Premier League

ဒိုင်ကူလို့ လီဗာပူးလ်က အနိုင်ရရှိသွားတာလို့ ပြောလိုက်တဲ့ လမ်းပတ်

အဲဗာတန်အသင်းနည်းပြ ဖရန့်ခ် လမ်းပတ်က မာဆေးဆိုဒ် ဒါဘီပွဲစဉ်က ဆုံးဖြတ်ချက်တွေကို မကျေမနပ်ဖြစ်ခဲ့ပြီး ဒိုင်လူကြီးတွေက လီဗာပူးလ်ကို မျက်နှာသာပေးခဲ့ကြတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လမ်းပတ်က တနင်္ဂနွေနေ့ညနေက လီဗာပူးလ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ၎င်းရဲ့ အသင်းအနေနဲ့ ပင်နယ်တီ ရရှိခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အဲဗာတန်အသင်းက ချေပဂိုး သွင်းယူဖို့ ကြိုးပမ်းနေချိန်မှာ မာတစ်ပ်ရဲ့ဖျက်ထုတ်မှုကြောင့် ပင်နယ်တီ ဧရိယာထဲမှာ အန်သိုနီ ဂေါ်ဒွန် လဲကျသွားခဲ့ပေမယ့် ဒိုင်လူကြီး စတူးဝပ် အတ်ထ်ဝဲလ်က ပင်နယ်တီသတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဗာတန်နည်းပြ လမ်းပတ်က ဒိုင်လူကြီးအနေနဲ့ ဂေါ်ဒွန်နေရာမှာ မိုဟာမက် ဆာလားသာ လဲကျသွားတာဆိုရင် ပင်နယ်တီ ပေးလိမ့်မယ်လို့ ယုံကြည်နေပြီး အန်းဖီးမှာ လီဗာပူးလ်ကို ဒိုင်က မျက်နှာသာပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “ဒုတိယပိုင်းမှာ ကျွန်တော်တို့အတွက် ပင်နယ်တီပါ။ အဲဒါတွေကို ခင်ဗျား နားလည်မယ်မထင်ပါဘူး။ တကယ်လို့ မို ဆာလားသာ အဲဒီနေရာမှာဆိုရင် သူ ပင်နယ်တီ ရမှာပါ”

“ကျွန်တော် ပဋိပက္ခတွေဖြစ်အောင် ဖန်တီးဖို့ ကြိုးပမ်းနေတာမဟုတ်ပါဘူး။ အဲဒါက တစ်ခါတလေ ဘောလုံးရဲ့ ပကတိအမှန်တရားပဲဆိုတာကို ပြောချင်တာပါ။ ကျွန်တော်တို့ လိဂ်ထိပ်တန်းရောက်နေတဲ့အချိန်မှာ ကျွန်တော် ကစားခဲ့တဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူအုပ်စုကြီးက သူတို့နောက်မှာရှိပြီး ခင်ဗျား သူတို့ရဲ့ ထောက်ခံမှုကို ရမယ် ဒါမှမဟုတ်ရင် ခင်ဗျား မရဘူး။ ကျွန်တော့်အတွက်တော့ အန်သိုနီအပေါ်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာ သေချာတယ်။ အဲဒါက ပြစ်ဒဏ်ကျူးလွန်မှုပဲ။ ခင်ဗျား ဒီနေရာမှာ အဲဒါတွေကို နားလည်နိုင်မှာမဟုတ်ပါဘူး”

“သူတို့တွေ အခုဆိုရင် အဲဒါကို ဖွင့်ပြောနေကြပြီလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အဲဒါက ပြီးသွားပါပြီ။ အဲဒါက စိတ်ပျက်စရာပါပဲ။ အေးစက်တဲ့ နေ့အလင်းရောင်ထဲမှာ အဲဒါက ပင်နယ်တီပဲလို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ် ဂန္တဝင် ဂျေမီ ကာရေဂါက နည်းပြ ဖရန့်ခ် လမ်းပတ် တာဝန်ယူပြီးကတည်းက ပေါ်လွင်ထင်ရှားသူဖြစ်လာတဲ့ လူငယ်ကစားသမား အန်သိုနီ ဂေါ်ဒွန်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ဒိုင်ဗင်ထိုးချင်စိတ်ကိုတော့ သတိပေးပြောဆိုခဲ့ပါတယ်။ ဂေါ်ဒွန်ဟာ တနင်္ဂနွေနေ့ညနေက လီဗာပူးလ်အသင်းကို ပြဿနာဖြစ်စေခဲ့သူဖြစ်ပြီး ပထမပိုင်းမှာ နာဘီ ကီးတားနဲ့ ထိတွေ့ခဲ့ဟန်နဲ့ ဒိုင်ဗင်ထိုးခဲ့တာကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Sky Sports အတွက် ပွဲကြေညာသူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံကစားသမားဟောင်း ကာရေဂါက လူငယ်ကစားသမားရဲ့ ပွဲစဉ်အတွင်း ကစားဟန်ကို သတိပြုမိခဲ့ပြီး ဂေါ်ဒွန်ကို မျက်စိဒေါက်ထောက်ကြည့်နေမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “အန်သိုနီ ဂေါ်ဒွန်က လမ်းပတ်ရောက်လာကတည်းက ပေါ်လွင်ထင်ရှားလာခဲ့ပါတယ်။ သူက နာဘီ ကီးတားရဲ့ ဆန့်ထားတဲ့ ခြေထုတ်အပေါ်ကို ခုန်ခဲ့တာပါ။ အန်သိုနီ ဂေါ်ဒွန်ဆီက ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။ ပွဲစဉ်အနည်းငယ်မှာ ကျွန်တော် သူ အဲဒီလိုလုပ်တာ မြင်တွေ့ခဲ့ပါတယ်”

“သူ စိတ်ပျက်ခဲ့တယ်။ သူ မယုံနိုင်ဘူး။ ဒါပေမယ့် အဲဒါက သူ့ရဲ့ အကျင့်လိုမျိုး ဖြစ်လာနေပါပြီ။ သူက ကျွန်တော်တို့ အခု မျက်စိဒေါက်ထောက်ကြည့်ရမယ့် တစ်စုံတယောက်ပဲ။ အဲဒါက ပင်နယ်တီလို့ ကျွန်တော် မထင်ပါဘူး။ ဒိုင်လူကြီးက အရမ်းကောင်းတဲ့ နေရာမှာ ရှိနေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

အန်သိုနီ ဂေါ်ဒွန်ဟာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း လီဗာပူးလ်နဲ့ပွဲမှာ ၎င်းရဲ့ ညစ်တတ်တဲ့ ဉာဉ်ကြောင့် အခုလို ဝေဖန်မှုတွေ ခံနေရတာဖြစ်ပြီး အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်တုန်းကလည်း နူနို တာဗာရက်စ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တက်နင်းခဲ့ဖူးသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲဗာတန္အသင္းနည္းၿပ ဖရန႔္ခ္ လမ္းပတ္က မာေဆးဆိုဒ္ ဒါဘီပြဲစဥ္က ဆုံးျဖတ္ခ်က္ေတြကို မေက်မနပ္ျဖစ္ခဲ့ၿပီး ဒိုင္လူႀကီးေတြက လီဗာပူးလ္ကို မ်က္ႏွာသာေပးခဲ့ၾကတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

လမ္းပတ္က တနဂၤေႏြေန႔ညေနက လီဗာပူးလ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ၎ရဲ့ အသင္းအေနနဲ႔ ပင္နယ္တီ ရရွိခဲ့သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ အဲဗာတန္အသင္းက ေခ်ပဂိုး သြင္းယူဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ မာတစ္ပ္ရဲ့ဖ်က္ထုတ္မႈေၾကာင့္ ပင္နယ္တီ ဧရိယာထဲမွာ အန္သိုနီ ေဂၚဒြန္ လဲက်သြားခဲ့ေပမယ့္ ဒိုင္လူႀကီး စတူးဝပ္ အတ္ထ္ဝဲလ္က ပင္နယ္တီသတ္မွတ္ေပးခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဗာတန္နည္းၿပ လမ္းပတ္က ဒိုင္လူႀကီးအေနနဲ႔ ေဂၚဒြန္ေနရာမွာ မိုဟာမက္ ဆာလားသာ လဲက်သြားတာဆိုရင္ ပင္နယ္တီ ေပးလိမ့္မယ္လို႔ ယုံၾကည္ေနၿပီး အန္းဖီးမွာ လီဗာပူးလ္ကို ဒိုင္က မ်က္ႏွာသာေပးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔အတြက္ ပင္နယ္တီပါ။ အဲဒါေတြကို ခင္ဗ်ား နားလည္မယ္မထင္ပါဘူး။ တကယ္လို႔ မို ဆာလားသာ အဲဒီေနရာမွာဆိုရင္ သူ ပင္နယ္တီ ရမွာပါ”

“ကၽြန္ေတာ္ ပဋိပကၡေတြျဖစ္ေအာင္ ဖန္တီးဖို႔ ႀကိဳးပမ္းေနတာမဟုတ္ပါဘူး။ အဲဒါက တစ္ခါတေလ ေဘာလုံးရဲ့ ပကတိအမွန္တရားပဲဆိုတာကို ေျပာခ်င္တာပါ။ ကၽြန္ေတာ္တို႔ လိဂ္ထိပ္တန္းေရာက္ေနတဲ့အခ်ိန္မွာ ကၽြန္ေတာ္ ကစားခဲ့တဲ့ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ လူအုပ္စုႀကီးက သူတို႔ေနာက္မွာရွိၿပီး ခင္ဗ်ား သူတို႔ရဲ့ ေထာက္ခံမႈကို ရမယ္ ဒါမွမဟုတ္ရင္ ခင္ဗ်ား မရဘူး။ ကၽြန္ေတာ့္အတြက္ေတာ့ အန္သိုနီအေပၚမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာ ေသခ်ာတယ္။ အဲဒါက ျပစ္ဒဏ္က်ဴးလြန္မႈပဲ။ ခင္ဗ်ား ဒီေနရာမွာ အဲဒါေတြကို နားလည္နိုင္မွာမဟုတ္ပါဘူး”

“သူတို႔ေတြ အခုဆိုရင္ အဲဒါကို ဖြင့္ေျပာေနၾကၿပီလို႔ ကၽြန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အဲဒါက ၿပီးသြားပါၿပီ။ အဲဒါက စိတ္ပ်က္စရာပါပဲ။ ေအးစက္တဲ့ ေန႔အလင္းေရာင္ထဲမွာ အဲဒါက ပင္နယ္တီပဲလို႔ ကၽြန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ ဂႏၲဝင္ ေဂ်မီ ကာေရဂါက နည္းၿပ ဖရန႔္ခ္ လမ္းပတ္ တာဝန္ယူၿပီးကတည္းက ေပၚလြင္ထင္ရွားသူျဖစ္လာတဲ့ လူငယ္ကစားသမား အန္သိုနီ ေဂၚဒြန္ကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ၎ရဲ့ ဒိုင္ဗင္ထိုးခ်င္စိတ္ကိုေတာ့ သတိေပးေျပာဆိုခဲ့ပါတယ္။ ေဂၚဒြန္ဟာ တနဂၤေႏြေန႔ညေနက လီဗာပူးလ္အသင္းကို ျပႆနာျဖစ္ေစခဲ့သူျဖစ္ၿပီး ပထမပိုင္းမွာ နာဘီ ကီးတားနဲ႔ ထိေတြ႕ခဲ့ဟန္နဲ႔ ဒိုင္ဗင္ထိုးခဲ့တာေၾကာင့္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရတာျဖစ္ပါတယ္။

Sky Sports အတြက္ ပြဲေၾကညာသူအျဖစ္ ေဆာင္ရြက္ေနတဲ့ လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း ကာေရဂါက လူငယ္ကစားသမားရဲ့ ပြဲစဥ္အတြင္း ကစားဟန္ကို သတိျပဳမိခဲ့ၿပီး ေဂၚဒြန္ကို မ်က္စိေဒါက္ေထာက္ၾကည့္ေနမိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “အန္သိုနီ ေဂၚဒြန္က လမ္းပတ္ေရာက္လာကတည္းက ေပၚလြင္ထင္ရွားလာခဲ့ပါတယ္။ သူက နာဘီ ကီးတားရဲ့ ဆန႔္ထားတဲ့ ေျခထုတ္အေပၚကို ခုန္ခဲ့တာပါ။ အန္သိုနီ ေဂၚဒြန္ဆီက ရည္ရြယ္ခ်က္နဲ႔ လုပ္ခဲ့တာပါ။ ပြဲစဥ္အနည္းငယ္မွာ ကၽြန္ေတာ္ သူ အဲဒီလိုလုပ္တာ ျမင္ေတြ႕ခဲ့ပါတယ္”

“သူ စိတ္ပ်က္ခဲ့တယ္။ သူ မယုံနိုင္ဘူး။ ဒါေပမယ့္ အဲဒါက သူ႔ရဲ့ အက်င့္လိုမ်ိဳး ျဖစ္လာေနပါၿပီ။ သူက ကၽြန္ေတာ္တို႔ အခု မ်က္စိေဒါက္ေထာက္ၾကည့္ရမယ့္ တစ္စုံတေယာက္ပဲ။ အဲဒါက ပင္နယ္တီလို႔ ကၽြန္ေတာ္ မထင္ပါဘူး။ ဒိုင္လူႀကီးက အရမ္းေကာင္းတဲ့ ေနရာမွာ ရွိေနခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အန္သိုနီ ေဂၚဒြန္ဟာ အရည္အခ်င္းရွိတဲ့ လူငယ္ကစားသမားတစ္ဦးျဖစ္ေပမယ့္လည္း လီဗာပူးလ္နဲ႔ပြဲမွာ ၎ရဲ့ ညစ္တတ္တဲ့ ဉာဥ္ေၾကာင့္ အခုလို ေဝဖန္မႈေတြ ခံေနရတာျဖစ္ၿပီး အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္တုန္းကလည္း ႏူနို တာဗာရက္စ္ကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ တက္နင္းခဲ့ဖူးသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.