Match Report Premier League

အရေးကြီးချိန်မှာ မန်ချက်တို့ကို Xhaka Boom နဲ့ ချေမှုန်းလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာတော့ အိမ်ကွင်းဖြစ်တာကြောင့် 3 Back ကို ပြန်လည်စွန့်လွှတ်သွားခဲ့ပြီး ရမ်းစ်ဒေးလ်၊ ဆီးဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်နဲ့ တာဗာရက်စ်တို့ကို ခံစစ်မှာ သုံးခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်နန်နီကို ချာကာ၊ အော်ဒီဂွါဒ်တို့နဲ့ ဆက်လက်ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာလည်း နကီးတီးယားကိုပဲ အထောင်ထားခဲ့ချိန်မှာ ဆာကာ၊ စမစ်ရိုးတို့နဲ့ ရံကစားလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ကတော့ အရောင်းအဝယ်အကောင်းဆုံး မက်ဂွိုင်းယားကို အရန်ခုံမှာ ထားခဲ့ပြီး ဒဟေးယား၊ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဒါလော့၊ အဲလက်စ် တဲလက်စ်တို့နဲ့ ခံစစ်မှာ ပွဲထွက်ခဲ့သလို ကွင်းလယ်မှာတော့ မာတစ်ချ်၊ မက်တော်မီနေးတို့ အထိုင်နဲ့ အမြင့်ဘောတွေကို အသာစီးယူဖို့ ကြိုးစားခဲ့ချိန်မှာ တိုက်စစ်ပိုင်းမှာတော့ ဘရူနို ဖာနန်ဒက်စ်၊ အီလန်ဂါ၊ ဆန်ချိုနဲ့ ရော်နယ်လ်ဒိုတို့ ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၃ မိနစ်မှာတော့ ဒဟေးယားမရှိလို့ ယုံရပြီ ထင်နေတဲ့ ယူနိုက်တက်ခံစစ်ကို အာဆင်နယ်တို့ ချိုးဖျက်သွားခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဖြတ်တင်ဘောကနေ ဗာရွန်း ခေါင်းတိုက်မရှင်းထုတ်နိုင်ဘဲ ကျော်ကျလာတာကို ဆာကာက အဲလက်စ် တဲလက်စ်ထက် ဦးအောင်ရယူပြီး အဝေးတိုင်ဘက် ကန်သွင်းခဲ့ရာမှာ ဒဟေးယားက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ တာဗာရက်စ်က ပြေးပိတ်ပြီး အဖွင့်ဂိုး ယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရော်နယ်လ်ဒို ခင်းပေးတာကို အီလန်ဂါ ကန်သွင်းရာမှာ ရမ်းစ်ဒေးလ် ပိတ်ဆို့သွားနိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ အာဆင်နယ်ဂိုးသမားရဲ့ ဆိုးရွားတဲ့ ကန်တင်မှုကနေ မက်တော်မီနေး ဖြတ်ယူပြီး ချပေးတာကို ဘရူနို ဖာနန်ဒက်စ် ကန်သွင်းခဲ့ပေမယ့် ဂါဘရီယယ်လ် အချိန်မီ ခုနိုင်ခဲ့လို့ ထောင့်ကန်ဘောပဲ ဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အီလန်ဂါ ဖြတ်ကျော်ဆွဲပြေးလာတာကို ဝိတ်ပိပြီး နှေးနေပုံရတဲ့ တာဗာရက်စ် မမီမကမ်းနဲ့ နောက်က လိုက်ဆွဲတာကို ဒိုင်လူကြီးက ပင်နယ်တီ မပေးဘဲ သက်ညှာသွားခဲ့သလို ပွဲချိန် ၂၃ မိနစ်မှာလည်း ဆန်ချိုရဲ့ ပြကွက်တွေမှာ အလဲလဲ အကွဲကွဲဖြစ်ခဲ့တဲ့ ဆီးဒရစ် ချော်လဲရင်း လက်နဲ့ထိခဲ့ပေမယ့် VAR က ပင်နယ်တီမပေးဘဲ ပယ်ချသွားခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးရဖို့ အကောင်းဆုံးအနေအထားကို ရောက်ရှိခဲ့ပြီး ဖာနန်ဒက်စ် ပေးတာကို ဒါလော့က အဝေးတိုင် ထောင့်ကို ကန်သွင်းရာမှာ ဘားထိခဲ့လို့ အိမ်ရှင်တွေ သက်သာခွင့်ရခဲ့သလို ပွဲချိန် ၂၅ မိနစ်မှာတော့ အာဆင်နယ်တို့ ထိုးဖောက်ရင်း လွတ်ထွက်သွားတဲ့ နကီးတီးယားက ဧရိယာထဲက ကန်ခွင့်ကို အဝေးတိုင်ဆီ ချိုးကန်ရမယ့်အစား ကျုံးကန်ခဲ့လို့ ဒုတိယဂိုးနဲ့ လွဲခဲ့ရတာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ အော်ဒီဂွါဒ်နဲ့ ဝမ်းတူးရိုက်ထွက်တဲ့ ဆာကာကို နောက်ကနေ အဲလက်စ် တဲလက်စ်က တွန်းခဲ့လို့ လဲကျခဲ့ရာက ထွက်လာတဲ့ ဘောလုံးကို နကီးတီးယားက ကန်သွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်အကြည့်မှာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပေမယ့် ဆာကာ အဖျက်ခံရတာက ပြစ်ဒဏ်ဘောအဖြစ် ထင်ရှားခဲ့တာကြောင့် ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ပွဲကလိုပဲ ကိုယ်တိုင်ရှာဖွေနိုင်ခဲ့တဲ့ ပင်နယ်တီကို ဆာကာပဲ ကန်သွင်းဖို့ တာဝန်ယူခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ရှေ့ပွဲကထက် ပိုကောင်းပြီး လှည့်စားမှုပါတဲ့ ကန်ချက်နဲ့ အာဆင်နယ်ရဲ့ ကျောနံပါတ် ၇ က ဂိုးသမား ဒဟေးယားကို တခြားတစ်ဖက်ကို ဒိုက်ပစ်စေခဲ့သလို ပွဲချိန် ၃၂ မိနစ်မှာတော့ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ မန်ချက်စတာသားတွေ မျှော်လင့်ချက် ရှင်သန်နေစေနိုင်မယ့် ချေပဂိုးကို ပြန်လည်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မာတစ်ချ်ရဲ့ ပညာသားပါတဲ့ ဖြတ်တင်ဘောကို အာရုံစူးစိုက်မှု လျော့နည်းနေတဲ့ ဂါဘရီယယ်နဲ့ တာဗာရက်စ်တို့ကြားကနေ ရုန်းထွက်သွားခဲ့တဲ့ ရော်နယ်လ်ဒိုက အနီးကပ်ပိတ်သွင်းမှုနဲ့ ဂိုးတစ်ဂိုးရယူပေးခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်နေခဲ့သလို သူ့ရဲ့ ဆုံးပါးသွားတဲ့ သားလေးအတွက် ရည်ရွယ်ပြီး ကောင်းကင်ပေါ် လက်ညှိုးထိုး အောင်ပွဲခံခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာ အယ်လ်နန်နီရဲ့ ကန်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရသလို နာကျင်အချိန်ပိုမှာတော့ အဲလက်စ် တဲလက်စ်ရဲ့ ကန်ချက်ကိုတော့ ရမ်းစ်ဒေးလ် ကာကွယ်နိုင်ခဲ့ပြီး အော်ဒီဂွါဒ်ရဲ့ ကန်ချက်ကလည်း ဂိုးသမားတည့်တည့်ပဲ ရောက်သွားခဲ့လို့ ပထမပိုင်းအပြီးမှာ အာဆင်နယ်တို့က မန်ချက်စတာယူနိုက်တက်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ သိသိသာသာကို ကျဆင်းသွားခဲ့တဲ့ စမစ်ရိုးကြောင့် တိုက်စစ်မှာရော ခံစစ်မှာပါ ထိရောက်မှု နည်းလာခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ဘယ်ခြမ်းမှာ လူတစ်ယောက် ပုပ်သလိုဖြစ်နေခဲ့ပြီး ဖိအားကြီးကြီးမားမားနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ပျာယာခတ်လာတဲ့ တာဗာရက်စ်က ထောင့်ကန်ဘောကနေ ခေါင်းအတိုက်မှာ လက်နဲ့ထိခဲ့လို့ ပင်နယ်တီ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က ခရာမှုတ်ပြီး လက်ညှိုးထိုးလိုက်တဲ့ ပင်နယ်တီကို VAR နဲ့ အတည်ပြုခဲ့အပြီးမှာတော့ ဒီအခွင့်အရေးကို ဘရူနို ဖာနန်ဒက်စ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ်ကို လှည့်စားနိုင်ခဲ့ပေမယ့် ဘယ်ဘက်တိုင်ခြေကို ထိပြီး ဂိုးလွန်ဘောအဖြစ် လွဲချော်ခဲ့သွားခဲ့သလို ဧည့်သည်တွေ သရေဂိုးနဲ့ ဝေးခဲ့ရတာပါ။

ပွဲချိန် မိနစ် ၆၀ မှာ ရော်နယ်လ်ဒိုရဲ့ဂိုး ကံကောင်းလို့ လူနည်းငယ် ကျွံနေခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ ဒါလော့ရဲ့ ကန်ချက်ကို ရမ်းစ်ဒေးလ် လက်ဖျားနဲ့ ထိုးထုတ်ခဲ့ရတာက တိုင်ထိခဲ့အပြီးမှာတော့ စမစ်ရိုးရဲ့ ခံစစ်မကူနိုင်တဲ့ ဆေးထိုးချက်ကို တွေ့မြင်ခဲ့ပုံရတဲ့ အာတီတာအနေနဲ့ သူ့နေရာမှာ မာတီနယ်လီကို ထည့်ပြီး ယူနိုက်တက်တို့ ညာခြမ်းကို ပြန်ထောက်နိုင်ဖို့ ကြိုးစားခဲ့သလို ဒါက အလုပ်ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာ ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ထားတာကို မလိုအပ်ဘဲ ဘောလုံးကို ဆောင့်ကန်ထုတ်ပြီး မကျေနပ်မှုကို ပြသခဲ့တဲ့ ချာကာကို ပရိသတ်တွေ ဝိုင်းဆဲလို့မှ မဆုံးသေးခင် ပွဲချိန် မိနစ် ၇၀ မှာတော့ ဆာကာရဲ့ ပေးပို့မှုက အဲလက်စ် တဲလက်စ်ရဲ့ လက်နဲ့ ထိခဲ့ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အယ်လ်နန်နီ ပြန်လည်ရယူပေးတာကို ဆွစ်ကပ္ပတိန်က အပြင်းကန်သွင်းခဲ့ရာမှာတော့ ဒဟေးယား မြင်ကွင်းပိတ်ပြီး တတိယဂိုး ပေးလိုက်ရတာပါ။

ချာကာအတွက်တော့ ဒါက သူ့ရဲ့ ဒီရာသီမှာ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လကလည်း ပြိုင်ဘက်ဂိုးသမား ဒဟေးယားကို အရူးလုပ်နိုင်ခဲ့တာကတော့ အမှတ်ရစရာဖြစ်ခဲ့သလို ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ဘက်က ဆာကာအစား နောက်ခံလူ ဟိုးလ်ဒင်းကို လဲကစားခဲ့ပြီး ယူနိုက်တက်တို့ကတော့ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ကို အီလန်ဂါနဲ့ မာတစ်ချ်တို့နေရာမှာ ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ဂိုးထပ်သွင်းဖို့ မကြိုးစားနိုင်ကြတော့ဘဲ ဒဏ်ရာကနေ ပထမဆုံးအကြိမ် ပြန်လည်ပါဝင်လာနိုင်ခဲ့တဲ့ တိုမီယာစုရဲ့ လူစားဝင်မှုနဲ့ သူ့ကို ခြေချိတ်လို့ ရော်နယ်လ်ဒို အဝါထိခဲ့တာကပဲ ထူးခြားမှု ရှိခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ်တို့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ ၃၃ ပွဲကစား ရမှတ် ၆၀ နဲ့ စပါးစ်အသင်းဆီက အဆင့် ၄ နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး သူတို့ရဲ့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲအတွက် ဖိအားပေးလိုက်နိုင်ချိန်မှာ မန်ချက်စတာယူနိုက်တက်တို့ကတော့ ၃၄ ပွဲကစား ၅၄ မှတ်နဲ့ အဆင့် ၆ ကို နောက်က ဝက်စ်ဟမ်းတို့ရဲ့ လုယူနိုင်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ အိမ္ကြင္းျဖစ္တာေၾကာင့္ 3 Back ကို ျပန္လည္စြန႔္လႊတ္သြားခဲ့ၿပီး ရမ္းစ္ေဒးလ္၊ ဆီးဒရစ္၊ ဘန္ဝႈိက္၊ ဂါဘရီယယ္လ္နဲ႔ တာဗာရက္စ္တို႔ကို ခံစစ္မွာ သုံးခဲ့သလို ကြင္းလယ္မွာေတာ့ အယ္လ္နန္နီကို ခ်ာကာ၊ ေအာ္ဒီဂြါဒ္တို႔နဲ႔ ဆက္လက္ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာလည္း နကီးတီးယားကိုပဲ အေထာင္ထားခဲ့ခ်ိန္မွာ ဆာကာ၊ စမစ္႐ိုးတို႔နဲ႔ ရံကစားလာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ အေရာင္းအဝယ္အေကာင္းဆုံး မက္ဂြိဳင္းယားကို အရန္ခုံမွာ ထားခဲ့ၿပီး ဒေဟးယား၊ ဗာ႐ြန္း၊ လင္ဒီေလာ့ဖ္၊ ဒါေလာ့၊ အဲလက္စ္ တဲလက္စ္တို႔နဲ႔ ခံစစ္မွာ ပြဲထြက္ခဲ့သလို ကြင္းလယ္မွာေတာ့ မာတစ္ခ်္၊ မက္ေတာ္မီေနးတို႔ အထိုင္နဲ႔ အျမင့္ေဘာေတြကို အသာစီးယူဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ တိုက္စစ္ပိုင္းမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ အီလန္ဂါ၊ ဆန္ခ်ိဳနဲ႔ ေရာ္နယ္လ္ဒိုတို႔ ကစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာေတာ့ ဒေဟးယားမရွိလို႔ ယုံရၿပီ ထင္ေနတဲ့ ယူႏိုက္တက္ခံစစ္ကို အာဆင္နယ္တို႔ ခ်ိဳးဖ်က္သြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ျဖတ္တင္ေဘာကေန ဗာ႐ြန္း ေခါင္းတိုက္မရွင္းထုတ္ႏိုင္ဘဲ ေက်ာ္က်လာတာကို ဆာကာက အဲလက္စ္ တဲလက္စ္ထက္ ဦးေအာင္ရယူၿပီး အေဝးတိုင္ဘက္ ကန္သြင္းခဲ့ရာမွာ ဒေဟးယားက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ တာဗာရက္စ္က ေျပးပိတ္ၿပီး အဖြင့္ဂိုး ယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေရာ္နယ္လ္ဒို ခင္းေပးတာကို အီလန္ဂါ ကန္သြင္းရာမွာ ရမ္းစ္ေဒးလ္ ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ အာဆင္နယ္ဂိုးသမားရဲ႕ ဆိုး႐ြားတဲ့ ကန္တင္မႈကေန မက္ေတာ္မီေနး ျဖတ္ယူၿပီး ခ်ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္သြင္းခဲ့ေပမယ့္ ဂါဘရီယယ္လ္ အခ်ိန္မီ ခုႏိုင္ခဲ့လို႔ ေထာင့္ကန္ေဘာပဲ ျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန အီလန္ဂါ ျဖတ္ေက်ာ္ဆြဲေျပးလာတာကို ဝိတ္ပိၿပီး ေႏွးေနပုံရတဲ့ တာဗာရက္စ္ မမီမကမ္းနဲ႔ ေနာက္က လိုက္ဆြဲတာကို ဒိုင္လူႀကီးက ပင္နယ္တီ မေပးဘဲ သက္ညႇာသြားခဲ့သလို ပြဲခ်ိန္ ၂၃ မိနစ္မွာလည္း ဆန္ခ်ိဳရဲ႕ ျပကြက္ေတြမွာ အလဲလဲ အကြဲကြဲျဖစ္ခဲ့တဲ့ ဆီးဒရစ္ ေခ်ာ္လဲရင္း လက္နဲ႔ထိခဲ့ေပမယ့္ VAR က ပင္နယ္တီမေပးဘဲ ပယ္ခ်သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးရဖို႔ အေကာင္းဆုံးအေနအထားကို ေရာက္ရွိခဲ့ၿပီး ဖာနန္ဒက္စ္ ေပးတာကို ဒါေလာ့က အေဝးတိုင္ ေထာင့္ကို ကန္သြင္းရာမွာ ဘားထိခဲ့လို႔ အိမ္ရွင္ေတြ သက္သာခြင့္ရခဲ့သလို ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ထိုးေဖာက္ရင္း လြတ္ထြက္သြားတဲ့ နကီးတီးယားက ဧရိယာထဲက ကန္ခြင့္ကို အေဝးတိုင္ဆီ ခ်ိဳးကန္ရမယ့္အစား က်ဳံးကန္ခဲ့လို႔ ဒုတိယဂိုးနဲ႔ လြဲခဲ့ရတာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ေအာ္ဒီဂြါဒ္နဲ႔ ဝမ္းတူး႐ိုက္ထြက္တဲ့ ဆာကာကို ေနာက္ကေန အဲလက္စ္ တဲလက္စ္က တြန္းခဲ့လို႔ လဲက်ခဲ့ရာက ထြက္လာတဲ့ ေဘာလုံးကို နကီးတီးယားက ကန္သြင္းယူႏိုင္ခဲ့ေပမယ့္ VAR ျပန္အၾကည့္မွာ လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရေပမယ့္ ဆာကာ အဖ်က္ခံရတာက ျပစ္ဒဏ္ေဘာအျဖစ္ ထင္ရွားခဲ့တာေၾကာင့္ ပင္နယ္တီ သတ္မွတ္ေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔ ပြဲကလိုပဲ ကိုယ္တိုင္ရွာေဖြႏိုင္ခဲ့တဲ့ ပင္နယ္တီကို ဆာကာပဲ ကန္သြင္းဖို႔ တာဝန္ယူခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ေရွ႕ပြဲကထက္ ပိုေကာင္းၿပီး လွည့္စားမႈပါတဲ့ ကန္ခ်က္နဲ႔ အာဆင္နယ္ရဲ႕ ေက်ာနံပါတ္ ၇ က ဂိုးသမား ဒေဟးယားကို တျခားတစ္ဖက္ကို ဒိုက္ပစ္ေစခဲ့သလို ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ မန္ခ်က္စတာသားေတြ ေမွ်ာ္လင့္ခ်က္ ရွင္သန္ေနေစႏိုင္မယ့္ ေခ်ပဂိုးကို ျပန္လည္ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မာတစ္ခ်္ရဲ႕ ပညာသားပါတဲ့ ျဖတ္တင္ေဘာကို အာ႐ုံစူးစိုက္မႈ ေလ်ာ့နည္းေနတဲ့ ဂါဘရီယယ္နဲ႔ တာဗာရက္စ္တို႔ၾကားကေန ႐ုန္းထြက္သြားခဲ့တဲ့ ေရာ္နယ္လ္ဒိုက အနီးကပ္ပိတ္သြင္းမႈနဲ႔ ဂိုးတစ္ဂိုးရယူေပးခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုးျပန္ျဖစ္ေနခဲ့သလို သူ႔ရဲ႕ ဆုံးပါးသြားတဲ့ သားေလးအတြက္ ရည္႐ြယ္ၿပီး ေကာင္းကင္ေပၚ လက္ညႇိဳးထိုး ေအာင္ပြဲခံခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာ အယ္လ္နန္နီရဲ႕ ကန္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရသလို နာက်င္အခ်ိန္ပိုမွာေတာ့ အဲလက္စ္ တဲလက္စ္ရဲ႕ ကန္ခ်က္ကိုေတာ့ ရမ္းစ္ေဒးလ္ ကာကြယ္ႏိုင္ခဲ့ၿပီး ေအာ္ဒီဂြါဒ္ရဲ႕ ကန္ခ်က္ကလည္း ဂိုးသမားတည့္တည့္ပဲ ေရာက္သြားခဲ့လို႔ ပထမပိုင္းအၿပီးမွာ အာဆင္နယ္တို႔က မန္ခ်က္စတာယူႏိုက္တက္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ သိသိသာသာကို က်ဆင္းသြားခဲ့တဲ့ စမစ္႐ိုးေၾကာင့္ တိုက္စစ္မွာေရာ ခံစစ္မွာပါ ထိေရာက္မႈ နည္းလာခဲ့တဲ့ အာဆင္နယ္တို႔ရဲ႕ ဘယ္ျခမ္းမွာ လူတစ္ေယာက္ ပုပ္သလိုျဖစ္ေနခဲ့ၿပီး ဖိအားႀကီးႀကီးမားမားနဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္မွာ ပ်ာယာခတ္လာတဲ့ တာဗာရက္စ္က ေထာင့္ကန္ေဘာကေန ေခါင္းအတိုက္မွာ လက္နဲ႔ထိခဲ့လို႔ ပင္နယ္တီ ေပးခဲ့ရတာ ျဖစ္ပါတယ္။

ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က ခရာမႈတ္ၿပီး လက္ညႇိဳးထိုးလိုက္တဲ့ ပင္နယ္တီကို VAR နဲ႔ အတည္ျပဳခဲ့အၿပီးမွာေတာ့ ဒီအခြင့္အေရးကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရမ္းစ္ေဒးလ္ကို လွည့္စားႏိုင္ခဲ့ေပမယ့္ ဘယ္ဘက္တိုင္ေျခကို ထိၿပီး ဂိုးလြန္ေဘာအျဖစ္ လြဲေခ်ာ္ခဲ့သြားခဲ့သလို ဧည့္သည္ေတြ သေရဂိုးနဲ႔ ေဝးခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ ေရာ္နယ္လ္ဒိုရဲ႕ဂိုး ကံေကာင္းလို႔ လူနည္းငယ္ ကြၽံေနခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဒါေလာ့ရဲ႕ ကန္ခ်က္ကို ရမ္းစ္ေဒးလ္ လက္ဖ်ားနဲ႔ ထိုးထုတ္ခဲ့ရတာက တိုင္ထိခဲ့အၿပီးမွာေတာ့ စမစ္႐ိုးရဲ႕ ခံစစ္မကူႏိုင္တဲ့ ေဆးထိုးခ်က္ကို ေတြ႕ျမင္ခဲ့ပုံရတဲ့ အာတီတာအေနနဲ႔ သူ႔ေနရာမွာ မာတီနယ္လီကို ထည့္ၿပီး ယူႏိုက္တက္တို႔ ညာျခမ္းကို ျပန္ေထာက္ႏိုင္ဖို႔ ႀကိဳးစားခဲ့သလို ဒါက အလုပ္ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာ ဒိုင္က ျပစ္ဒဏ္ေဘာ သတ္မွတ္ထားတာကို မလိုအပ္ဘဲ ေဘာလုံးကို ေဆာင့္ကန္ထုတ္ၿပီး မေက်နပ္မႈကို ျပသခဲ့တဲ့ ခ်ာကာကို ပရိသတ္ေတြ ဝိုင္းဆဲလို႔မွ မဆုံးေသးခင္ ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဆာကာရဲ႕ ေပးပို႔မႈက အဲလက္စ္ တဲလက္စ္ရဲ႕ လက္နဲ႔ ထိခဲ့ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို အယ္လ္နန္နီ ျပန္လည္ရယူေပးတာကို ဆြစ္ကပၸတိန္က အျပင္းကန္သြင္းခဲ့ရာမွာေတာ့ ဒေဟးယား ျမင္ကြင္းပိတ္ၿပီး တတိယဂိုး ေပးလိုက္ရတာပါ။

ခ်ာကာအတြက္ေတာ့ ဒါက သူ႔ရဲ႕ ဒီရာသီမွာ ပထမဆုံးသြင္းဂိုးလည္းျဖစ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ မတ္လကလည္း ၿပိဳင္ဘက္ဂိုးသမား ဒေဟးယားကို အ႐ူးလုပ္ႏိုင္ခဲ့တာကေတာ့ အမွတ္ရစရာျဖစ္ခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ဘက္က ဆာကာအစား ေနာက္ခံလူ ဟိုးလ္ဒင္းကို လဲကစားခဲ့ၿပီး ယူႏိုက္တက္တို႔ကေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ လင္ဂတ္တို႔ကို အီလန္ဂါနဲ႔ မာတစ္ခ်္တို႔ေနရာမွာ ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ဂိုးထပ္သြင္းဖို႔ မႀကိဳးစားႏိုင္ၾကေတာ့ဘဲ ဒဏ္ရာကေန ပထမဆုံးအႀကိမ္ ျပန္လည္ပါဝင္လာႏိုင္ခဲ့တဲ့ တိုမီယာစုရဲ႕ လူစားဝင္မႈနဲ႔ သူ႔ကို ေျခခ်ိတ္လို႔ ေရာ္နယ္လ္ဒို အဝါထိခဲ့တာကပဲ ထူးျခားမႈ ရွိခဲ့ၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္အထိ သတ္မွတ္ေပးခဲ့တဲ့ ပြဲအၿပီးမွာ အာဆင္နယ္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ အာဆင္နယ္တို႔ ၃၃ ပြဲကစား ရမွတ္ ၆၀ နဲ႔ စပါးစ္အသင္းဆီက အဆင့္ ၄ ေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ ဘရန႔္ဖို႔ဒ္နဲ႔ အေဝးကြင္းပြဲအတြက္ ဖိအားေပးလိုက္ႏိုင္ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ၃၄ ပြဲကစား ၅၄ မွတ္နဲ႔ အဆင့္ ၆ ကို ေနာက္က ဝက္စ္ဟမ္းတို႔ရဲ႕ လုယူႏိုင္မႈနဲ႔ပါ ရင္ဆိုင္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.