La Liga Ligue1 Premier League Serie A Transfer News

ရူဒီဂါက ရီးရဲလ်အတွက်ဆိုပြီး ချဲလ်ဆီးဖန်တွေကို အညှောင့်ထိုးလိုက်တဲ့ ဂါးလက်စ်

ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ဒီအသင်းမှာ ဆက်မကစားတော့ရင်လည်း ရီးရဲလ်မက်ဒရစ်လို အသင်းကြီးမျိုးမှာ အလွယ်တကူ အသားကျပြီး အံဝင်ခွင်ကျ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်က အသင်းဟောင်းပရိသတ်တွေကို အမျက်ထွက်စေမယ့် စကားမျိုးကို နိမိတ်ဖတ် ပြောကြားလိုက်ပါတယ်။

အင်္ဂလန်မြေ ပရီးမီးယားလိဂ်မှာ ကစားလာတာ ဒီရာသီနဲ့ဆို ၅ ရာသီရှိပြီဖြစ်တဲ့ ဂျာမန်ဗဟိုနောက်ခံလူဟာ စပိန်မြေကို ရွှေ့ပြောင်းခဲ့ရင်လည်း အကောင်းဆုံး ကစားနိုင်မယ့်သူဖြစ်ပြီး အောင်မြင်မှုတွေကို ပိုမိုရရှိနိုင်ဦးမယ်လို့ ပြင်သစ်သား ဂါးလက်စ်က ဆိုခဲ့တာဖြစ်ပြီး ပြိုင်ဘက် အာဆင်နယ်နဲ့ စပါးစ်တို့မှာ ကစားခဲ့လို့ အမြင်မကြည်ရတဲ့အထဲမှာ အညှောင့်သွားထိုးခဲ့တာပါ။

စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာခဲ့ပြီးကတည်းက ရာသီတိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ဖူးတာ မရှိသေးတဲ့ ဆီရာယာလီယွန်နွယ်ဖွား အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာ လက်ရှိအချိန်အထိ ချဲလ်ဆီးအသင်းအတွက် ၁၉၆ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့သလို ဆုဖလား ၆ လုံးအထိ ရယူဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ သူအလိုရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခန့် ပမာဏကို ချဲလ်ဆီးအသင်းက မလိုက်လျောနိုင်တာကြောင့် ဒီထက် ပိုမိုရရှိမယ့် ဥရောပ အသင်းကြီးတွေဆီကို ပြောင်းရွှေ့မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပြီး စပိန်မြေကတော့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးလို့ ဆိုနေကြတာပါ။

“သူ့အနေနဲ့ ဘာကို လိုချင်မှန်း မသိတော့ ကျွန်တော်တို့လည်း ခန့်မှန်းရတာ ခက်ခဲနိုင်တယ်ဗျ။ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ကို ရပြီးသွားပြီဆိုတော့ သူ့အတွက် နောက်ထပ် ဆုဖလားပစ်မှတ်က ဘာလဲ? နောက်တစ်နိုင်ငံ၊ နောက်ပြိုင်ပွဲတစ်ခုမှာ ချန်ပီယံဖြစ်ဖို့လားဆိုတာတော့ ခန့်မှန်းကြည့်ရသလောက် ဖြစ်လာနိုင်တာပါပဲ”

“ချဲလ်ဆီးနဲ့ သူရထားတာတွေက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကမ္ဘာ့ကလပ်၊ အက်ဖ်အေဖလားဆိုတော့ ပရီးမီးယားလိဂ်ဖလားမရရင်လည်း ပြဿနာ မရှိသလို သူ့နေရာမှာ ကျွန်တော်သာဆိုရင်တော့ စိန်ခေါ်မှုအသစ်တစ်ခုကို စတင်နေမှာဖြစ်ပါတယ်။ ဘောလုံးမှာ သိပ်ပြီး စိတ်ရှည်လို့တော့ မရဘူးဗျ… ခင်ဗျားမှာ ၁၀ နှစ်ကနေ ၁၅ နှစ်လောက်ပဲ ကောင်းကောင်း ကစားနိုင်မယ့် အချိန်ရှိတာလေ”လို့ ဂါးလက်စ်က သွေးထိုးသွားပါတယ်။

“သူ့အနေနဲ့ ကလေးတုန်းက တွေးဖူးတဲ့ အတွေးကို နောက်ဆုံးအကြိမ် ပြန်တွေးရမယ့်အချိန်ပါပဲ။ ဘောလုံးသမားတွေမှာ အဲ့ဒီလိုမျိုး ရှိတတ်ပြီး ဘယ်နိုင်ငံမှာ တကယ် ကစားချင်ခဲ့တာလဲ ဆိုတာမျိုးပေါ့… အင်္ဂလန်လား၊ အီတလီလား၊ စပိန်လားပေါ့လေ။ ချဲလ်ဆီးနဲ့ ဒီလောက်အထိ လုပ်ပြအပြီးမှာတော့ သူ့အနေနဲ့ ဒီကနေ ထွက်ဖို့ဖြစ်နိုင်ပါပြီ”လို့ ရူဒီဂါအတွက် သူက အကြံပေးသွားခဲ့တာပါ။

ဂျာမန်မြေမှာ ဒေါ့မွန်လူငယ်အသင်းမှာ ကစားခဲ့ပြီး စတုဂတ်အသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ရူဒီဂါဟာ ၂၀၁၅ နွေရာသီမှာ ရိုးမားကို စတင်ပြောင်းရွှေ့ခဲ့ပြီး ချဲလ်ဆီးကိုတော့ နှစ်နှစ်အကြာမှာ ရောက်ရှိလာခဲ့တာဖြစ်သလို သူ့ရဲ့ အချိန်အကြာဆုံး ကစားဖူးတဲ့ ကလပ်အသင်းလည်း ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ဘယ်မှာမှ အမှတ်ပေးချန်ပီယံဖလားကို မရသေးတာဖြစ်ပါတယ်။

ဒါကြောင့် ရူဒီဂါရဲ့ နောက်ထပ်ပစ်မှတ်က အမှတ်ပေးချန်ပီယံဖလားကို အာမခံနိုင်မယ့်အသင်းမျိုးဖြစ်နိုင်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီလိုမျိုး အသင်းတစ်သင်းဖြစ်သလို သူ့ကို နောက်ထပ် အမှတ်ပေးချန်ပီယံဆုတွေနဲ့ ရင်းနှီးတဲ့ အသင်းတွေဖြစ်ကြတဲ့ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့ကလည်း ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ ဒီအသင္းမွာ ဆက္မကစားေတာ့ရင္လည္း ရီးရဲလ္မက္ဒရစ္လို အသင္းႀကီးမ်ိဳးမွာ အလြယ္တကူ အသားက်ၿပီး အံဝင္ခြင္က် ေျခစြမ္းျပႏိုင္လိမ့္မယ္လို႔ ေနာက္ခံလူေဟာင္း ဝီလီယမ္ ဂါးလက္စ္က အသင္းေဟာင္းပရိသတ္ေတြကို အမ်က္ထြက္ေစမယ့္ စကားမ်ိဳးကို နိမိတ္ဖတ္ ေျပာၾကားလိုက္ပါတယ္။

အဂၤလန္ေျမ ပရီးမီးယားလိဂ္မွာ ကစားလာတာ ဒီရာသီနဲ႔ဆို ၅ ရာသီရွိၿပီျဖစ္တဲ့ ဂ်ာမန္ဗဟိုေနာက္ခံလူဟာ စပိန္ေျမကို ေ႐ႊ႕ေျပာင္းခဲ့ရင္လည္း အေကာင္းဆုံး ကစားႏိုင္မယ့္သူျဖစ္ၿပီး ေအာင္ျမင္မႈေတြကို ပိုမိုရရွိႏိုင္ဦးမယ္လို႔ ျပင္သစ္သား ဂါးလက္စ္က ဆိုခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ အာဆင္နယ္နဲ႔ စပါးစ္တို႔မွာ ကစားခဲ့လို႔ အျမင္မၾကည္ရတဲ့အထဲမွာ အေညႇာင့္သြားထိုးခဲ့တာပါ။

စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာခဲ့ၿပီးကတည္းက ရာသီတိုင္းမွာ ဂိုးမသြင္းႏိုင္ခဲ့ဖူးတာ မရွိေသးတဲ့ ဆီရာယာလီယြန္ႏြယ္ဖြား အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ လက္ရွိအခ်ိန္အထိ ခ်ဲလ္ဆီးအသင္းအတြက္ ၁၉၆ ပြဲ ကစားၿပီး ၁၂ ဂိုး သြင္းယူေပးထားႏိုင္ခဲ့သလို ဆုဖလား ၆ လုံးအထိ ရယူဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ သူအလိုရွိေနတဲ့ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းခန႔္ ပမာဏကို ခ်ဲလ္ဆီးအသင္းက မလိုက္ေလ်ာႏိုင္တာေၾကာင့္ ဒီထက္ ပိုမိုရရွိမယ့္ ဥေရာပ အသင္းႀကီးေတြဆီကို ေျပာင္းေ႐ႊ႕မယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းေနၾကၿပီး စပိန္ေျမကေတာ့ အသင့္ေတာ္ဆုံးနဲ႔ အေကာင္းဆုံးလို႔ ဆိုေနၾကတာပါ။

“သူ႔အေနနဲ႔ ဘာကို လိုခ်င္မွန္း မသိေတာ့ ကြၽန္ေတာ္တို႔လည္း ခန႔္မွန္းရတာ ခက္ခဲႏိုင္တယ္ဗ်။ ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ကို ရၿပီးသြားၿပီဆိုေတာ့ သူ႔အတြက္ ေနာက္ထပ္ ဆုဖလားပစ္မွတ္က ဘာလဲ? ေနာက္တစ္ႏိုင္ငံ၊ ေနာက္ၿပိဳင္ပြဲတစ္ခုမွာ ခ်န္ပီယံျဖစ္ဖို႔လားဆိုတာေတာ့ ခန႔္မွန္းၾကည့္ရသေလာက္ ျဖစ္လာႏိုင္တာပါပဲ”

“ခ်ဲလ္ဆီးနဲ႔ သူရထားတာေတြက ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္၊ ကမာၻ႔ကလပ္၊ အက္ဖ္ေအဖလားဆိုေတာ့ ပရီးမီးယားလိဂ္ဖလားမရရင္လည္း ျပႆနာ မရွိသလို သူ႔ေနရာမွာ ကြၽန္ေတာ္သာဆိုရင္ေတာ့ စိန္ေခၚမႈအသစ္တစ္ခုကို စတင္ေနမွာျဖစ္ပါတယ္။ ေဘာလုံးမွာ သိပ္ၿပီး စိတ္ရွည္လို႔ေတာ့ မရဘူးဗ်… ခင္ဗ်ားမွာ ၁၀ ႏွစ္ကေန ၁၅ ႏွစ္ေလာက္ပဲ ေကာင္းေကာင္း ကစားႏိုင္မယ့္ အခ်ိန္ရွိတာေလ”လို႔ ဂါးလက္စ္က ေသြးထိုးသြားပါတယ္။

“သူ႔အေနနဲ႔ ကေလးတုန္းက ေတြးဖူးတဲ့ အေတြးကို ေနာက္ဆုံးအႀကိမ္ ျပန္ေတြးရမယ့္အခ်ိန္ပါပဲ။ ေဘာလုံးသမားေတြမွာ အဲ့ဒီလိုမ်ိဳး ရွိတတ္ၿပီး ဘယ္ႏိုင္ငံမွာ တကယ္ ကစားခ်င္ခဲ့တာလဲ ဆိုတာမ်ိဳးေပါ့… အဂၤလန္လား၊ အီတလီလား၊ စပိန္လားေပါ့ေလ။ ခ်ဲလ္ဆီးနဲ႔ ဒီေလာက္အထိ လုပ္ျပအၿပီးမွာေတာ့ သူ႔အေနနဲ႔ ဒီကေန ထြက္ဖို႔ျဖစ္ႏိုင္ပါၿပီ”လို႔ ႐ူဒီဂါအတြက္ သူက အႀကံေပးသြားခဲ့တာပါ။

ဂ်ာမန္ေျမမွာ ေဒါ့မြန္လူငယ္အသင္းမွာ ကစားခဲ့ၿပီး စတုဂတ္အသင္းနဲ႔ ကစားသမားဘဝ စတင္ခဲ့တဲ့ ႐ူဒီဂါဟာ ၂၀၁၅ ေႏြရာသီမွာ ႐ိုးမားကို စတင္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ခ်ဲလ္ဆီးကိုေတာ့ ႏွစ္ႏွစ္အၾကာမွာ ေရာက္ရွိလာခဲ့တာျဖစ္သလို သူ႔ရဲ႕ အခ်ိန္အၾကာဆုံး ကစားဖူးတဲ့ ကလပ္အသင္းလည္း ျဖစ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ဘယ္မွာမွ အမွတ္ေပးခ်န္ပီယံဖလားကို မရေသးတာျဖစ္ပါတယ္။

ဒါေၾကာင့္ ႐ူဒီဂါရဲ႕ ေနာက္ထပ္ပစ္မွတ္က အမွတ္ေပးခ်န္ပီယံဖလားကို အာမခံႏိုင္မယ့္အသင္းမ်ိဳးျဖစ္ႏိုင္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ ဒီလိုမ်ိဳး အသင္းတစ္သင္းျဖစ္သလို သူ႔ကို ေနာက္ထပ္ အမွတ္ေပးခ်န္ပီယံဆုေတြနဲ႔ ရင္းႏွီးတဲ့ အသင္းေတြျဖစ္ၾကတဲ့ ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္စ္တို႔ကလည္း ကမ္းလွမ္းထားေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.