Analysis Premier League

ချဲလ်ဆီးပြီးတော့ ယူနိုက်တက်ကို အနိုင်ရဖို့ အာဆင်နယ် ဘာတွေလုပ်ဖို့လိုသလဲ

အာတီတာဟာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရော့ဘ် ဟိုးဒင်းနဲ့ မိုဟာမက် အယ်လ်နန်နီတို့ကို ပွဲထွက်ကစားစေခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ယှဉ်ပြိုင်ချင်တဲ့အသင်းဟာ ဥရောပနဲ့ ကမ္ဘာ့ချန်ပီယံအသင်း အိမ်ကွင်းမှာ အနိုင်ကစားနိုင်ဖို့ လူစာရင်းရွေးချယ်ရတာက ခက်ခဲမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက ၎င်း ဘာလုပ်နေလဲဆိုတာကို ကောင်းကောင်းသိပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၄ ဂိုးသွင်းပြီး ၃ မှတ်ရယူနိုင်ခဲ့တာကြောင့် အောင်မြင်တဲ့ လူထုတ်ပုံဖြစ်ခဲ့တာဖြစ်ပါတယ်။

ရာသီကုန်ုဖို့ကလည်း ၆ ပွဲသာ ကျန်တော့တာကြောင့် အာတီတာဟာ ရေရှည်ထက် ရေတို တွေးခေါ်မှုအပေါ်မှာ ပိုပြီးတော့ စိတ်ညွတ်နေပုံပေါ်ခဲ့ပြီး အသင်းရဲ့ ဝိသေသလက္ခဏာ အမြစ်တွယ်နေခဲ့ပြီးပေမယ့်လည်း ရလဒ်က အရေးအကြီးဆုံးဖြစ်နေတဲ့အချိန်မှာ တခြားအစီအစဉ်တစ်ခုကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နောက်ခံလူ ၃ ဦး၊ ၄ ဦးနဲ့ ၅ ဦးကြားမှာ အပြောင်းအလဲလုပ်နိုင်တဲ့ ခံစစ်ပိုင်း အာမခံချက်ပိုရှိတဲ့ ကစားကွက်ကို အသုံးပြုဖို့ ရွေးချယ်ခဲ့ပြီး အယ်လ်နန်နီကို ထည့်သွင်းအသုံးပြုခြင်းအားဖြင့် စွန့်စွားမှုနည်းနည်း ဘောလုံးပိုင်ဆိုင်မှု ပိုမိုအာမခံချက်ရှိတာကို သရုပ်ပြခဲ့ပါတယ်။

အခု ပြောချင်တာကတော့ နောက်လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့အကြောင်းဖြစ်ပြီး သရဲနီတွေဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ မျှော်လင့်ချက်ကို အသက်ပြန်သွင်းဖို့ ရည်မှန်းထားတဲ့အသင်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ပြန်လည်ရှင်သန်ဖို့ ကြိုးပမ်းရင်းနဲ့ အာဆင်နယ်အသင်းအပေါ်မှာလည်း ဒုက္ခပေးသွားနိုင်ပြီး စနေနေ့မှာ လုံးဝကွဲပြားခြားနားနဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ကျဆင်းနေပြီး ဖြေရှင်းဖို့ အခြား ပြဿနာတွေနဲ့ အကြပ်အတည်းတွေကြားမှာ ရှိနေတဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘာကြောင့် အနိုင်ရနေတဲ့ ဖော်မြူလာကို ဘာကြောင့် ပြောင်းလဲမှာလဲဆိုတဲ့ မေးခွန်းက ရှိနေပြီး တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ချဲလ်ဆီးနဲ့တုန်းကလို အဝေးကွင်းမဟုတ်ဘူးဆိုတဲ့အချက်ကလည်း ရှိနေတာဖြစ်ပါတယ်။ အာတီတာအနေနဲ့ လူရွေးချယ်ပုံနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ဆုံးဖြတ်ချက်အချို့ကို ချမှတ်သွားဖို့ ရှိနေတာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်တွေက ဘာတွေဖြစ်မလဲ…

၄-၂-၃-၁ ကို ပြန်သွားမလား

အာဆင်နယ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခံစစ် ၃ ဦးပုံစံနဲ့ ပိုမိုနီးစပ်တဲ့ပုံစံကို အသုံးပြုပြီး ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဆာကာ၊ နူနို တာဗာရက်စ်တို့ဟာ နောက်ခံတောင်ပံအဖြစ် ကစားခဲ့ကြပြီး ကစားကွက်က ချဲလ်ဆီးအသင်း ပွဲကို ဘယ်လိုချဉ်းကပ်လာမလဲဆိုတဲ့အပေါ် မူတည်ပြီး လွတ်လွတ်လပ်လပ် အပြောင်းအလဲလုပ်လို့ရတဲ့ ပုံစံဖြစ်တာကြောင့် ၃-၄-၃ ပုံစံမျိုး ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပွဲရှိန်မြင့်လာတာနဲ့အမျှ ဆာကာဟာ ရှေ့တက် တွန်းအားပေးကစားခဲ့ပြီး ဘန် ဝှိုက်က ညာနောက်ခံအဖြစ် ပိုကစားခဲ့တာကို တွေ့ရပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့ချိန်မှာ ခံစစ် ၅ ဦး ပိတ်ဆော့တဲ့ပုံစံကို ပြောင်းလဲခဲ့ပြီး ဆာကာက ညာတောင်ပံမှာ စုပြုံနေတဲ့ ချဲလ်ဆီးကစားသမားတွေကို အခါအားလျော်စွာ ကိုင်တွယ်ဖြေရှင်းဖို့ တောင်ပံချိန်းကစားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းတုန်းက လျော့တိလျော့ရဲနဲ့ သက်တောင့်သက်သာမဖြစ်ခဲ့ပေမယ့်လည်း ခံစစ်တစ်ခုလုံးက တဖြည်းဖြည်း ယုံကြည်ချက် မြင့်တက်လာတာကြောင့် ဒုတိယပိုင်းမှာ ချဲလ်ဆီးအသင်း ဂိုးပေါက်ခြိမ်းခြောက်နိုင်ဖို့တောင် ခဲယဉ်းသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာတော့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် တိုက်စစ်ဆင်ဖို့ တာဝန်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့မှာ အောင်မြင်ခဲ့တဲ့ ကစားကွက်အပြောင်းအလဲကို ထည့်မတွက်ဘဲ ၄-၂-၃-၁ ပုံစံကို ပိုကစားဖို့ အာတီတာ တွေးနေမှာ သေချာပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ခြိမ်းခြောက်မှုတွေက တောင်ပံကနေ လာတာဖြစ်ပြီး နောက်ခံတောင်ပံကစားသမားတွေနဲ့ အဲဒီနေရာတွေကို အခိုင်အမာဖြစ်အောင်လုပ်ခြင်းက မန်ချက်စတာယူနိုက်တက်ကို ထိုးဖောက်ကစားနိုင်ဖို့ အခြေခံအုတ်မြစ်ကို ဖန်တီးနိုင်မှာဖြစ်သလို ဖိအားတွေကိုလည်း ဖိတ်ခေါ်သလို ဖြစ်နိုင်ပါတယ်။

ညာနောက်ခံမှာ ဝှိုက်လား၊ ဆီးဒရစ်လား၊ တိုမီယာစုလား

အာတီတာဟာ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ တိုမီယာစုရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ နောက်ဆုံးရအခြေအနေကို ပြောပြခဲ့ပြီး သောကြာနေ့ လေ့ကျင့်ရေးအစီအစဉ်မှာသာ နောက်ထပ်ဘာပြဿနာမှမရှိဘူးဆိုရင် စနေနေ့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ တိုမီယာစုအနေနဲ့ ပွဲထွက်ပါဝင်ကစားပေးဖွယ်မရှိဘဲ အာတီတာက မယုံလို့လားဆိုရင် ဒဏ်ရာကြောင့်သာ ဖြစ်နိုင်ပါတယ်။ အခြား နောက်ခံကစားသမား ၂ ဦးအပေါ်မှာလည်း အာတီတာအနေနဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ ရှိနေပြီး အထူးသဖြင့် ကစားကွက်က ခံစစ် ၄ ဦးကို ပြန်လည်ပြောင်းလဲလိုက်တဲ့အခါမှာ ဖြစ်ပါတယ်။ ဝှိုက်ဟာ ညာနောက်ခံအဖြစ် ပွဲထွက်ဖို့ သက်တောင့်သက်သာအဖြစ်ဆုံး ညနေခင်း မပိုင်ဆိုင်ခဲ့သလို ရော့ဘ် ဟိုးဒင်းလည်း အတူတူပါပဲ။ နောက်ခံကစားသမား ၂ ဦးစလုံးဟာ ပွဲစဉ်အတွင်းမှာ တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့တာဖြစ်ပြီး ဆီးဒရစ်အတွက်တော့ ဘန်လေကို ဂိုးမရှိ သရေကျခဲ့တဲ့ ဇန်နဝါရီလပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းထဲမှာ မပါဝင်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

တကယ်လို့ အာတီတာအနေနဲ့ ၄-၂-၃-၁ ကို သုံးဖို့ ရွေးခဲ့ရင်တောင် နူနို တာဗာရက်စ်ကို တောင်ပံပိုထွက်ကစားနိုင်စေဖို့ ဘန် ဝှိုက်ကိုပဲ ဆက်သုံးဖို့ စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ ခံစစ် ၃ ဦး ကစားကွက်ကို အရင်တုန်းကလိုပဲ အကောင်အထည်ဖော်နိုင်ပြီး နူနို တာဗာရက်စ်ကို ဆန်ချိုကို ပြန်ပြီး ကပ်ထားနိုင်တဲ့နေရာမှာ ဆက်သုံးနိုင်ပါတယ်။ ဆီးဒရစ်ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က မြင်ကွင်းမှာ ဂိုးသွင်းခွင့်ကို ရယ်မောဖွယ်ကောင်းလောက်အောင် ဖြုန်းတီးခဲ့တာလည်း ပါဝင်ခဲ့သလို ခုန်ပျံကျော်လွှား ဖျက်ထုတ်မှုတွေနဲ့ ခံစစ်မှာ အလိုက်သင့်ကစားနိုင်တာလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ တိုက်စစ်အားသန်တဲ့ နောက်ခံတောင်ပံ ၂ ဦးကို သုံးလို့ရနိုင်ပါ့မလားလို့ မေးလာရင်တော့ ဆီးဒရစ်ကို ညာတောင်ပံမှာထား၊ ဘန် ဝှိုက်ကို အလယ်မှာ ထားပြီး သုံးသွားနိုင်ပါတယ်။

ချဲလ်ဆီးနဲ့ပွဲမှာ တောက်ပခဲ့တဲ့ အယ်လ်နန်နီ နေရာထပ်ရဦးမလား

စွမ်းဆောင်ရည်တစ်ခုတည်းအပေါ် ကြည့်မယ်ဆိုရင်တော့ စနေနေ့ ပွဲထွက်လူစာရင်းမှာ မိုဟာမက် အယ်လ်နန်နီလောက် နေရာတစ်နေရာ အပိုင်ရထားတဲ့ကစားသမားမရှိတော့ပါဘူး။ ပြီးခဲ့တဲ့ ၄ လအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ပါဝင်ကစားပေးရခြင်းမရှိခဲ့ပေမယ့်လည်း ကြံ့ခိုင်မှုကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး အရင်တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ အယ်လ်နန်နီအနေနဲ့ နောက်ထပ် စွမ်းဆောင်ရည်ကောင်း ပြသချင်နေမှာဖြစ်ပြီး အမ်းမရိတ်စ်ကွင်းမှာ ကစားရမှာတာကြောင့် ချဲလ်ဆီးနဲ့ပွဲစဉ်တုန်းကထက်တော့ ပိုပြီး ကောင်းမွန်တဲ့ အသင်းလိုက် ကစားပုံကို မြင်ရမှာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်ချိန်မှာ ရှေ့ပိုတက်ကစားနိုင်ပြီး ဆမ်ဘီ လိုကွန်ဂါလိုမျိုး ထိရောက်တဲ့ပေးပို့မှုတွေကို ပြုလုပ်နိုင်တဲ့သူကို ပွဲထွက်လူစာရင်းမှာ ရွေးချယ်မယ်ဆိုရင် ပါးနပ်တဲ့ ရွေးချယ်မှုဖြစ်မှာဖြစ်ပါတယ်။

ဝရုန်းသုန်းကားနိုင်ပြီး လူစုလူဝေးများတဲ့ နေရာမှာ ကစားရသလောက် ခံစစ်ပိုင်း နေရာယူပုံနဲ့ ကွင်းလယ်ကို မျက်ခြည်မပြတ်ကြည့်ရှုနေဖို့ လိုအပ်ပြီး အယ်လ်နန်နီက အဲဒီအလုပ်တွေကို ကောင်းကောင်းလုပ်နိုင်တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ မန်ယူနိုက်တက်ကို မြန်နှုန်းနဲ့ ပြိုင်ဘက်ကစားသမားတွေကို နေရာမယူနိုင်အောင် ကစားချင်တယ်ဆိုရင်တော့ ဆမ်ဘီရဲ့ အရည်အချင်းက ပိုပြီးတော့ သင့်တော်မှာ သေချာပါတယ်။ ဒီကိစ္စဟာ ဘာ့ဒ် လီနိုလိုမျိုး ဖြစ်သွားနိုင်ပြီး ဂျာမန်ဂိုးသမားဟာ ဒဏ်ရာကြောင့် အသင်းမှာမပါနိုင်ချိန်မှာ ရမ်းစ်ဒေးလ်က နေရာဝင်ယူသွားသလိုမျိုး အယ်လ်နန်နီလည်း အခု အဲဒီလို အခွင့်အရေးမျိုး ရနေတာဖြစ်နိုင်ပါတယ်။ အာတီတာအနေနဲ့ အနိုင်ရမယ့် ဖော်မြူလာကို သုံးမလား ဒါမှမဟုတ် တောင်ပံတွေ ပိုဖြန့်ကစားမလားလို့ မေးစရာရှိပြီး အယ်လ်နန်နီကတော့ ကွင်းလယ်မှာ နေရာတစ်နေရာ အခိုင်အမာ ဆက်လက်ရရှိသွားဖွယ်ရှိပါတယ်။

စမစ် ရိုးလား၊ မာတီနယ်လီလား

စမစ် ရိုးဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အလွန်ကောင်းမွန်ခဲ့ပြီး လတ်တလော ၎င်းရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဘောလုံးရတဲ့အချိန်တိုင်း အပေါင်းလက္ခဏာဆောင်တဲ့အရာကို လုပ်ဖို့ ကြိုးပမ်းနေခဲ့ပြီး အသင်းဖော်တွေကို ဘောလုံးခင်းပေးတာ၊ ဘာပဲလုပ်နေနေ ရှေ့တက်ဖို့ပဲ ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။ စမစ် ရိုးသွင်းယူသွားတဲ့ဂိုးကလည်း ၎င်းရဲ့စွမ်းဆောင်ရည်ကြောင့် လွယ်ကူပုံပေါ်ခဲ့တာဖြစ်ပြီး အရှိန်နဲ့ ပြေးဝင်လာတာကြောင့် ဘောလုံးကို မိုးပေါ်ထောင်ကန်မိတာမျိုး ဖြစ်နိုင်ပေမယ့် ထိချက်မှန်မှန်နဲ့ ဂိုးအောက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီ ပွဲထွက်ပါဝင်ကစားပေးခြင်းမရှိတာကြောင့် မပျော်မရွှင်ဖြစ်ခဲ့ကြတဲ့ ပရိသတ်အချို့ကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့တာဖြစ်ပြီး စမစ် ရိုးက ဒီလောက်ကောင်းနေမှတော့ ဘရာဇီးလ်သား အရန်ခုံထိုင်နေရတာလည်း မဆန်းတော့ပါဘူး။

မာတီနယ်လီဟာ လူစားဝင်ကစားခဲ့ချိန်မှာ အလယ်တကြောကနေ မတူညီတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီး အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာကြောင့် ယနေ့ညနေပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးချင်နေမှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲစဉ်မှာ အဓိကထားရမှာက အမှားများတဲ့ ဂေါင်းကြီးတို့ တသိုက်ကို ဖိအားမြင့်မြင့်ပေးပြီး အမှားတွေ ပိုလုပ်မိအောင် ပြုလုပ်သွားရမှာဖြစ်ပြီး မာတီနယ်လီရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုက ကြီးမားတဲ့အချက်တစ်ချက် ဖြစ်လာနိုင်ပေမယ့် စမစ် ရိုးက တန်ပြန်ဖိအားပေးမှုမှာ ပိုပြီးတော့ ထိရောက်မှု ရှိမှာဖြစ်ပါတယ်။ မာတီနယ်လီ လုပ်ပေးနိုင်တဲ့ တိုက်စစ်မှာ မြင့်မားတဲ့ မြန်နှုန်း သို့မဟုတ် စမစ် ရိုး ပေးနိုင်တဲ့ သေးငယ်တဲ့နေရာလွတ်တွေမှာ နည်းစနစ်ပိုင်းဆိုင်ရာ လုံခြုံမှု ဘယ်ဟာကို ရွေးချယ်ရမလဲဆိုရင် ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးသွင်းယူပေးခဲ့တဲ့ စမစ် ရိုးပဲ ဆက်လက်နေရာရသွားဖွယ်ရှိပါကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာတီတာဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ေရာ့ဘ္ ဟိုးဒင္းနဲ႔ မိုဟာမက္ အယ္လ္နန္နီတို႔ကို ပြဲထြက္ကစားေစခဲ့ၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျပန္လည္ပါဝင္ယွဥ္ၿပိဳင္ခ်င္တဲ့အသင္းဟာ ဥေရာပနဲ႔ ကမၻာ့ခ်န္ပီယံအသင္း အိမ္ကြင္းမွာ အနိုင္ကစားနိုင္ဖို႔ လူစာရင္းေရြးခ်ယ္ရတာက ခက္ခဲမွာ အမွန္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာက ၎ ဘာလုပ္ေနလဲဆိုတာကို ေကာင္းေကာင္းသိၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၄ ဂိုးသြင္းၿပီး ၃ မွတ္ရယူနိုင္ခဲ့တာေၾကာင့္ ေအာင္ျမင္တဲ့ လူထုတ္ပုံျဖစ္ခဲ့တာျဖစ္ပါတယ္။

ရာသီကုန္ုဖို႔ကလည္း ၆ ပြဲသာ က်န္ေတာ့တာေၾကာင့္ အာတီတာဟာ ေရရွည္ထက္ ေရတို ေတြးေခၚမႈအေပၚမွာ ပိုၿပီးေတာ့ စိတ္ညြတ္ေနပုံေပၚခဲ့ၿပီး အသင္းရဲ့ ဝိေသသလကၡဏာ အျမစ္တြယ္ေနခဲ့ၿပီးေပမယ့္လည္း ရလဒ္က အေရးအႀကီးဆုံးျဖစ္ေနတဲ့အခ်ိန္မွာ တျခားအစီအစဥ္တစ္ခုကို အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ေနာက္ခံလူ ၃ ဦး၊ ၄ ဦးနဲ႔ ၅ ဦးၾကားမွာ အေျပာင္းအလဲလုပ္နိုင္တဲ့ ခံစစ္ပိုင္း အာမခံခ်က္ပိုရွိတဲ့ ကစားကြက္ကို အသုံးျပဳဖို႔ ေရြးခ်ယ္ခဲ့ၿပီး အယ္လ္နန္နီကို ထည့္သြင္းအသုံးျပဳျခင္းအားျဖင့္ စြန႔္စြားမႈနည္းနည္း ေဘာလုံးပိုင္ဆိုင္မႈ ပိုမိုအာမခံခ်က္ရွိတာကို သ႐ုပ္ျပခဲ့ပါတယ္။

အခု ေျပာခ်င္တာကေတာ့ ေနာက္လာမယ့္ မန္ခ်က္စတာယူနိုက္တက္နဲ႔အေၾကာင္းျဖစ္ၿပီး သရဲနီေတြဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးနိုင္ဖို႔ ေမၽွာ္လင့္ခ်က္ကို အသက္ျပန္သြင္းဖို႔ ရည္မွန္းထားတဲ့အသင္းျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၎တို႔ရဲ့ ျပန္လည္ရွင္သန္ဖို႔ ႀကိဳးပမ္းရင္းနဲ႔ အာဆင္နယ္အသင္းအေပၚမွာလည္း ဒုကၡေပးသြားနိုင္ၿပီး စေနေန႔မွာ လုံးဝကြဲျပားျခားနားနဲ႔ အသင္းနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာ စြမ္းေဆာင္ရည္ပိုင္း သိသိသာသာ က်ဆင္းေနၿပီး ေျဖရွင္းဖို႔ အျခား ျပႆနာေတြနဲ႔ အၾကပ္အတည္းေတြၾကားမွာ ရွိေနတဲ့ အသင္းတစ္သင္းနဲ႔ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ဘာေၾကာင့္ အနိုင္ရေနတဲ့ ေဖာ္ျမဴလာကို ဘာေၾကာင့္ ေျပာင္းလဲမွာလဲဆိုတဲ့ ေမးခြန္းက ရွိေနၿပီး တစ္ဖက္မွာလည္း မန္ခ်က္စတာယူနိုက္တက္ကို အိမ္ကြင္းမွာ ကစားရမွာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔တုန္းကလို အေဝးကြင္းမဟုတ္ဘူးဆိုတဲ့အခ်က္ကလည္း ရွိေနတာျဖစ္ပါတယ္။ အာတီတာအေနနဲ႔ လူေရြးခ်ယ္ပုံနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားဖြယ္ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို ခ်မွတ္သြားဖို႔ ရွိေနတာျဖစ္ၿပီး အဲဒီဆုံးျဖတ္ခ်က္ေတြက ဘာေတြျဖစ္မလဲ…

၄-၂-၃-၁ ကို ျပန္သြားမလား

အာဆင္နယ္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခံစစ္ ၃ ဦးပုံစံနဲ႔ ပိုမိုနီးစပ္တဲ့ပုံစံကို အသုံးျပဳၿပီး ပြဲထြက္ခဲ့တာျဖစ္ပါတယ္။ ဆာကာ၊ ႏူနို တာဗာရက္စ္တို႔ဟာ ေနာက္ခံေတာင္ပံအျဖစ္ ကစားခဲ့ၾကၿပီး ကစားကြက္က ခ်ဲလ္ဆီးအသင္း ပြဲကို ဘယ္လိုခ်ဥ္းကပ္လာမလဲဆိုတဲ့အေပၚ မူတည္ၿပီး လြတ္လြတ္လပ္လပ္ အေျပာင္းအလဲလုပ္လို႔ရတဲ့ ပုံစံျဖစ္တာေၾကာင့္ ၃-၄-၃ ပုံစံမ်ိဳး ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ပြဲရွိန္ျမင့္လာတာနဲ႔အမၽွ ဆာကာဟာ ေရွ႕တက္ တြန္းအားေပးကစားခဲ့ၿပီး ဘန္ ဝွိုက္က ညာေနာက္ခံအျဖစ္ ပိုကစားခဲ့တာကို ေတြ႕ရပါတယ္။ ဒုတိယပိုင္းမွာ အာဆင္နယ္အသင္းက ဦးေဆာင္ဂိုးသြင္းယူထားနိုင္ခဲ့ခ်ိန္မွာ ခံစစ္ ၅ ဦး ပိတ္ေဆာ့တဲ့ပုံစံကို ေျပာင္းလဲခဲ့ၿပီး ဆာကာက ညာေတာင္ပံမွာ စုျပဳံေနတဲ့ ခ်ဲလ္ဆီးကစားသမားေတြကို အခါအားေလ်ာ္စြာ ကိုင္တြယ္ေျဖရွင္းဖို႔ ေတာင္ပံခ်ိန္းကစားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းတုန္းက ေလ်ာ့တိေလ်ာ့ရဲနဲ႔ သက္ေတာင့္သက္သာမျဖစ္ခဲ့ေပမယ့္လည္း ခံစစ္တစ္ခုလုံးက တျဖည္းျဖည္း ယုံၾကည္ခ်က္ ျမင့္တက္လာတာေၾကာင့္ ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးအသင္း ဂိုးေပါက္ၿခိမ္းေျခာက္နိုင္ဖို႔ေတာင္ ခဲယဥ္းသြားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နဲ႔ပြဲမွာေတာ့ အာဆင္နယ္ဟာ အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ တိုက္စစ္ဆင္ဖို႔ တာဝန္ရွိေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဗုဒၶဟူးေန႔မွာ ေအာင္ျမင္ခဲ့တဲ့ ကစားကြက္အေျပာင္းအလဲကို ထည့္မတြက္ဘဲ ၄-၂-၃-၁ ပုံစံကို ပိုကစားဖို႔ အာတီတာ ေတြးေနမွာ ေသခ်ာပါတယ္။ မန္ခ်က္စတာယူနိုက္တက္ရဲ့ ၿခိမ္းေျခာက္မႈေတြက ေတာင္ပံကေန လာတာျဖစ္ၿပီး ေနာက္ခံေတာင္ပံကစားသမားေတြနဲ႔ အဲဒီေနရာေတြကို အခိုင္အမာျဖစ္ေအာင္လုပ္ျခင္းက မန္ခ်က္စတာယူနိုက္တက္ကို ထိုးေဖာက္ကစားနိုင္ဖို႔ အေျခခံအုတ္ျမစ္ကို ဖန္တီးနိုင္မွာျဖစ္သလို ဖိအားေတြကိုလည္း ဖိတ္ေခၚသလို ျဖစ္နိုင္ပါတယ္။

ညာေနာက္ခံမွာ ဝွိုက္လား၊ ဆီးဒရစ္လား၊ တိုမီယာစုလား

အာတီတာဟာ မီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ တိုမီယာစုရဲ့ ႀကံ့ခိုင္မႈအေျခအေနနဲ႔ပတ္သက္ၿပီး အေပါင္းလကၡဏာေဆာင္တဲ့ ေနာက္ဆုံးရအေျခအေနကို ေျပာျပခဲ့ၿပီး ေသာၾကာေန႔ ေလ့က်င့္ေရးအစီအစဥ္မွာသာ ေနာက္ထပ္ဘာျပႆနာမွမရွိဘူးဆိုရင္ စေနေန႔ပြဲစဥ္မွာ ပါဝင္နိုင္မယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ တိုမီယာစုအေနနဲ႔ ပြဲထြက္ပါဝင္ကစားေပးဖြယ္မရွိဘဲ အာတီတာက မယုံလို႔လားဆိုရင္ ဒဏ္ရာေၾကာင့္သာ ျဖစ္နိုင္ပါတယ္။ အျခား ေနာက္ခံကစားသမား ၂ ဦးအေပၚမွာလည္း အာတီတာအေနနဲ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔ ရွိေနၿပီး အထူးသျဖင့္ ကစားကြက္က ခံစစ္ ၄ ဦးကို ျပန္လည္ေျပာင္းလဲလိုက္တဲ့အခါမွာ ျဖစ္ပါတယ္။ ဝွိုက္ဟာ ညာေနာက္ခံအျဖစ္ ပြဲထြက္ဖို႔ သက္ေတာင့္သက္သာအျဖစ္ဆုံး ညေနခင္း မပိုင္ဆိုင္ခဲ့သလို ေရာ့ဘ္ ဟိုးဒင္းလည္း အတူတူပါပဲ။ ေနာက္ခံကစားသမား ၂ ဦးစလုံးဟာ ပြဲစဥ္အတြင္းမွာ တျဖည္းျဖည္းနဲ႔ တိုးတက္လာခဲ့တာျဖစ္ၿပီး ဆီးဒရစ္အတြက္ေတာ့ ဘန္ေလကို ဂိုးမရွိ သေရက်ခဲ့တဲ့ ဇန္နဝါရီလပြဲစဥ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပြဲထြက္လူစာရင္းထဲမွာ မပါဝင္ခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့ပါတယ္။

တကယ္လို႔ အာတီတာအေနနဲ႔ ၄-၂-၃-၁ ကို သုံးဖို႔ ေရြးခဲ့ရင္ေတာင္ ႏူနို တာဗာရက္စ္ကို ေတာင္ပံပိုထြက္ကစားနိုင္ေစဖို႔ ဘန္ ဝွိုက္ကိုပဲ ဆက္သုံးဖို႔ စဥ္းစားေကာင္းစဥ္းစားနိုင္ပါတယ္။ ခံစစ္ ၃ ဦး ကစားကြက္ကို အရင္တုန္းကလိုပဲ အေကာင္အထည္ေဖာ္နိုင္ၿပီး ႏူနို တာဗာရက္စ္ကို ဆန္ခ်ိဳကို ျပန္ၿပီး ကပ္ထားနိုင္တဲ့ေနရာမွာ ဆက္သုံးနိုင္ပါတယ္။ ဆီးဒရစ္ရဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္က ျမင္ကြင္းမွာ ဂိုးသြင္းခြင့္ကို ရယ္ေမာဖြယ္ေကာင္းေလာက္ေအာင္ ျဖဳန္းတီးခဲ့တာလည္း ပါဝင္ခဲ့သလို ခုန္ပ်ံေက်ာ္လႊား ဖ်က္ထုတ္မႈေတြနဲ႔ ခံစစ္မွာ အလိုက္သင့္ကစားနိုင္တာလည္း ပါဝင္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္မွာ အာဆင္နယ္အေနနဲ႔ တိုက္စစ္အားသန္တဲ့ ေနာက္ခံေတာင္ပံ ၂ ဦးကို သုံးလို႔ရနိုင္ပါ့မလားလို႔ ေမးလာရင္ေတာ့ ဆီးဒရစ္ကို ညာေတာင္ပံမွာထား၊ ဘန္ ဝွိုက္ကို အလယ္မွာ ထားၿပီး သုံးသြားနိုင္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေတာက္ပခဲ့တဲ့ အယ္လ္နန္နီ ေနရာထပ္ရဦးမလား

စြမ္းေဆာင္ရည္တစ္ခုတည္းအေပၚ ၾကည့္မယ္ဆိုရင္ေတာ့ စေနေန႔ ပြဲထြက္လူစာရင္းမွာ မိုဟာမက္ အယ္လ္နန္နီေလာက္ ေနရာတစ္ေနရာ အပိုင္ရထားတဲ့ကစားသမားမရွိေတာ့ပါဘူး။ ၿပီးခဲ့တဲ့ ၄ လအတြင္း ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပြဲထြက္ပါဝင္ကစားေပးရျခင္းမရွိခဲ့ေပမယ့္လည္း ႀကံ့ခိုင္မႈကို ေကာင္းေကာင္း ထိန္းသိမ္းထားနိုင္ခဲ့တဲ့ကစားသမားျဖစ္ၿပီး အရင္တုန္းကလည္း ဒီလိုပဲ လုပ္ခဲ့ဖူးတာျဖစ္ပါတယ္။ အယ္လ္နန္နီအေနနဲ႔ ေနာက္ထပ္ စြမ္းေဆာင္ရည္ေကာင္း ျပသခ်င္ေနမွာျဖစ္ၿပီး အမ္းမရိတ္စ္ကြင္းမွာ ကစားရမွာတာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္တုန္းကထက္ေတာ့ ပိုၿပီး ေကာင္းမြန္တဲ့ အသင္းလိုက္ ကစားပုံကို ျမင္ရမွာျဖစ္ပါတယ္။ ေဘာလုံးပိုင္ဆိုင္ခ်ိန္မွာ ေရွ႕ပိုတက္ကစားနိုင္ၿပီး ဆမ္ဘီ လိုကြန္ဂါလိုမ်ိဳး ထိေရာက္တဲ့ေပးပို႔မႈေတြကို ျပဳလုပ္နိုင္တဲ့သူကို ပြဲထြက္လူစာရင္းမွာ ေရြးခ်ယ္မယ္ဆိုရင္ ပါးနပ္တဲ့ ေရြးခ်ယ္မႈျဖစ္မွာျဖစ္ပါတယ္။

ဝ႐ုန္းသုန္းကားနိုင္ၿပီး လူစုလူေဝးမ်ားတဲ့ ေနရာမွာ ကစားရသေလာက္ ခံစစ္ပိုင္း ေနရာယူပုံနဲ႔ ကြင္းလယ္ကို မ်က္ျခည္မျပတ္ၾကည့္ရႈေနဖို႔ လိုအပ္ၿပီး အယ္လ္နန္နီက အဲဒီအလုပ္ေတြကို ေကာင္းေကာင္းလုပ္နိုင္တာျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ မန္ယူနိုက္တက္ကို ျမန္ႏႈန္းနဲ႔ ၿပိဳင္ဘက္ကစားသမားေတြကို ေနရာမယူနိုင္ေအာင္ ကစားခ်င္တယ္ဆိုရင္ေတာ့ ဆမ္ဘီရဲ့ အရည္အခ်င္းက ပိုၿပီးေတာ့ သင့္ေတာ္မွာ ေသခ်ာပါတယ္။ ဒီကိစၥဟာ ဘာ့ဒ္ လီနိုလိုမ်ိဳး ျဖစ္သြားနိုင္ၿပီး ဂ်ာမန္ဂိုးသမားဟာ ဒဏ္ရာေၾကာင့္ အသင္းမွာမပါနိုင္ခ်ိန္မွာ ရမ္းစ္ေဒးလ္က ေနရာဝင္ယူသြားသလိုမ်ိဳး အယ္လ္နန္နီလည္း အခု အဲဒီလို အခြင့္အေရးမ်ိဳး ရေနတာျဖစ္နိုင္ပါတယ္။ အာတီတာအေနနဲ႔ အနိုင္ရမယ့္ ေဖာ္ျမဴလာကို သုံးမလား ဒါမွမဟုတ္ ေတာင္ပံေတြ ပိုျဖန႔္ကစားမလားလို႔ ေမးစရာရွိၿပီး အယ္လ္နန္နီကေတာ့ ကြင္းလယ္မွာ ေနရာတစ္ေနရာ အခိုင္အမာ ဆက္လက္ရရွိသြားဖြယ္ရွိပါတယ္။

စမစ္ ရိုးလား၊ မာတီနယ္လီလား

စမစ္ ရိုးဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အလြန္ေကာင္းမြန္ခဲ့ၿပီး လတ္တေလာ ၎ရဲ့အေကာင္းဆုံးစြမ္းေဆာင္ရည္ထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ ေဘာလုံးရတဲ့အခ်ိန္တိုင္း အေပါင္းလကၡဏာေဆာင္တဲ့အရာကို လုပ္ဖို႔ ႀကိဳးပမ္းေနခဲ့ၿပီး အသင္းေဖာ္ေတြကို ေဘာလုံးခင္းေပးတာ၊ ဘာပဲလုပ္ေနေန ေရွ႕တက္ဖို႔ပဲ ဆႏၵရွိခဲ့တာျဖစ္ပါတယ္။ စမစ္ ရိုးသြင္းယူသြားတဲ့ဂိုးကလည္း ၎ရဲ့စြမ္းေဆာင္ရည္ေၾကာင့္ လြယ္ကူပုံေပၚခဲ့တာျဖစ္ၿပီး အရွိန္နဲ႔ ေျပးဝင္လာတာေၾကာင့္ ေဘာလုံးကို မိုးေပၚေထာင္ကန္မိတာမ်ိဳး ျဖစ္နိုင္ေပမယ့္ ထိခ်က္မွန္မွန္နဲ႔ ဂိုးေအာက္ေထာင့္ကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မာတီနယ္လီ ပြဲထြက္ပါဝင္ကစားေပးျခင္းမရွိတာေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ခဲ့ၾကတဲ့ ပရိသတ္အခ်ိဳ႕ကို ခ်က္ခ်င္း တိတ္ဆိတ္သြားေစခဲ့တာျဖစ္ၿပီး စမစ္ ရိုးက ဒီေလာက္ေကာင္းေနမွေတာ့ ဘရာဇီးလ္သား အရန္ခုံထိုင္ေနရတာလည္း မဆန္းေတာ့ပါဘူး။

မာတီနယ္လီဟာ လူစားဝင္ကစားခဲ့ခ်ိန္မွာ အလယ္တေၾကာကေန မတူညီတဲ့ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့ၿပီး အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာေၾကာင့္ ယေန႔ညေနပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးခ်င္ေနမွာျဖစ္ပါတယ္။ ယူနိုက္တက္နဲ႔ပြဲစဥ္မွာ အဓိကထားရမွာက အမွားမ်ားတဲ့ ေဂါင္းႀကီးတို႔ တသိုက္ကို ဖိအားျမင့္ျမင့္ေပးၿပီး အမွားေတြ ပိုလုပ္မိေအာင္ ျပဳလုပ္သြားရမွာျဖစ္ၿပီး မာတီနယ္လီရဲ့ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈက ႀကီးမားတဲ့အခ်က္တစ္ခ်က္ ျဖစ္လာနိုင္ေပမယ့္ စမစ္ ရိုးက တန္ျပန္ဖိအားေပးမႈမွာ ပိုၿပီးေတာ့ ထိေရာက္မႈ ရွိမွာျဖစ္ပါတယ္။ မာတီနယ္လီ လုပ္ေပးနိုင္တဲ့ တိုက္စစ္မွာ ျမင့္မားတဲ့ ျမန္ႏႈန္း သို႔မဟုတ္ စမစ္ ရိုး ေပးနိုင္တဲ့ ေသးငယ္တဲ့ေနရာလြတ္ေတြမွာ နည္းစနစ္ပိုင္းဆိုင္ရာ လုံျခဳံမႈ ဘယ္ဟာကို ေရြးခ်ယ္ရမလဲဆိုရင္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဂိုးသြင္းယူေပးခဲ့တဲ့ စမစ္ ရိုးပဲ ဆက္လက္ေနရာရသြားဖြယ္ရွိပါေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.