Analysis Article Premier League

နှစ်ပွဲ ခုနစ်ဂိုးနဲ့ အာဆင်နယ် 3-1 မန်ယူနိုက်တက်ပွဲက မြင်သာထင်သာခဲ့တဲ့ အချက် 7 ချက်

နှစ်ပွဲ ခုနစ်ဂိုးနဲ့ ကြွေတက်နေတဲ့ အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ဗီလာကို နိုင်ပွဲနောက်ပိုင်းမှာ သုံးပွဲဆက်တိုက်ရှုံးခဲ့တော့ သူတို့ကို ချန်ပီယံလိဂ်ကစားမယ့်အသင်းမျိုးလို့ ထင်ခဲ့သူတွေ အတော်လေး နည်းခဲ့တာဖြစ်ပါယ်။ ဒါပေမယ့် ချဲလ်ဆီးကို အဝေးကွင်းမှာ အနိုင်ယူခဲ့အပြီးမှာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းက ယုံကြည်မှု မြင့်မားနေပြီး တော်ရုံခံစစ်ပိတ်မကစားရင် ဂိုးသွင်းနိုင်ဖို့ စိတ်ဓာတ်တက်ကြွနေခဲ့ချိန်မှာ ဆိုးရွားတဲ့ ပုံစံနဲ့ အမ်းမရိတ်ကို အချိန်ကိုက်ရောက်လာခဲ့တဲ့ ယူနိုက်တက်တို့က မုဆိုးရှေ့က သားကောင်ပဲ ဖြစ်သွားခဲ့ပါတယ်။ အသင်းကြီးနှစ်သင်းနဲ့ နောက်ဆုံး နှစ်ပွဲမှာ ခုနစ်ဂိုးသွင်းယူခဲ့တာကိုလည်း အသိအမှတ်ပြုရမှာပါ။

ရန်းနစ်ခ် သတိပေးလဲ ဂရုမစိုက်တဲ့ ခံစစ်
မန်ချက်စတာယူနိုက်တက်အနေနဲ့ လီဗာပူးလ်နဲ့ပွဲကလို ဖွင့်ပေးမထားဖို့ လိုလိမ့်မယ်လို့ပြောပြီး ကပ္ပတိန် ခေါင်းကြီးကိုပါ ခေါက်ထားခဲ့တဲ့ နည်းပြ ရန်းနစ်ခ်ရဲ့ ကြိုတင်သတိပေးစကားကို ဘယ်သူကမှ အဖက်လုပ်ခဲ့ပုံ မပေါ်ဘဲ ဖီးလ်ဂျုံးစ် ပါမလာခဲ့လို့သာ နည်းနည်းတော်ခဲ့တာပါ။ ဒါပေမယ့် နောက်တန်းမှာ တစ်ယောက်ယောက်ကတော့ ရောင်းပေးရမယ့် တာဝန်ကို မက်ဂွိုင်းယားအတွက် ဗာရွန်းနဲ့ အဲလက်စ် တဲလက်စ်တို့က တာဝန်ဆက်လက် ကျေပွန်ခဲ့ကြပြီး ဘောပုတ်တော်တဲ့ ဒဟေးယားလည်း သူတို့တွေရဲ့ ဖရိုဖရဲခံစစ်ရှေ့မှာ ဘာမှ မတတ်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။

ဒွန်နာရမ်မာကို ဆာကာ ပြန်စိန်ခေါ်တော့မှာလား
ယူရို ၂၀၂၀ မှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းအတွက် ပြိုင်ဘက် အီတလီဂိုးသမား ဒွန်နာရမ်မာကို ဆာကာတစ်ယောက် လက်မြှောက် အရှုံးပေးခဲ့ရဖူးတာပါ။ ချဲလ်ဆီးနဲ့ပွဲမှာ လာကာဇက်ကို ထည့်သွင်းမကစားခဲ့ချိန်မှာ ဆာကာလည်း ပင်နယ်တီ ကန်မယ်ဆိုရော အာဆင်နယ်ပရိသတ်တွေ မယုံမရဲနဲ့ ရင်တမမ ဖြစ်ခဲ့ကြပေမယ့် သံမဏိစိတ်ဓာတ်ကို ပြသခဲ့ပြီး ဂိုးသမား မန်ဒီကို လှည့်စားကန်သွင်းနိုင်ခဲ့သလို ဒီနေ့ပွဲမှာ ဒဟေးယားကို ထပ်မံလှည့်စားနိုင်ခဲ့တဲ့ ကန်ချက်က ပြီးခဲ့တဲ့ ပွဲကထက် ပိုမိုအဆင့်မြင်ခဲ့ပြီး ဒွန်နာရမ်မာကို နောက်တစ်ကြိမ်တွေ့ရင် အနိုင်ယူဖို့ အသင့်ဖြစ်နေပြီလို့ပဲ ဆိုရပါလိမ့်မယ်။

သားလေးအတွက် ရာပြည့်ဂိုးနဲ့ ရော်နယ်လ်ဒို
လီဗာပူးလ်နဲ့ပွဲမှာ သူမပါခဲ့ပေမယ့် ဒီပွဲမှာ ပါလာမယ်လဲဆိုရော အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်ခဲ့ရတာ အမှန်ပါ။ ကြိုတင်စိတ်ပျက်ခဲ့ရသလိုပဲ သူ့ရဲ့ သမ္ဘာရင့် ဝါရင့် ရွေ့လျားမှုတွေနဲ့ အာဆင်နယ်နောက်ခံလူနှစ်ယောက်ကို လှည့်စားပြီး ဂိုးသမား ရမ်းစ်ဒေးလ်ကိုပါ ပေါ်တူဂီသားကြီးက ပညာပေး သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကတော့ သူ့ရဲ့ ရာပြည့် ပရီးမီးယားလိဂ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာတော့ ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ ထရိတ်မတ် Siuuu နဲ့ အောင်ပွဲခံဖို့ထက် မကြာသေးခင်ကမှ ဆုံးပါးသွားရှာတဲ့ မွေးကင်းစ သားငယ်လေးအတွက် ရည်ညွှန်းပြီး ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြခဲ့တဲ့ ပုံစံက အသင်းဖော်တွေနဲ့ ပရိသတ်တွေကိုပါ ထိခိုက်ခံစားရစေခဲ့တာပါ။

တစ်နိုင်ငံတည်းသားလေးကို ကယ်တင်ခဲ့တဲ့ ဖာနန်ဒက်စ်
ဒီပွဲရဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းတွေမှာ လောကြီးနေခဲ့သလို ခံစစ်ပိုင်းမှာလည်း ဝိတ်တက်ပြီး နှေးနေတဲ့ ပုံစံနဲ့ ညာခြမ်းက အီလန်ဂါကို မထိန်းနိုင်ခဲ့တဲ့ နူနို တာဗာရက်စ်အတွက်တော့ ဒီနေ့ပွဲရဲ့ ပွဲချိန် ၅၅ မိနစ်ဟာ အမြင့်ဆုံး Climax လည်း ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ ထောင့်ကန်ဘော ခုခံကာကွယ်မှုက လက်နဲ့ထိခဲ့ပြီး ပင်နယ်တီ ပေးခဲ့ရတဲ့အတွက် အဖွင့်ဂိုးကိုမှ မထောက်မညှာ အဆဲခံရတော့ဖို့ နီးစပ်ခဲ့ချိန်မှာ ငရဲကျမယ့် အနေအထားကနေ တစ်နိုင်ငံတည်းသား ဘရူနို ဖာနန်ဒက်စ်က တိုင်ထိအောင်ကန်ပြီး ကယ်တင်သွားခဲ့လို့ တာဗာရက်စ် မျက်နှာမပျက်ခဲ့ရတာဖြစ်ပါတယ်။

Xhaka Boom နဲ့ အဆင့် ၄ အတွက် ပါဝင်အားပေးတဲ့ ချာကာ
နှစ်ဂိုး-တစ်ဂိုးဆိုတဲ့ အနေအထားကနေ သရေကျဖို့ အနေအထားကနေ ဖာနန်ဒက်စ် ပင်နယ်တီ လွဲချော်ခဲ့မှုနဲ့ ဒါလော့ရဲ့ ကန်ချက်တွေ တိုင်ဘား မိတ်ဆက်ခဲ့မှုတွေကြောင့် အာဆင်နယ်တို့ ကံကောင်းနေခဲ့တာပါ။ အသင်းကို ဆေးထိုးနေတဲ့ စမစ်ရိုးကို မာတီနယ်လီနဲ့ လူစားလဲခဲ့အပြီးမှာတော့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ခံစစ်ကြောင်းကို အာဆင်နယ်တို့ မကြာခဏ ဖိအားပေးနိုင်ခဲ့ပေမယ့် တစ်ဂိုးတည်းနဲ့ အသည်းကွဲသွားနိုင်တဲ့ ခံစစ်ကလည်း မျက်ခုံးလှုပ်နေခဲ့ရသေးချိန်မှာ ချာကာက သူ့ရဲ့ ထရိတ်မတ်ကန်ချက်နဲ့ ၂၀၁၉ ခုနှစ်တုန်းကလိုပဲ ဒဟေးယားကို ထိုးနှက်ပြီး အဆင့် ၄ အတွက် နိုင်ပွဲကို သေချာစေခဲ့တာဖြစ်ပါတယ်။

ဂန်းနားတို့ ဂရုပြုရမယ့် ကြံ့ခိုင်မှု အခြေအနေ
အာဆင်နယ်အတွက် တိုက်စစ်ရဲ့ ညာခြမ်းဆုံမှတ် ဆာကာကို အကြိမ်ကြိမ် ဖြိုကစားခံခဲ့ရလို့ ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတာက စိုးရိမ်စရာလို့ ပြောမယ်ဆိုရင် ဒုတိယပိုင်း စကတည်းက ဘယ်သူနဲ့မှ မထိဘဲ တစ်ယောက်တည်း ကစားအားကျလာခဲ့တဲ့ စမစ်ရိုးကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ညာခြမ်းက သူ့ရဲ့ ကစားအားလျော့နည်းမှုကြောင့် အကြိမ်ကြိမ် ဖိအားပေးနေခဲ့သလို တာဗာရက်စ်ကို မျက်နှာပျက်ရတော့မလို ဖြစ်စေခဲ့ပြီး နောက်ဆုံးမှာတော့ ဒါကို သတိပြုမိတဲ့ အာတီတာက မာတီနယ်လီနဲ့ လဲထုတ်ခဲ့လို့သာ နိုင်ပွဲအတွက် ရှေ့ဆက်နိုင်ခဲ့တာပါ။ အစကတည်းက ကြံ့ခိုင်မှုနည်းတဲ့ စမစ်ရိုးကို ချဲလ်ဆီးနဲ့ပွဲအပြီး သုံးရက်မှာ ပွဲထွက်နှစ်ပွဲ ဆက်တိုက်သုံးခဲ့တာကတော့ မှားယွင်းလွန်းတဲ့ အလောင်းအစားလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႏွစ္ပြဲ ခုနစ္ဂိုးနဲ႔ ေႂကြတက္ေနတဲ့ အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ဗီလာကို ႏိုင္ပြဲေနာက္ပိုင္းမွာ သုံးပြဲဆက္တိုက္ရႈံးခဲ့ေတာ့ သူတို႔ကို ခ်န္ပီယံလိဂ္ကစားမယ့္အသင္းမ်ိဳးလို႔ ထင္ခဲ့သူေတြ အေတာ္ေလး နည္းခဲ့တာျဖစ္ပါယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးကို အေဝးကြင္းမွာ အႏိုင္ယူခဲ့အၿပီးမွာ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းက ယုံၾကည္မႈ ျမင့္မားေနၿပီး ေတာ္႐ုံခံစစ္ပိတ္မကစားရင္ ဂိုးသြင္းႏိုင္ဖို႔ စိတ္ဓာတ္တက္ႂကြေနခဲ့ခ်ိန္မွာ ဆိုး႐ြားတဲ့ ပုံစံနဲ႔ အမ္းမရိတ္ကို အခ်ိန္ကိုက္ေရာက္လာခဲ့တဲ့ ယူႏိုက္တက္တို႔က မုဆိုးေရွ႕က သားေကာင္ပဲ ျဖစ္သြားခဲ့ပါတယ္။ အသင္းႀကီးႏွစ္သင္းနဲ႔ ေနာက္ဆုံး ႏွစ္ပြဲမွာ ခုနစ္ဂိုးသြင္းယူခဲ့တာကိုလည္း အသိအမွတ္ျပဳရမွာပါ။

ရန္းနစ္ခ္ သတိေပးလဲ ဂ႐ုမစိုက္တဲ့ ခံစစ္
မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လီဗာပူးလ္နဲ႔ပြဲကလို ဖြင့္ေပးမထားဖို႔ လိုလိမ့္မယ္လို႔ေျပာၿပီး ကပၸတိန္ ေခါင္းႀကီးကိုပါ ေခါက္ထားခဲ့တဲ့ နည္းျပ ရန္းနစ္ခ္ရဲ႕ ႀကိဳတင္သတိေပးစကားကို ဘယ္သူကမွ အဖက္လုပ္ခဲ့ပုံ မေပၚဘဲ ဖီးလ္ဂ်ဳံးစ္ ပါမလာခဲ့လို႔သာ နည္းနည္းေတာ္ခဲ့တာပါ။ ဒါေပမယ့္ ေနာက္တန္းမွာ တစ္ေယာက္ေယာက္ကေတာ့ ေရာင္းေပးရမယ့္ တာဝန္ကို မက္ဂြိဳင္းယားအတြက္ ဗာ႐ြန္းနဲ႔ အဲလက္စ္ တဲလက္စ္တို႔က တာဝန္ဆက္လက္ ေက်ပြန္ခဲ့ၾကၿပီး ေဘာပုတ္ေတာ္တဲ့ ဒေဟးယားလည္း သူတို႔ေတြရဲ႕ ဖ႐ိုဖရဲခံစစ္ေရွ႕မွာ ဘာမွ မတတ္ႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။

ဒြန္နာရမ္မာကို ဆာကာ ျပန္စိန္ေခၚေတာ့မွာလား
ယူ႐ို ၂၀၂၀ မွာ ပင္နယ္တီနဲ႔ ရႈံးနိမ့္ခဲ့တဲ့ အဂၤလန္အသင္းအတြက္ ၿပိဳင္ဘက္ အီတလီဂိုးသမား ဒြန္နာရမ္မာကို ဆာကာတစ္ေယာက္ လက္ေျမႇာက္ အရႈံးေပးခဲ့ရဖူးတာပါ။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ လာကာဇက္ကို ထည့္သြင္းမကစားခဲ့ခ်ိန္မွာ ဆာကာလည္း ပင္နယ္တီ ကန္မယ္ဆိုေရာ အာဆင္နယ္ပရိသတ္ေတြ မယုံမရဲနဲ႔ ရင္တမမ ျဖစ္ခဲ့ၾကေပမယ့္ သံမဏိစိတ္ဓာတ္ကို ျပသခဲ့ၿပီး ဂိုးသမား မန္ဒီကို လွည့္စားကန္သြင္းႏိုင္ခဲ့သလို ဒီေန႔ပြဲမွာ ဒေဟးယားကို ထပ္မံလွည့္စားႏိုင္ခဲ့တဲ့ ကန္ခ်က္က ၿပီးခဲ့တဲ့ ပြဲကထက္ ပိုမိုအဆင့္ျမင္ခဲ့ၿပီး ဒြန္နာရမ္မာကို ေနာက္တစ္ႀကိမ္ေတြ႕ရင္ အႏိုင္ယူဖို႔ အသင့္ျဖစ္ေနၿပီလို႔ပဲ ဆိုရပါလိမ့္မယ္။

သားေလးအတြက္ ရာျပည့္ဂိုးနဲ႔ ေရာ္နယ္လ္ဒို
လီဗာပူးလ္နဲ႔ပြဲမွာ သူမပါခဲ့ေပမယ့္ ဒီပြဲမွာ ပါလာမယ္လဲဆိုေရာ အာဆင္နယ္ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရတာ အမွန္ပါ။ ႀကိဳတင္စိတ္ပ်က္ခဲ့ရသလိုပဲ သူ႔ရဲ႕ သမာၻရင့္ ဝါရင့္ ေ႐ြ႕လ်ားမႈေတြနဲ႔ အာဆင္နယ္ေနာက္ခံလူႏွစ္ေယာက္ကို လွည့္စားၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ကိုပါ ေပၚတူဂီသားႀကီးက ပညာေပး သြင္းယူသြားႏိုင္ခဲ့သလို ဒီဂိုးကေတာ့ သူ႔ရဲ႕ ရာျပည့္ ပရီးမီးယားလိဂ္ဂိုးလည္း ျဖစ္ခဲ့ပါတယ္။ ဂိုးသြင္းအၿပီးမွာေတာ့ ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕ ထရိတ္မတ္ Siuuu နဲ႔ ေအာင္ပြဲခံဖို႔ထက္ မၾကာေသးခင္ကမွ ဆုံးပါးသြားရွာတဲ့ ေမြးကင္းစ သားငယ္ေလးအတြက္ ရည္ၫႊန္းၿပီး ေကာင္းကင္ေပၚကို လက္ညႇိဳးထိုးျပခဲ့တဲ့ ပုံစံက အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြကိုပါ ထိခိုက္ခံစားရေစခဲ့တာပါ။

တစ္ႏိုင္ငံတည္းသားေလးကို ကယ္တင္ခဲ့တဲ့ ဖာနန္ဒက္စ္
ဒီပြဲရဲ႕ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းေတြမွာ ေလာႀကီးေနခဲ့သလို ခံစစ္ပိုင္းမွာလည္း ဝိတ္တက္ၿပီး ေႏွးေနတဲ့ ပုံစံနဲ႔ ညာျခမ္းက အီလန္ဂါကို မထိန္းႏိုင္ခဲ့တဲ့ ႏူႏို တာဗာရက္စ္အတြက္ေတာ့ ဒီေန႔ပြဲရဲ႕ ပြဲခ်ိန္ ၅၅ မိနစ္ဟာ အျမင့္ဆုံး Climax လည္း ျဖစ္ပါလိမ့္မယ္။ သူ႔ရဲ႕ ေထာင့္ကန္ေဘာ ခုခံကာကြယ္မႈက လက္နဲ႔ထိခဲ့ၿပီး ပင္နယ္တီ ေပးခဲ့ရတဲ့အတြက္ အဖြင့္ဂိုးကိုမွ မေထာက္မညႇာ အဆဲခံရေတာ့ဖို႔ နီးစပ္ခဲ့ခ်ိန္မွာ ငရဲက်မယ့္ အေနအထားကေန တစ္ႏိုင္ငံတည္းသား ဘ႐ူႏို ဖာနန္ဒက္စ္က တိုင္ထိေအာင္ကန္ၿပီး ကယ္တင္သြားခဲ့လို႔ တာဗာရက္စ္ မ်က္ႏွာမပ်က္ခဲ့ရတာျဖစ္ပါတယ္။

Xhaka Boom နဲ႔ အဆင့္ ၄ အတြက္ ပါဝင္အားေပးတဲ့ ခ်ာကာ
ႏွစ္ဂိုး-တစ္ဂိုးဆိုတဲ့ အေနအထားကေန သေရက်ဖို႔ အေနအထားကေန ဖာနန္ဒက္စ္ ပင္နယ္တီ လြဲေခ်ာ္ခဲ့မႈနဲ႔ ဒါေလာ့ရဲ႕ ကန္ခ်က္ေတြ တိုင္ဘား မိတ္ဆက္ခဲ့မႈေတြေၾကာင့္ အာဆင္နယ္တို႔ ကံေကာင္းေနခဲ့တာပါ။ အသင္းကို ေဆးထိုးေနတဲ့ စမစ္႐ိုးကို မာတီနယ္လီနဲ႔ လူစားလဲခဲ့အၿပီးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ခံစစ္ေၾကာင္းကို အာဆင္နယ္တို႔ မၾကာခဏ ဖိအားေပးႏိုင္ခဲ့ေပမယ့္ တစ္ဂိုးတည္းနဲ႔ အသည္းကြဲသြားႏိုင္တဲ့ ခံစစ္ကလည္း မ်က္ခုံးလႈပ္ေနခဲ့ရေသးခ်ိန္မွာ ခ်ာကာက သူ႔ရဲ႕ ထရိတ္မတ္ကန္ခ်က္နဲ႔ ၂၀၁၉ ခုႏွစ္တုန္းကလိုပဲ ဒေဟးယားကို ထိုးႏွက္ၿပီး အဆင့္ ၄ အတြက္ ႏိုင္ပြဲကို ေသခ်ာေစခဲ့တာျဖစ္ပါတယ္။

ဂန္းနားတို႔ ဂ႐ုျပဳရမယ့္ ႀကံ့ခိုင္မႈ အေျခအေန
အာဆင္နယ္အတြက္ တိုက္စစ္ရဲ႕ ညာျခမ္းဆုံမွတ္ ဆာကာကို အႀကိမ္ႀကိမ္ ၿဖိဳကစားခံခဲ့ရလို႔ ဒုတိယပိုင္းမွာ လူစားလဲခဲ့ရတာက စိုးရိမ္စရာလို႔ ေျပာမယ္ဆိုရင္ ဒုတိယပိုင္း စကတည္းက ဘယ္သူနဲ႔မွ မထိဘဲ တစ္ေယာက္တည္း ကစားအားက်လာခဲ့တဲ့ စမစ္႐ိုးကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ညာျခမ္းက သူ႔ရဲ႕ ကစားအားေလ်ာ့နည္းမႈေၾကာင့္ အႀကိမ္ႀကိမ္ ဖိအားေပးေနခဲ့သလို တာဗာရက္စ္ကို မ်က္ႏွာပ်က္ရေတာ့မလို ျဖစ္ေစခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဒါကို သတိျပဳမိတဲ့ အာတီတာက မာတီနယ္လီနဲ႔ လဲထုတ္ခဲ့လို႔သာ ႏိုင္ပြဲအတြက္ ေရွ႕ဆက္ႏိုင္ခဲ့တာပါ။ အစကတည္းက ႀကံ့ခိုင္မႈနည္းတဲ့ စမစ္႐ိုးကို ခ်ဲလ္ဆီးနဲ႔ပြဲအၿပီး သုံးရက္မွာ ပြဲထြက္ႏွစ္ပြဲ ဆက္တိုက္သုံးခဲ့တာကေတာ့ မွားယြင္းလြန္းတဲ့ အေလာင္းအစားလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.