Premier League Transfer News

ဟမ်းမားတွေနဲ့ အဆင်မပြေတော့တဲ့ ရိုက်စ်ကို ချဲလ်ဆီးနဲ့ မန်ယူ အပြိုင်လုကြပြီလား

ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ Acting Captain ဒက်ကလန် ရိုက်စ်အတွက် အသင်းဘက် တတိယအကြိမ်မြောက် ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ ကိစ္စက မအောင်မမြင်ဖြစ်ခဲ့အပြီးမှာတော့ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းကြီးတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက် ကစားသမားဟာ ဝက်စ်ဟမ်းအသင်းရဲ့ ဦးစားပေးကစားသမားအဖြစ် ကစားခွင့်ရခဲ့တာ ၅ ရာသီရှိပြီဖြစ်ပြီး ၂၀၂၁ ရာသီအစမှာ အသင်းရဲ့ တရားဝင် လက်ထောက်အသင်းခေါင်းဆောင်ဖြစ်လာခဲ့သလို ဒီရာသီမှာ အသင်းရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ခရီးကို အကောင်းဆုံး ဦးဆောင်ပေးထားနိုင်ခဲ့တာပါ။

လူငယ်ဘဝကတည်းက ဝတ်ခဲ့တဲ့ ကျောနံပါတ် ၄၁ ကို လီဗာပူးလ်က ကျောနံပါတ် ၆၆ ဝတ်တဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်လိုပဲ စွဲစွဲမြဲမြဲ ဝတ်ဆင်ထားတဲ့ ရိုက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီမှာကတည်းက ပရီးမီးယားလိဂ်အသင်းကြီးတွေဆီ ရောက်ရှိဖို့ အသံထွက်နေခဲ့တာဖြစ်ပြီး ဒီရာသီကုန်မှာတော့ ဒါက တော်တော်လေး အရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးနဲ့ လက်ရှိအချိန်အထိ ၂၈ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သလို ဟမ်းမားတွေအတွက်တော့ အရန်ခုံကို အပိုင်စားယူထားတဲ့ အသင်းကပ္ပတိန် မာ့ခ် နိုဘယ်လ်အစား အသင်းကို ဦးဆောင်ရင်း ၁၈၈ ပွဲ ကစားအပြီးမှာ ၁၀ ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။

ချဲလ်ဆီးအကယ်ဒမီထွက်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းဖော် မေဆန်မောင့်နဲ့ ကော့ဘ်ဟမ်းလူငယ်စီမံကိန်းမှာကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ရိုက်စ်ဟာ အသင်းဟောင်းကို ပြန်ရောက်မယ်လို့ သတင်းကြီးခဲ့ပေမယ့် တကယ်တမ်းမှာတော့ တိုက်စစ်အတွက် ငွေသုံးနေတဲ့ စတမ်းဖို့ဒ် ဘရစ်ချ်သားတွေကြောင့် ရောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။

ပေါင်သန်း ၁၀၀ အထက် ဈေးခေါ်ထားခံရတဲ့ ရိုက်စ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဒီနွေရာသီ အသင်းကို ပြင်ဆင်ပြောင်းလဲ အားဖြည့်မှုတွေမှာ အသင်းက ထွက်ခွာတော့မယ့် နီမန်ညာ မာတစ်ချ်အစား အလိုရှိနေပြီး ဝက်စ်ဟမ်းတို့ဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ တတိယအကြိမ် မအောင်မြင်ခဲ့အပြီးမှာ ရောင်းချရဖို့လည်း ရှိလာခဲ့တာပါ။

၂၀၂၄ ခုနှစ်အထိ ဟမ်းမားတွေနဲ့ ရှိနေမှာဖြစ်ပြီး စာချုပ်ကုန်ချိန်မှာ အသင်းဘက်က တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတဲ့ ရိုက်စ်အတွက် နည်းပြ ဒေးဗစ် မွိုက်စ်ကတော့ ပေါင်သန်း ၁၅၀ တန်ဖိုးသတ်မှတ်ထားပြီး လိုချင်တဲ့ အသင်းတွေကို လက်လန်သွားအောင် ဖန်တီးနေခဲ့သလို အနည်းဆုံး သုံးနှစ်ရှိနေဦးမယ့် စာချုပ်ကြောင့် ဒီနွေမှာလည်း ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ဈေးဆစ်နေရင်တော့ ခက်ဦးမယ်လို့ ခန့်မှန်းထားကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းယူႏိုက္တက္အသင္းရဲ႕ Acting Captain ဒက္ကလန္ ႐ိုက္စ္အတြက္ အသင္းဘက္ တတိယအႀကိမ္ေျမာက္ ကမ္းလွမ္းခဲ့တဲ့ စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ ကိစၥက မေအာင္မျမင္ျဖစ္ခဲ့အၿပီးမွာေတာ့ သူ႔ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြကို တပ္လွန႔္လိုက္သလို ျဖစ္သြားခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးအကယ္ဒမီထြက္ ကစားသမားဟာ ဝက္စ္ဟမ္းအသင္းရဲ႕ ဦးစားေပးကစားသမားအျဖစ္ ကစားခြင့္ရခဲ့တာ ၅ ရာသီရွိၿပီျဖစ္ၿပီး ၂၀၂၁ ရာသီအစမွာ အသင္းရဲ႕ တရားဝင္ လက္ေထာက္အသင္းေခါင္းေဆာင္ျဖစ္လာခဲ့သလို ဒီရာသီမွာ အသင္းရဲ႕ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ခရီးကို အေကာင္းဆုံး ဦးေဆာင္ေပးထားႏိုင္ခဲ့တာပါ။

လူငယ္ဘဝကတည္းက ဝတ္ခဲ့တဲ့ ေက်ာနံပါတ္ ၄၁ ကို လီဗာပူးလ္က ေက်ာနံပါတ္ ၆၆ ဝတ္တဲ့ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္လိုပဲ စြဲစြဲၿမဲၿမဲ ဝတ္ဆင္ထားတဲ့ ႐ိုက္စ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ေႏြရာသီမွာကတည္းက ပရီးမီးယားလိဂ္အသင္းႀကီးေတြဆီ ေရာက္ရွိဖို႔ အသံထြက္ေနခဲ့တာျဖစ္ၿပီး ဒီရာသီကုန္မွာေတာ့ ဒါက ေတာ္ေတာ္ေလး အရွိန္ျမင့္လာခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးနဲ႔ လက္ရွိအခ်ိန္အထိ ၂၈ ပြဲ ကစားထားၿပီး ၂ ဂိုးသြင္းယူႏိုင္ခဲ့သလို ဟမ္းမားေတြအတြက္ေတာ့ အရန္ခုံကို အပိုင္စားယူထားတဲ့ အသင္းကပၸတိန္ မာ့ခ္ ႏိုဘယ္လ္အစား အသင္းကို ဦးေဆာင္ရင္း ၁၈၈ ပြဲ ကစားအၿပီးမွာ ၁၀ ဂိုး သြင္းယူထားႏိုင္ခဲ့တာပါ။

ခ်ဲလ္ဆီးအကယ္ဒမီထြက္ျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ ေမဆန္ေမာင့္နဲ႔ ေကာ့ဘ္ဟမ္းလူငယ္စီမံကိန္းမွာကတည္းက ရင္းႏွီးတဲ့ ဆက္ဆံေရးရွိတဲ့ ႐ိုက္စ္ဟာ အသင္းေဟာင္းကို ျပန္ေရာက္မယ္လို႔ သတင္းႀကီးခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ တိုက္စစ္အတြက္ ေငြသုံးေနတဲ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္သားေတြေၾကာင့္ ေရာက္ဖို႔ ခက္ခဲေနခဲ့ပါတယ္။

ေပါင္သန္း ၁၀၀ အထက္ ေဈးေခၚထားခံရတဲ့ ႐ိုက္စ္အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ဒီေႏြရာသီ အသင္းကို ျပင္ဆင္ေျပာင္းလဲ အားျဖည့္မႈေတြမွာ အသင္းက ထြက္ခြာေတာ့မယ့္ နီမန္ညာ မာတစ္ခ်္အစား အလိုရွိေနၿပီး ဝက္စ္ဟမ္းတို႔ဘက္ကေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ တတိယအႀကိမ္ မေအာင္ျမင္ခဲ့အၿပီးမွာ ေရာင္းခ်ရဖို႔လည္း ရွိလာခဲ့တာပါ။

၂၀၂၄ ခုႏွစ္အထိ ဟမ္းမားေတြနဲ႔ ရွိေနမွာျဖစ္ၿပီး စာခ်ဳပ္ကုန္ခ်ိန္မွာ အသင္းဘက္က တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိေနတဲ့ ႐ိုက္စ္အတြက္ နည္းျပ ေဒးဗစ္ မြိဳက္စ္ကေတာ့ ေပါင္သန္း ၁၅၀ တန္ဖိုးသတ္မွတ္ထားၿပီး လိုခ်င္တဲ့ အသင္းေတြကို လက္လန္သြားေအာင္ ဖန္တီးေနခဲ့သလို အနည္းဆုံး သုံးႏွစ္ရွိေနဦးမယ့္ စာခ်ဳပ္ေၾကာင့္ ဒီေႏြမွာလည္း ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္တို႔ ေဈးဆစ္ေနရင္ေတာ့ ခက္ဦးမယ္လို႔ ခန႔္မွန္းထားၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.