Premier League

ခံစစ်ကစားသမားမရှိတော့တာကို ဟာသဖောက်ပြီး ပြောသွားတဲ့ ဂွါဒီယိုလာ

ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ပွဲပယ်ပြစ်ဒဏ်တွေရဲ့ ဝိုင်းဝန်းထိုးနှက်ခြင်းခံနေရတဲ့ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ၎င်းအနေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိရမှာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဟာသဖောက်ခဲ့ပါတယ်။

ပက် ဂွါဒီယိုလာက ဝက်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် ခံစစ်မှာ ကြီးမားတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် ၎င်းရဲ့ တောင်ပံကစားသမားတွေထဲက တစ်ဦးကို ဗဟိုခံစစ်နေရာမှာ သုံးရကောင်း သုံးရနိုင်တယ်လို့ ဟာသလုပ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ နောက်ကနေ ထပ်ချပ်မကွာ ဖိအားပေးနေမှုကြောင့် ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင် ကစားဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုင်လီ ဝေါ်ကာ၊ ဂျွန် စတုန်း၊ နေသန် အကီတို့လို အဓိကကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ယခုအပတ်ပွဲစဉ်မှာရော လာမယ့်အပတ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာပါ ခံစစ်အတွက် ခေါင်းခဲနေရတာဖြစ်ပါတယ်။ ဂွါဒီယိုလာက လက်ရှိမှာတော့ ၎င်းအနေနဲ့ ရှိတဲ့လူတွေနဲ့ ဖြစ်အောင် တီထွင်ကြံဆပြီး လုပ်သွားရမှာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဟာသဖောက်ပြောဆိုသွားခဲ့ပါတယ်။

“အခုအချိန်မှာ ကျွန်တော်တို့ လုံးဝကို ပြဿနာတက်နေပါတယ်။ ကျွန်တော်တို့ အရေးကြီးတဲ့နေရာအများအပြားမှာ ပြဿနာတွေရှိနေပြီး ခင်ဗျား အသားကျအောင် လုပ်ရမှာပါ။ ကစားသမားတွေကလည်း ကျွန်တော်တို့ ပြဿနာတက်နေတယ်ဆိုတာ သိနေတယ်။ တောင်ပံကစားသမားတစ်ယောက်လောက်ကတော့ ဗဟိုခံစစ်ကစားသမားအဖြစ် ကစားရကောင်း ကစားရနိုင်တယ်။ ဒါပေမယ့် လူအများကြီးရှိတယ်မဟုတ်ဘူးလားဆိုရင် ကျွန်တော် အဲဒါကို မနှစ်သက်ပါဘူး။ ကျွန်တော် မကစားရဘဲ အရန်ခုံပေါ်မှာ ၄၊ ၅ ယောက်လောက်ကို ထိုင်ခိုင်းထားရတာ ဝမ်းနည်းတယ်။ ကျွန်တော် ၈ ယောက်၊ ၉ ယောက်လောက်ကိုတော့ အရန်ခုံမထိုင်ခိုင်းချင်ပါဘူး”

မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားနဲ့အတူ ဥရောပမှာ အောင်မြင်မှုရဖို့ နားချိန်များများမရတဲ့ ပွဲချိန်ဇယားကြားမှာ အစွမ်းကုန်လုပ်သွားဖို့ မျှော်လင့်နေဦးမှာဖြစ်ပါတယ်။ ဂွါဒီယိုလာက လက်ရှိအခြေအနေကို လက်ခံပြီး ဖြစ်အောင်လုပ်ဖို့က ၎င်းရဲ့အသင်းအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။

“ပြန်လည်ကုစားဖို့နဲ့ ခင်ဗျားရဲ့ စိတ်ကို လန်းဆန်းသွားအောင်ထားတာ ပိုကောင်းပါလိမ့်မယ်။ သင်တန်းက အားလုံးအတူ ရယ်မောပြီး အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းအင်တွေရဖို့ လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ လေ့ကျင့်မှုက ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်လောက်ပဲ ကြာနိုင်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို ဆုံးရှုံးခဲ့ရပြီး နောက်ထပ် အဆုံးရှုံးမခံနိုင်တော့ပါဘူး။ ဒီနေ့က ဘရိုက်တန်နဲ့ ပွဲအပြီး ၂ ရက်မြောက်နေ့ဖြစ်ပြီး ပရီးမီးယားလိဂ်က သူတို့တွေ ပိုပြီးတော့ ပင်ပန်းတဲ့ ဒုတိယနေ့ကို မသိပါဘူး။ အနားယူပြီး မနက်ဖြန်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒဏ္ရာျပႆနာေတြ၊ ႀကံ့ခိုင္မႈျပႆနာေတြနဲ႔ ပြဲပယ္ျပစ္ဒဏ္ေတြရဲ့ ဝိုင္းဝန္းထိုးႏွက္ျခင္းခံေနရတဲ့ မန္ခ်က္စတာစီးတီးနည္းၿပ ဂြါဒီယိုလာက ၎အေနနဲ႔ တီထြင္ဖန္တီးနိုင္စြမ္းရွိရမွာျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ဟာသေဖာက္ခဲ့ပါတယ္။

ပက္ ဂြါဒီယိုလာက ဝက္ဖို႔ဒ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္မတိုင္ခင္ ခံစစ္မွာ ႀကီးမားတဲ့ ဒဏ္ရာျပႆနာေတြနဲ႔ ဆက္လက္ယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ ၎ရဲ့ ေတာင္ပံကစားသမားေတြထဲက တစ္ဦးကို ဗဟိုခံစစ္ေနရာမွာ သုံးရေကာင္း သုံးရနိုင္တယ္လို႔ ဟာသလုပ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ၿပီး လီဗာပူးလ္အသင္းရဲ့ ေနာက္ကေန ထပ္ခ်ပ္မကြာ ဖိအားေပးေနမႈေၾကာင့္ ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ အနိုင္ရရွိေအာင္ ကစားဖို႔ ႀကိဳတင္ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကိုင္လီ ေဝၚကာ၊ ဂၽြန္ စတုန္း၊ ေနသန္ အကီတို႔လို အဓိကကစားသမားေတြ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတာေၾကာင့္ ယခုအပတ္ပြဲစဥ္မွာေရာ လာမယ့္အပတ္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာပါ ခံစစ္အတြက္ ေခါင္းခဲေနရတာျဖစ္ပါတယ္။ ဂြါဒီယိုလာက လက္ရွိမွာေတာ့ ၎အေနနဲ႔ ရွိတဲ့လူေတြနဲ႔ ျဖစ္ေအာင္ တီထြင္ႀကံဆၿပီး လုပ္သြားရမွာ ျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔ ဟာသေဖာက္ေျပာဆိုသြားခဲ့ပါတယ္။

“အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ လုံးဝကို ျပႆနာတက္ေနပါတယ္။ ကၽြန္ေတာ္တို႔ အေရးႀကီးတဲ့ေနရာအမ်ားအျပားမွာ ျပႆနာေတြရွိေနၿပီး ခင္ဗ်ား အသားက်ေအာင္ လုပ္ရမွာပါ။ ကစားသမားေတြကလည္း ကၽြန္ေတာ္တို႔ ျပႆနာတက္ေနတယ္ဆိုတာ သိေနတယ္။ ေတာင္ပံကစားသမားတစ္ေယာက္ေလာက္ကေတာ့ ဗဟိုခံစစ္ကစားသမားအျဖစ္ ကစားရေကာင္း ကစားရနိုင္တယ္။ ဒါေပမယ့္ လူအမ်ားႀကီးရွိတယ္မဟုတ္ဘူးလားဆိုရင္ ကၽြန္ေတာ္ အဲဒါကို မႏွစ္သက္ပါဘူး။ ကၽြန္ေတာ္ မကစားရဘဲ အရန္ခုံေပၚမွာ ၄၊ ၅ ေယာက္ေလာက္ကို ထိုင္ခိုင္းထားရတာ ဝမ္းနည္းတယ္။ ကၽြန္ေတာ္ ၈ ေယာက္၊ ၉ ေယာက္ေလာက္ကိုေတာ့ အရန္ခုံမထိုင္ခိုင္းခ်င္ပါဘူး”

မန္ခ်က္စတာစီးတီးအသင္းဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးျဖစ္ေပမယ့္လည္း ပရီးမီးယားလိဂ္ဖလားနဲ႔အတူ ဥေရာပမွာ ေအာင္ျမင္မႈရဖို႔ နားခ်ိန္မ်ားမ်ားမရတဲ့ ပြဲခ်ိန္ဇယားၾကားမွာ အစြမ္းကုန္လုပ္သြားဖို႔ ေမၽွာ္လင့္ေနဦးမွာျဖစ္ပါတယ္။ ဂြါဒီယိုလာက လက္ရွိအေျခအေနကို လက္ခံၿပီး ျဖစ္ေအာင္လုပ္ဖို႔က ၎ရဲ့အသင္းအတြက္ ဘယ္ေလာက္ေတာင္ အေရးႀကီးလဲဆိုတာကိုလည္း ေျပာၾကားခဲ့ပါတယ္။

“ျပန္လည္ကုစားဖို႔နဲ႔ ခင္ဗ်ားရဲ့ စိတ္ကို လန္းဆန္းသြားေအာင္ထားတာ ပိုေကာင္းပါလိမ့္မယ္။ သင္တန္းက အားလုံးအတူ ရယ္ေမာၿပီး အေပါင္းလကၡဏာေဆာင္တဲ့ စြမ္းအင္ေတြရဖို႔ ေလ့က်င့္ခန္းေတြ လုပ္ရပါတယ္။ ေလ့က်င့္မႈက ၅ မိနစ္ သို႔မဟုတ္ ၁၀ မိနစ္ေလာက္ပဲ ၾကာနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ ကစားသမားေတြကို ဆုံးရႈံးခဲ့ရၿပီး ေနာက္ထပ္ အဆုံးရႈံးမခံနိုင္ေတာ့ပါဘူး။ ဒီေန႔က ဘရိုက္တန္နဲ႔ ပြဲအၿပီး ၂ ရက္ေျမာက္ေန႔ျဖစ္ၿပီး ပရီးမီးယားလိဂ္က သူတို႔ေတြ ပိုၿပီးေတာ့ ပင္ပန္းတဲ့ ဒုတိယေန႔ကို မသိပါဘူး။ အနားယူၿပီး မနက္ျဖန္မွာ ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.