္မွ ပထမဆုံး ေထာင့္ကန္ေဘာကို ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.