Match Report Premier League

မာဆေးဆိုက်ဒါဘီမှာ အဲဗာတန် တန်းဆင်းဖို့ အားပေးလိုက်တဲ့ လီဗာပူးလ်ရဲ့ နိုင်ပွဲ

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲကို အိမ်ကွင်းမှာ ကစားခဲ့ရချိန်မှာ အယ်လစ်ဆန်၊ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့ ခံစစ်မှာ လူစုံကစားလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ကီတာတို့ သုံးယောက်တွဲကို ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ မာနေး၊ ဆာလားနဲ့ ဂျိုတာတို့ပဲ ပွဲထွက်လာခဲ့ကြပါတယ်။

အဲဗာတန်တို့ကတော့ ခံစစ်မှာ ပစ်ခ်ဖို့ဒ်၊ ဟိုလ်ဂိတ်၊ မိုက်ကယ်ကီးန်၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လန်၊ ဒူကူရေးနဲ့ အီဝိုဘီတို့ ကစားလာခဲ့ကြသလို တိုက်စစ်မှာတော့ ရစ်ချာလစ်ဆန်၊ ဂေါ်ဒန်နဲ့ ဒီမာရိုင် ဂရေးတို့ကို နည်းပြ လမ်းပတ်က သုံးစွဲလာခဲ့တာပါ။

နှစ်ဖက် အပြန်အလှန် ကစားနိုင်ခဲ့ကြပေမယ့် လီဗာပူးလ်ဘက်က အဆုံးသတ်တွေ မကောင်းခဲ့သလို အဲဗာတန်ဘက်ကတော့ ဂေါ်ဒန်တစ်ယောက် ကီးတားနဲ့ မထိဘဲ ပင်နယ်တီဧရိယာထဲမှာ ဒိုက်ထိုးတာမိပြီး အဝါပြခံခဲ့ရလို့ အရှက်ရခဲ့ချိန်မှာ ဘယ်သူကန်ကန် ဂိုးပေါက်လွဲတဲ့ ပထမပိုင်းကတော့ စိတ်ပျက်စရာပဲဖြစ်ခဲ့ပါတယ်။

မာဆေးဆိုက်ရဲ့ အရင်ဒါဘီတွေကို ကစားပုံနဲ့ ကွင်းထဲက ရုန်းအားတွေမှာ ခြေဖျားတောင် မမီခဲ့ပေမယ့် ပြဿနာရှာမှုအပိုင်းမှာတော့ မနီးရိုးစွဲ လိုက်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဖာဘင်ညိုကို နောက်ကနေ တစ်ကြိမ်ဆွဲပြီး တစ်ကြိမ်ခြေချိတ်တဲ့ ဒူကူရေးကို ဒိုင်လူကြီး အက်ထ်ဝဲလ်က အဝါပြပြီး ထိန်းခဲ့ရစဉ်မှာ နှစ်သင်းကြား လူစုလူဝေးဖြစ်ခဲ့အပြီးမှာတော့ ပထမပိုင်းက ဂိုးမရှိ သရေနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ ဂေါ်ဒန်ကို ဧရိယာထဲမှာ မာတစ်ပ်က တံတောင်နဲ့ တွန်းချခဲ့ပေမယ့် ပထမပိုင်းက မယုံကြည်စရာ ဟန်ဆောင်လှဲချမှုရဲ့ နောက်ဆက်တွဲအဖြစ် ဒိုင်လူကြီးက ပယ်ချသွားခဲ့သလို အဲဗာတန်တို့ကတော့ နည်းပြသစ် လမ်းပတ် ပြောင်းလဲတာဝန်ယူကတည်းက ပိုမိုတိုးတက်လာခဲ့တာကတော့ လွဲချော်မှုတွေပဲဖြစ်နေတာကြောင့် ဂိုးရဖို့ ခက်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ခြေစွမ်းမပြနိုင်တဲ့ မာနေးနဲ့ ဂျိုတာအစား လူးဝစ် ဒီယက်ဇ်နဲ့ အိုရီဂီတို့ ဝင်ကစားလာခဲ့ပြီး နှစ်မိနစ် အကြာမှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာလား မ,ပေးလိုက်တဲ့ ဘောလုံးကို ဘယ်နောက်ခံလူ ရောဘတ်ဆန်က ပြေးထွက်လာတဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ဘေးက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

လူးဝစ် ဒီယက်ဇ်ရဲ့ ဘယ်ခြမ်းက အတိုးအလှုပ်တွေမှာ အဲဗာတန်တို့ ပြိုလဲစပြုလာခဲ့ပြီး ခံစစ်နဲ့ ဂိုးသမားတို့ အသည်းအသန် ကာကွယ်နေခဲ့ရသလို လီဗာပူးလ်တို့ ကစားကွက် ပိုချောင်လာခဲ့ပြီး ဖိကစားခဲ့ချိန်မှာ ဧည့်သည်တွေကတော့ ကောင်တာချောင်းဖို့ပဲ လုပ်နေခဲ့ပြီး အယ်လန်နဲ့ ဂရေးတို့နေရာတွေမှာ ဒယ်လီ အယ်လီနဲ့ ရွန်ဒွန်တို့ကို ထည့်ကစားပြီး ဂိုးရဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ပြန်ကျလာတာကို ဟန်ဒါဆန်က ဖြတ်တင်ပေးရာမှာ လူးဝစ် ဒီယက်ဇ်ရဲ့ Scissors Kick ကန်ချက်က မြေထောက်ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ် ဟန်ချက်ပျက်နေခဲ့ချိန်မှာ အိုရီဂီက အနီးကပ် ခေါင်းဝင်တိုက်ပြီး အနိုင်ရလဒ်ကို ပြတ်သားစေခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး ဦးဆောင်သူ မန်စီးတီးနောက်ကို ထပ်ကြပ်လိုက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဖိအားပေးနိုင်ခဲ့ချိန်မှာ ပရိသတ်တွေအနေနဲ့ နောက်ဆုံးအချိန်အထိ ဘယ်သူက ဗိုလ်စွဲသွားမလဲဆိုတာ စောင့်ကြည့်ရဖို့ ရင်ခုန်စရာလည်းဖြစ်လာခဲ့ပါတယ်။

ဒီနေ့ပွဲကို ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်တို့ကတော့ အဝေးကွင်းမှာ အထိနာခဲ့ရသလို နောက်က ဘန်လေက ဝုလ်ဗ်စ်နဲ့ပွဲမှာ အဖိုးတန်သုံးမှတ်ကို ရယူသွားခဲ့တာကြောင့် အဆင့် ၁၇ ကနေ တန်းဆင်းဇုန် အဆင့် ၁၈ ကို ရောက်သွားခဲ့ရပြီး ယာဂန် ကလော့ပ် ပြောသလို မာဆေးဆိုက်ဒါဘီကို လွမ်းရတော့မှာလားလို့ တွေးစရာဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲကို အိမ္ကြင္းမွာ ကစားခဲ့ရခ်ိန္မွာ အယ္လစ္ဆန္၊ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္တို႔ ခံစစ္မွာ လူစုံကစားလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ကီတာတို႔ သုံးေယာက္တြဲကို ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ မာေနး၊ ဆာလားနဲ႔ ဂ်ိဳတာတို႔ပဲ ပြဲထြက္လာခဲ့ၾကပါတယ္။

အဲဗာတန္တို႔ကေတာ့ ခံစစ္မွာ ပစ္ခ္ဖို႔ဒ္၊ ဟိုလ္ဂိတ္၊ မိုက္ကယ္ကီးန္၊ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ အယ္လန္၊ ဒူကူေရးနဲ႔ အီဝိုဘီတို႔ ကစားလာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္၊ ေဂၚဒန္နဲ႔ ဒီမာ႐ိုင္ ဂေရးတို႔ကို နည္းျပ လမ္းပတ္က သုံးစြဲလာခဲ့တာပါ။

ႏွစ္ဖက္ အျပန္အလွန္ ကစားႏိုင္ခဲ့ၾကေပမယ့္ လီဗာပူးလ္ဘက္က အဆုံးသတ္ေတြ မေကာင္းခဲ့သလို အဲဗာတန္ဘက္ကေတာ့ ေဂၚဒန္တစ္ေယာက္ ကီးတားနဲ႔ မထိဘဲ ပင္နယ္တီဧရိယာထဲမွာ ဒိုက္ထိုးတာမိၿပီး အဝါျပခံခဲ့ရလို႔ အရွက္ရခဲ့ခ်ိန္မွာ ဘယ္သူကန္ကန္ ဂိုးေပါက္လြဲတဲ့ ပထမပိုင္းကေတာ့ စိတ္ပ်က္စရာပဲျဖစ္ခဲ့ပါတယ္။

မာေဆးဆိုက္ရဲ႕ အရင္ဒါဘီေတြကို ကစားပုံနဲ႔ ကြင္းထဲက ႐ုန္းအားေတြမွာ ေျခဖ်ားေတာင္ မမီခဲ့ေပမယ့္ ျပႆနာရွာမႈအပိုင္းမွာေတာ့ မနီး႐ိုးစြဲ လိုက္ခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ဖာဘင္ညိဳကို ေနာက္ကေန တစ္ႀကိမ္ဆြဲၿပီး တစ္ႀကိမ္ေျခခ်ိတ္တဲ့ ဒူကူေရးကို ဒိုင္လူႀကီး အက္ထ္ဝဲလ္က အဝါျပၿပီး ထိန္းခဲ့ရစဥ္မွာ ႏွစ္သင္းၾကား လူစုလူေဝးျဖစ္ခဲ့အၿပီးမွာေတာ့ ပထမပိုင္းက ဂိုးမရွိ သေရနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ေဂၚဒန္ကို ဧရိယာထဲမွာ မာတစ္ပ္က တံေတာင္နဲ႔ တြန္းခ်ခဲ့ေပမယ့္ ပထမပိုင္းက မယုံၾကည္စရာ ဟန္ေဆာင္လွဲခ်မႈရဲ႕ ေနာက္ဆက္တြဲအျဖစ္ ဒိုင္လူႀကီးက ပယ္ခ်သြားခဲ့သလို အဲဗာတန္တို႔ကေတာ့ နည္းျပသစ္ လမ္းပတ္ ေျပာင္းလဲတာဝန္ယူကတည္းက ပိုမိုတိုးတက္လာခဲ့တာကေတာ့ လြဲေခ်ာ္မႈေတြပဲျဖစ္ေနတာေၾကာင့္ ဂိုးရဖို႔ ခက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ေျခစြမ္းမျပႏိုင္တဲ့ မာေနးနဲ႔ ဂ်ိဳတာအစား လူးဝစ္ ဒီယက္ဇ္နဲ႔ အိုရီဂီတို႔ ဝင္ကစားလာခဲ့ၿပီး ႏွစ္မိနစ္ အၾကာမွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆာလား မ,ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္က ေျပးထြက္လာတဲ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ ေဘးက ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

လူးဝစ္ ဒီယက္ဇ္ရဲ႕ ဘယ္ျခမ္းက အတိုးအလႈပ္ေတြမွာ အဲဗာတန္တို႔ ၿပိဳလဲစျပဳလာခဲ့ၿပီး ခံစစ္နဲ႔ ဂိုးသမားတို႔ အသည္းအသန္ ကာကြယ္ေနခဲ့ရသလို လီဗာပူးလ္တို႔ ကစားကြက္ ပိုေခ်ာင္လာခဲ့ၿပီး ဖိကစားခဲ့ခ်ိန္မွာ ဧည့္သည္ေတြကေတာ့ ေကာင္တာေခ်ာင္းဖို႔ပဲ လုပ္ေနခဲ့ၿပီး အယ္လန္နဲ႔ ဂေရးတို႔ေနရာေတြမွာ ဒယ္လီ အယ္လီနဲ႔ ႐ြန္ဒြန္တို႔ကို ထည့္ကစားၿပီး ဂိုးရဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန ျပန္က်လာတာကို ဟန္ဒါဆန္က ျဖတ္တင္ေပးရာမွာ လူးဝစ္ ဒီယက္ဇ္ရဲ႕ Scissors Kick ကန္ခ်က္က ေျမေထာက္ၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္ ဟန္ခ်က္ပ်က္ေနခဲ့ခ်ိန္မွာ အိုရီဂီက အနီးကပ္ ေခါင္းဝင္တိုက္ၿပီး အႏိုင္ရလဒ္ကို ျပတ္သားေစခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၿပီး ဦးေဆာင္သူ မန္စီးတီးေနာက္ကို ထပ္ၾကပ္လိုက္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ဖိအားေပးႏိုင္ခဲ့ခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ ေနာက္ဆုံးအခ်ိန္အထိ ဘယ္သူက ဗိုလ္စြဲသြားမလဲဆိုတာ ေစာင့္ၾကည့္ရဖို႔ ရင္ခုန္စရာလည္းျဖစ္လာခဲ့ပါတယ္။

ဒီေန႔ပြဲကို ရႈံးနိမ့္ခဲ့တဲ့ အဲဗာတန္တို႔ကေတာ့ အေဝးကြင္းမွာ အထိနာခဲ့ရသလို ေနာက္က ဘန္ေလက ဝုလ္ဗ္စ္နဲ႔ပြဲမွာ အဖိုးတန္သုံးမွတ္ကို ရယူသြားခဲ့တာေၾကာင့္ အဆင့္ ၁၇ ကေန တန္းဆင္းဇုန္ အဆင့္ ၁၈ ကို ေရာက္သြားခဲ့ရၿပီး ယာဂန္ ကေလာ့ပ္ ေျပာသလို မာေဆးဆိုက္ဒါဘီကို လြမ္းရေတာ့မွာလားလို႔ ေတြးစရာျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.