Article Premier League

ချဲလ်ဆီးအနေနဲ့ လူကာကူးနဲ့ဗာနာတို့ထဲက ဘယ်သူ့ကို ဆက်ထိန်းသိမ်းထားသင့်သလဲ

ဒီရာသီမှာ ချဲလ်ဆီးတိုက်စစ်မှူးတွေ ဘာတွေဖြစ်နေလဲဆိုတာကို အတိအကျ ထောက်ပြဖို့ ခက်ပြီး တစ်ယောက်တစ်မျိုးစီ ရုန်းကန်နေရတာဖြစ်ပါတယ်။

လူကာကူးဟာ အနောက်လန်ဒန်ကို ရောက်ရှိလာခဲ့ချိန်ကတည်းက တူဟယ်လိုအပ်နေခဲ့တဲ့ ဂိုးသွင်းရှင်မျိုး ဖြစ်ခဲ့သင့်တာဖြစ်ပြီး အားကောင်းပြီး ပင်နယ်တီဧရိယာထဲမှာ သေလောက်တဲ့ ခြိမ်းခြောက်မှုမျိုး ပြုလုပ်နိုင်ဖို့ မျှော်လင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တီမို ဗာနာဟာ ရှုထောင့်တိုင်းနီးပါးကနေ ကောင်းမွန်တဲ့အဆုံးသတ်တွေအပြင် ဘယ်လ်ဂျီယမ် တိုက်စစ်မှူးနဲ့အတူ အဆုံးအဖြတ်ပေးနိုင်တဲ့ တန်ပြန်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့သင့်တာဖြစ်ပါတယ်။

ဒီလို အရည်အချင်းတွေကို တခြားနေရာတွေမှာ ပြသနိုင်ခဲ့ပေမယ့်လည်း စတမ်းဖို့ဒ် ဘရစ်ချ်မှာတော့ မျှော်မှန်းချက်တွေအတိုင်း ကစားပြနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ အသင်းပိုင်ဆိုင်မှု မရေမရာဖြစ်နေပြီး အာဏာအလွှဲအပြောင်းမှာ ကစားသမားတွေကြား စိတ်အနှောက်အယှက်တွေနဲ့ သံသယတွေ ဖြစ်လာစေနိုင်ပါတယ်။

အဲဒီအပြင် ချဲလ်ဆီးအသင်းအနေနဲ့ မျှော်မှန်းထားတဲ့ ရလဒ်တွေ ရရှိခြင်းမရှိဘဲ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ၂ ဦးစလုံးကို ဆက်လက်ပြီး လစာပေးချေဖို့ မဖြစ်နိုင်တာက ရိုးရှင်းတဲ့အချက်အဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာ အနောက်လန်ဒန်က တိုက်စစ်မှူး ၁ ဦးထဲက တစ်ဦးကတော့ ရောင်းထုတ်ခံရဖွယ်ရှိနေပြီး တကယ်လို့သာ ရောင်းထုတ်ခဲ့မယ်ဆိုရင် ဘယ်တိုက်စစ်မှူးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားသင့်သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပြီဖြစ်ပါတယ်။

ပထမဆုံးပြောရမှာက မကြာသေးမီက ပုံမှန်ခြေစွမ်းနဲ့ ကစားပေးနေတဲ့ တီမို ဗာနာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဂျာမန်တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ဟာ တိုးတက်လာခဲ့တယ်ဆိုတာကို ငြင်းလို့မရတာဖြစ်ပါတယ်။ တီမို ဗာနာဟာ နောက်ဆုံးမှာတော့ တိုက်စစ်မှာ ခြိမ်းခြောက်မှုအစစ်အမှန်တစ်ခု ဖြစ်လာပုံပေါ်ပြီး ခိုင် ဟာဗတ်ဇ်၊ မေဆန် မောင့်တို့နဲ့အတူ အရင်တုန်းက ပျောက်ဆုံးနေတဲ့ ဆာလောင်မှုတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။

ဗာနာဟာ ဘောလုံးရရှိချိန်မှာ ပြိုင်ဘက်ခံစစ်ကို ပြဿနာဖြစ်စေနိုင်ရုံသာမကဘဲ ဘောလုံးပိုင်ဆိုင်မှု မရှိချိန်မှာလည်း ပြိုင်ဘက်နောက်ခံလူတွေကို ဒုက္ခပေးနိုင်တာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာ အလွန်ကောင်းမွန်တဲ့ မြန်နှုန်းနဲ့ နောက်ခံကစားသမားတွေကို ကျော်ဖြတ်ပြေးလွှားနိုင်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားသင့်တဲ့ ကစားသမားဖြစ်ကြောင်း ပေါ်လွင်နေတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်တိုက်စ်မှူးဟောင်းအနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက စွမ်းဆောင်ရည်အတိုင်း ဆက်လက်ပြသပြီး တိုးတက်မှုတွေ ရှိလာခဲ့မယ်ဆိုရင် လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေဖို့ကတော့ မြေကြီးလက်ခတ်မလွဲဖြစ်လာမှာဖြစ်ပါတယ်။ ဗာနာဟာ တူဟယ်ရဲ့ကစားကွက် တိုက်စစ်နေရာအတွက် တောင်းဆိုတဲ့ အလိုက်သင့်ပြောင်းလဲကစားနိုင်စွမ်းရှိပြီး ဟာဗတ်ဇ်က အဓိကတိုက်စစ်ခြိမ်းခြောက်မှုအဖြစ် သက်သေပြသထားချိန်မှာ ဗာနာက အသင်းဖော်အတွက် တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဂျာမန်တိုက်စစ်မှူးဟာ တန်ပြန်တိုက်စစ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး လုံလောက်တဲ့ အချိန်နဲ့သာဆိုရင် ဂိုးရှေ့မှာ သားလိုက်မုဆိုးလို ဗီဇမျိုး ရှိသူဖြစ်ပါတယ်။ တိုက်စစ် နည်းဗျူဟာတွေက ဗာနာကို ဗဟိုပြု လည်ပတ်နေတာမဟုတ်သလို ၎င်းကလည်း ချဲလ်ဆီးအတွက် ရှေးရိုးစွဲ ကျောနံပါတ် ၉ ကစားသမားဖြစ်လာမှာလည်း မဟုတ်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗာနာဟာ ပြိုင်ပွဲစုံမှာ ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားပြီး ဒီရာသီမှာ အချိန်တော်တော်များများ အရန်ခုံထိုင်ပြီး ရုန်းကန်နေခဲ့ရတဲ့ကစားသမားတစ်ယောက်အတွက်ကတော့ မဆိုးလှတဲ့ကိန်းဂဏန်းတွေဖြစ်ပါတယ်။

လူကာကူးကတော့ ဒီနွေရာသီမှာ ဟာလန်းကို ရွေးချယ်စရာအဖြစ် မသတ်မှတ်ဘူးဆိုရင် ပြိုင်ဘက်အသင်းတွေအတွက် အကောင်းဆုံးဝယ်ယူမှုဖြစ်လာနိုင်တဲ့ကစားသမားပုံစံပေါ်ပါတယ်။ အစပိုင်းမှာတုန်းက လူကာကူးဟာ ချဲလ်ဆီးအသင်းက ၎င်းကို ဘာကြောင့် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့လဲဆိုတာကို ပြသခဲ့ပြီး ပြိုင်ဘက်နောက်ခံလူတွေကို နေရာယူပုံ ပျက်ယွင်းစေသလို ပင်နယ်တီဧရိယာထဲမှာဆို လှည့်ကြည့်စရာမလိုအောင် အဆုံးသတ် ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ အင်တာမီလန်နဲ့ပတ်သက်ပြီး အင်တာဗျူးမှာ ပြောကြားခဲ့တဲ့ စကားတွေအပြီးမှာ သဲထဲရေသွန်ဖြစ်သွားခဲ့ရပြီး အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်၊ ပရိသတ်တွေရဲ့ ယုံကြည်မှု၊ အဆုံးမှာ ၎င်းရဲ့ ယုံကြည်မှု စတာတွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ လူကာကူးဟာ ရာသီအစမှာ ရောက်ရှိလာတုန်းက ကစားသမားမျိုးမဟုတ်တော့ဘဲ အရင်တုန်းက ကျောနံပါတ် ၉ ရဲ့ အရိပ်တစ်ခုလိုမျိုး ဖြစ်နေခဲ့ပြီး အခွင့်အရေးတွေ တစ်ခုပြီးတစ်ခု လွဲချော်နေခဲ့တာ ဖြစ်ပါတယ်။

လူကာကူး အသင်းအတွက် လုပ်ပေးနိုင်တဲ့အရာကတော့ တိုက်စစ်ကစားဖို့ တစ်ခုတည်း စိတ်ထည့်ပြီး ချဉ်းကပ်မှုဖြစ်ပြီး အဲဒါက ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ကွင်းထဲမှာ မပါဝင်တဲ့အချိန်ကျရင် ချဲလ်ဆီးအသင်း ကင်းမဲ့နေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေဟာ ခံစစ်ပိတ်ဆော့တာ အရမ်းတော်တာကြောင့် အလိုက်သင့်ပြောင်းလဲပြီး ကစားနိုင်တဲ့ တိုက်စစ်မှူးတွေအနေနဲ့ အမြဲတမ်း ဂိုးပေါက်ရှာတွေ့နိုင်တာမဟုတ်တာဖြစ်ပါတယ်။

အဲဒီနေရာမှာတော့ လူကာကူးရဲ့ စွမ်းရည်နဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေက စကားပြောလာပြီဖြစ်ပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ ၎င်းရဲ့ ယုံကြည်မှုနဲ့ ခြေစွမ်း ပြန်လည်ရရှိလာပြီဆိုရင် ချဲလ်ဆီးအတွက် ကွဲပြားခြားနားမှုအားလုံး ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အဆုံးမှာတော့ လူကာကူးနဲ့ တီမို ဗာနာတို့ ၂ ဦးထဲက တစ်ဦးဦးတော့ ထွက်သွားရမှာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရတော့ ထွက်သွားရနိုင်တဲ့ ကစားသမားကတော့ လူကာကူလို့ပဲ မြင်မိကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီရာသီမွာ ခ်ဲလ္ဆီးတိုက္စစ္မႉးေတြ ဘာေတြျဖစ္ေနလဲဆိုတာကို အတိအက် ေထာက္ျပဖို႔ ခက္ၿပီး တစ္ေယာက္တစ္မ်ိဳးစီ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

လူကာကူးဟာ အေနာက္လန္ဒန္ကို ေရာက္ရွိလာခဲ့ခ်ိန္ကတည္းက တူဟယ္လိုအပ္ေနခဲ့တဲ့ ဂိုးသြင္းရွင္မ်ိဳး ျဖစ္ခဲ့သင့္တာျဖစ္ၿပီး အားေကာင္းၿပီး ပင္နယ္တီဧရိယာထဲမွာ ေသေလာက္တဲ့ ၿခိမ္းေျခာက္မႈမ်ိဳး ျပဳလုပ္နိုင္ဖို႔ ေမၽွာ္လင့္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း တီမို ဗာနာဟာ ရႈေထာင့္တိုင္းနီးပါးကေန ေကာင္းမြန္တဲ့အဆုံးသတ္ေတြအျပင္ ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉးနဲ႔အတူ အဆုံးအျဖတ္ေပးနိုင္တဲ့ တန္ျပန္တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ေပးနိုင္ခဲ့သင့္တာျဖစ္ပါတယ္။

ဒီလို အရည္အခ်င္းေတြကို တျခားေနရာေတြမွာ ျပသနိုင္ခဲ့ေပမယ့္လည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာေတာ့ ေမၽွာ္မွန္းခ်က္ေတြအတိုင္း ကစားျပနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လက္ရွိအခ်ိန္မွာ အသင္းပိုင္ဆိုင္မႈ မေရမရာျဖစ္ေနၿပီး အာဏာအလႊဲအေျပာင္းမွာ ကစားသမားေတြၾကား စိတ္အေႏွာက္အယွက္ေတြနဲ႔ သံသယေတြ ျဖစ္လာေစနိုင္ပါတယ္။

အဲဒီအျပင္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေမၽွာ္မွန္းထားတဲ့ ရလဒ္ေတြ ရရွိျခင္းမရွိဘဲ ကမၻာ့အဆင့္ တိုက္စစ္မႉး ၂ ဦးစလုံးကို ဆက္လက္ၿပီး လစာေပးေခ်ဖို႔ မျဖစ္နိုင္တာက ရိုးရွင္းတဲ့အခ်က္အျဖစ္ ရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေႏြရာသီမွာ အေနာက္လန္ဒန္က တိုက္စစ္မႉး ၁ ဦးထဲက တစ္ဦးကေတာ့ ေရာင္းထုတ္ခံရဖြယ္ရွိေနၿပီး တကယ္လို႔သာ ေရာင္းထုတ္ခဲ့မယ္ဆိုရင္ ဘယ္တိုက္စစ္မႉးကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားသင့္သလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာၿပီျဖစ္ပါတယ္။

ပထမဆုံးေျပာရမွာက မၾကာေသးမီက ပုံမွန္ေျခစြမ္းနဲ႔ ကစားေပးေနတဲ့ တီမို ဗာနာျဖစ္ၿပီး ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ဂ်ာမန္တိုက္စစ္မႉးရဲ့ စြမ္းေဆာင္ရည္ဟာ တိုးတက္လာခဲ့တယ္ဆိုတာကို ျငင္းလို႔မရတာျဖစ္ပါတယ္။ တီမို ဗာနာဟာ ေနာက္ဆုံးမွာေတာ့ တိုက္စစ္မွာ ၿခိမ္းေျခာက္မႈအစစ္အမွန္တစ္ခု ျဖစ္လာပုံေပၚၿပီး ခိုင္ ဟာဗတ္ဇ္၊ ေမဆန္ ေမာင့္တို႔နဲ႔အတူ အရင္တုန္းက ေပ်ာက္ဆုံးေနတဲ့ ဆာေလာင္မႈေတြကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီျဖစ္ပါတယ္။

ဗာနာဟာ ေဘာလုံးရရွိခ်ိန္မွာ ၿပိဳင္ဘက္ခံစစ္ကို ျပႆနာျဖစ္ေစနိုင္႐ုံသာမကဘဲ ေဘာလုံးပိုင္ဆိုင္မႈ မရွိခ်ိန္မွာလည္း ၿပိဳင္ဘက္ေနာက္ခံလူေတြကို ဒုကၡေပးနိုင္တာျဖစ္ပါတယ္။ ဂ်ာမနီလက္ေရြးစင္တိုက္စစ္မႉးဟာ အလြန္ေကာင္းမြန္တဲ့ ျမန္ႏႈန္းနဲ႔ ေနာက္ခံကစားသမားေတြကို ေက်ာ္ျဖတ္ေျပးလႊားနိုင္ၿပီး အသင္းမွာ ဆက္လက္ထိန္းသိမ္းထားသင့္တဲ့ ကစားသမားျဖစ္ေၾကာင္း ေပၚလြင္ေနတာျဖစ္ပါတယ္။

လိုက္ပ္ဇစ္တိုက္စ္မႉးေဟာင္းအေနနဲ႔ ၿပီးခဲ့တဲ့ပြဲစဥ္ေတြက စြမ္းေဆာင္ရည္အတိုင္း ဆက္လက္ျပသၿပီး တိုးတက္မႈေတြ ရွိလာခဲ့မယ္ဆိုရင္ လာမယ့္ရာသီ အသင္းမွာ ဆက္ရွိေနဖို႔ကေတာ့ ေျမႀကီးလက္ခတ္မလြဲျဖစ္လာမွာျဖစ္ပါတယ္။ ဗာနာဟာ တူဟယ္ရဲ့ကစားကြက္ တိုက္စစ္ေနရာအတြက္ ေတာင္းဆိုတဲ့ အလိုက္သင့္ေျပာင္းလဲကစားနိုင္စြမ္းရွိၿပီး ဟာဗတ္ဇ္က အဓိကတိုက္စစ္ၿခိမ္းေျခာက္မႈအျဖစ္ သက္ေသျပသထားခ်ိန္မွာ ဗာနာက အသင္းေဖာ္အတြက္ တိုက္စစ္ေနရာစုံမွာ ကစားနိုင္တဲ့ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္တိုက္စစ္မႉးဟာ တန္ျပန္တိုက္စစ္မွာ ေၾကာက္မက္ဖြယ္ေကာင္းၿပီး လုံေလာက္တဲ့ အခ်ိန္နဲ႔သာဆိုရင္ ဂိုးေရွ႕မွာ သားလိုက္မုဆိုးလို ဗီဇမ်ိဳး ရွိသူျဖစ္ပါတယ္။ တိုက္စစ္ နည္းဗ်ဴဟာေတြက ဗာနာကို ဗဟိုျပဳ လည္ပတ္ေနတာမဟုတ္သလို ၎ကလည္း ခ်ဲလ္ဆီးအတြက္ ေရွးရိုးစြဲ ေက်ာနံပါတ္ ၉ ကစားသမားျဖစ္လာမွာလည္း မဟုတ္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဗာနာဟာ ၿပိဳင္ပြဲစုံမွာ ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားၿပီး ဒီရာသီမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ား အရန္ခုံထိုင္ၿပီး ႐ုန္းကန္ေနခဲ့ရတဲ့ကစားသမားတစ္ေယာက္အတြက္ကေတာ့ မဆိုးလွတဲ့ကိန္းဂဏန္းေတြျဖစ္ပါတယ္။

လူကာကူးကေတာ့ ဒီေႏြရာသီမွာ ဟာလန္းကို ေရြးခ်ယ္စရာအျဖစ္ မသတ္မွတ္ဘူးဆိုရင္ ၿပိဳင္ဘက္အသင္းေတြအတြက္ အေကာင္းဆုံးဝယ္ယူမႈျဖစ္လာနိုင္တဲ့ကစားသမားပုံစံေပၚပါတယ္။ အစပိုင္းမွာတုန္းက လူကာကူးဟာ ခ်ဲလ္ဆီးအသင္းက ၎ကို ဘာေၾကာင့္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့လဲဆိုတာကို ျပသခဲ့ၿပီး ၿပိဳင္ဘက္ေနာက္ခံလူေတြကို ေနရာယူပုံ ပ်က္ယြင္းေစသလို ပင္နယ္တီဧရိယာထဲမွာဆို လွည့္ၾကည့္စရာမလိုေအာင္ အဆုံးသတ္ ေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။

ဒါေတြအားလုံးဟာ အင္တာမီလန္နဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးမွာ ေျပာၾကားခဲ့တဲ့ စကားေတြအၿပီးမွာ သဲထဲေရသြန္ျဖစ္သြားခဲ့ရၿပီး အသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္၊ ပရိသတ္ေတြရဲ့ ယုံၾကည္မႈ၊ အဆုံးမွာ ၎ရဲ့ ယုံၾကည္မႈ စတာေတြကို ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ လူကာကူးဟာ ရာသီအစမွာ ေရာက္ရွိလာတုန္းက ကစားသမားမ်ိဳးမဟုတ္ေတာ့ဘဲ အရင္တုန္းက ေက်ာနံပါတ္ ၉ ရဲ့ အရိပ္တစ္ခုလိုမ်ိဳး ျဖစ္ေနခဲ့ၿပီး အခြင့္အေရးေတြ တစ္ခုၿပီးတစ္ခု လြဲေခ်ာ္ေနခဲ့တာ ျဖစ္ပါတယ္။

လူကာကူး အသင္းအတြက္ လုပ္ေပးနိုင္တဲ့အရာကေတာ့ တိုက္စစ္ကစားဖို႔ တစ္ခုတည္း စိတ္ထည့္ၿပီး ခ်ဥ္းကပ္မႈျဖစ္ၿပီး အဲဒါက ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး ကြင္းထဲမွာ မပါဝင္တဲ့အခ်ိန္က်ရင္ ခ်ဲလ္ဆီးအသင္း ကင္းမဲ့ေနတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အသင္းေတြဟာ ခံစစ္ပိတ္ေဆာ့တာ အရမ္းေတာ္တာေၾကာင့္ အလိုက္သင့္ေျပာင္းလဲၿပီး ကစားနိုင္တဲ့ တိုက္စစ္မႉးေတြအေနနဲ႔ အျမဲတမ္း ဂိုးေပါက္ရွာေတြ႕နိုင္တာမဟုတ္တာျဖစ္ပါတယ္။

အဲဒီေနရာမွာေတာ့ လူကာကူးရဲ့ စြမ္းရည္နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ အရည္အခ်င္းေတြက စကားေျပာလာၿပီျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ ၎ရဲ့ ယုံၾကည္မႈနဲ႔ ေျခစြမ္း ျပန္လည္ရရွိလာၿပီဆိုရင္ ခ်ဲလ္ဆီးအတြက္ ကြဲျပားျခားနားမႈအားလုံး ျပဳလုပ္ေပးနိုင္မွာျဖစ္ပါတယ္။ အဆုံးမွာေတာ့ လူကာကူးနဲ႔ တီမို ဗာနာတို႔ ၂ ဦးထဲက တစ္ဦးဦးေတာ့ ထြက္သြားရမွာျဖစ္ၿပီး လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြအရေတာ့ ထြက္သြားရနိုင္တဲ့ ကစားသမားကေတာ့ လူကာကူလို႔ပဲ ျမင္မိေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.