Ligue1 Match Report

မသွင်းဘူးဆိုလည်း မသွင်းဘူး၊ သွင်းပြီဟေ့ဆိုရင်လည်း ဖလားပါတန်းယူတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ စနေနေ့ညက လွန်းစ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အံ့မခန်းသွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားကို ၁၀ ကြိမ်မြောက် ရရှိတဲ့ စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိဂန်းဖလားကို ရရှိဖို့အတွက် အနည်းငယ် အလှမ်းဝေးလာသလို ဖြစ်နေတဲ့အချိန်မှာ ဘလွန်ဒေါ ၇ ဆုရှင်က ကြောက်မက်ဖွယ် ကန်သွင်းချက်နဲ့အတူ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ခေါင်းမာတဲ့ လွန်းစ်ရဲ့ ခံစစ်ကို ချိုးဖျက်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး အာဂျင်တီးနား မှော်ဆရာက ၎င်းရဲ့ အကောင်းဆုံးလုပ်နိုင်တဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က ကန်သွင်းမှုကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ နေမာ ပေးပို့လိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ တစ်ချက်ထိန်းပြီးနောက် အားပါ ပြင်းထန်တဲ့ ဘယ်ခြေကန်သွင်းချက်နဲ့အတူ တစ်ပွဲလုံး လက်စွမ်းပြလာတဲ့ လွန်းစ် ဂိုးသမား လေကာကို ဖင်ထိုင်ကျသွားစေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာတော့ နောက်ဆုံး လိဂန်းဖလား ၁၀ ကြိမ်မှာ ၈ ကြိမ်အထိ အနိုင်ရရှိခဲ့ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက မိုနာကို၊ မနှစ်က လီလ်တို့က ရရှိသွားခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၁၉၅၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အတွင်း ပြင်သစ်လိဂ်ဖလားကို ၁၀ ကြိမ်အထိ စံချိန်တင် ရရှိခဲ့တဲ့ စန် အီတျန်ရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်း မက်ဆီအတွက် ပြင်သစ်လိဂ်ပွဲစဉ်တွေက အမြဲတမ်းတော့ လွယ်ကူခဲ့တာမဟုတ်ပေမယ့်လည်း စနေနေ့ညမှာတော့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အာဂျင်တီးနားဂန္တဝင်အတွက်တော့ ချိုမြိန်တဲ့ညတစ်ည ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်တစ်ဆုပ်စာ သွင်းဂိုးလောက်နဲ့ ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာက မက်ဆီ ကြုံတွေ့နေကျ ရာသီမျိုးတော့ မဟုတ်ခဲ့ပေမယ့် စနေနေ့ညမှာတော့ အာဂျင်တီးနားကြယ်ပွင့်ဟာ နောက်ထပ် ဆုဖလားတစ်ခုကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်နှောင်းပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားချင်တဲ့ မက်ဆီအတွက် ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာကို အားလုံး စောင့်ကြည့်နေကြမှာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၎င်းရဲ့နောက်ဆုံးလည်း ဖြစ်နိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားပေးသွားမှာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ကစားသမားဘဝဟာ နေဝင်ချိန်ကာလတွေကို ရောက်ရှိနေပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ အရာတွေကို လုပ်ပြသွားနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာတလွှားက ပရိသတ်တွေရဲ့ ရင်ထဲမှာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ထင်ကျန်ရစ်ခဲ့မှာ အသေအချာပဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ စေနေန႔ညက လြန္းစ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အံ့မခန္းသြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းဟာ ျပင္သစ္ဖလားကို ၁၀ ႀကိမ္ေျမာက္ ရရွိတဲ့ စံခ်ိန္ကို လိုက္မီခဲ့ၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ လိဂန္းဖလားကို ရရွိဖို႔အတြက္ အနည္းငယ္ အလွမ္းေဝးလာသလို ျဖစ္ေနတဲ့အခ်ိန္မွာ ဘလြန္ေဒါ ၇ ဆုရွင္က ေၾကာက္မက္ဖြယ္ ကန္သြင္းခ်က္နဲ႔အတူ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ေခါင္းမာတဲ့ လြန္းစ္ရဲ့ ခံစစ္ကို ခ်ိဳးဖ်က္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး အာဂ်င္တီးနား ေမွာ္ဆရာက ၎ရဲ့ အေကာင္းဆုံးလုပ္နိုင္တဲ့ ပင္နယ္တီဧရိယာအျပင္ဘက္က ကန္သြင္းမႈကို ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပင္နယ္တီဧရိယာအျပင္ဘက္မွာ ေနမာ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဘယ္ေျခနဲ႔ တစ္ခ်က္ထိန္းၿပီးေနာက္ အားပါ ျပင္းထန္တဲ့ ဘယ္ေျခကန္သြင္းခ်က္နဲ႔အတူ တစ္ပြဲလုံး လက္စြမ္းျပလာတဲ့ လြန္းစ္ ဂိုးသမား ေလကာကို ဖင္ထိုင္က်သြားေစခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လက္ရွိမွာေတာ့ ေနာက္ဆုံး လိဂန္းဖလား ၁၀ ႀကိမ္မွာ ၈ ႀကိမ္အထိ အနိုင္ရရွိခဲ့ၿပီျဖစ္ၿပီး ၂၀၁၇ ခုႏွစ္တုန္းက မိုနာကို၊ မႏွစ္က လီလ္တို႔က ရရွိသြားခဲ့ၾကတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ၁၉၅၇ ခုႏွစ္ကေန ၁၉၈၁ ခုႏွစ္အတြင္း ျပင္သစ္လိဂ္ဖလားကို ၁၀ ႀကိမ္အထိ စံခ်ိန္တင္ ရရွိခဲ့တဲ့ စန္ အီတ်န္ရဲ့ စံခ်ိန္ကိုလည္း လိုက္မီခဲ့ၿပီ ျဖစ္ပါတယ္။ ဘာစီလိုနာၾကယ္ပြင့္ေဟာင္း မက္ဆီအတြက္ ျပင္သစ္လိဂ္ပြဲစဥ္ေတြက အျမဲတမ္းေတာ့ လြယ္ကူခဲ့တာမဟုတ္ေပမယ့္လည္း စေနေန႔ညမွာေတာ့ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ အာဂ်င္တီးနားဂႏၲဝင္အတြက္ေတာ့ ခ်ိဳၿမိန္တဲ့ညတစ္ည ျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္တစ္ဆုပ္စာ သြင္းဂိုးေလာက္နဲ႔ ခ်န္ပီယံလိဂ္ကေန ေစာေစာစီးစီး ထြက္ခြာခဲ့ရတာက မက္ဆီ ၾကဳံေတြ႕ေနက် ရာသီမ်ိဳးေတာ့ မဟုတ္ခဲ့ေပမယ့္ စေနေန႔ညမွာေတာ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေနာက္ထပ္ ဆုဖလားတစ္ခုကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီျဖစ္ပါတယ္။ ယခုႏွစ္ေႏွာင္းပိုင္း ကမၻာ့ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ တတ္နိုင္သမၽွ အစြမ္းကုန္လုပ္ေဆာင္သြားခ်င္တဲ့ မက္ဆီအတြက္ ေရွ႕မွာ ဘာေတြျဖစ္လာမလဲဆိုတာကို အားလုံး ေစာင့္ၾကည့္ေနၾကမွာျဖစ္ၿပီး ၂၀၁၄ ကမၻာ့ဖလားတုန္းက ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ၎ရဲ့ေနာက္ဆုံးလည္း ျဖစ္နိုင္တဲ့ ကမၻာ့ဖလားၿပိဳင္ပြဲကို ပါဝင္ကစားေပးသြားမွာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ့ ကစားသမားဘဝဟာ ေနဝင္ခ်ိန္ကာလေတြကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ထူးျခားတဲ့ အရာေတြကို လုပ္ျပသြားနိုင္ခဲ့မယ္ဆိုရင္ ကမၻာတလႊားက ပရိသတ္ေတြရဲ့ ရင္ထဲမွာ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ ထင္က်န္ရစ္ခဲ့မွာ အေသအခ်ာပဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.