Match Report Premier League

ဝတ်ဖို့ဒ်ကို အမုန်းကျုံးပြီး ချန်ပီယံဆုအတွက် ဂိုးကွာခြားချက်ကို တိုးမြှင့်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ အီဒါဆန်၊ ကန်ဆယ်လို၊ ရူဘင် ဒီယက်စ်၊ လာပေါ့တ်၊ ဇင်ချန်ကိုတို့နဲ့ ခံစစ်ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဖာနန်ဒင်ညို၊ ဒီဘရိုင်းနား၊ ရိုဒရီတို့နဲ့ တောင့်တောင့်တင်းတင်း ပြင်ဆင်လာခဲ့ပြီး တိုက်စစ်မှာတော့ ဂျေဆူးစ်၊ ဂရီးလစ်ရှ်နဲ့ စတာလင်တို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

တန်းမဆင်းရအောင် ရုန်းကန်နေတဲ့ ဝတ်ဖို့ဒ်တို့ကတော့ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ကာဘာဆီလီ၊ ကာမာရာ၊ ဆာမီယာနဲ့ နဂါကီယာတို့ကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ ဆစ်ဆိုကို၊ လူဇာ၊ ကလယ်ဗာလီတို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျိုရှူအာကင်း၊ အစ္စမိုင်လာ ဆားရ်နဲ့ အီမန်ညူယယ် ဒင်းနစ်တို့ကို ကစားစေခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာတောင်ပံက ကန်ဆယ်လိုရဲ့ ဖြတ်တင်မှုကို ဧရိယာထဲက ဘယ်သူကမှ ခေါင်းမတိုက်နိုင်ဘဲ ဘယ်ခြမ်းကို ကျလာရာမှာ ဇင်ချန်ကိုက အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဂျေဆူးစ်က အနီးကပ် ပိတ်သွင်းပြီး ဝတ်ဖို့ဒ်တို့ကို ဖိအားဝင်စေခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာလည်း မန်စီးတီးတို့ပဲ ဆက်လက်ဖိကစားနေခဲ့ပြီး အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုနဲ့ ညာခြမ်းက ကန်ဆယ်လိုတို့ရဲ့ ကန်ချက်တွေကို ဝတ်ဖို့ဒ်ဂိုးသမား ဘန် ဖော်စကာ ပိတ်ဆို့ကာကွယ်နေခဲ့ရသလို ပွဲချိန် ၁၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဧရိယာထဲမှာ လာပေါ့တ် ဆွဲလှဲခံခဲ့ရပေမယ့် ဒိုင်လူကြီးကတော့ ကျော်သွားခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရှာဖွေနိုင်ခဲ့ကြပြီး ညာခြမ်းကနေ ဒီဘရိုင်းနားရဲ့ လှပတဲ့ ဖြတ်တင်ဘောကို စတာလင်နဲ့အတူ ခေါင်းမတိုက်နိုင်ဘဲ လိုက်မျောသွားခဲ့တဲ့ ကာဘာဆီလီနဲ့ ကာမာရာတို့ကို ကျော်ပြီး ကျလာတဲ့ ဘောလုံးကို ဂျေဆူးစ်ကပဲ အနီးကပ် ခေါင်းတိုက်ပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်စေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ဝတ်ဖို့ဒ်တို့ အဝေးကွင်းမှာ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒင်းနစ်က မန်စီးတီး နောက်တန်းကို ကျော်ချပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူ ဟာဆာနီ ကာမာရာက ပြေးဝင်ပြီး Half Volley အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား အီဒါဆန် မကာကွယ်နိုင်ခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ မန်စီးတီးတို့ပဲ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ကွင်းလယ်လူ ဒီဘရိုင်းနား လဲကျနေပေမယ့် ဆက်လက်တိုက်စစ်ဆင်ကစားနေတဲ့ အိမ်ရှင်တွေရဲ့ ညာခြမ်းက ဂျေဆူးစ် နောက်ပြန်ချိုးပေးတဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ ရိုဒရီက အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဖော်စတာ မကာကွယ်လိုက်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ မန်စီးတီးတို့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ စတုတ္ထဂိုး ရရှိခဲ့သလို ဒီဂိုးကိုတော့ ကာမာရာ လူပေးမှားရာကနေ ဖြတ်ယူသွားခဲ့တဲ့ ဘောလုံးကို ဂျေဆူးစ်က ဂိုးသမားကို လှည့်ထွက်ရာမှာ ခြေထောက်အချိတ်ခံရလို့ ရခဲ့တဲ့ ပင်နယ်တီကို ကိုယ်တိုင်ပဲ ဘယ်ဘက်ထောင့်ကို ကန်သွင်းပြီး ရယူနိုင်ခဲ့တာပါ။

နောက်ထပ် ၄ မိနစ်အကြာမှာတော့ မန်စီးတီးတို့အတွက် ပဉ္စမဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့ပြီး ဒီတစ်ခါမှာလည်း ကွင်းလယ်ကနေ ဂရီးလစ်ရှ်ပေးတဲ့ ဘောလုံးကို ဂျေဆူးစ်ကပဲ အသင်းဖော် ဒီဘရိုင်းနားနဲ့ ဝမ်းတူးရိုက်ပြီး လွတ်ထွက်အလာမှာ ဂိုးသမား နေရာယူဖို့ အဆင်သင့်မဖြစ်ခင် အလျင်အမြန် ကန်သွင်းပြီး အနိုင်ရလဒ်ကို ပြတ်သားစေနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ဘက်က ဒီဘရိုင်းနားအစား ဂွန်ဒိုးဝမ်၊ လာပေါ့တ်အစား အာကေ၊ ရိုဒရီအစား မာရက်ဇ်တို့ကို ထည့်သွင်းကစားပြီး လူအင်အားချွေတာသွားခဲ့သလို နောက်ထပ်ဂိုးသွင်းဖို့လည်း ကြိုးစားခြင်းမရှိတော့တာကြောင့် ပွဲချိန်အပြည့်မှာတော့ ငါးဂိုး-တစ်ဂိုးနဲ့ပဲ အစ်တီဟတ်မှာ ဝတ်ဖို့ဒ်တို့အပေါ် နိုင်ပွဲဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့အနေနဲ့ ၃၃ ပွဲ ကစားအပြီးမှာ ရမှတ် ၈၀၊ ဂိုးကွာခြားချက် ၅၉ ဂိုးနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး မနက်ဖြန်မှာ မာဆေးဆိုက်ဒါဘီ ကန်မယ့် လီဗာပူးလ်အသင်းကို ၄ မှတ်အသာနဲ့ ဖိအားပေးနိုင်ခဲ့သလို နှစ်သင်းကြား ဂိုးကွာခြားချက်ကိုလည်း ၂ ဂိုးအထိ လျှော့ချနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ အီဒါဆန္၊ ကန္ဆယ္လို၊ ႐ူဘင္ ဒီယက္စ္၊ လာေပါ့တ္၊ ဇင္ခ်န္ကိုတို႔နဲ႔ ခံစစ္ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဖာနန္ဒင္ညိဳ၊ ဒီဘ႐ိုင္းနား၊ ႐ိုဒရီတို႔နဲ႔ ေတာင့္ေတာင့္တင္းတင္း ျပင္ဆင္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ ဂရီးလစ္ရွ္နဲ႔ စတာလင္တို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

တန္းမဆင္းရေအာင္ ႐ုန္းကန္ေနတဲ့ ဝတ္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ ကာဘာဆီလီ၊ ကာမာရာ၊ ဆာမီယာနဲ႔ နဂါကီယာတို႔ကို ပြဲထြက္ေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆစ္ဆိုကို၊ လူဇာ၊ ကလယ္ဗာလီတို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ိဳရႉအာကင္း၊ အစၥမိုင္လာ ဆားရ္နဲ႔ အီမန္ညဴယယ္ ဒင္းနစ္တို႔ကို ကစားေစခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက မန္စီးတီးတို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာေတာင္ပံက ကန္ဆယ္လိုရဲ႕ ျဖတ္တင္မႈကို ဧရိယာထဲက ဘယ္သူကမွ ေခါင္းမတိုက္ႏိုင္ဘဲ ဘယ္ျခမ္းကို က်လာရာမွာ ဇင္ခ်န္ကိုက အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ ေဂ်ဆူးစ္က အနီးကပ္ ပိတ္သြင္းၿပီး ဝတ္ဖို႔ဒ္တို႔ကို ဖိအားဝင္ေစခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာလည္း မန္စီးတီးတို႔ပဲ ဆက္လက္ဖိကစားေနခဲ့ၿပီး အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳနဲ႔ ညာျခမ္းက ကန္ဆယ္လိုတို႔ရဲ႕ ကန္ခ်က္ေတြကို ဝတ္ဖို႔ဒ္ဂိုးသမား ဘန္ ေဖာ္စကာ ပိတ္ဆို႔ကာကြယ္ေနခဲ့ရသလို ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဧရိယာထဲမွာ လာေပါ့တ္ ဆြဲလွဲခံခဲ့ရေပမယ့္ ဒိုင္လူႀကီးကေတာ့ ေက်ာ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရွာေဖြႏိုင္ခဲ့ၾကၿပီး ညာျခမ္းကေန ဒီဘ႐ိုင္းနားရဲ႕ လွပတဲ့ ျဖတ္တင္ေဘာကို စတာလင္နဲ႔အတူ ေခါင္းမတိုက္ႏိုင္ဘဲ လိုက္ေမ်ာသြားခဲ့တဲ့ ကာဘာဆီလီနဲ႔ ကာမာရာတို႔ကို ေက်ာ္ၿပီး က်လာတဲ့ ေဘာလုံးကို ေဂ်ဆူးစ္ကပဲ အနီးကပ္ ေခါင္းတိုက္ၿပီး ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဝတ္ဖို႔ဒ္တို႔ အေဝးကြင္းမွာ တစ္ဂိုးျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဒင္းနစ္က မန္စီးတီး ေနာက္တန္းကို ေက်ာ္ခ်ေပးလိုက္တဲ့ ေဘာလုံးကို ေနာက္ခံလူ ဟာဆာနီ ကာမာရာက ေျပးဝင္ၿပီး Half Volley အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား အီဒါဆန္ မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ကြင္းလယ္လူ ဒီဘ႐ိုင္းနား လဲက်ေနေပမယ့္ ဆက္လက္တိုက္စစ္ဆင္ကစားေနတဲ့ အိမ္ရွင္ေတြရဲ႕ ညာျခမ္းက ေဂ်ဆူးစ္ ေနာက္ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို ဧရိယာထိပ္ကေန ႐ိုဒရီက အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ေဖာ္စတာ မကာကြယ္လိုက္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ သုံးဂိုး-တစ္ဂိုးနဲ႔ မန္စီးတီးတို႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ စတုတၳဂိုး ရရွိခဲ့သလို ဒီဂိုးကိုေတာ့ ကာမာရာ လူေပးမွားရာကေန ျဖတ္ယူသြားခဲ့တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က ဂိုးသမားကို လွည့္ထြက္ရာမွာ ေျခေထာက္အခ်ိတ္ခံရလို႔ ရခဲ့တဲ့ ပင္နယ္တီကို ကိုယ္တိုင္ပဲ ဘယ္ဘက္ေထာင့္ကို ကန္သြင္းၿပီး ရယူႏိုင္ခဲ့တာပါ။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာေတာ့ မန္စီးတီးတို႔အတြက္ ပၪၥမဂိုးကို ထပ္မံရွာေဖြႏိုင္ခဲ့ၿပီး ဒီတစ္ခါမွာလည္း ကြင္းလယ္ကေန ဂရီးလစ္ရွ္ေပးတဲ့ ေဘာလုံးကို ေဂ်ဆူးစ္ကပဲ အသင္းေဖာ္ ဒီဘ႐ိုင္းနားနဲ႔ ဝမ္းတူး႐ိုက္ၿပီး လြတ္ထြက္အလာမွာ ဂိုးသမား ေနရာယူဖို႔ အဆင္သင့္မျဖစ္ခင္ အလ်င္အျမန္ ကန္သြင္းၿပီး အႏိုင္ရလဒ္ကို ျပတ္သားေစႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စီးတီးတို႔ဘက္က ဒီဘ႐ိုင္းနားအစား ဂြန္ဒိုးဝမ္၊ လာေပါ့တ္အစား အာေက၊ ႐ိုဒရီအစား မာရက္ဇ္တို႔ကို ထည့္သြင္းကစားၿပီး လူအင္အားေခြၽတာသြားခဲ့သလို ေနာက္ထပ္ဂိုးသြင္းဖို႔လည္း ႀကိဳးစားျခင္းမရွိေတာ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ ငါးဂိုး-တစ္ဂိုးနဲ႔ပဲ အစ္တီဟတ္မွာ ဝတ္ဖို႔ဒ္တို႔အေပၚ ႏိုင္ပြဲဆင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးတို႔အေနနဲ႔ ၃၃ ပြဲ ကစားအၿပီးမွာ ရမွတ္ ၈၀၊ ဂိုးကြာျခားခ်က္ ၅၉ ဂိုးနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီး မနက္ျဖန္မွာ မာေဆးဆိုက္ဒါဘီ ကန္မယ့္ လီဗာပူးလ္အသင္းကို ၄ မွတ္အသာနဲ႔ ဖိအားေပးႏိုင္ခဲ့သလို ႏွစ္သင္းၾကား ဂိုးကြာျခားခ်က္ကိုလည္း ၂ ဂိုးအထိ ေလွ်ာ့ခ်ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.