Match Report Premier League

ဘရာဇီးလ်သားတွေ ယူပေးတဲ့ နိုင်ပွဲနဲ့ အဆင့် ၉ အထိ တက်လာခဲ့တဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒူဘရက်ဗ်ကာ၊ လာဆယ်လက်စ်၊ ဒန်ဘန်း၊ တားဂက်နဲ့ ခရတ်ဖ်တို့ကို ခံစစ်မှာ ထားခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်စ်၊ ဝီလော့ခ်နဲ့ လောင်းစတပ်ဖ်တို့ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာတော့ စန်မက်ဇီမန်၊ ဂျိုလင်တန်နဲ့ မာဖီတို့ကို ပွဲထွက် ကစားစေခဲ့တာဖြစ်ပါတယ်။

နော့ဝစ်ချ်တို့ကတော့ ဘာလုပ်လုပ် ဘာမှ မထူးချိန်မှာ အပြောင်းအလဲလုပ်လာခဲ့ပြီး ခံစစ်မှာ ကရူးလ်၊ ဟန်လီ၊ ဇင်မာမန်း၊ ဂျန်နူလစ်နဲ့ ဘိုင်ရမ်တို့ကို သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ နော်မန်း၊ မက္ကလင်း၊ လီးမေလူး၊ ဒိုဝဲလ်၊ ရာရှီကာတို့နဲ့ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ပူကီ တစ်ဦးတည်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ဂီမာရိုင်စ် ကွင်းလယ်က တင်ပေးတာကို ညာတောင်ပံက မာဖီက ပြေးလိုက်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ချိုးသလိုလို ကန်သလိုလိုနဲ့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုးရဖို့ နစ်နာခဲ့ရပြီး ပွဲချိန် ၁၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပူကီက ဂိုးသမား ဒူဘရက်ဗ်ကာကိုပါ ကျော်ဖြတ်ပြီး ဖန်တီးပေးတာကို ဒိုဝဲလ် ကန်ချက်က ထောင်သွားခဲ့လို့ နော့ဝစ်ချ်တို့ စိတ်ပျက်ခဲ့ရပါတယ်။

ဧည့်သည် နယူးကာဆယ်လ်နဲ့ အိမ်ရှင် နော့ဝစ်ချ်တို့ ကစားအားချင်း ယှဉ်ခဲ့ကြပြီး နှစ်သင်းစလုံး တောင်ပံနဲ့ တန်ပြန်တိုက်စစ်တွေကို အားသန်တဲ့ အသင်းတွေဖြစ်ကြတာကြောင့် ပွဲက ကြည့်လို့ကောင်းခဲ့သလို အချိန်ကြာလာတာနဲ့အမျှတော့ အက်ဒီဟောင်းရဲ့ နည်းဗျူဟာတွေက ဒင်းန် စမစ်ကို အသာရလာခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဝေးကွင်းမှာ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့သလို ကွင်းလယ်ကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို မာဖီက ရယူပြီး အတွင်းကို ပြန်ချိုးပေးတာကို စန်မက်ဇီမန်က ခင်းပေးခဲ့ပြီး လောင်းစတပ်ဖ်က မယူလိုက်နိုင်ပေမယ့် ဘယ်ခြမ်းမှာ ရှိနေတဲ့ ဂျိုလင်တန်က ပြေးဝင်လာပြီး အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ကရူးလ် မကာကွယ်လိုက်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ နော့ဝစ်ချ်ရဲ့ ဘယ်ခြမ်းကိုပဲ အဓိက ထိုးဖောက်နေခဲ့တာကို တွေ့ရပြီး ပွဲချိန် ၄၁ မိနစ်မှာတော့ ညာခြမ်းကနေပဲ ဂျန်နူလစ်ကို ကျော်ပြေးလာခဲ့တဲ့ မာဖီက အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဘယ်တောင်ပံတိုက်စစ်မှူး ဂျိုလင်တန်ကပဲ တိုင်ဘေးကနေ အနီးကပ် ပိတ်သွင်းပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ အနိုင်ပြတ်သားစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နော့ဝစ်ချ် ဂိုးသမား ကရူးလ်ရဲ့ မှားယွင်းတဲ့ လူပေးမှုကို ကွင်းလယ်လူ ဘရူနို ဂီမာရိုင်စ်က ဖြတ်ယူသွားခဲ့ပြီး တစ်ဦးချင်းတွေ့ခွင့်ရခဲ့ချိန်မှာတော့ အသာအယာ Chip လုပ်ပြီး ကန်သွင်းသွားနိုင်ခဲ့လို့ တတိယ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ နယူးကာဆယ်လ်ဘက်က ဂျိုလင်တန်၊ မာဖီနဲ့ ဂီမာရိုင်စ်တို့အစား အယ်လ်မီရွန်၊ ရစ်ချီနဲ့ ဒွိုက် ဂိုင်းလ်တို့ကို လဲကစားသွားခဲ့ပြီး ဂိုးရဖို့တော့ မတတ်နိုင်ခဲ့ကြတော့တာကြောင့် ပွဲချိန်အပြည့်မှာ နယူးကာဆယ်လ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ အဝေးကွင်း ကားရိုးရုဒ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်လ်တို့အနေနဲ့ နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်နဲ့ ရမှတ် ၁၂ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာကို ရမှတ် ၄၃ မှတ်နဲ့ တက်လှမ်းလာနိုင်ခဲ့ချိန်မှာ နော့ဝစ်ချ်တို့ကတော့ လက်ရှိအချိန်အထိ ရမှတ် ၂၁ မှတ်သာ ရသေးပြီး အဆင့် ၂၀ ကနေ ရုန်းထွက်နိုင်ဖို့ ကမ်းမမြင် လမ်းမမြင် ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


နော့ဝစ်ခ်ျတို့ကတော့ ဘာလုပ်လုပ် ဘာမှ မထူးချိန်မှာ အပြောင်းအလဲလုပ်လာခဲ့ပြီး ခံစစ်မှာ ကရူးလ်၊ ဟန်လီ၊ ဇင်မာမန်း၊ ဂျန်နူလစ်နဲ့ ဘိုင်ရမ်တို့ကို သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ နော်မန်း၊ မက္ကလင်း၊ လီးမေလူး၊ ဒိုဝဲလ်၊ ရာရှီကာတို့နဲ့ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ပူကီ တစ်ဦးတည်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ဂီမာရိုင်စ် ကွင်းလယ်က တင်ပေးတာကို ညာတောင်ပံက မာဖီက ပြေးလိုက်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ချိုးသလိုလို ကန်သလိုလိုနဲ့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုးရဖို့ နစ်နာခဲ့ရပြီး ပွဲချိန် ၁၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပူကီက ဂိုးသမား ဒူဘရက်ဗ်ကာကိုပါ ကျော်ဖြတ်ပြီး ဖန်တီးပေးတာကို ဒိုဝဲလ် ကန်ချက်က ထောင်သွားခဲ့လို့ နော့ဝစ်ခ်ျတို့ စိတ်ပျက်ခဲ့ရပါတယ်။

ဧည့်သည် နယူးကာဆယ်လ်နဲ့ အိမ်ရှင် နော့ဝစ်ခ်ျတို့ ကစားအားချင်း ယှဉ်ခဲ့ကြပြီး နှစ်သင်းစလုံး တောင်ပံနဲ့ တန်ပြန်တိုက်စစ်တွေကို အားသန်တဲ့ အသင်းတွေဖြစ်ကြတာကြောင့် ပွဲက ကြည့်လို့ကောင်းခဲ့သလို အချိန်ကြာလာတာနဲ့အမျှတော့ အက်ဒီဟောင်းရဲ့ နည်းဗျူဟာတွေက ဒင်းန် စမစ်ကို အသာရလာခဲ့တာပါ။


နယူးကာဆယ်လ်တို့အနေနဲ့ နော့ဝစ်ခ်ျရဲ့ ဘယ်ခြမ်းကိုပဲ အဓိက ထိုးဖောက်နေခဲ့တာကို တွေ့ရပြီး ပွဲချိန် ၄၁ မိနစ်မှာတော့ ညာခြမ်းကနေပဲ ဂျန်နူလစ်ကို ကျော်ပြေးလာခဲ့တဲ့ မာဖီက အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဘယ်တောင်ပံတိုက်စစ်မှူး ဂျိုလင်တန်ကပဲ တိုင်ဘေးကနေ အနီးကပ် ပိတ်သွင်းပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ အနိုင်ပြတ်သားစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နော့ဝစ်ခ်ျ ဂိုးသမား ကရူးလ်ရဲ့ မှားယွင်းတဲ့ လူပေးမှုကို ကွင်းလယ်လူ ဘရူနို ဂီမာရိုင်စ်က ဖြတ်ယူသွားခဲ့ပြီး တစ်ဦးချင်းတွေ့ခွင့်ရခဲ့ချိန်မှာတော့ အသာအယာ Chip လုပ်ပြီး ကန်သွင်းသွားနိုင်ခဲ့လို့ တတိယ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့တာပါ။


ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်လ်တို့အနေနဲ့ နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်နဲ့ ရမှတ် ၁၂ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာကို ရမှတ် ၄၃ မှတ်နဲ့ တက်လှမ်းလာနိုင်ခဲ့ချိန်မှာ နော့ဝစ်ခ်ျတို့ကတော့ လက်ရှိအချိန်အထိ ရမှတ် ၂၁ မှတ်သာ ရသေးပြီး အဆင့် ၂၀ ကနေ ရုန်းထွက်နိုင်ဖို့ ကမ်းမမြင် လမ်းမမြင် ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.