Premier League

အာဆင်နယ်ကို ဒိုင်ကူလို့ ရှုံးနိမ့်ခဲ့တယ်လို့ ခံစားနေရတဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အာဆင်နယ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီ ရရှိမယ့်အခွင့်အရေး ငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် VAR ရဲ့ လိုတမျိုး မလိုတမျိုးလုပ်ဆောင်ခဲ့မှုကို ဒေါသထွက်ခဲ့ကြပါတယ်။

ရန်းနစ်ခ်ရဲ့အသင်းဟာ ဆီးဒရစ်က ပင်နယ်တီဧရိယာထဲမှာ ဂျေဒန် ဆန်ချိုဆီက ဘောလုံးကို လက်ကို အသုံးပြုပြီး ရယူခဲ့ပုံပေါ်ခဲ့တာကြောင့် ပင်နယ်တီ တောင်းဆိုခဲ့ပေမယ့်လည်း ခရိတ် ပေါ်ဆင်က ပြစ်ဒဏ်ဘောသတ်မှတ်ပေးခြင်းမရှိသလို VAR ကလည်း ကြားဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်အပြီးမှာ အဲလက်စ် တဲလက်စ်က ဆာကာကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ချိန်မှာ အာဆင်နယ်အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ပြီး ဆာကာက ၂-၀ နဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို ပင်နယ်တီကနေတဆင့် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အီလန်ဂါကို နူနို တာဗာရက်စ်က လှဲချခဲ့တဲ့အချိန်မှာလည်း ပင်နယ်တီ ရရှိခဲ့သင့်တယ်လို့ ခံစားခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ စိတ်မကျေနပ်မှုကို ဖောက်ခွဲခဲ့ကြတာဖြစ်ပါတယ်။ “အဲဒီတော့ VAR က အခုတော့ အလုပ်လုပ်ပြီပေါ့။ ဒါပေမယ့် သူတို့တွေ လက်ထိဘောတုန်းက ဘယ်နားသွားသေနေတာလဲ။ ပင်နယ်တီဧရိယာထဲက လက်ထိဘော၊ အီလန်ဂါကို ပင်နယ်တီဧရီယာထဲမှာလည်း ပြစ်ဒဏ်ကျူးလွန်ပေမယ့် ဘာပြစ်ဒဏ်ဘောမှ မပေးခဲ့ဘူး”လို့ ယူနိုက်တက်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “လက်ထိဘောကို မကြည့်ပေမယ့် ဒါ(ဆာကာရဲ့ပြစ်ဒဏ်ဘော)ကိုတော့ ကြည့်တယ်။ အဲဒါကြောင့်ပဲ VAR က တသမတ်တည်းမရှိဘူးလို့ ပြောနေတာပေါ့”လို့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ပွဲအပြီးမှာ ဒိုင်လူကြီး ခရိတ် ပေါ်ဆင်က အာတီတာနဲ့ လက်ဆွဲနှုတ်ဆက်ချိန်မှာ မျက်စိတစ်ဖက်မှိတ်ပြခဲ့တာကိုလည်း မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက သတိပြုမိခဲ့ပြီး ဒိုင်နဲ့ အာဆင်နယ်တို့ ပေါင်းပြီး နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့တာဆိုတဲ့ သံသယက ပိုမို ခိုင်မာသွားခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေနည်းတူ ယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်ကလည်း ဂရန်းနစ် ချာကာရဲ့ သွင်းဂိုးဟာ နကီးတီးယားက လူကျွံအနေအထားနဲ့ ဒေးဗစ် ဒဟေးယားရဲ့ မြင်ကွင်းကို ပိတ်ဆို့ထားခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်မပြုသင့်ဘူးလို့ ယုံကြည်နေပေမယ့်လည်း VAR က အာဆင်နယ်ကို ဂိုးခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

စိတ်မကျေမနပ်ဖြစ်ခဲ့တဲ့ ဖာဒီနန်က BT Sport ကို “သူ လူကျွံနေပါတယ်။ အဲဒါက အရမ်းကောင်းတဲ့ ကန်ချက်လို့ ကျွန်တော် ထင်ပါတယ်။ သူက မြှားတစ်စင်း ပစ်လိုက်သလိုမျိုး ကန်သွင်းခဲ့တာပါ။ ဒါပေမယ့်လည်း အဲဒီကန်ချက်ကို ပြန်ကြည့်လိုက်ရင် ဒဟေးယားက ကစားသမားတစ်ဦး ကွယ်နေတာကို ခံခဲ့ရပြီး ကစားတာကို အနှောင့်အယှက်ပေးခံခဲ့ရတာ သေချာပါတယ်။ သူ(နကီးတီးယား)က လူကျွံအနေအထားမှာ ရပ်နေခဲ့တာပါ။ ဒဟေးယားက သူ့ကို ကျော်ကြည့်နေရပြီး ဂိုးပေးခဲ့ရပါတယ်။ သူက ဒဟေးယားနဲ့ လုံးဝ တစ်တန်းတည်းဖြစ်နေခဲ့ပါတယ်။ ဒဟေးယားက ဘောလုံးကို မြင်ရဖို့ သူ့ကို ကျော်ပြီး ကြည့်နေရတယ်။ သူ့ရှေ့မှာ ရှိနေတဲ့ ပထမဆုံးကစားသမားက နကီးတီးယားပဲ။ သူက အနားကပ်နေရင်လည်း ကိစ္စမရှိပါဘူး။ သူက လူကျွံအနေအထားမှာ ရပ်နေတဲ့ ကစားသမားကို လှည့်ပတ်ပြီး လိုက်ကြည့်နေရတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ပီတာ ဝယ်လ်တန်က VAR အနေနဲ့ ချာကာရဲ့ ကန်သွင်းမှုကို ဒဟေးယား ရှင်းရှင်းလင်းလင်း မမြင်ရအောင် တားဆီးထားတာက နကီးတီယားလား လင်ဒီလော့ဖ်လားဆိုတာကို ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“တကယ်လို့ ပြိုင်ဘက်က ရှေ့တည့်တည့်မြင်ကွင်းကို အနှောင့်အယှက်ပေးပြီး ဂိုးသမားမမြင်ရအောင်လုပ်မယ်ဆိုရင် ခင်ဗျားက သူ့ကို ကျော်ပြီး ကြည့်နေရတယ်လို့ ငြင်းခုံနိုင်ပြီး ပြစ်ဒဏ်ကျူးလွန်မှု မြောက်ပါတယ်။ ဒါပေမယ့် ခင်ဗျား အဲဒီမှာ လင်ဒီလော့ဖ်လည်း ရှိနေခဲ့တာကို ငြင်းခုံနိုင်ပြီး ဒဟေးယားက လှည့်ပတ်ကြည့်နေတာကို ခင်ဗျား စမြင်ရတဲ့ ရှုထောင့်ရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဘောလုံးကို ကန်သွင်းလိုက်တဲ့အခါမှာ တကယ်ရှိနေခဲ့တာက လင်ဒီလော့ဖ်ဖြစ်ပြီး လင်ဒီလော့ဖ်က မြင်ကွင်းပိတ်တာလား ဒါမှမဟုတ် နကီးတီးယားလား။ VAR က အဲဒါကို ရှုထောင့်အမျိုးမျိုးကနေ ကြည့်ခဲ့ပြီး နကီးတီးယားထက် ဂိုးကာကွယ်ဖို့ လုပ်နေတဲ့ လင်ဒီလော့ဖ်က မြင်ကွင်းပိတ်နေခဲ့တာလို့ ဆုံးဖြတ်ခဲ့တာကြောင့် ဂိုးပေးလိုက်တာပါ”

“မြင်ကွင်းပိတ်ခဲ့တာက နကီးတီးယားလို့ ပြောတဲ့ တွေးစရာတွေရှိနေပေမယ့် ခင်ဗျား အဲဒါကို ရှင်းလင်းပြတ်သားတဲ့ အထောက်အထားတွေကို ရှာဖွေတဲ့အခါမှာ VAR ရဲ့ ရပ်တည်ချက်က ဒီကိစ္စတစ်ခုမှာ မှန်ကန်သွားပါတယ်”လို့ ရှင်းလင်းခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ အာဆင္နယ္အသင္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီ ရရွိမယ့္အခြင့္အေရး ျငင္းပယ္ျခင္းခံခဲ့ရၿပီးေနာက္ VAR ရဲ့ လိုတမ်ိဳး မလိုတမ်ိဳးလုပ္ေဆာင္ခဲ့မႈကို ေဒါသထြက္ခဲ့ၾကပါတယ္။

ရန္းနစ္ခ္ရဲ့အသင္းဟာ ဆီးဒရစ္က ပင္နယ္တီဧရိယာထဲမွာ ေဂ်ဒန္ ဆန္ခ်ိဳဆီက ေဘာလုံးကို လက္ကို အသုံးျပဳၿပီး ရယူခဲ့ပုံေပၚခဲ့တာေၾကာင့္ ပင္နယ္တီ ေတာင္းဆိုခဲ့ေပမယ့္လည္း ခရိတ္ ေပၚဆင္က ျပစ္ဒဏ္ေဘာသတ္မွတ္ေပးျခင္းမရွိသလို VAR ကလည္း ၾကားဝင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္အၿပီးမွာ အဲလက္စ္ တဲလက္စ္က ဆာကာကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ခ်ိန္မွာ အာဆင္နယ္အသင္း ပင္နယ္တီ ကန္သြင္းခြင့္ရရွိခဲ့ၿပီး ဆာကာက ၂-၀ နဲ႔ ဦးေဆာင္နိုင္ေစမယ့္ သြင္းဂိုးကို ပင္နယ္တီကေနတဆင့္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ အီလန္ဂါကို ႏူနို တာဗာရက္စ္က လွဲခ်ခဲ့တဲ့အခ်ိန္မွာလည္း ပင္နယ္တီ ရရွိခဲ့သင့္တယ္လို႔ ခံစားခဲ့ရၿပီး မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ လူမႈကြန္ရက္ေပၚမွာ စိတ္မေက်နပ္မႈကို ေဖာက္ခြဲခဲ့ၾကတာျဖစ္ပါတယ္။ “အဲဒီေတာ့ VAR က အခုေတာ့ အလုပ္လုပ္ၿပီေပါ့။ ဒါေပမယ့္ သူတို႔ေတြ လက္ထိေဘာတုန္းက ဘယ္နားသြားေသေနတာလဲ။ ပင္နယ္တီဧရိယာထဲက လက္ထိေဘာ၊ အီလန္ဂါကို ပင္နယ္တီဧရီယာထဲမွာလည္း ျပစ္ဒဏ္က်ဴးလြန္ေပမယ့္ ဘာျပစ္ဒဏ္ေဘာမွ မေပးခဲ့ဘူး”လို႔ ယူနိုက္တက္ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “လက္ထိေဘာကို မၾကည့္ေပမယ့္ ဒါ(ဆာကာရဲ့ျပစ္ဒဏ္ေဘာ)ကိုေတာ့ ၾကည့္တယ္။ အဲဒါေၾကာင့္ပဲ VAR က တသမတ္တည္းမရွိဘူးလို႔ ေျပာေနတာေပါ့”လို႔ ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔ ပြဲအၿပီးမွာ ဒိုင္လူႀကီး ခရိတ္ ေပၚဆင္က အာတီတာနဲ႔ လက္ဆြဲႏႈတ္ဆက္ခ်ိန္မွာ မ်က္စိတစ္ဖက္မွိတ္ျပခဲ့တာကိုလည္း မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ေတြက သတိျပဳမိခဲ့ၿပီး ဒိုင္နဲ႔ အာဆင္နယ္တို႔ ေပါင္းၿပီး ႏွစ္ေပါက္တစ္ေပါက္ ရိုက္ခဲ့တာဆိုတဲ့ သံသယက ပိုမို ခိုင္မာသြားခဲ့ၾကပါတယ္။

မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြနည္းတူ ယူနိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္ကလည္း ဂရန္းနစ္ ခ်ာကာရဲ့ သြင္းဂိုးဟာ နကီးတီးယားက လူကၽြံအေနအထားနဲ႔ ေဒးဗစ္ ဒေဟးယားရဲ့ ျမင္ကြင္းကို ပိတ္ဆို႔ထားခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္မျပဳသင့္ဘူးလို႔ ယုံၾကည္ေနေပမယ့္လည္း VAR က အာဆင္နယ္ကို ဂိုးခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။

စိတ္မေက်မနပ္ျဖစ္ခဲ့တဲ့ ဖာဒီနန္က BT Sport ကို “သူ လူကၽြံေနပါတယ္။ အဲဒါက အရမ္းေကာင္းတဲ့ ကန္ခ်က္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သူက ျမႇားတစ္စင္း ပစ္လိုက္သလိုမ်ိဳး ကန္သြင္းခဲ့တာပါ။ ဒါေပမယ့္လည္း အဲဒီကန္ခ်က္ကို ျပန္ၾကည့္လိုက္ရင္ ဒေဟးယားက ကစားသမားတစ္ဦး ကြယ္ေနတာကို ခံခဲ့ရၿပီး ကစားတာကို အေႏွာင့္အယွက္ေပးခံခဲ့ရတာ ေသခ်ာပါတယ္။ သူ(နကီးတီးယား)က လူကၽြံအေနအထားမွာ ရပ္ေနခဲ့တာပါ။ ဒေဟးယားက သူ႔ကို ေက်ာ္ၾကည့္ေနရၿပီး ဂိုးေပးခဲ့ရပါတယ္။ သူက ဒေဟးယားနဲ႔ လုံးဝ တစ္တန္းတည္းျဖစ္ေနခဲ့ပါတယ္။ ဒေဟးယားက ေဘာလုံးကို ျမင္ရဖို႔ သူ႔ကို ေက်ာ္ၿပီး ၾကည့္ေနရတယ္။ သူ႔ေရွ႕မွာ ရွိေနတဲ့ ပထမဆုံးကစားသမားက နကီးတီးယားပဲ။ သူက အနားကပ္ေနရင္လည္း ကိစၥမရွိပါဘူး။ သူက လူကၽြံအေနအထားမွာ ရပ္ေနတဲ့ ကစားသမားကို လွည့္ပတ္ၿပီး လိုက္ၾကည့္ေနရတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ပီတာ ဝယ္လ္တန္က VAR အေနနဲ႔ ခ်ာကာရဲ့ ကန္သြင္းမႈကို ဒေဟးယား ရွင္းရွင္းလင္းလင္း မျမင္ရေအာင္ တားဆီးထားတာက နကီးတီယားလား လင္ဒီေလာ့ဖ္လားဆိုတာကို ဆုံးျဖတ္နိုင္ခဲ့ျခင္းမရွိဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“တကယ္လို႔ ၿပိဳင္ဘက္က ေရွ႕တည့္တည့္ျမင္ကြင္းကို အေႏွာင့္အယွက္ေပးၿပီး ဂိုးသမားမျမင္ရေအာင္လုပ္မယ္ဆိုရင္ ခင္ဗ်ားက သူ႔ကို ေက်ာ္ၿပီး ၾကည့္ေနရတယ္လို႔ ျငင္းခုံနိုင္ၿပီး ျပစ္ဒဏ္က်ဴးလြန္မႈ ေျမာက္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ား အဲဒီမွာ လင္ဒီေလာ့ဖ္လည္း ရွိေနခဲ့တာကို ျငင္းခုံနိုင္ၿပီး ဒေဟးယားက လွည့္ပတ္ၾကည့္ေနတာကို ခင္ဗ်ား စျမင္ရတဲ့ ရႈေထာင့္ရွိတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ေဘာလုံးကို ကန္သြင္းလိုက္တဲ့အခါမွာ တကယ္ရွိေနခဲ့တာက လင္ဒီေလာ့ဖ္ျဖစ္ၿပီး လင္ဒီေလာ့ဖ္က ျမင္ကြင္းပိတ္တာလား ဒါမွမဟုတ္ နကီးတီးယားလား။ VAR က အဲဒါကို ရႈေထာင့္အမ်ိဳးမ်ိဳးကေန ၾကည့္ခဲ့ၿပီး နကီးတီးယားထက္ ဂိုးကာကြယ္ဖို႔ လုပ္ေနတဲ့ လင္ဒီေလာ့ဖ္က ျမင္ကြင္းပိတ္ေနခဲ့တာလို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ဂိုးေပးလိုက္တာပါ”

“ျမင္ကြင္းပိတ္ခဲ့တာက နကီးတီးယားလို႔ ေျပာတဲ့ ေတြးစရာေတြရွိေနေပမယ့္ ခင္ဗ်ား အဲဒါကို ရွင္းလင္းျပတ္သားတဲ့ အေထာက္အထားေတြကို ရွာေဖြတဲ့အခါမွာ VAR ရဲ့ ရပ္တည္ခ်က္က ဒီကိစၥတစ္ခုမွာ မွန္ကန္သြားပါတယ္”လို႔ ရွင္းလင္းခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.