Ligue1 Premier League

မက်ဆီ ဂိုးသွင်းပြီး ဖလားရသွားလို့ နေရင်းထိုင်ရင်း ဖောက်တာ ခံနေရတဲ့ ရော်နယ်လ်ဒို

စနေနေ့ညနေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့အတွက်တော့ ဆန့်ကျင်ဘက် ကံကြမ္မာတွေကို ပိုင်ဆိုင်ခဲ့တဲ့ နေ့ဖြစ်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့မှုကိုတော့ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက်ဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

တစ်ဖက်မှာတော့ မက်ဆီဟာ လွန်းစ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပင်နယ်တီဧရိယာပြင်ပကနေ လှလှပပ ကန်သွင်းယူသွားခဲ့ပြီး အသင်းကို လိဂန်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်ကလပ်အသင်းနဲ့အတူ အကောင်း၊ အဆိုး ရောပြွန်းနေတဲ့ ရာသီကို ဖြတ်သန်းရင်း ၆၈ မိနစ်မှာ ၎င်းရဲ့ စတုတ္ထမြောက်လိဂ်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကိုရန်တင် ဂျင်းက တစ်ယောက်လျော့နေတဲ့ လွန်းစ်အသင်းအတွက် နောက်ကျချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းအတွက်တော့ သရေ ၁ မှတ် လိဂန်းဖလားကို ၁၀ ကြိမ်မြောက် ရရှိတဲ့ စံချိန်လိုက်မီဖို့ လုံလောက်တဲ့ရမှတ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ Parc des Princes ကွင်းမှာ ပီအက်စ်ဂျီအသင်းသားတွေ အောင်ပွဲခံနေကြချိန်မှာ ပွဲကြေညာသူတစ်ဦးက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးကို မဆီမဆိုင် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်က ရော်နယ်လ်ဒိုကတော့ အဆင့် ၆ ၊ ၇ နေရာက အသင်းနဲ့အတူ ကွန်းဖရင့်လိဂ်မှာ ကစားရဖို့ သေချာသွားပါပြီ။ တသက်တာအကောင်းဆုံးကစားသမား မက်ဆီကတော့ ပီအက်စ်ဂျီ ဖလားရစေမယ့် ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပွဲကြေညာသူက အဲဒါကို စိတ်ဝင်စားစရာ ကိန်းဂဏန်းအချက်အလက်အဖြစ် ခေါ်ဝေါ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီအတွက် ကွန်းဖရင့်လိဂ်မှာ ကစားရမယ့် အသင်းလို့ အတည်ပြုခြင်းခံခဲ့ရပြီဆိုတဲ့ ပြောကြားမှုကတော့ မှန်ကန်ခြင်းမရှိတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် မျှော်လင့်ချက်က မရှိသလောက် နည်းပါးသွားပြီဖြစ်ပေမယ့်လည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားဖို့အတွက် အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်မယ့် အဲရစ် တန်ဟက်ဂ်ကတော့ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ဝင်ခွင့်ပါ လွဲချော်ကောင်း လွဲချော်နိုင်တဲ့အသင်းကို နည်းပြ သွားရတော့မှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာတဲ့ ပထမဆုံးရာသီမှာ ဘာဆုဖလားမှ မရခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ တစ်ရာသီလုံးမှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သူဆိုတာကတော့ ငြင်းလို့မရတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ စွမ်းဆောင်ရည်ပိုင်း ညံ့ဖျင်းလှတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၂ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲစဉ်က သွင်းဂိုုးဟာ ၎င်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ဂိုးဖြစ်ပါတယ်။

မက်ဆီကတော့ ပီအက်စ်ဂျီအတွက် ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ ၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက ရီးရဲလ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုတောင် ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စနေနေ့ညနေက ပီအက်စ်ဂျီအသင်း လိဂန်းဖလား ရရှိစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမြင်ကို ပြောင်းလဲရာမှာ အကူအညီ ဖြစ်နိုင်မယ်လို့ မျှော်မှန်းရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေနေန႔ညေနဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔အတြက္ေတာ့ ဆန႔္က်င္ဘက္ ကံၾကမၼာေတြကို ပိုင္ဆိုင္ခဲ့တဲ့ ေန႔ျဖစ္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ဂိုးသြင္းယူေပးခဲ့ေပမယ့္လည္း အာဆင္နယ္အသင္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့မႈကိုေတာ့ မကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္နိုင္ဖို႔ ေမၽွာ္လင့္ခ်က္ဟာ အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ မက္ဆီဟာ လြန္းစ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ တစ္လုံးတည္းေသာဂိုးကို ပင္နယ္တီဧရိယာျပင္ပကေန လွလွပပ ကန္သြင္းယူသြားခဲ့ၿပီး အသင္းကို လိဂန္း ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ျပင္သစ္ကလပ္အသင္းနဲ႔အတူ အေကာင္း၊ အဆိုး ေရာႁပြန္းေနတဲ့ ရာသီကို ျဖတ္သန္းရင္း ၆၈ မိနစ္မွာ ၎ရဲ့ စတုတၳေျမာက္လိဂ္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကိုရန္တင္ ဂ်င္းက တစ္ေယာက္ေလ်ာ့ေနတဲ့ လြန္းစ္အသင္းအတြက္ ေနာက္က်ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းအတြက္ေတာ့ သေရ ၁ မွတ္ လိဂန္းဖလားကို ၁၀ ႀကိမ္ေျမာက္ ရရွိတဲ့ စံခ်ိန္လိုက္မီဖို႔ လုံေလာက္တဲ့ရမွတ္ ျဖစ္ခဲ့တာျဖစ္ပါတယ္။ Parc des Princes ကြင္းမွာ ပီအက္စ္ဂ်ီအသင္းသားေတြ ေအာင္ပြဲခံေနၾကခ်ိန္မွာ ပြဲေၾကညာသူတစ္ဦးက မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉးကို မဆီမဆိုင္ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာယူနိုက္တက္က ေရာ္နယ္လ္ဒိုကေတာ့ အဆင့္ ၆ ၊ ၇ ေနရာက အသင္းနဲ႔အတူ ကြန္းဖရင့္လိဂ္မွာ ကစားရဖို႔ ေသခ်ာသြားပါၿပီ။ တသက္တာအေကာင္းဆုံးကစားသမား မက္ဆီကေတာ့ ပီအက္စ္ဂ်ီ ဖလားရေစမယ့္ ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ပြဲေၾကညာသူက အဲဒါကို စိတ္ဝင္စားစရာ ကိန္းဂဏန္းအခ်က္အလက္အျဖစ္ ေခၚေဝၚခဲ့ေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၂၀၂၂-၂၀၂၃ ရာသီအတြက္ ကြန္းဖရင့္လိဂ္မွာ ကစားရမယ့္ အသင္းလို႔ အတည္ျပဳျခင္းခံခဲ့ရၿပီဆိုတဲ့ ေျပာၾကားမႈကေတာ့ မွန္ကန္ျခင္းမရွိတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ ေမၽွာ္လင့္ခ်က္က မရွိသေလာက္ နည္းပါးသြားၿပီျဖစ္ေပမယ့္လည္း ယူရိုပါလိဂ္ၿပိဳင္ပြဲမွာ ကစားဖို႔အတြက္ အခြင့္အေရးရွိေနဆဲျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းကို နည္းျပသစ္အျဖစ္ ကိုင္တြယ္မယ့္ အဲရစ္ တန္ဟက္ဂ္ကေတာ့ လာမယ့္ရာသီမွာ ဥေရာပၿပိဳင္ပြဲ ဝင္ခြင့္ပါ လြဲေခ်ာ္ေကာင္း လြဲေခ်ာ္နိုင္တဲ့အသင္းကို နည္းၿပ သြားရေတာ့မွာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္ကို ျပန္လည္ေျပာင္းေရႊ႕လာတဲ့ ပထမဆုံးရာသီမွာ ဘာဆုဖလားမွ မရခဲ့ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ဟာ တစ္ရာသီလုံးမွာ အသင္းအတြက္ အေကာင္းဆုံးစြမ္းေဆာင္ေပးနိုင္ခဲ့သူဆိုတာကေတာ့ ျငင္းလို႔မရတာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ စြမ္းေဆာင္ရည္ပိုင္း ညံ့ဖ်င္းလွတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ၃၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၂ ဂိုးအထိ အထင္ႀကီးဖြယ္ သြင္းယူေပးထားနိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲစဥ္က သြင္းဂိုုးဟာ ၎ရဲ့ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၀ ျပည့္ေျမာက္တဲ့ဂိုးျဖစ္ပါတယ္။

မက္ဆီကေတာ့ ပီအက္စ္ဂ်ီအတြက္ ပြဲ ၃၀ ပါဝင္ကစားေပးခဲ့ရာမွာ ၉ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့လက ရီးရဲလ္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ အသင္းပရိသတ္ေတြရဲ့ ေလွာင္ေျပာင္ျခင္းကိုေတာင္ ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း စေနေန႔ညေနက ပီအက္စ္ဂ်ီအသင္း လိဂန္းဖလား ရရွိေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ အျမင္ကို ေျပာင္းလဲရာမွာ အကူအညီ ျဖစ္နိုင္မယ္လို႔ ေမၽွာ္မွန္းရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.