Match Report Premier League

ဂျော်ဂျင်ညို ပင်နယ်တီလွဲပြီး ဝက်စ်ဟမ်းကို နောက်ကျဂိုးနဲ့ ခက်ခက်ခဲခဲ နိုင်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာတော့ သူတို့ရဲ့ နောက်ထပ် လန်ဒန်ဒါဘီတစ်ပွဲကို နှစ်ပွဲဆက်ကစားခဲ့ရချိန်မှာ ခံစစ်မှာ မန်ဒီ၊ အက်ဇ်ပီလီကွေတာ၊ ချာလိုဘာနဲ့ သီယာဂို ဆေးလ်ဗားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အလွန်ဆို၊ လော့ဖ်တပ်စ်-ချိခ်၊ မန်ဒီနဲ့ ဂျော်ဂျင်ညိုတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်၊ မေဆန်မောင့်နဲ့ တီမို ဗာနာတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား ဖာဘီယန်စကီးရှေ့မှာ လူမစုံနိုင်ဘဲ ဒေါ်ဆန်၊ ဂျွန်ဆန်နဲ့ ခရက်စ်ဝဲလ်တို့ကို ထားခဲ့ရသလို ကွင်းလယ်မှာလည်း မာဆူအာကူ၊ နိုဘယ်လ်၊ ဆိုးချက်ခ်၊ ဆိုဖာလ်တို့နဲ့ ကစားလာခဲ့ပြီး တိုက်စစ်မှာတော့ ဖော်နယ်လ်စ်၊ ယာမိုလန်ကိုနဲ့ ဘင်ရာမာတို့ကို ပွဲထုတ်ခဲ့ချိန်မှာ ရိုက်စ်၊ လန်ဇီနီ၊ အန်တိုနီယို၊ ဘိုဝင်တို့လို ကစားသမားတွေကို ချန်လှပ်ထားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ကွန်တေရဲ့ ဘယ်ခြေကန်ချက် လွဲသွားခဲ့သလို ၁၇ မိနစ်မှာတော့ အက်ဇ်ပီလီကွေတာ လူပေးမှားရာကနေ ဘင်ရာမာက ကန်ခွင့် ရခဲ့ပေမယ့် ထောင့်ကျဉ်းပိတ်ပြီး မန်ဒီက ကာကွယ်သွားနိုင်ခဲ့ပြီး ချဲလ်ဆီးခံစစ်ရဲ့ Pressing ဒဏ် မခံနိုင်ဘဲ သွေးပျက်နေပုံက အန်တိုနီယိုနဲ့ ဘိုဝင်တို့လို ကစားသမားတွေ မပါလို့သာ တော်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးပေါက်မတည့်ခဲ့ကြဘဲ အဆုံးသတ်ပိုင်းတွေက ဆိုးဆိုးရွားရွားဖြစ်နေခဲ့သလို ဂိုးမရှိသရေသာဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ပိုမိုဖိကစားလာနိုင်ခဲ့သလို ပွဲချိန် ၅၇ မိနစ်မှာ ကွန်တေရဲ့ ဧရိယာထိပ်က ကန်ချက် လူထိပြီး လမ်းကြောင်းပြောင်းခဲ့တာကို ကာကွယ်ဖို့ ခက်ခဲနိုင်ပေမယ့် ဖာဘီယန်စကီးက အမိဖမ်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာ နိုဘယ်လ်အစား ဒက်ကလန် ရိုက်စ် ဝင်ကစားလာခဲ့ပြီး ဒါကို တန်ပြန်တိုက်စစ်နဲ့ တုံ့ပြန်ဖို့ကတော့ ယာမိုလန်ကိုနဲ့ ဘင်ရာမာတို့အနေနဲ့ လဒူတွေလို့ ပြောရလောက်အောင် ခြေစွမ်းက ဆိုးရွားလွန်းနေတာကြောင့် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ အနားပေးထားတဲ့ ဘိုဝင်နဲ့ လန်ဇီနီတို့ကို ထပ်ပြီး လူစားလဲခဲ့ရပါတယ်။

တီမို ဗာနာကတော့ ချဲလ်ဆီးတိုက်စစ်က ဖန်တီးပေးသမျှ အခွင့်အရေးအားလုံးကို ဒိုင်ခံဖြုန်းတီးနေခဲ့သလို သူ့ရဲ့ ခြေစွမ်းကတော့ ရေရှည်မှာ ယုံကြည်အားကိုးလို့ မရဘဲ တစ်နေ့ရွှေ တစ်နေ့ငွေဆိုတာကို ပရီးမီးယားလိဂ်ကို စောင့်ကြည့်သူတွေအတွက် သေချာသွားခဲ့တဲ့ ပွဲဖြစ်ခဲ့သလို နည်းပြ တူဟယ်လ်အတွက်တော့ စိတ်ပျက်စရာလဲဖြစ်ခဲ့တာပါ။

ချဲလ်ဆီးတို့ကတော့ ပွဲချိန် ၇၆ မိနစ်မှာ လွဲချော်လွန်းနေသူတွေဖြစ်ကြတဲ့ လျှောက်ဖြုန်း ဗာနာ၊ ဟာဗတ်ဇ်နဲ့ လော့ဖ်တပ်စ်-ချိခ်တို့နေရာမှာ ပူလီရှစ်ချ်၊ လူကာကူးနဲ့ ဇီးယက်ရှ်တို့ကို သုံးယောက် တစ်ပြိုင်နက်တည်း လူစားလဲထည့်သွားခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ ဂိုးသွင်းခွင့်ရသွားတဲ့ လူကာကူးကို နောက်ကနေ ဆွဲထားခဲ့တဲ့ ဝက်စ်ဟမ်းနောက်ခံလူ ဒေါ်ဆန် အနီကတ်နဲ့ အထုတ်ခံရပြီး ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။

ဒီပင်နယ်တီကိုတော့ အီတလီနဲ့ ဘူပိတ်နေပြီး သူ့ကြောင့် ခြေစစ်ပွဲ မအောင်တာလို့ အပြောခံခဲ့ရတဲ့ ဂျော်ဂျင်ညိုက ကန်နေကျအတိုင်း ခုန်ပြီးမှ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဖာဘီယန်စကီးက အေးအေးဆေးဆေး စောင့်ပြီးမှ အမိဖမ်းသွားခဲ့တာကြောင့် ချဲလ်ဆီးတို့ စိတ်ပျက်ခဲ့ကြရပြီး အာဆင်နယ်နဲ့ပွဲက အရှုံးရလဒ်ကို တုံ့ပြန်ဖို့ လိုနေတဲ့ အိမ်ရှင်တွေ စိတ်ပျက်သွားခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် မိနစ် ၉၀ မှာတော့ ချဲလ်ဆီးတို့ ပျော်ရွှင်နိုင်မယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မေဆန်မောင့် ခင်းပေးတာကို ဘယ်ခြမ်းက အလွန်ဆိုက အနိမ့်ဘော ပြန်ချိုးပေးရာမှာ လူကာကူးနောက်လိုက်ပြီး အာရုံများခဲ့ကြတဲ့ ဝက်စ်ဟမ်းခံစစ်ရှေ့က ပူလီရှစ်ချ်က ပိတ်သွင်းနိုင်ခဲ့လို့ လက်စွမ်းပြနေတဲ့ ဖာဘီယန်စကီး ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အောင်ပွဲခံနိုင်ခဲ့ကြသလို အဆင့် ၄ အတွက် ကြိုးစားနေတဲ့ အသင်းတွေနဲ့ အမှတ်ကွာခြားချက်ကို တိုးမြှင့်နိုင်ခဲ့ပြီး ရှေ့က ပြေးနိုင်ခဲ့ချိန်မှာ ဝက်စ်ဟမ်းတို့ကတော့ မန်ချက်စတာယူနိုက်တက်ကို ကျော်မတက်နိုင်ဘဲ အဆင့် ၇ နဲ့ပဲ ဆက်လက်ကျေနပ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ သူတို႔ရဲ႕ ေနာက္ထပ္ လန္ဒန္ဒါဘီတစ္ပြဲကို ႏွစ္ပြဲဆက္ကစားခဲ့ရခ်ိန္မွာ ခံစစ္မွာ မန္ဒီ၊ အက္ဇ္ပီလီေကြတာ၊ ခ်ာလိုဘာနဲ႔ သီယာဂို ေဆးလ္ဗားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အလြန္ဆို၊ ေလာ့ဖ္တပ္စ္-ခ်ိခ္၊ မန္ဒီနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္၊ ေမဆန္ေမာင့္နဲ႔ တီမို ဗာနာတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းတို႔ကေတာ့ ဂိုးသမား ဖာဘီယန္စကီးေရွ႕မွာ လူမစုံႏိုင္ဘဲ ေဒၚဆန္၊ ဂြၽန္ဆန္နဲ႔ ခရက္စ္ဝဲလ္တို႔ကို ထားခဲ့ရသလို ကြင္းလယ္မွာလည္း မာဆူအာကူ၊ ႏိုဘယ္လ္၊ ဆိုးခ်က္ခ္၊ ဆိုဖာလ္တို႔နဲ႔ ကစားလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေဖာ္နယ္လ္စ္၊ ယာမိုလန္ကိုနဲ႔ ဘင္ရာမာတို႔ကို ပြဲထုတ္ခဲ့ခ်ိန္မွာ ႐ိုက္စ္၊ လန္ဇီနီ၊ အန္တိုနီယို၊ ဘိုဝင္တို႔လို ကစားသမားေတြကို ခ်န္လွပ္ထားခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ ကြန္ေတရဲ႕ ဘယ္ေျခကန္ခ်က္ လြဲသြားခဲ့သလို ၁၇ မိနစ္မွာေတာ့ အက္ဇ္ပီလီေကြတာ လူေပးမွားရာကေန ဘင္ရာမာက ကန္ခြင့္ ရခဲ့ေပမယ့္ ေထာင့္က်ဥ္းပိတ္ၿပီး မန္ဒီက ကာကြယ္သြားႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးခံစစ္ရဲ႕ Pressing ဒဏ္ မခံႏိုင္ဘဲ ေသြးပ်က္ေနပုံက အန္တိုနီယိုနဲ႔ ဘိုဝင္တို႔လို ကစားသမားေတြ မပါလို႔သာ ေတာ္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္သင္းစလုံး ဂိုးေပါက္မတည့္ခဲ့ၾကဘဲ အဆုံးသတ္ပိုင္းေတြက ဆိုးဆိုး႐ြား႐ြားျဖစ္ေနခဲ့သလို ဂိုးမရွိသေရသာျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ပိုမိုဖိကစားလာႏိုင္ခဲ့သလို ပြဲခ်ိန္ ၅၇ မိနစ္မွာ ကြန္ေတရဲ႕ ဧရိယာထိပ္က ကန္ခ်က္ လူထိၿပီး လမ္းေၾကာင္းေျပာင္းခဲ့တာကို ကာကြယ္ဖို႔ ခက္ခဲႏိုင္ေပမယ့္ ဖာဘီယန္စကီးက အမိဖမ္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာ ႏိုဘယ္လ္အစား ဒက္ကလန္ ႐ိုက္စ္ ဝင္ကစားလာခဲ့ၿပီး ဒါကို တန္ျပန္တိုက္စစ္နဲ႔ တုံ႔ျပန္ဖို႔ကေတာ့ ယာမိုလန္ကိုနဲ႔ ဘင္ရာမာတို႔အေနနဲ႔ လဒူေတြလို႔ ေျပာရေလာက္ေအာင္ ေျခစြမ္းက ဆိုး႐ြားလြန္းေနတာေၾကာင့္ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ အနားေပးထားတဲ့ ဘိုဝင္နဲ႔ လန္ဇီနီတို႔ကို ထပ္ၿပီး လူစားလဲခဲ့ရပါတယ္။

တီမို ဗာနာကေတာ့ ခ်ဲလ္ဆီးတိုက္စစ္က ဖန္တီးေပးသမွ် အခြင့္အေရးအားလုံးကို ဒိုင္ခံျဖဳန္းတီးေနခဲ့သလို သူ႔ရဲ႕ ေျခစြမ္းကေတာ့ ေရရွည္မွာ ယုံၾကည္အားကိုးလို႔ မရဘဲ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြဆိုတာကို ပရီးမီးယားလိဂ္ကို ေစာင့္ၾကည့္သူေတြအတြက္ ေသခ်ာသြားခဲ့တဲ့ ပြဲျဖစ္ခဲ့သလို နည္းျပ တူဟယ္လ္အတြက္ေတာ့ စိတ္ပ်က္စရာလဲျဖစ္ခဲ့တာပါ။

ခ်ဲလ္ဆီးတို႔ကေတာ့ ပြဲခ်ိန္ ၇၆ မိနစ္မွာ လြဲေခ်ာ္လြန္းေနသူေတြျဖစ္ၾကတဲ့ ေလွ်ာက္ျဖဳန္း ဗာနာ၊ ဟာဗတ္ဇ္နဲ႔ ေလာ့ဖ္တပ္စ္-ခ်ိခ္တို႔ေနရာမွာ ပူလီရွစ္ခ်္၊ လူကာကူးနဲ႔ ဇီးယက္ရွ္တို႔ကို သုံးေယာက္ တစ္ၿပိဳင္နက္တည္း လူစားလဲထည့္သြားခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ဂိုးသြင္းခြင့္ရသြားတဲ့ လူကာကူးကို ေနာက္ကေန ဆြဲထားခဲ့တဲ့ ဝက္စ္ဟမ္းေနာက္ခံလူ ေဒၚဆန္ အနီကတ္နဲ႔ အထုတ္ခံရၿပီး ပင္နယ္တီလည္း ေပးခဲ့ရပါတယ္။

ဒီပင္နယ္တီကိုေတာ့ အီတလီနဲ႔ ဘူပိတ္ေနၿပီး သူ႔ေၾကာင့္ ေျခစစ္ပြဲ မေအာင္တာလို႔ အေျပာခံခဲ့ရတဲ့ ေဂ်ာ္ဂ်င္ညိဳက ကန္ေနက်အတိုင္း ခုန္ၿပီးမွ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဖာဘီယန္စကီးက ေအးေအးေဆးေဆး ေစာင့္ၿပီးမွ အမိဖမ္းသြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ စိတ္ပ်က္ခဲ့ၾကရၿပီး အာဆင္နယ္နဲ႔ပြဲက အရႈံးရလဒ္ကို တုံ႔ျပန္ဖို႔ လိုေနတဲ့ အိမ္ရွင္ေတြ စိတ္ပ်က္သြားခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ခ်ဲလ္ဆီးတို႔ ေပ်ာ္႐ႊင္ႏိုင္မယ့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေမဆန္ေမာင့္ ခင္းေပးတာကို ဘယ္ျခမ္းက အလြန္ဆိုက အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ လူကာကူးေနာက္လိုက္ၿပီး အာ႐ုံမ်ားခဲ့ၾကတဲ့ ဝက္စ္ဟမ္းခံစစ္ေရွ႕က ပူလီရွစ္ခ်္က ပိတ္သြင္းႏိုင္ခဲ့လို႔ လက္စြမ္းျပေနတဲ့ ဖာဘီယန္စကီး ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အဆင့္ ၄ အတြက္ ႀကိဳးစားေနတဲ့ အသင္းေတြနဲ႔ အမွတ္ကြာျခားခ်က္ကို တိုးျမႇင့္ႏိုင္ခဲ့ၿပီး ေရွ႕က ေျပးႏိုင္ခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းတို႔ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို ေက်ာ္မတက္ႏိုင္ဘဲ အဆင့္ ၇ နဲ႔ပဲ ဆက္လက္ေက်နပ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.