Premier League

အာဆင်နယ် မင်းသားဖြစ်နေချိန်မှာ ပေါတောတောနဲ့ သရေကျခဲ့တဲ့ စပါးစ်

စနေနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ ပွဲစဉ်ဟာ ဂိုးမရှိ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပြီး အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေတဲ့ စပါးစ်အတွက်တော့ နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်လေးတောင်မှ မပြုလုပ်နိုင်ခဲ့ဘဲ သရေ ရလဒ်ကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ဘရိုက်တန်နဲ့ပွဲစဉ်တုန်းကခြေစွမ်းအတိုင်း စိတ်ပျက်ဖွယ် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ တိုက်စစ်မှာ ဟာရီ ကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး၊ လူးကပ်စ် မော်ရာတို့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲေ့ပမယ့်လည်း ဂိုးပေါက်ထပ်မံပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ နေရာအလိုက် လူကပ်ကစားပုံကလည်း အလုပ်မဖြစ်ခဲ့ဘဲ ၁၇ မိနစ်မှာ အိုင်ဗန် တိုနီရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားတန်းထိသွားခဲ့တာကြောင့် ကံကောင်းခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးရဲ့ ပထမဆုံး ဂိုးကန်သွင်းချက်ကို မြင်တွေ့ရဖို့ ၁ နာရီလောက် အချိန်ကြာခဲ့ပြီး ဘန်တန်ကာရဲ့ ကန်ချက်ဟာ တော်တော်လေးကို ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာ ဟာရီ ကိန်း ပထဆုံးအကြိမ် ဂိုးသွင်းဖို့ အခွင့်အရေးရရှိခဲ့ပေမယ့်လည် အသုံးမချနိုင်ခဲ့ဘဲ လွဲချော်သွားခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်အသင်းဘက်ကလည်း ဂိုးပေါက်ကန်သွင်းမှုတွေဟာ ဂိုးပေါက်တည့်ခဲ့ပေမယ့် လိုရစ် ကာကွယ်ပုတ်ထုတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ရာသီပြီးဆုံးဖို့ ၅ ပွဲသာ ကျန်တော့တဲ့အချိန်မှာ အာဆင်နယ်အသင်းကတော့ အသာစီး ရရှိနေပြီဖြစ်ပြီး မေလ ၁၂ ရက်နေ့ တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားရမယ့် မြောက်လန်ဒန် ဒါဘီပွဲစဉ်ဟာ အရင်တုန်းက ဒါဘီပွဲစဉ်တွေထက် ပိုပြီး အကြိတ်အနယ် ရှိလာတော့မှာဖြစ်ပါတယ်။ အရင်ပွဲစဉ်တွေတုန်းက ဂိုးကို အပျော်သွင်းယူနေခဲ့တဲ့ပုံပေါ်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးဟာ စနေနေ့ညနေပွဲစဉ်မှာတော့ လုံးဝ ခြေမပေါ်ခဲ့ဘဲ ဘရန့်တ်ဖို့ဒ်အသင်းကတောင် အနိုင်ရသွားဖို့ ပိုများတဲ့ပုံစံပေါ်နေခဲ့တာဖြစ်ပါတယ်။

သောမတ်စ် ဖရန့်ခ်ရဲ့အသင်းဟာ အိုင်ဗန် တိုနီရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှု ၂ ကြိမ် တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ပေမယ့်လည်း သရေ ၁ မှတ်ကြောင့် ရမှတ် ၄၀ အထိ ရရှိသွားခဲ့ပြီဖြစ်ပြီး ဘရန့်တ်ဖို့ဒ်အတွက်တော့ စိတ်ကျေနပ်လောက်စရာ ရလဒ်ဖြစ်ခဲ့ပေမယ့် စပါးစ်အတွက်တော့ ဘဝပျက်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ၃ မှတ်နဲ့ မထိုက်တန်ခဲ့ပါဘူး။ အခု ကျွန်တော်တို့ နောက်ဆုံး ၅ ပွဲကို အကောင်းဆုံးပုံစံနဲ့ ကစားပြီး ပြိုင်ပွဲထဲမှာ ဆက်ရှိနေအောင် ကြိုတင်ပြင်ဆင်ဖို့ ကြိုးပမ်းရတော့မယ်။ သရေရလဒ်က မျှတပါတယ်။ ကျွန်တော်တို့ ဒါကို လက်ခံရမှာပါ။ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဖို့ ကြိုးပမ်းနေပါတယ်”လို့ စပါးစ်နည်းပြ ကွန်တီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဘာတွေ ကြုံတွေ့နေလဲဆိုတာကို သိပါတယ်။ ကျွန်တော်တို့ရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အာဆင်နယ်နဲ့ ကစားသွားရမှာမို့လို့ပါ”လို့ အဲရစ် ဒိုင်ယာက ဘရန့်တ်ဖို့ဒ်နဲ့ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ စနေနေ့ညနေက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် စုစုပေါင်း ရမှတ် ၆၀ အထိ ရရှိခဲ့ပြီဖြစ်ပြီး စပါးစ်ထက် ၂ မှတ်အသာနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေနေန႔ညေနက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ရဲ့ ပြဲစဥ္ဟာ ဂိုးမရွိ သေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ၿပီး အဆင့္ ၄ ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့ စပါးစ္အတြက္ေတာ့ ေနာက္ထပ္ ထိုးႏွက္ခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္ေလးေတာင္မွ မျပဳလုပ္နိုင္ခဲ့ဘဲ သေရ ရလဒ္ကို ပိုင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ဘရိုက္တန္နဲ႔ပြဲစဥ္တုန္းကေျခစြမ္းအတိုင္း စိတ္ပ်က္ဖြယ္ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးဟာ တိုက္စစ္မွာ ဟာရီ ကိန္း၊ ဆြန္ေဟာင္မင္၊ ကူလူဆက္ဗ္စကီး၊ လူးကပ္စ္ ေမာ္ရာတို႔ လူစုံတက္စုံနဲ႔ ပြဲထြက္လာခဲေ့ပမယ့္လည္း ဂိုးေပါက္ထပ္မံေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးရဲ့ ေနရာအလိုက္ လူကပ္ကစားပုံကလည္း အလုပ္မျဖစ္ခဲ့ဘဲ ၁၇ မိနစ္မွာ အိုင္ဗန္ တိုနီရဲ့ ေခါင္းတိုက္ခ်က္က ဂိုးဘားတန္းထိသြားခဲ့တာေၾကာင့္ ကံေကာင္းခဲ့ရတာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးရဲ့ ပထမဆုံး ဂိုးကန္သြင္းခ်က္ကို ျမင္ေတြ႕ရဖို႔ ၁ နာရီေလာက္ အခ်ိန္ၾကာခဲ့ၿပီး ဘန္တန္ကာရဲ့ ကန္ခ်က္ဟာ ေတာ္ေတာ္ေလးကို ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၅၂ မိနစ္မွာ ဟာရီ ကိန္း ပထဆုံးအႀကိမ္ ဂိုးသြင္းဖို႔ အခြင့္အေရးရရွိခဲ့ေပမယ့္လည္ အသုံးမခ်နိုင္ခဲ့ဘဲ လြဲေခ်ာ္သြားခဲ့တာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္အသင္းဘက္ကလည္း ဂိုးေပါက္ကန္သြင္းမႈေတြဟာ ဂိုးေပါက္တည့္ခဲ့ေပမယ့္ လိုရစ္ ကာကြယ္ပုတ္ထုတ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ရာသီၿပီးဆုံးဖို႔ ၅ ပြဲသာ က်န္ေတာ့တဲ့အခ်ိန္မွာ အာဆင္နယ္အသင္းကေတာ့ အသာစီး ရရွိေနၿပီျဖစ္ၿပီး ေမလ ၁၂ ရက္ေန႔ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းမွာ ကစားရမယ့္ ေျမာက္လန္ဒန္ ဒါဘီပြဲစဥ္ဟာ အရင္တုန္းက ဒါဘီပြဲစဥ္ေတြထက္ ပိုၿပီး အႀကိတ္အနယ္ ရွိလာေတာ့မွာျဖစ္ပါတယ္။ အရင္ပြဲစဥ္ေတြတုန္းက ဂိုးကို အေပ်ာ္သြင္းယူေနခဲ့တဲ့ပုံေပၚခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးဟာ စေနေန႔ညေနပြဲစဥ္မွာေတာ့ လုံးဝ ေျခမေပၚခဲ့ဘဲ ဘရန႔္တ္ဖို႔ဒ္အသင္းကေတာင္ အနိုင္ရသြားဖို႔ ပိုမ်ားတဲ့ပုံစံေပၚေနခဲ့တာျဖစ္ပါတယ္။

ေသာမတ္စ္ ဖရန႔္ခ္ရဲ့အသင္းဟာ အိုင္ဗန္ တိုနီရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈ ၂ ႀကိမ္ တိုင္ထိထြက္ခဲ့တာေၾကာင့္ နစ္နာခဲ့ေပမယ့္လည္း သေရ ၁ မွတ္ေၾကာင့္ ရမွတ္ ၄၀ အထိ ရရွိသြားခဲ့ၿပီျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္အတြက္ေတာ့ စိတ္ေက်နပ္ေလာက္စရာ ရလဒ္ျဖစ္ခဲ့ေပမယ့္ စပါးစ္အတြက္ေတာ့ ဘဝပ်က္ခဲ့ရတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ၃ မွတ္နဲ႔ မထိုက္တန္ခဲ့ပါဘူး။ အခု ကၽြန္ေတာ္တို႔ ေနာက္ဆုံး ၅ ပြဲကို အေကာင္းဆုံးပုံစံနဲ႔ ကစားၿပီး ၿပိဳင္ပြဲထဲမွာ ဆက္ရွိေနေအာင္ ႀကိဳတင္ျပင္ဆင္ဖို႔ ႀကိဳးပမ္းရေတာ့မယ္။ သေရရလဒ္က မၽွတပါတယ္။ ကၽြန္ေတာ္တို႔ ဒါကို လက္ခံရမွာပါ။ ကၽြန္ေတာ္တို႔ အေကာင္းဆုံးလုပ္ဖို႔ ႀကိဳးပမ္းေနပါတယ္”လို႔ စပါးစ္နည္းၿပ ကြန္တီက ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ဘာေတြ ၾကဳံေတြ႕ေနလဲဆိုတာကို သိပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ လက္ထဲမွာပဲ ရွိေနပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ အာဆင္နယ္နဲ႔ ကစားသြားရမွာမို႔လို႔ပါ”လို႔ အဲရစ္ ဒိုင္ယာက ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ စေနေန႔ညေနက မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ၃-၁ နဲ႔ အနိုင္ရရွိသြားခဲ့တာေၾကာင့္ စုစုေပါင္း ရမွတ္ ၆၀ အထိ ရရွိခဲ့ၿပီျဖစ္ၿပီး စပါးစ္ထက္ ၂ မွတ္အသာနဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.