Premier League

အိုးထရက်ဖို့ဒ် မရောက်ခင်ကတည်းက အသင်းသားတွေကို လှမ်းကြိမ်းထားတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကျန်တဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တွေအားလုံးကို ၎င်းအနေနဲ့ ကစားသမားအလိုကျ နည်းဗျူဟာကို ကျင့်သုံးသွားမှာမဟုတ်ဘဲ ကိုယ်ပိုင်ပုံရိပ်ကို ထင်ဟပ်စေမယ့် အသင်းကို တည်ဆောက်သွားချင်ကြောင်း သတိပေးခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ယခုရာသီကုန်မှာ ယာယီနည်းပြ ရန်းနစ်ခ်ရဲ့နေရာကို ဆက်ခံမှာဖြစ်ပြီး တန်ဟက်ဂ်ဟာ ပေါ်တူဂီဂန္တဝင် ရော်နယ်လ်ဒိုအပါအဝင် နာမည်ကြီးကစားသမားတွေရှိတဲ့ လူစာရင်းကို အမွေဆက်ခံသွားရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကို မရောက်ရှိလာမီ ပြောဆိုရာမှာ တန်ဟက်ဂ်က နာမည်ကြီး ကစာသးမားတွေ ကျေနပ်မယ့် ကစားဟန်အသစ်ကို ကျင့်သုံးဖို့ထက် ၎င်းကိုယ်တိုင် ကြိုးစားပြီး စမ်းသပ်ထားတဲ့ နည်းလမ်းတွေကိုပဲ ကျင့်သုံးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ ဒတ်ချ်သတင်းစာ Trouw နဲ့ တွေ့ဆုံရာမှာ ၎င်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တွေကို ကိုင်တွယ်နိုင်မယ်လို့ ထင်လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အခုလိုပဲ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

“ထင်တာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ပုံစံအတိုင်းပဲ အမြဲတမ်းရှိနေမှာပါ။ ကျွန်တော့်ရဲ့ နည်းပြပုံအပေါ် အမြင်ကို ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ခင်ဗျား ကစားမယ့် ပုံစံက ခင်ဗျားမှာ ရှိရမယ့် ကစားသမားပုံစံကို သတ်မှတ်မှာပါ။ ဒါပေမယ့် ကျွန်တော်က ကစားသမားတွေကို ပေးရမယ့် တာဝန်နဲ့ တောင်းဆိုမှုတွေကို ထိန်းချုပ်ထားပါတယ်”

“ကစားသမားက ဘာလုပ်ရမယ်ဆိုတာ ကျွန်တော် ဆုံးဖြတ်မယ်။ တကယ်လို့ တစ်စုံတယောက်က သူ့အလုပ်ကို သူမလုပ်နိုင်ဘူးဆိုရင် သူက ဘယ်သူပဲ ဖြစ်ဖြစ် အဲဒါကို သတိထားရပါလိမ့်မယ်။ ကျွန်တော် အဲဒီကိစ္စအပေါ်မှာတော့ ညှိနှိုင်းသွားမှာမဟုတ်ပါဘူး။ ကျွန်တော် လက်မှတ်မထိုးခင် ကျွန်တော် လုပ်ချင်တဲ့ပုံစံနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီတောင်းဆိုချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် ကျွန်တော် လက်မှတ်ထိုးမှာမဟုတ်ပါဘူး”

“ကျွန်တော်လုပ်ရမယ့် တာဝန်ကို ဘယ်သူ့ကိုမှ လွှဲချလို့မရဘဲ အသင်းရဲ့ရလဒ်အပေါ်မှာ ကျွန်တော် ဆုံးဖြတ်သွားမှာပါ။ ကျွန်တော် အာဏာရှင်ဖြစ်လာချင်တာမဟုတ်ပါဘူး။ ကျွန်တော် အတူတူ အလုပ်လုပ်ချင်တာပါ။ ဒါပေမယ့် အပြောင်းအရွှေ့မှာတော့ ကျွန်တော့်အတွက် အခြေအနေတစ်ခုလို့ပဲ ပြောချင်ပါတယ်”

တန်ဟက်ဂ်က အရင်တုန်းက အောင်မြင်ခဲ့တဲ့ ရွှေခေတ်ကို ပြန်လည်ဖမ်းဆုပ်ဖို့ ရုန်းကန်နေရတဲ့အသင်းကို တာဝန်ယူကိုင်တွယ်သွားရမှာဖြစ်ပေမယ့် ဒတ်ချ်လူမျိုးနည်းပြက ဖလားမရယူပေးနိုင်သေးဘူးဆိုရင်တောင်မှပဲ ရောက်ရောက်ချင်း တစ်ခုခုလုပ်ပြဖို့ ဖိအားတွေချက်ချင်းရှိလာမှာဖြစ်တယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

“ကျွန်တော် အဲဒါကို သတိပြုမိပါတယ်။ ခင်ဗျား အနိုင်ရကို ရရမယ်။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျား အဝေဖန်ခံရလိမ့်မယ်။ ပြီးတော့ အဲဒါက ဘယ်တော့မှ မလုံလောက်ပါဘူး။ ဥပမာအနေနဲ့ အိုင်းယက်စ်က ဆောင်းရာသီ အားလပ်ရက်အပြီးမှာ အရင်တုန်းကထက် တစ်ပွဲကို ရမှတ်တွေ ပိုရခဲ့ပေမယ့် လူတွေရဲ့အမြင်မှာတော့ ကျွန်တော်တို့က ရာသီပထမဝက်တုန်းက ပိုကောင်းခဲ့တယ်လို့ ထင်နေကြသလိုမျိုးပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္ဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ က်န္တဲ့ မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ေတြအားလုံးကို ၎အေနနဲ႔ ကစားသမားအလိုက် နည္းဗ်ဴဟာကို က်င့္သုံးသြားမွာမဟုတ္ဘဲ ကိုယ္ပိုင္ပုံရိပ္ကို ထင္ဟပ္ေစမယ့္ အသင္းကို တည္ေဆာက္သြားခ်င္ေၾကာင္း သတိေပးခဲ့ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ယခုရာသီကုန္မွာ ယာယီနည္းၿပ ရန္းနစ္ခ္ရဲ့ေနရာကို ဆက္ခံမွာျဖစ္ၿပီး တန္ဟက္ဂ္ဟာ ေပၚတူဂီဂႏၲဝင္ ေရာ္နယ္လ္ဒိုအပါအဝင္ နာမည္ႀကီးကစားသမားေတြရွိတဲ့ လူစာရင္းကို အေမြဆက္ခံသြားရမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္ကို မေရာက္ရွိလာမီ ေျပာဆိုရာမွာ တန္ဟက္ဂ္က နာမည္ႀကီး ကစာသးမားေတြ ေက်နပ္မယ့္ ကစားဟန္အသစ္ကို က်င့္သုံးဖို႔ထက္ ၎ကိုယ္တိုင္ ႀကိဳးစားၿပီး စမ္းသပ္ထားတဲ့ နည္းလမ္းေတြကိုပဲ က်င့္သုံးသြားမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ တန္ဟက္ဂ္ဟာ ဒတ္ခ်္သတင္းစာ Trouw နဲ႔ ေတြ႕ဆုံရာမွာ ၎အေနနဲ႔ မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ေတြကို ကိုင္တြယ္နိုင္မယ္လို႔ ထင္လားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အခုလိုပဲ ျပန္လည္တုံ႔ျပန္သြားခဲ့ပါတယ္။

“ထင္တာပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့္ပုံစံအတိုင္းပဲ အျမဲတမ္းရွိေနမွာပါ။ ကၽြန္ေတာ့္ရဲ့ နည္းျပပုံအေပၚ အျမင္ကို ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ ခင္ဗ်ား ကစားမယ့္ ပုံစံက ခင္ဗ်ားမွာ ရွိရမယ့္ ကစားသမားပုံစံကို သတ္မွတ္မွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္က ကစားသမားေတြကို ေပးရမယ့္ တာဝန္နဲ႔ ေတာင္းဆိုမႈေတြကို ထိန္းခ်ဳပ္ထားပါတယ္”

“ကစားသမားက ဘာလုပ္ရမယ္ဆိုတာ ကၽြန္ေတာ္ ဆုံးျဖတ္မယ္။ တကယ္လို႔ တစ္စုံတေယာက္က သူ႔အလုပ္ကို သူမလုပ္နိုင္ဘူးဆိုရင္ သူက ဘယ္သူပဲ ျဖစ္ျဖစ္ အဲဒါကို သတိထားရပါလိမ့္မယ္။ ကၽြန္ေတာ္ အဲဒီကိစၥအေပၚမွာေတာ့ ညႇိႏွိုင္းသြားမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ လက္မွတ္မထိုးခင္ ကၽြန္ေတာ္ လုပ္ခ်င္တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့တယ္။ အဲဒီေတာင္းဆိုခ်က္ေတြနဲ႔ မကိုက္ညီဘူးဆိုရင္ ကၽြန္ေတာ္ လက္မွတ္ထိုးမွာမဟုတ္ပါဘူး”

“ကၽြန္ေတာ္လုပ္ရမယ့္ တာဝန္ကို ဘယ္သူ႔ကိုမွ လႊဲခ်လို႔မရဘဲ အသင္းရဲ့ရလဒ္အေပၚမွာ ကၽြန္ေတာ္ ဆုံးျဖတ္သြားမွာပါ။ ကၽြန္ေတာ္ အာဏာရွင္ျဖစ္လာခ်င္တာမဟုတ္ပါဘူး။ ကၽြန္ေတာ္ အတူတူ အလုပ္လုပ္ခ်င္တာပါ။ ဒါေပမယ့္ အေျပာင္းအေရႊ႕မွာေတာ့ ကၽြန္ေတာ့္အတြက္ အေျခအေနတစ္ခုလို႔ပဲ ေျပာခ်င္ပါတယ္”

တန္ဟက္ဂ္က အရင္တုန္းက ေအာင္ျမင္ခဲ့တဲ့ ေရႊေခတ္ကို ျပန္လည္ဖမ္းဆုပ္ဖို႔ ႐ုန္းကန္ေနရတဲ့အသင္းကို တာဝန္ယူကိုင္တြယ္သြားရမွာျဖစ္ေပမယ့္ ဒတ္ခ်္လူမ်ိဳးနည္းျပက ဖလားမရယူေပးနိုင္ေသးဘူးဆိုရင္ေတာင္မွပဲ ေရာက္ေရာက္ခ်င္း တစ္ခုခုလုပ္ျပဖို႔ ဖိအားေတြခ်က္ခ်င္းရွိလာမွာျဖစ္တယ္ဆိုတာကို သိရွိေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္ အဲဒါကို သတိျပဳမိပါတယ္။ ခင္ဗ်ား အနိုင္ရကို ရရမယ္။ အဲဒီလိုမွမဟုတ္ရင္ ခင္ဗ်ား အေဝဖန္ခံရလိမ့္မယ္။ ၿပီးေတာ့ အဲဒါက ဘယ္ေတာ့မွ မလုံေလာက္ပါဘူး။ ဥပမာအေနနဲ႔ အိုင္းယက္စ္က ေဆာင္းရာသီ အားလပ္ရက္အၿပီးမွာ အရင္တုန္းကထက္ တစ္ပြဲကို ရမွတ္ေတြ ပိုရခဲ့ေပမယ့္ လူေတြရဲ့အျမင္မွာေတာ့ ကၽြန္ေတာ္တို႔က ရာသီပထမဝက္တုန္းက ပိုေကာင္းခဲ့တယ္လို႔ ထင္ေနၾကသလိုမ်ိဳးေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.