Premier League

ဟိုနှစ်ကောင်ကို တစ်ကောင်မှ မရစေချင်ဘူးလို့ ဘက်ကန်ပြောလိုက်တဲ့ ရွန်နီ

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက သူ့အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှတ်ပေးဇယားထိပ်မှာ နှစ်ကောင်တည်း ပြေးပြီး အပြိုင်ဖြစ်နေတဲ့ ထိပ်ဆုံးက နှစ်သင်းထဲက ဘယ်သူရသွားတာကိုမှ မမြင်ချင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

လက်ရှိ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ကို မန်ချက်စတာစီးတီးအသင်းက လီဗာပူးလ်အသင်းထက် တစ်မှတ်အသာနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး အမှတ်ပြတ်နေတဲ့ နှစ်သင်းကြား ကွာဟချက်ကို ယာဂန် ကလော့ပ်ရဲ့ လူတွေက လျှော့ချပြီး အမီလိုက်လာချိန်မှာ ပက်ပ် ဂွါဒီယိုလာရဲ့ လူတွေကတော့ မနည်းလွတ်အောင် ပြေးနေခဲ့ရပြီး ခြေထပ်ချော်ဖို့ မေတ္တာပို့နေတဲ့ ပြိုင်ဘက်ပရိသတ်တွေကလည်း ဒုနဲ့ဒေးဖြစ်နေတာပါ။

ဒီအချိန်မှာ လိဂ်ချန်ပီယံရှစ်ကနေ ပထမတန်းကို တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဒါဘီကောင်တီအသင်းကို ကိုင်တွယ်နေခဲ့တဲ့ ရွန်နီကတော့ သူ့ရဲ့ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်နှစ်သင်းနဲ့ ပြိုင်ဘက်ဟောင်းတွေချည်းဖြစ်နေတဲ့ နှစ်သင်းထဲကနေ ဖြစ်နိုင်ရင် ဘယ်သူမှ ဆုဖလားမြှောက်ခွင့်ရတာကို မမြင်ချင်ဘူးလို့ ပြောလိုက်တာဖြစ်ပါတယ်။

ဘယ်အသင်းက ချန်ပီယံဖြစ်သွားနိုင်လဲလို့ သူ့ရဲ့ အမြင်ကို မေးမြန်းခဲ့ရာမှာ အသက် ၃၆ နှစ်အရွယ် နည်းပြက “ဘယ်သူမှ ဖြစ်တာကို မမြင်ချင်တာတော့ အမှန်ပဲ။ ဒါပေမယ့် လီဗာပူးလ်အသင်းက မန်စီးတီးဆီကနေ ဖြတ်သုတ်သွားနိုင်ပါတယ်လို့ ဖြေကြားသွားခဲ့ပြီး ဒီအဖြေကိုတော့ သူကိုယ်တိုင် ကျေနပ်သေးပုံမရလို့ ထပ်ပြောသွားခဲ့သေးတာပါ။

“လီဗာပူးလ်တို့က ပြီးခဲ့တဲ့ ကာလတွေမှာ တော်တော်လေး တောင့်တင်းနေတယ်။ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို ကြည့်ပြီး ပြောရရင်တော့ သူတို့ရဲ့ ပွဲဖြစ်သွားနိုင်တာပါပဲ။ ဒီကနေ ဖြစ်သွားခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေက ပရီးမီးယားလိဂ် ချန်ပီယံဆုကို သက်ရောက်မယ်လို့ ထင်မိတယ်။ အဲ့ဒီလိုမဖြစ်ရင်တော့ ကောင်းမှာပဲ… မဖြစ်မနေ ရွေးဆိုရင်တော့ ကျွန်တော်က စီးတီးကိုပဲ ဖြစ်စေချင်တယ်”လို့ ဆိုသွားခဲ့ပါတယ်။

လိဂ်ချန်ပီယံရှစ်မှာ ၁၃ ပွဲနိုင်၊ ၁၃ ပွဲသရေ ကစားခဲ့ပေမယ့် ရရမယ့် အမှတ် ၅၂ မှတ်အစား အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေကြောင့် ၂၁ မှတ် အလျှော့ခံရတဲ့ ပြစ်ဒဏ်ကြောင့် တန်းဆင်းခဲ့ရတဲ့ ဒါဘီကောင်တီအတွက် ရွန်နီကို ဘယ်သူကမှ အပြစ်တင်ဖို့ မရှိဘဲ သူ့အနေနဲ့ လာမယ့်ရာသီမှာလည်း ပထမတန်းမှာ နည်းမပြချင်ဘူးဆိုရင် နောက်ထပ်အသင်းသစ်တစ်သင်းကတော့ ကြိုဆိုနေဦးမှာ သေချာနေတာပါ။

အဲဗာတန်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ရွန်နီဟာ ပရီးမီးယားလိဂ်မှာ ၄၉၁ ပွဲကစား၊ ၂၀၈ ဂိုး သွင်းယူနိုင်ခဲ့သလို ဖန်တီးမှု ၁၀၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပွဲပေါင်း ၁၂၀ မှာ ၅၃ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ မန်ချက်စတာဒါဘီနဲ့ မာဆေးဆိုက်ဒါဘီတွေကို ပြိုင်ဆိုင်ဖူးရာမှာ အင်အားနည်းတဲ့ အသင်းအဖြစ်နဲ့ အနိုင်ကျင့်ခံရတတ်တဲ့ အဲဗာတန်ရဲ့ ပြိုင်ဘက် လီဗာပူးလ်ကိုတော့ မန်စီးတီးထက် ပိုမိုခါးသီးပုံရပြီး ဒါကြောင့်လည်း သူ့ရဲ့ အောင်မြင်ရာ အိုးလ်ထရက်ဖို့ဒ်မြေရဲ့ ပြိုင်ဘက်အသင်းကိုပဲ မဖြစ်မနေဆိုရင် ရွေးချယ်သွားခဲ့တာပါ။

ရွန်နီအနေနဲ့ ပြီးခဲ့တဲ့ ကာလတွေမှာ သူ့ရဲ့ အသင်းဟောင်းနှစ်သင်းဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ကို မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့က ပြတ်ပြတ်သားသားကို တစ်ဆင့်မြင့်တဲ့ အသင်းတွေအဖြစ်နဲ့ လွှမ်းမိုးနိုင်ခဲ့ကြပြီလို့လည်း ဝန်ခံသွားခဲ့ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ နှစ်သင်းကြားက ပြိုင်ဆိုင်မှုဟာ ဒါဘီပြိုင်ပွဲထက်တောင် ပြင်းထန်နေလိမ့်မယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အဲဗာတန္အသင္းတိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္နီက သူ႔အေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အမွတ္ေပးဇယားထိပ္မွာ ႏွစ္ေကာင္တည္း ေျပးၿပီး အၿပိဳင္ျဖစ္ေနတဲ့ ထိပ္ဆုံးက ႏွစ္သင္းထဲက ဘယ္သူရသြားတာကိုမွ မျမင္ခ်င္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

လက္ရွိ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္ကို မန္ခ်က္စတာစီးတီးအသင္းက လီဗာပူးလ္အသင္းထက္ တစ္မွတ္အသာနဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ၿပီး အမွတ္ျပတ္ေနတဲ့ ႏွစ္သင္းၾကား ကြာဟခ်က္ကို ယာဂန္ ကေလာ့ပ္ရဲ႕ လူေတြက ေလွ်ာ့ခ်ၿပီး အမီလိုက္လာခ်ိန္မွာ ပက္ပ္ ဂြါဒီယိုလာရဲ႕ လူေတြကေတာ့ မနည္းလြတ္ေအာင္ ေျပးေနခဲ့ရၿပီး ေျခထပ္ေခ်ာ္ဖို႔ ေမတၱာပို႔ေနတဲ့ ၿပိဳင္ဘက္ပရိသတ္ေတြကလည္း ဒုနဲ႔ေဒးျဖစ္ေနတာပါ။

ဒီအခ်ိန္မွာ လိဂ္ခ်န္ပီယံရွစ္ကေန ပထမတန္းကို တန္းဆင္းသြားခဲ့ရၿပီျဖစ္တဲ့ ဒါဘီေကာင္တီအသင္းကို ကိုင္တြယ္ေနခဲ့တဲ့ ႐ြန္နီကေတာ့ သူ႔ရဲ႕ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ႏွစ္သင္းနဲ႔ ၿပိဳင္ဘက္ေဟာင္းေတြခ်ည္းျဖစ္ေနတဲ့ ႏွစ္သင္းထဲကေန ျဖစ္ႏိုင္ရင္ ဘယ္သူမွ ဆုဖလားေျမႇာက္ခြင့္ရတာကို မျမင္ခ်င္ဘူးလို႔ ေျပာလိုက္တာျဖစ္ပါတယ္။

ဘယ္အသင္းက ခ်န္ပီယံျဖစ္သြားႏိုင္လဲလို႔ သူ႔ရဲ႕ အျမင္ကို ေမးျမန္းခဲ့ရာမွာ အသက္ ၃၆ ႏွစ္အ႐ြယ္ နည္းျပက “ဘယ္သူမွ ျဖစ္တာကို မျမင္ခ်င္တာေတာ့ အမွန္ပဲ။ ဒါေပမယ့္ လီဗာပူးလ္အသင္းက မန္စီးတီးဆီကေန ျဖတ္သုတ္သြားႏိုင္ပါတယ္လို႔ ေျဖၾကားသြားခဲ့ၿပီး ဒီအေျဖကိုေတာ့ သူကိုယ္တိုင္ ေက်နပ္ေသးပုံမရလို႔ ထပ္ေျပာသြားခဲ့ေသးတာပါ။

“လီဗာပူးလ္တို႔က ၿပီးခဲ့တဲ့ ကာလေတြမွာ ေတာ္ေတာ္ေလး ေတာင့္တင္းေနတယ္။ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ကို ၾကည့္ၿပီး ေျပာရရင္ေတာ့ သူတို႔ရဲ႕ ပြဲျဖစ္သြားႏိုင္တာပါပဲ။ ဒီကေန ျဖစ္သြားခဲ့တဲ့ စိတ္ပိုင္းဆိုင္ရာ အတက္အက်ေတြက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို သက္ေရာက္မယ္လို႔ ထင္မိတယ္။ အဲ့ဒီလိုမျဖစ္ရင္ေတာ့ ေကာင္းမွာပဲ… မျဖစ္မေန ေ႐ြးဆိုရင္ေတာ့ ကြၽန္ေတာ္က စီးတီးကိုပဲ ျဖစ္ေစခ်င္တယ္”လို႔ ဆိုသြားခဲ့ပါတယ္။

လိဂ္ခ်န္ပီယံရွစ္မွာ ၁၃ ပြဲႏိုင္၊ ၁၃ ပြဲသေရ ကစားခဲ့ေပမယ့္ ရရမယ့္ အမွတ္ ၅၂ မွတ္အစား အသင္းရဲ႕ ဘဏၰာေရးအေျခအေနေၾကာင့္ ၂၁ မွတ္ အေလွ်ာ့ခံရတဲ့ ျပစ္ဒဏ္ေၾကာင့္ တန္းဆင္းခဲ့ရတဲ့ ဒါဘီေကာင္တီအတြက္ ႐ြန္နီကို ဘယ္သူကမွ အျပစ္တင္ဖို႔ မရွိဘဲ သူ႔အေနနဲ႔ လာမယ့္ရာသီမွာလည္း ပထမတန္းမွာ နည္းမျပခ်င္ဘူးဆိုရင္ ေနာက္ထပ္အသင္းသစ္တစ္သင္းကေတာ့ ႀကိဳဆိုေနဦးမွာ ေသခ်ာေနတာပါ။

အဲဗာတန္အသင္းမွာ ကစားသမားဘဝ စတင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္နဲ႔ ထာဝရဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ ႐ြန္နီဟာ ပရီးမီးယားလိဂ္မွာ ၄၉၁ ပြဲကစား၊ ၂၀၈ ဂိုး သြင္းယူႏိုင္ခဲ့သလို ဖန္တီးမႈ ၁၀၃ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း ပြဲေပါင္း ၁၂၀ မွာ ၅၃ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

သူ႔အေနနဲ႔ မန္ခ်က္စတာဒါဘီနဲ႔ မာေဆးဆိုက္ဒါဘီေတြကို ၿပိဳင္ဆိုင္ဖူးရာမွာ အင္အားနည္းတဲ့ အသင္းအျဖစ္နဲ႔ အႏိုင္က်င့္ခံရတတ္တဲ့ အဲဗာတန္ရဲ႕ ၿပိဳင္ဘက္ လီဗာပူးလ္ကိုေတာ့ မန္စီးတီးထက္ ပိုမိုခါးသီးပုံရၿပီး ဒါေၾကာင့္လည္း သူ႔ရဲ႕ ေအာင္ျမင္ရာ အိုးလ္ထရက္ဖို႔ဒ္ေျမရဲ႕ ၿပိဳင္ဘက္အသင္းကိုပဲ မျဖစ္မေနဆိုရင္ ေ႐ြးခ်ယ္သြားခဲ့တာပါ။

႐ြန္နီအေနနဲ႔ ၿပီးခဲ့တဲ့ ကာလေတြမွာ သူ႔ရဲ႕ အသင္းေဟာင္းႏွစ္သင္းျဖစ္ၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ကို မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔က ျပတ္ျပတ္သားသားကို တစ္ဆင့္ျမင့္တဲ့ အသင္းေတြအျဖစ္နဲ႔ လႊမ္းမိုးႏိုင္ခဲ့ၾကၿပီလို႔လည္း ဝန္ခံသြားခဲ့ၿပီး လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ကို ဦးေဆာင္ေနတဲ့ ႏွစ္သင္းၾကားက ၿပိဳင္ဆိုင္မႈဟာ ဒါဘီၿပိဳင္ပြဲထက္ေတာင္ ျပင္းထန္ေနလိမ့္မယ္လို႔လည္း မွတ္ခ်က္ေပးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.