Premier League

လိဒ်စ်နည်းပြ ဂျက်ဆီ မာ့ရှ်ကို လာငိုပြမနေနဲ့လို့ ပြောခဲ့တဲ့ ပက်ထရစ် ဗီယာရာ

ခရစ္စတယ် ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီယာရာက လိဒ်စ်ယူနိုက်တက်နည်းပြ ဂျက်ဆီ မာ့ရှ်နဲ့ နောက်ထပ်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ရမယ့် အခွင့်အရေးကို စောင့်မျှော်နေပါတယ်။

ဗီယာရာနဲ့ မာ့ရှ်တို့ဟာ တနင်္လာနေ့ညမှာ ၎င်းတို့ရဲ့ ယှဉ်ပြိုင်မှုကို အသက်ပြန်သွင်းကြတော့မှာဖြစ်ပြီး လိဒ်စ်ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဆဲလ်ဟတ်စ် ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဗီယာရာက နယူးယောက်စီးတီးကို ကိုင်တွယ်ခဲ့ပြီး မာ့ရှ်က နယူးယောက်ရက်ဘူးလ်ကို ကိုင်တွယ်ခဲ့စဉ်က ၎င်းတို့ ၂ ဦးကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ဖူးတာဖြစ်ပြီး မေဂျာလိဂ်မှာရှိခဲ့စဉ်တုန်းက အဖြစ်အပျက်အချို့ ရှိခဲ့ဖူးတာဖြစ်ပါတယ်။

တိတိကျကျ ပြောရရင် ၂၀၁၆ ခုနှစ်တုန်းက နယူးယောက်စီးတီးက နယူးယောက် ရက်ဘူးလ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဗီယာရာက အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ဂျက်ဆီ မာ့ရှ်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဗီယာရာဟာ ဖရန့်ခ် လမ်းပတ်နဲ့ ပီယာလိုတို့ ၂ ဦးစလုံးဟာ အားကစားသမား မပီသဘူးလို့ ပြောကြားခဲ့ပြီးနောက် ၎င်းရဲ့ မှတ်ချက်အတွက် ဒဏ်ငွေပေးဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ်ဂန္တဝင်က ကစားသမားတွေ ကွင်းထဲကနေ ထွက်ခွာသွားပြီးနောက် ဂျက်ဆီ မာ့ရှ်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဖြစ်စဉ်အကြောင်းကို ဗီယာရာက အခုလိုပဲ ပြန်လည်ပြောပြသွားခဲ့ပါတယ်။

“ဂျက်ဆီနဲ့ ပြောခဲ့တာက ငိုပြနေတာတွေ ရပ်ဖို့နဲ့ စောဒကတက်တာတွေ ရပ်တန်ဖို့ပါပဲ။ သူ့အသင်းက ကောင်းကောင်းကစားနေခဲ့တယ်။ တကယ်ကို ကောင်းကောင်း ကစားနေတယ်။ ဒါပေမယ့် အဲဒါက တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့တယ်။ ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်”

တနင်္လာနေ့ညပွဲစဉ်မတိုင်မီ ဗီယာရာက ဂျက်ဆီ မာ့ရှ်နဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပေမယ့်လည်း ပြိုင်ဘက်အတွက် လေးစားမှု ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ “သူက နယူးယောက် ရက်ဘူးလ်မှာရှိနေခဲ့ပြီး ကျွန်တော်က နယူးယောက်စီးတီးအသင်းမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ စိန်ခေါ်မှုပြင်းထန်တဲ့ပွဲအချို့ ရှိခဲ့တယ်။ မေဂျာလိဂ်မှာတော့ ဒါဘီပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဖို့ စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့မှာ တကယ်ကို ကောင်းမွန်တဲ့ လေးစားမှုနဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါဘီက ပြင်းထန်ခဲ့ပေမယ့်လည်း အမြဲတမ်း လေးစားမှုတွေ အများကြီးနဲ့ပါ”

“နည်းပြတစ်ယောက်အဖြစ်နဲ့ သူ့အရည်အသွေးကို ကျွန်တော် ဘာသံသယမှ မရှိခဲ့ပါဘူး။ သူက မေဂျာလိဂ်မှာတုန်းကနဲ့ မတူတော့ပါဘူး။ သူက ရက်ဘူးလ် မိသားစုဆီသွားခဲ့တယ်။ အခုတော့ ပရီးမီးယားလိဂ်မှာ ရှိနေပါပြီ။ သူ့ကို နည်းနည်းတော့ ချီးကျူးရမှာပါ။ သူ ဒီနေရာကို ရောက်လာဖို့ အလုပ် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်။ ခင်ဗျား ပရီးမီးယားလိဂ်ကို လာတဲ့အခါကျရင် ဒီလို ဖိအားတွေ အမြဲရှိနေမှာပါ။ အဲဒါက လူတွေမှားတယ်ဆိုတာ သက်သေပြသဖို့ပါပဲ။ အဲဒီဖိအားက ကျွန်တော့်အပေါ်မှာလည်း ရှိပါတယ်။ ကျွန်တော်တို့ အဲဒါနဲ့ပဲ နေထိုင်နေရတာပါ။ သူက သူ့ကိုယ်သူ ယုံကြည်ပြီး သူ ဘယ်လောက်တော်လဲဆိုတာကို သိပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံ ရဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတယ္ ပဲေလ့စ္နည္းၿပ ပက္ထရစ္ ဗီယာရာက လိဒ္စ္ယူနိုက္တက္နည္းၿပ ဂ်က္ဆီ မာ့ရွ္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ထိပ္တိုက္ရင္ဆိုင္ရမယ့္ အခြင့္အေရးကို ေစာင့္ေမၽွာ္ေနပါတယ္။

ဗီယာရာနဲ႔ မာ့ရွ္တို႔ဟာ တနလၤာေန႔ညမွာ ၎တို႔ရဲ့ ယွဥ္ၿပိဳင္မႈကို အသက္ျပန္သြင္းၾကေတာ့မွာျဖစ္ၿပီး လိဒ္စ္ယူနိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့စ္ရဲ့ ဆဲလ္ဟတ္စ္ ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ဗီယာရာက နယူးေယာက္စီးတီးကို ကိုင္တြယ္ခဲ့ၿပီး မာ့ရွ္က နယူးေယာက္ရက္ဘူးလ္ကို ကိုင္တြယ္ခဲ့စဥ္က ၎တို႔ ၂ ဦးၾကားမွာ တိုက္ပြဲေတြ ျပင္းထန္ခဲ့ဖူးတာျဖစ္ၿပီး ေမဂ်ာလိဂ္မွာရွိခဲ့စဥ္တုန္းက အျဖစ္အပ်က္အခ်ိဳ႕ ရွိခဲ့ဖူးတာျဖစ္ပါတယ္။

တိတိက်က် ေျပာရရင္ ၂၀၁၆ ခုႏွစ္တုန္းက နယူးေယာက္စီးတီးက နယူးေယာက္ ရက္ဘူးလ္ကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ဗီယာရာက အနီကတ္ၿပ ထုတ္ပယ္ခံခဲ့ရသလို ဂ်က္ဆီ မာ့ရွ္ကို လက္ဆြဲႏႈတ္ဆက္ဖို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ ဗီယာရာဟာ ဖရန႔္ခ္ လမ္းပတ္နဲ႔ ပီယာလိုတို႔ ၂ ဦးစလုံးဟာ အားကစားသမား မပီသဘူးလို႔ ေျပာၾကားခဲ့ၿပီးေနာက္ ၎ရဲ့ မွတ္ခ်က္အတြက္ ဒဏ္ေငြေပးေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာဆင္နယ္ဂႏၲဝင္က ကစားသမားေတြ ကြင္းထဲကေန ထြက္ခြာသြားၿပီးေနာက္ ဂ်က္ဆီ မာ့ရွ္နဲ႔ ထိပ္တိုက္ ရင္ဆိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက ျဖစ္စဥ္အေၾကာင္းကို ဗီယာရာက အခုလိုပဲ ျပန္လည္ေျပာျပသြားခဲ့ပါတယ္။

“ဂ်က္ဆီနဲ႔ ေျပာခဲ့တာက ငိုျပေနတာေတြ ရပ္ဖို႔နဲ႔ ေစာဒကတက္တာေတြ ရပ္တန္ဖို႔ပါပဲ။ သူ႔အသင္းက ေကာင္းေကာင္းကစားေနခဲ့တယ္။ တကယ္ကို ေကာင္းေကာင္း ကစားေနတယ္။ ဒါေပမယ့္ အဲဒါက ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းခဲ့တယ္။ ကၽြန္ေတာ္ သူ႔အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္”

တနလၤာေန႔ညပြဲစဥ္မတိုင္မီ ဗီယာရာက ဂ်က္ဆီ မာ့ရွ္နဲ႔ပတ္သက္ၿပီး ဘာမွ ေျပာစရာမရွိေပမယ့္လည္း ၿပိဳင္ဘက္အတြက္ ေလးစားမႈ ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “သူက နယူးေယာက္ ရက္ဘူးလ္မွာရွိေနခဲ့ၿပီး ကၽြန္ေတာ္က နယူးေယာက္စီးတီးအသင္းမွာ ရွိေနခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ စိန္ေခၚမႈျပင္းထန္တဲ့ပြဲအခ်ိဳ႕ ရွိခဲ့တယ္။ ေမဂ်ာလိဂ္မွာေတာ့ ဒါဘီပြဲျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ သူနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ေတြ႕ဖို႔ ေစာင့္ေမၽွာ္ေနပါတယ္။ ကၽြန္ေတာ္တို႔မွာ တကယ္ကို ေကာင္းမြန္တဲ့ ေလးစားမႈနဲ႔ ဆက္ဆံေရးရွိပါတယ္။ ဒါဘီက ျပင္းထန္ခဲ့ေပမယ့္လည္း အျမဲတမ္း ေလးစားမႈေတြ အမ်ားႀကီးနဲ႔ပါ”

“နည္းျပတစ္ေယာက္အျဖစ္နဲ႔ သူ႔အရည္အေသြးကို ကၽြန္ေတာ္ ဘာသံသယမွ မရွိခဲ့ပါဘူး။ သူက ေမဂ်ာလိဂ္မွာတုန္းကနဲ႔ မတူေတာ့ပါဘူး။ သူက ရက္ဘူးလ္ မိသားစုဆီသြားခဲ့တယ္။ အခုေတာ့ ပရီးမီးယားလိဂ္မွာ ရွိေနပါၿပီ။ သူ႔ကို နည္းနည္းေတာ့ ခ်ီးက်ဴးရမွာပါ။ သူ ဒီေနရာကို ေရာက္လာဖို႔ အလုပ္ ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့တယ္။ ခင္ဗ်ား ပရီးမီးယားလိဂ္ကို လာတဲ့အခါက်ရင္ ဒီလို ဖိအားေတြ အျမဲရွိေနမွာပါ။ အဲဒါက လူေတြမွားတယ္ဆိုတာ သက္ေသျပသဖို႔ပါပဲ။ အဲဒီဖိအားက ကၽြန္ေတာ့္အေပၚမွာလည္း ရွိပါတယ္။ ကၽြန္ေတာ္တို႔ အဲဒါနဲ႔ပဲ ေနထိုင္ေနရတာပါ။ သူက သူ႔ကိုယ္သူ ယုံၾကည္ၿပီး သူ ဘယ္ေလာက္ေတာ္လဲဆိုတာကို သိပါတယ္။ ကၽြန္ေတာ္တို႔အတြက္ကေတာ့ ကစားသမားေတြဆီကေန အေကာင္းဆုံးပုံစံ ရဖို႔ပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.