Match Report Premier League

ဝုလ်ဗ်စ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာပဲ နေချင်တယ်ဆိုတာ သက်သေပြသခဲ့တဲ့ ဘန်လေ

မာဂျေး ဗီဒရာရဲ့ သွင်းဂိုးကြောင့် ဘန်လေအသင်းဟာ တနင်္ဂနွေနေ့ညက ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်တဲ့ အခွင့်အရေး ပိုမို အားကောင်းလာခဲ့ပြီဖြစ်ပါတယ်။

ကြာသပတေးနေ့က ဆောက်သမ်တန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂ ပွဲဆက် နိုင်ပွဲ ရရှိခဲ့တဲ့ ဘန်လေဟာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဘန်လေဟာ မာဆေးဆိုဒ် ဒါဘီပွဲမှာ လီဗာပူးလ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တစ်ပွဲလျော့ အဲဗာတန်ရဲ့ အထက် ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဗီဒရာဟာ မက်စ်ဝဲလ် ကောနတ် ဒဏ်ရာရရှိနေတဲ့အတွက် ၂၀၂၂ ခုနှစ်ထဲမှာ ဒုတိယအကြိမ်မြောက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ၆၂ မိနစ်မှာ ဝက်ခေါ့စ်တ်ရဲ့ ပေးပို့မှုကနေတဆင့် ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်အသင်းဟာ ပထမပိုင်းမှာ ပိုမိုအားကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့်လည်း ဘန်လေအသင်းက ဦးဆောင်ဂိုး သွင်းယူသွားပြီးနောက်မှာ ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းတုန်းက ဂျွန်နီ အော့တိုရဲ့ အားပါပြင်းထန်တဲ့ ကန်သွင်းချက်ကို နစ်ခ် ပုပ်က ကာကွယ်နိုင်ခဲ့တာက ဝုလ်ဗ်စ်အသင်းရဲ့ ဂိုးသွင်းယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်အသင်းအတွက်တော့ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့မှုက ဥရောပဝင်ခွင့်နေရာအတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီဖြစ်ပြီး အဆင့် ၇ နေရာမှာ တစ်ပွဲပိုနေတဲ့ ဝက်စ်ဟမ်းနဲ့ ၃ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။

နည်းပြ ရှောင် ဒိုက်ချ်ကို ထုတ်ပယ်ပြီးနောက် ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ပုံစံအသစ်နဲ့အတူ အရှိန်ရနေတဲ့ ဘန်လေဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နေစေဖို့အတွက် ၂ မှတ်သာကွာဟနေတဲ့ အဆင့် ၁၆ နေရာက လိဒ်စ်ကို အမီလိုက်ဖို့ ကြိုးပမ်းတော့မှာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ ယနေ့ည ခရစ္စတယ် ပဲလေ့စ် အိမ်ကွင်း ဆဲလ်ဟတ်စ် ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမှတ်ကွာဟမှုကို တိုးမြှင့်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဘန်လေအသင်းဟာ ယာယီနည်းပြ ဂျက်ဆင်လက်အောက်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် ၅ ပွဲမှာ ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရရှိခဲ့ပြီဖြစ်တာဖြစ်ပြီး ဘန်လေအသင်းဟာ ပထမပိုင်း ၆ မိနစ်လောက်မှာ နေသန် ကောလင်းနဲ့ ကော်နာ ရောဘတ်တို့ရဲ့အမှားကနေ အဖွင့်ဂိုးပေးရလုနီးပါး ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဝုလ်ဗ်စ် တိုက်စစ်မှူး ရာအူးလ် ဟီမဲနက်ဇ်ရဲ့ ဘယ်ခြေနဲ့ ကန်ချက်ဟာ ဘန်လေဂိုးသမား နစ်ခ် ပုပ်ရဲ့ အလွယ်တကူ ကာကွယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ ပထမပိုင်းမှာ ပိုမို ခြိမ်းခြောက်နိုင်ခဲ့ပြီး နောက်ခံတောင်ပံကစားသမား ဂျွန်နီက နစ်ခ် ပုပ်ရဲ့ ဂိုးအပေါ်ထောင့်ကို ဝိုက်ကန်ချက်နဲ့ သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အင်္ဂလန်ဂိုးသမားက လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ဘန်လေတို့ သက်သာခဲ့တာဖြစ်ပါတယ်။

ဘန်လေကလည်း တောက်ပနေခဲ့ပုံ ပေါ်ပေမယ့်လည်း ပထမပိုင်းမှာ အန္တရာယ်ရှိတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဒွိုက် မက်နေးလ်ဟာ ဘယ်ခြေနဲ့ ဝုလ်ဗ်စ်ဂိုးသမား ဟိုဆေး ဆာကို အလဲထိုးဖို့ ကြိုးပမ်းခဲ့ရာမှာ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၆ မိနစ်အကြာမှာ ဝုလ်ဗ်စ် နောက်ခံတောင်ပံကစားသမား နယ်လ်ဆန် ဆီမီဒိုက ဘန်လေအသင်းဘက်ကို အပြင်းကန်သွင်းခဲ့ရာမှာ နစ်ခ် ပုပ်က အလွန်ကောင်းမွန်တဲ့ ကာကွယ်ပုတ်ထုတ်မှုကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘန်လေအသင်းဟာ ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၅ မိနစ်ကျော်ကြာပြီးနောက်မှာ ညာတောင်ပံကနေ မက်နေးလ်က ပင်နယ်တီဧရိယာထိပ်နားမှာ ပြေးထွက်ဖို့ စောင့်ဆိုင်းနေတဲ့ ဝက်ခေါ့စ်တ်ကို အကွက်မြင်မြင် ပေးပို့ခဲ့ရာမှာ ဝက်ခေါ့စ်တ်က ဂိုးရှေ့ကို ချိုးပေးလိုက်ပြီး ဗီဒရာက အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘန်လေအသင်းဟာ လာမယ့်စနေနေ့မှာ တန်းဆင်းဇုန်ထဲက လွတ်ဖို့ ရုန်းကန်နေရတဲ့ ဝက်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယာယီနည်းပြ ဂျက်ဆင်လက်အောက်မှာ ဘဝသစ်ပြန်လည်စတင်နိုင်ခဲ့ပြီးနောက် အနိုင် ၃ မှတ် ရယူသွားဖို့ ယုံကြည်ချက်အပြည့်နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မာေဂ်း ဗီဒရာရဲ့ သြင္းဂိုးေၾကာင့္ ဘန္ေလအသင္းဟာ တနဂၤေႏြေန႔ညက ဝုလ္ဗ္စ္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္နိုင္တဲ့ အခြင့္အေရး ပိုမို အားေကာင္းလာခဲ့ၿပီျဖစ္ပါတယ္။

ၾကာသပေတးေန႔က ေဆာက္သမ္တန္ကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ၂ ပြဲဆက္ နိုင္ပြဲ ရရွိခဲ့တဲ့ ဘန္ေလဟာ ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ ဘန္ေလဟာ မာေဆးဆိုဒ္ ဒါဘီပြဲမွာ လီဗာပူးလ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ တစ္ပြဲေလ်ာ့ အဲဗာတန္ရဲ့ အထက္ ၂ မွတ္အကြာကို တက္လွမ္းနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဗီဒရာဟာ မက္စ္ဝဲလ္ ေကာနတ္ ဒဏ္ရာရရွိေနတဲ့အတြက္ ၂၀၂၂ ခုႏွစ္ထဲမွာ ဒုတိယအႀကိမ္ေျမာက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ၆၂ မိနစ္မွာ ဝက္ေခါ့စ္တ္ရဲ့ ေပးပို႔မႈကေနတဆင့္ ပင္နယ္တီဧရိယာထိပ္ကေန ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဝုလ္ဗ္စ္အသင္းဟာ ပထမပိုင္းမွာ ပိုမိုအားေကာင္းတဲ့အသင္းျဖစ္ခဲ့ေပမယ့္လည္း ဘန္ေလအသင္းက ဦးေဆာင္ဂိုး သြင္းယူသြားၿပီးေနာက္မွာ ျပန္လည္ေခ်ပနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းတုန္းက ဂၽြန္နီ ေအာ့တိုရဲ့ အားပါျပင္းထန္တဲ့ ကန္သြင္းခ်က္ကို နစ္ခ္ ပုပ္က ကာကြယ္နိုင္ခဲ့တာက ဝုလ္ဗ္စ္အသင္းရဲ့ ဂိုးသြင္းယူနိုင္ဖို႔ အနီးစပ္ဆုံးအေျခအေန ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဝုလ္ဗ္စ္အသင္းအတြက္ေတာ့ ၄ ပြဲမွာ ၃ ပြဲအထိ ရႈံးနိမ့္ခဲ့မႈက ဥေရာပဝင္ခြင့္ေနရာအတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီျဖစ္ၿပီး အဆင့္ ၇ ေနရာမွာ တစ္ပြဲပိုေနတဲ့ ဝက္စ္ဟမ္းနဲ႔ ၃ မွတ္သာ ကြာဟေနတာ ျဖစ္ပါတယ္။

နည္းၿပ ေရွာင္ ဒိုက္ခ်္ကို ထုတ္ပယ္ၿပီးေနာက္ ၂ ပြဲနိုင္ ၁ ပြဲသေရနဲ႔ ပုံစံအသစ္နဲ႔အတူ အရွိန္ရေနတဲ့ ဘန္ေလဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ေနေစဖို႔အတြက္ ၂ မွတ္သာကြာဟေနတဲ့ အဆင့္ ၁၆ ေနရာက လိဒ္စ္ကို အမီလိုက္ဖို႔ ႀကိဳးပမ္းေတာ့မွာျဖစ္ပါတယ္။ လိဒ္စ္ယူနိုက္တက္အသင္းဟာ ယေန႔ည ခရစၥတယ္ ပဲေလ့စ္ အိမ္ကြင္း ဆဲလ္ဟတ္စ္ ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အမွတ္ကြာဟမႈကို တိုးျမႇင့္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ဘန္ေလအသင္းဟာ ယာယီနည္းၿပ ဂ်က္ဆင္လက္ေအာက္မွာ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၅ ပြဲမွာ ပရီးမီးယားလိဂ္ ၃ ပြဲဆက္ အနိုင္ရရွိခဲ့ၿပီျဖစ္တာျဖစ္ၿပီး ဘန္ေလအသင္းဟာ ပထမပိုင္း ၆ မိနစ္ေလာက္မွာ ေနသန္ ေကာလင္းနဲ႔ ေကာ္နာ ေရာဘတ္တို႔ရဲ့အမွားကေန အဖြင့္ဂိုးေပးရလုနီးပါး ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒဏ္ရာကေန ျပန္လည္သက္သာလာတဲ့ ဝုလ္ဗ္စ္ တိုက္စစ္မႉး ရာအူးလ္ ဟီမဲနက္ဇ္ရဲ့ ဘယ္ေျခနဲ႔ ကန္ခ်က္ဟာ ဘန္ေလဂိုးသမား နစ္ခ္ ပုပ္ရဲ့ အလြယ္တကူ ကာကြယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဝုလ္ဗ္စ္အသင္းဟာ ပထမပိုင္းမွာ ပိုမို ၿခိမ္းေျခာက္နိုင္ခဲ့ၿပီး ေနာက္ခံေတာင္ပံကစားသမား ဂၽြန္နီက နစ္ခ္ ပုပ္ရဲ့ ဂိုးအေပၚေထာင့္ကို ဝိုက္ကန္ခ်က္နဲ႔ သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အဂၤလန္ဂိုးသမားက လက္စြမ္းၿပ ပုတ္ထုတ္ကာကြယ္နိုင္ခဲ့တာေၾကာင့္ ဘန္ေလတို႔ သက္သာခဲ့တာျဖစ္ပါတယ္။

ဘန္ေလကလည္း ေတာက္ပေနခဲ့ပုံ ေပၚေပမယ့္လည္း ပထမပိုင္းမွာ အႏၲရာယ္ရွိတဲ့ အခြင့္အေရးေတြ ဖန္တီးနိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ဒြိဳက္ မက္ေနးလ္ဟာ ဘယ္ေျခနဲ႔ ဝုလ္ဗ္စ္ဂိုးသမား ဟိုေဆး ဆာကို အလဲထိုးဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ကန္ခ်က္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၆ မိနစ္အၾကာမွာ ဝုလ္ဗ္စ္ ေနာက္ခံေတာင္ပံကစားသမား နယ္လ္ဆန္ ဆီမီဒိုက ဘန္ေလအသင္းဘက္ကို အျပင္းကန္သြင္းခဲ့ရာမွာ နစ္ခ္ ပုပ္က အလြန္ေကာင္းမြန္တဲ့ ကာကြယ္ပုတ္ထုတ္မႈကို ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ဘန္ေလအသင္းဟာ ဒုတိယပိုင္းျပန္လည္စတင္ၿပီး ၁၅ မိနစ္ေက်ာ္ၾကာၿပီးေနာက္မွာ ညာေတာင္ပံကေန မက္ေနးလ္က ပင္နယ္တီဧရိယာထိပ္နားမွာ ေျပးထြက္ဖို႔ ေစာင့္ဆိုင္းေနတဲ့ ဝက္ေခါ့စ္တ္ကို အကြက္ျမင္ျမင္ ေပးပို႔ခဲ့ရာမွာ ဝက္ေခါ့စ္တ္က ဂိုးေရွ႕ကို ခ်ိဳးေပးလိုက္ၿပီး ဗီဒရာက အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဘန္ေလအသင္းဟာ လာမယ့္စေနေန႔မွာ တန္းဆင္းဇုန္ထဲက လြတ္ဖို႔ ႐ုန္းကန္ေနရတဲ့ ဝက္ဖို႔ဒ္အသင္းနဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ယာယီနည္းၿပ ဂ်က္ဆင္လက္ေအာက္မွာ ဘဝသစ္ျပန္လည္စတင္နိုင္ခဲ့ၿပီးေနာက္ အနိုင္ ၃ မွတ္ ရယူသြားဖို႔ ယုံၾကည္ခ်က္အျပည့္နဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.