Premier League

ယူရိုပါကွန်းဖရင့်လိဂ်မှာ ကစားရမှာ ထိတ်လန့်နေခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးလ်အသင်း ယူရိုပါကွန်းဖရင့်လိဂ်မှာ ကစားရမှာကို ကြောက်ရွံ့ခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်းနဲ့ အကြိမ် ၂၄၀ မြောက် မာဆေးဆိုဒ် ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ထိပ်ဆုံး ၄ နေရာမျှော်လင့်ချက်ကို အန္တရာယ်ကျရောက်စေခဲ့တဲ့ နယူးကာဆယ်လ်ယူနိုက်တက်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာ ၁ နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ဆုံးလက်ကျန် ၅ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး အဆင့် ၃ နေရာမှာ သက်တောင့်သက်သာရပ်တည်နိုင်ခဲ့ပြီး အဲဒီသရေပွဲအပြီးမှာ နယူးကာဆယ်လ်ကတော့ ရမှတ် ၁၁၁ မှတ် လျော့ကျနိုင်ခြေကနေ ၂၀ မှတ်သာ လျော့ကျခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာတော့ လီဗာပူးလ်အသင်းဟာ လိဂ်ဖလား ချန်ပီယံ၊ အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲမှာ မန်စီးတီးထက် ၁ မှတ်လျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့၊ ကောင်လေးတွေ မနှစ်ကလုပ်ခဲ့တဲ့ဟာက ဒီလို ခက်ခဲတဲ့ အခြေအနေမှာ အရမ်းကို ထူးခြားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တာကတော့ အရမ်းကို ကြီးမားတဲ့အရာဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်လ်နဲ့ပွဲမတိုင်ခင်မှာ အခိုက်အတန့်တွေ အများကြီးရှိခဲ့ပြီး အဲဒါက လွန်ခဲ့တဲ့ ၁ နှစ်ကဆိုတာ ကျွန်တော် မသိခဲ့ပါဘူး”

“ကျွန်တော်တွေးခဲ့မိတာက အဲဒါက ခက်ခဲလိုက်တာ။ ငါတို့တော့ ဒီနှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးပါ။ ကျွန်တော်တို့ အဲဒီလို တွေးတဲ့နေရာမှာ ‘ကောင်းပြီလေ။ ငါတို့တွေ ကွန်းဖရင့်လိဂ်မှာ ကစားဖို့မလိုဘူးလို့ မျှော်လင့်ကြတာပေ့ါ’ဆိုတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ အဲဒီလိုတွေးခဲ့မိတာက ‘ဟုတ်ပြီ။ အဲဒီပြိုင်ပွဲက ဘယ်အချိန်စတာလဲ’ဆိုတာကြောင့်ပါ။ ပြီးရင် ခင်ဗျား ရာသီကြို ပြင်ဆင်မှုတွေနဲ့ အရာအားလုံးကို ပြန်ပြင်ရမှာလေ။ ဒီလိုအတွေးတွေကို ကျွန်တော် မှတ်မိနေသေးတယ်။ ပြီးတဲ့နောက်မှာ ကောင်လေးတွေက ၅ ပွဲဆက်တိုက် နိုင်သွားခဲ့တယ်”

“ဝက်စ်ဘရွန်းနဲ့့ပွဲ၊ အယ်လစ်ဆန်ရဲ့ ခေါင်းတိုက်ချက်၊ ဒီလို အရာတွေအားလုံးပေါ့။ အရမ်းကောင်းမွန်ခဲ့ပြီး ကျွန်တော် အဲဒါလေးတွေ တစ်ခုချင်းစီ နည်းနည်းလေးကအစ ချစ်မြတ်နိုးခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က ၿပီးခဲ့တဲ့ရာသီတုန္းက လီဗာပူးလ္အသင္း ယူရိုပါကြန္းဖရင့္လိဂ္မွာ ကစားရမွာကို ေၾကာက္ရြံ့ခဲ့တဲ့အခ်ိန္ေတြ ရွိခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေန႔မွာ အဲဗာတန္အသင္းနဲ႔ အႀကိမ္ ၂၄၀ ေျမာက္ မာေဆးဆိုဒ္ ဒါဘီပြဲစဥ္ကို ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လီဗာပူးလ္ရဲ့ ထိပ္ဆုံး ၄ ေနရာေမၽွာ္လင့္ခ်က္ကို အႏၲရာယ္က်ေရာက္ေစခဲ့တဲ့ နယူးကာဆယ္လ္ယူနိုက္တက္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တာ ၁ ႏွစ္ျပည့္တဲ့ေန႔လည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ေနာက္ဆုံးလက္က်န္ ၅ ပြဲစလုံးကို အနိုင္ရရွိခဲ့ၿပီး အဆင့္ ၃ ေနရာမွာ သက္ေတာင့္သက္သာရပ္တည္နိုင္ခဲ့ၿပီး အဲဒီသေရပြဲအၿပီးမွာ နယူးကာဆယ္လ္ကေတာ့ ရမွတ္ ၁၁၁ မွတ္ ေလ်ာ့က်နိုင္ေျခကေန ၂၀ မွတ္သာ ေလ်ာ့က်ခဲ့တာျဖစ္ပါတယ္။ ယခုရာသီမွာေတာ့ လီဗာပူးလ္အသင္းဟာ လိဂ္ဖလား ခ်န္ပီယံ၊ အက္ဖ္ေအဖလား ဗိုလ္လုပြဲ၊ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္နဲ႔ ပရီးမီးယားလိဂ္ ဖလားၿပိဳင္ပြဲမွာ မန္စီးတီးထက္ ၁ မွတ္ေလ်ာ့နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ႏွစ္က လုပ္ခဲ့တဲ့၊ ေကာင္ေလးေတြ မႏွစ္ကလုပ္ခဲ့တဲ့ဟာက ဒီလို ခက္ခဲတဲ့ အေျခအေနမွာ အရမ္းကို ထူးျခားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့တာကေတာ့ အရမ္းကို ႀကီးမားတဲ့အရာျဖစ္ခဲ့ပါတယ္။ နယူးကာဆယ္လ္နဲ႔ပြဲမတိုင္ခင္မွာ အခိုက္အတန႔္ေတြ အမ်ားႀကီးရွိခဲ့ၿပီး အဲဒါက လြန္ခဲ့တဲ့ ၁ ႏွစ္ကဆိုတာ ကၽြန္ေတာ္ မသိခဲ့ပါဘူး”

“ကၽြန္ေတာ္ေတြးခဲ့မိတာက အဲဒါက ခက္ခဲလိုက္တာ။ ငါတို႔ေတာ့ ဒီႏွစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ လုပ္နိုင္မွာမဟုတ္ဘူးဆိုၿပီးပါ။ ကၽြန္ေတာ္တို႔ အဲဒီလို ေတြးတဲ့ေနရာမွာ ‘ေကာင္းၿပီေလ။ ငါတို႔ေတြ ကြန္းဖရင့္လိဂ္မွာ ကစားဖို႔မလိုဘူးလို႔ ေမၽွာ္လင့္ၾကတာေပ့ါ’ဆိုတဲ့ အခိုက္အတန႔္ေတြ ရွိခဲ့ပါတယ္။ အဲဒီလိုေတြးခဲ့မိတာက ‘ဟုတ္ၿပီ။ အဲဒီၿပိဳင္ပြဲက ဘယ္အခ်ိန္စတာလဲ’ဆိုတာေၾကာင့္ပါ။ ၿပီးရင္ ခင္ဗ်ား ရာသီႀကိဳ ျပင္ဆင္မႈေတြနဲ႔ အရာအားလုံးကို ျပန္ျပင္ရမွာေလ။ ဒီလိုအေတြးေတြကို ကၽြန္ေတာ္ မွတ္မိေနေသးတယ္။ ၿပီးတဲ့ေနာက္မွာ ေကာင္ေလးေတြက ၅ ပြဲဆက္တိုက္ နိုင္သြားခဲ့တယ္”

“ဝက္စ္ဘရြန္းနဲ႔့ပြဲ၊ အယ္လစ္ဆန္ရဲ့ ေခါင္းတိုက္ခ်က္၊ ဒီလို အရာေတြအားလုံးေပါ့။ အရမ္းေကာင္းမြန္ခဲ့ၿပီး ကၽြန္ေတာ္ အဲဒါေလးေတြ တစ္ခုခ်င္းစီ နည္းနည္းေလးကအစ ခ်စ္ျမတ္နိုးခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.