Premier League Transfer News

အန်းဖီးလ်နဲ့ ဝမ်းနည်းစရာတွေဖြစ်သွားနိုင်တယ်လို့ ပြောလိုက်တဲ့ ဆာလား

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားက သူ့ရဲ့ အန်းဖီးလ်ကွင်းက ၁၂ ကျန် စာချုပ်သက်တမ်းအတွက် ရှေ့ဆက်ပြီး ဘာဖြစ်မယ် ဆိုတာ သူ့အနေနဲ့ ကံသေကံမ မပြောတတ်သေးကြောင်းနဲ့ ငွေကြေးကိစ္စကို ထည့်မစဉ်းစားရင်တောင်မှ အခြေအနေတွေက အမျိုးမျိုး ပြောင်းလဲနိုင်ခြေ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

၂၀၁၇ နွေရာသီမှာ ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အီဂျစ်တိုက်စစ်မှူးဟာ ရောက်ရောက်ချင်းရာသီမှာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို သွင်းဂိုး ၃၂ ဂိုးနဲ့ ရရှိခဲ့အပြီး နောက်တစ်ရာသီမှာတော့ လစာတိုးမြှင့်စာချုပ်ခံခဲ့ရပြီးနောက်ပိုင်း လက်ရှိအချိန်အထိတော့ သူ့ရဲ့ လစာငွေနဲ့ စာချုပ်သက်တမ်း အတွက် လီဗာပူးလ်တို့ဘက်က ထပ်မံတိုးမြှင့်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ညာတောင်ပံတိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ အန်းဖီးလ်ရဲ့ လုပ်ခလစာအမြင့်မားဆုံး ကစားသမားအဖြစ် တစ်ပတ်ကို ပေါင်ငါးသိန်းအထိ အလိုရှိနေတယ်လို့ အသံတွေ ထွက်ပေါ်ခဲ့အပြီးမှာ ပြစ်တင်ဝေဖန်မှုတွေ များစွာကိုလည်း ရင်ဆိုင်ခဲ့ရပြီး သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အာဆင်နယ်မှာ ပျက်စီးသွားခဲ့တဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့လည်း နှိုင်းယှဉ်ခံခဲ့ရတာပါ။

ဈေးကွက်ပေါက်ဈေး ယူရိုသန်း ၁၀၀ အနည်းဆုံး ရှိနေသေးတဲ့ ဆာလားအတွက်တော့ အသင်းဘက်ကရော ကစားသမားဘက်ကပါ တစ်နှစ်တိုးမြှင့်ခွင့် မပါဝင်တဲ့ စာချုပ်ကြောင့် သူ့ကို ဒီနွေရာသီမှာ ချရောင်းသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြချိန်မှာ သူ့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

“တစ်နှစ်ပဲ ကျန်တော့တာကို သိပေမယ့် ဘာတွေဖြစ်ဦးမယ်ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ပရိသတ်တွေကတော့ ငွေကြေးကြောင့် စာချုပ်သစ်ဖြစ်မလာဘူးလို့ ထင်နေကြပေမယ့် အရာအားလုံးက ငွေနဲ့ တိုင်းတာနိုင်တာ မဟုတ်ပါဘူး။ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ အိမ်ကွင်းကြီးမှာ ကစားနေပြီးမှ ခွဲခွာသွားရမယ်ဆိုရင်တော့ တကယ့် ဝမ်းနည်းစရာတွေပဲ ဖြစ်လာပါလိမ့်မယ်”လို့ ဆာလားက ဆိုပါတယ်။

“ဒီနေရာက ကျွန်တော့်အတွက် မိသားစုလိုပါပဲ။ မယုံနိုင်စရာတွေ လုပ်ပြခဲ့ပြီး ဆုဖလားတွေ ရခဲ့သလို ကျွန်တော်လည်း တစ်ဦးချင်း ဂိုးတွေ ဆုတွေ ရခဲ့တယ်။ ဒီအသင်းက ကျွန်တော့်အတွက် အများကြီး တန်ဖိုးရှိပြီး ကွင်းတကာ့ကွင်းထဲ ဒီကွင်း ဒီအသင်းမှာ ကစားရတာ အပျော်ဆုံးပါပဲ။ အဲ့ဒီအတွက် ကျွန်တော့်ရဲ့ ပေးဆပ်မှုကိုလည်း ယုံမှားသံသယရှိစရာ မလိုပါဘူး”

“စာချုပ်တစ်နှစ်ပဲ ကျန်တော့တာအတွက် စိုးရိမ်သလားဆိုတော့ အဲ့ဒီလိုဖြေရမှာထက် ကျွန်တော့်ခေါင်းထဲကို စိုးရိမ်မှုဆိုတာမျိုး အဝင်မခံဘဲ အလုပ်လုပ်နေတာပါ။ ရာသီကလည်း မကုန်သေးပါဘူး… ဒီတော့ အကောင်းဆုံးပုံစံနဲ့ ရာသီသိမ်းနိုင်ဖို့နဲ့ ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းတဲ့ ရလဒ်တွေကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ ဆာလားက ဖြေကြားသွားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉး မိုဟာမက္ ဆာလားက သူ႔ရဲ႕ အန္းဖီးလ္ကြင္းက ၁၂ က်န္ စာခ်ဳပ္သက္တမ္းအတြက္ ေရွ႕ဆက္ၿပီး ဘာျဖစ္မယ္ ဆိုတာ သူ႔အေနနဲ႔ ကံေသကံမ မေျပာတတ္ေသးေၾကာင္းနဲ႔ ေငြေၾကးကိစၥကို ထည့္မစဥ္းစားရင္ေတာင္မွ အေျခအေနေတြက အမ်ိဳးမ်ိဳး ေျပာင္းလဲႏိုင္ေျခ ရွိေနတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

၂၀၁၇ ေႏြရာသီမွာ ႐ိုးမားအသင္းကေန ေရာက္ရွိလာခဲ့တဲ့ အီဂ်စ္တိုက္စစ္မႉးဟာ ေရာက္ေရာက္ခ်င္းရာသီမွာ ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ဆုကို သြင္းဂိုး ၃၂ ဂိုးနဲ႔ ရရွိခဲ့အၿပီး ေနာက္တစ္ရာသီမွာေတာ့ လစာတိုးျမႇင့္စာခ်ဳပ္ခံခဲ့ရၿပီးေနာက္ပိုင္း လက္ရွိအခ်ိန္အထိေတာ့ သူ႔ရဲ႕ လစာေငြနဲ႔ စာခ်ဳပ္သက္တမ္း အတြက္ လီဗာပူးလ္တို႔ဘက္က ထပ္မံတိုးျမႇင့္ျခင္းမရွိေသးတာလည္းျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ညာေတာင္ပံတိုက္စစ္မႉးအေနနဲ႔ ၿပီးခဲ့တဲ့ လပိုင္းအတြင္းမွာ အန္းဖီးလ္ရဲ႕ လုပ္ခလစာအျမင့္မားဆုံး ကစားသမားအျဖစ္ တစ္ပတ္ကို ေပါင္ငါးသိန္းအထိ အလိုရွိေနတယ္လို႔ အသံေတြ ထြက္ေပၚခဲ့အၿပီးမွာ ျပစ္တင္ေဝဖန္မႈေတြ မ်ားစြာကိုလည္း ရင္ဆိုင္ခဲ့ရၿပီး သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ အာဆင္နယ္မွာ ပ်က္စီးသြားခဲ့တဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔လည္း ႏႈိင္းယွဥ္ခံခဲ့ရတာပါ။

ေဈးကြက္ေပါက္ေဈး ယူ႐ိုသန္း ၁၀၀ အနည္းဆုံး ရွိေနေသးတဲ့ ဆာလားအတြက္ေတာ့ အသင္းဘက္ကေရာ ကစားသမားဘက္ကပါ တစ္ႏွစ္တိုးျမႇင့္ခြင့္ မပါဝင္တဲ့ စာခ်ဳပ္ေၾကာင့္ သူ႔ကို ဒီေႏြရာသီမွာ ခ်ေရာင္းသြားႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းေနၾကခ်ိန္မွာ သူ႔ဘက္ကလည္း ပြင့္ပြင့္လင္းလင္းပဲ ထုတ္ေျပာလာခဲ့တာျဖစ္ပါတယ္။

“တစ္ႏွစ္ပဲ က်န္ေတာ့တာကို သိေပမယ့္ ဘာေတြျဖစ္ဦးမယ္ဆိုတာေတာ့ ကြၽန္ေတာ္လည္း မသိပါဘူး။ ပရိသတ္ေတြကေတာ့ ေငြေၾကးေၾကာင့္ စာခ်ဳပ္သစ္ျဖစ္မလာဘူးလို႔ ထင္ေနၾကေပမယ့္ အရာအားလုံးက ေငြနဲ႔ တိုင္းတာႏိုင္တာ မဟုတ္ပါဘူး။ ဒီလိုမ်ိဳး ၿပီးျပည့္စုံတဲ့ အိမ္ကြင္းႀကီးမွာ ကစားေနၿပီးမွ ခြဲခြာသြားရမယ္ဆိုရင္ေတာ့ တကယ့္ ဝမ္းနည္းစရာေတြပဲ ျဖစ္လာပါလိမ့္မယ္”လို႔ ဆာလားက ဆိုပါတယ္။

“ဒီေနရာက ကြၽန္ေတာ့္အတြက္ မိသားစုလိုပါပဲ။ မယုံႏိုင္စရာေတြ လုပ္ျပခဲ့ၿပီး ဆုဖလားေတြ ရခဲ့သလို ကြၽန္ေတာ္လည္း တစ္ဦးခ်င္း ဂိုးေတြ ဆုေတြ ရခဲ့တယ္။ ဒီအသင္းက ကြၽန္ေတာ့္အတြက္ အမ်ားႀကီး တန္ဖိုးရွိၿပီး ကြင္းတကာ့ကြင္းထဲ ဒီကြင္း ဒီအသင္းမွာ ကစားရတာ အေပ်ာ္ဆုံးပါပဲ။ အဲ့ဒီအတြက္ ကြၽန္ေတာ့္ရဲ႕ ေပးဆပ္မႈကိုလည္း ယုံမွားသံသယရွိစရာ မလိုပါဘူး”

“စာခ်ဳပ္တစ္ႏွစ္ပဲ က်န္ေတာ့တာအတြက္ စိုးရိမ္သလားဆိုေတာ့ အဲ့ဒီလိုေျဖရမွာထက္ ကြၽန္ေတာ့္ေခါင္းထဲကို စိုးရိမ္မႈဆိုတာမ်ိဳး အဝင္မခံဘဲ အလုပ္လုပ္ေနတာပါ။ ရာသီကလည္း မကုန္ေသးပါဘူး… ဒီေတာ့ အေကာင္းဆုံးပုံစံနဲ႔ ရာသီသိမ္းႏိုင္ဖို႔နဲ႔ ၿပီးခဲ့တဲ့ ရာသီကထက္ ပိုေကာင္းတဲ့ ရလဒ္ေတြကို ပိုင္ဆိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္”လို႔ ဆာလားက ေျဖၾကားသြားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.