Analysis Premier League

မန်ယူနိုက်တက်ခံစစ်သမားတွေ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အမှားအလုပ်ဆုံးစာရင်း

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီအစမှာကတည်းက ယဉ်သကို ဆိုသလို သူတို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း အိုလီဂန်နာ ဆိုးလ်ရှားနဲ့ ရလဒ်တွေ ဆိုးရွားနေခဲ့တာကြောင့် ဘုတ်အဖွဲ့က သည်းမခံနိုင်တော့ဘဲ ရာ့လ်ဖ် ရန်းနစ်ခ်နဲ့ အစားထိုးခဲ့အပြီးမှာ အသင်းရဲ့ ခံစစ်ပုံစံကို ပိုလို့တောင် ဆိုးရွားနေတာကို တွေ့မြင်ခဲ့ရပါတယ်။

မြန်မာပရိသတ်တွေကြားထဲမှာတော့ ခေါင်းကြီး ခေါင်းကြီးနဲ့ ဩဘာပေးသံတွေ ဆူညံလွန်းနေခဲ့ပြီး ယူနိုက်တက်တို့ရဲ့ ခံစစ်က အသင်းကပ္ပတိန် ဟာရီ မက်ဂွိုင်းယားရဲ့ ခြေစွမ်းကို စိတ်ပျက်နေကြချိန်မှာ “ကျွန်တော် မကောင်းရင် ဘာကြောင့် ပွဲထွက်ခွင့် ရမှာလဲ”ဆိုတဲ့ စကားကတော့ အားလုံးဝိုင်းဆဲဖို့ ဖြစ်လာခဲ့တာပါ။

ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပရီးမီးယားလိဂ်ခံစစ်သမားတွေရဲ့ ဂိုးသွင်းခွင့်ပေးရတဲ့ တစ်ကိုယ်တော် အမှားကျူးလွန်မှုတွေကို သေသေချာချာ သုံးသပ်လေ့လာထားတဲ့ စစ်တမ်းက အချိန်ကိုက် ပေါ်ထွက်လာချိန်မှာ အားလုံးမကြိုက်ကြတဲ့ ဘီးကြဲ ရန်းနစ်ခ်ရဲ့ အသင်းမှာ လွဲလွဲလေးလည်း ကောင်းပါတယ်ဆိုတဲ့သူတွေက များပြားနေခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီကနေ လက်ရှိအချိန်အထိ စောင့်ကြည့်ရေတွက်ထားခဲ့တဲ့ ကိုယ့်ဂိုးသမားနဲ့ ခံစစ်ကို ဆေးထိုးတဲ့ အရောင်းအဝယ်အကောင်းဆုံး နောက်ခံလူစာရင်းမှာတော့ မန်ချက်စတာယူနိုက်တက်ကစားသမား ၄ ဦးက ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပါဝင်နေခဲ့တာဖြစ်ပြီး ဦးဆောင်သူကတော့ အများ ထင်ထားကြသူပဲဖြစ်နေမယ်လို့ ထင်ပါတယ်။

လက်စတာအသင်းကနေ ပြောင်းရွှေ့ကြေးစံချိန်တင်ခဲ့ဖူးတဲ့ ဟာရီ မက်ဂွိုင်းယားက ဒီစာရင်းကို ၆၂ ပွဲမှာ အမှား ၇ ကြိမ်နဲ့ ဦးဆောင်လိုက်ပြီး သူ့နောက်ကနေ တော်တော်ဆိုးဆိုးနဲ့ ဒုတိယရခဲ့သူကတော့ ၃၉ ပွဲမှာ ၆ ကြိမ် ကန်ခွင့်ပေးလိုက်တဲ့ ဝါရင့်ကွင်းလယ်လူ နီမန်ညာ မာတစ်ချ်ဖြစ်လို့နေတာပါ။

အာဆင်နယ်ရဲ့ ပွဲထွက် ဦးစားပေး ခံစစ်မှူး ဂါဘရီယယ်လ် မာဂါလိုင်စ်ကတော့ ၅၂ ပွဲမှာ ၆ ကြိမ်နဲ့ တတိယနေရာက လိုက်နေပြီး တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ပေါင် ၄၂ သန်းတန် ခံစစ်မှူး ဒေဗင်ဆင် ဆန်ချက်ဇ်ကတော့ ၃၆ ပွဲမှာ ၅ ကြိမ်နဲ့ စတုတ္ထဖြစ်နေသလို ဘရိုက်တန် နောက်တန်းက ဈေးကြီးပေး ခေါ်ထားတဲ့ အဒမ် ဝက်ဘ်စတာကလည်း ၄၆ ပွဲမှာ ၅ ကြိမ်နဲ့ ပဉ္စမနေရာက အမှားကျူးလွန်ထားပါတယ်။

အာဆင်နယ်အကယ်ဒမီထွက် လိဒ်စ်ယူနိုက်တက် လက်ထောက်ကပ္ပတိန် လုခ် အေးလင်းကတော့ ၄၉ ပွဲမှာ ၅ ကြိမ်မှားပြီး ဆဌမနေရာမှာ ရှိနေခဲ့ချိန်မှာ အက်စ်တန်ဗီလာရဲ့ ခံစစ်ခေါင်းဆောင် အင်္ဂလန်လက်ရွေးစင် တိုင်ရုန်း မင်းစ်ကတော့ ၆၅ ပွဲမှာ ၅ ကြိမ် ရောင်းချထားပြီး သတ္တမနေရာမှာ ရှိနေခဲ့သလို ဘန်လေရဲ့ ဂျိမ်းစ် တာကော့ဗ်စကီးကတော့ အဌမနေရာကို မင်းစ်နဲ့ ပွဲ/အမှားနှုန်း တူညီနေတာပါ။

နဝမနဲ့ ဒသမနေရာတွေကိုလည်း မန်ချက်စတာယူနိုက်တက်ကပဲ ပိုင်စိုးလိုက်နိုင်ပြီး လုခ် ရှောက ၅၂ ပွဲမှာ ၄ ကြိမ် ကန်ခွင့်ပြုထားခဲ့သလို အာရွန် ဝန်ဘစ်ဆာကာကတော့ ၅၄ ပွဲမှာ ၄ ကြိမ်နဲ့ ထိပ်ဆုံး ဆယ်ဦးစာရင်းထဲကို ပြည့်မီအောင် လိုက်ပါလာနိုင်ခဲ့ကြချိန်မှာ ယူနိုက်တက်ပရိသတ်တွေကတော့ ငိုအားထက် ရယ်အားသန်မရမလိုဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရာသီကုန်မှာ နည်းပြသစ် ဖြစ်လာမယ့် ဒတ်ချ်လူမျိုး အဲရစ် တန်ဟတ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ပထမဆုံး ကန်ထုတ်မယ့်သူဟာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဖြစ်တယ်လို့ ဆိုထားတာ မလွန်သလို နောက်ထပ်တစ်ဦးဖြစ်တဲ့ မာတစ်ချ်ကလည်း အသင်းမှာ ဆက်ကစားဖို့ မရှိတော့ဘူးလို့ ဆိုတာကြောင့် နွေရာသီမှာတော့ ဒီဆယ်ဦးစာရင်းရဲ့ ထိပ်တန်းနှစ်ယောက်ကို ယူနိုက်တက်တို့ လွမ်းကြဦးမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီအစမွာကတည္းက ယဥ္သကို ဆိုသလို သူတို႔ရဲ႕ ဂႏၴဝင္တိုက္စစ္မႉးေဟာင္း အိုလီဂန္နာ ဆိုးလ္ရွားနဲ႔ ရလဒ္ေတြ ဆိုး႐ြားေနခဲ့တာေၾကာင့္ ဘုတ္အဖြဲ႕က သည္းမခံႏိုင္ေတာ့ဘဲ ရာ့လ္ဖ္ ရန္းနစ္ခ္နဲ႔ အစားထိုးခဲ့အၿပီးမွာ အသင္းရဲ႕ ခံစစ္ပုံစံကို ပိုလို႔ေတာင္ ဆိုး႐ြားေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ျမန္မာပရိသတ္ေတြၾကားထဲမွာေတာ့ ေခါင္းႀကီး ေခါင္းႀကီးနဲ႔ ဩဘာေပးသံေတြ ဆူညံလြန္းေနခဲ့ၿပီး ယူႏိုက္တက္တို႔ရဲ႕ ခံစစ္က အသင္းကပၸတိန္ ဟာရီ မက္ဂြိဳင္းယားရဲ႕ ေျခစြမ္းကို စိတ္ပ်က္ေနၾကခ်ိန္မွာ “ကြၽန္ေတာ္ မေကာင္းရင္ ဘာေၾကာင့္ ပြဲထြက္ခြင့္ ရမွာလဲ”ဆိုတဲ့ စကားကေတာ့ အားလုံးဝိုင္းဆဲဖို႔ ျဖစ္လာခဲ့တာပါ။

ဒီအခ်ိန္မွာ တိုက္တိုက္ဆိုင္ဆိုင္ပဲ ပရီးမီးယားလိဂ္ခံစစ္သမားေတြရဲ႕ ဂိုးသြင္းခြင့္ေပးရတဲ့ တစ္ကိုယ္ေတာ္ အမွားက်ဴးလြန္မႈေတြကို ေသေသခ်ာခ်ာ သုံးသပ္ေလ့လာထားတဲ့ စစ္တမ္းက အခ်ိန္ကိုက္ ေပၚထြက္လာခ်ိန္မွာ အားလုံးမႀကိဳက္ၾကတဲ့ ဘီးႀကဲ ရန္းနစ္ခ္ရဲ႕ အသင္းမွာ လြဲလြဲေလးလည္း ေကာင္းပါတယ္ဆိုတဲ့သူေတြက မ်ားျပားေနခဲ့ပါတယ္။

၂၀၂၀-၂၁ ရာသီကေန လက္ရွိအခ်ိန္အထိ ေစာင့္ၾကည့္ေရတြက္ထားခဲ့တဲ့ ကိုယ့္ဂိုးသမားနဲ႔ ခံစစ္ကို ေဆးထိုးတဲ့ အေရာင္းအဝယ္အေကာင္းဆုံး ေနာက္ခံလူစာရင္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမား ၄ ဦးက ထိပ္ဆုံး ၁၀ ဦးစာရင္းမွာ ပါဝင္ေနခဲ့တာျဖစ္ၿပီး ဦးေဆာင္သူကေတာ့ အမ်ား ထင္ထားၾကသူပဲျဖစ္ေနမယ္လို႔ ထင္ပါတယ္။

လက္စတာအသင္းကေန ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္တင္ခဲ့ဖူးတဲ့ ဟာရီ မက္ဂြိဳင္းယားက ဒီစာရင္းကို ၆၂ ပြဲမွာ အမွား ၇ ႀကိမ္နဲ႔ ဦးေဆာင္လိုက္ၿပီး သူ႔ေနာက္ကေန ေတာ္ေတာ္ဆိုးဆိုးနဲ႔ ဒုတိယရခဲ့သူကေတာ့ ၃၉ ပြဲမွာ ၆ ႀကိမ္ ကန္ခြင့္ေပးလိုက္တဲ့ ဝါရင့္ကြင္းလယ္လူ နီမန္ညာ မာတစ္ခ်္ျဖစ္လို႔ေနတာပါ။

အာဆင္နယ္ရဲ႕ ပြဲထြက္ ဦးစားေပး ခံစစ္မႉး ဂါဘရီယယ္လ္ မာဂါလိုင္စ္ကေတာ့ ၅၂ ပြဲမွာ ၆ ႀကိမ္နဲ႔ တတိယေနရာက လိုက္ေနၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ေပါင္ ၄၂ သန္းတန္ ခံစစ္မႉး ေဒဗင္ဆင္ ဆန္ခ်က္ဇ္ကေတာ့ ၃၆ ပြဲမွာ ၅ ႀကိမ္နဲ႔ စတုတၳျဖစ္ေနသလို ဘ႐ိုက္တန္ ေနာက္တန္းက ေဈးႀကီးေပး ေခၚထားတဲ့ အဒမ္ ဝက္ဘ္စတာကလည္း ၄၆ ပြဲမွာ ၅ ႀကိမ္နဲ႔ ပၪၥမေနရာက အမွားက်ဴးလြန္ထားပါတယ္။

အာဆင္နယ္အကယ္ဒမီထြက္ လိဒ္စ္ယူႏိုက္တက္ လက္ေထာက္ကပၸတိန္ လုခ္ ေအးလင္းကေတာ့ ၄၉ ပြဲမွာ ၅ ႀကိမ္မွားၿပီး ဆဌမေနရာမွာ ရွိေနခဲ့ခ်ိန္မွာ အက္စ္တန္ဗီလာရဲ႕ ခံစစ္ေခါင္းေဆာင္ အဂၤလန္လက္ေ႐ြးစင္ တိုင္႐ုန္း မင္းစ္ကေတာ့ ၆၅ ပြဲမွာ ၅ ႀကိမ္ ေရာင္းခ်ထားၿပီး သတၱမေနရာမွာ ရွိေနခဲ့သလို ဘန္ေလရဲ႕ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးကေတာ့ အဌမေနရာကို မင္းစ္နဲ႔ ပြဲ/အမွားႏႈန္း တူညီေနတာပါ။

နဝမနဲ႔ ဒသမေနရာေတြကိုလည္း မန္ခ်က္စတာယူႏိုက္တက္ကပဲ ပိုင္စိုးလိုက္ႏိုင္ၿပီး လုခ္ ေရွာက ၅၂ ပြဲမွာ ၄ ႀကိမ္ ကန္ခြင့္ျပဳထားခဲ့သလို အာ႐ြန္ ဝန္ဘစ္ဆာကာကေတာ့ ၅၄ ပြဲမွာ ၄ ႀကိမ္နဲ႔ ထိပ္ဆုံး ဆယ္ဦးစာရင္းထဲကို ျပည့္မီေအာင္ လိုက္ပါလာႏိုင္ခဲ့ၾကခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ငိုအားထက္ ရယ္အားသန္မရမလိုျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ ရာသီကုန္မွာ နည္းျပသစ္ ျဖစ္လာမယ့္ ဒတ္ခ်္လူမ်ိဳး အဲရစ္ တန္ဟတ္အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကေန ပထမဆုံး ကန္ထုတ္မယ့္သူဟာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားျဖစ္တယ္လို႔ ဆိုထားတာ မလြန္သလို ေနာက္ထပ္တစ္ဦးျဖစ္တဲ့ မာတစ္ခ်္ကလည္း အသင္းမွာ ဆက္ကစားဖို႔ မရွိေတာ့ဘူးလို႔ ဆိုတာေၾကာင့္ ေႏြရာသီမွာေတာ့ ဒီဆယ္ဦးစာရင္းရဲ႕ ထိပ္တန္းႏွစ္ေယာက္ကို ယူႏိုက္တက္တို႔ လြမ္းၾကဦးမလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.