Premier League

မန်စီးတီးနဲ့ လီဗာပူးလ်တို့ထဲက ဘယ်သူက နှာတဖျားအသာနဲ့ ဖလားရသွားမလဲ ပြောပြလိုက်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက လီဗာပူးလ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးထက် နှာတစ်ဖျားအသာနဲ့ ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း အန်းဖီးမှာ ၄-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တဲ့ လီဗာပူးလ်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာက မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ရမှတ် ကြီးကြီးမားမား ကွာဟနေမှုကို လျှော့ချနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာစီးတီးသာ ခြေတစ်ချက်ချောသွားတာနဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်တဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်း ရူနီက ကလော့ပ်ရဲ့ အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ဂွါဒီယိုလာရဲ့အသင်းထက် နှာတစ်ဖျား အနည်းငယ်အသာစီးရယူပြီး ကိုင်မြှောက်သွားနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူတို့ထဲက တစ်သင်းမှ မနှစ်သက်ပေမယ့်လည်း သူတို့ထဲက တစ်သင်းရမယ်ဆိုတာကတော့ သိသာပါတယ်။ လီဗာပူးလ်က နှာတစ်ဖျားအသာနဲ့ ရယူသွားနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ တကယ်ကို အားကောင်းနေခဲ့တဲ့ပုံပေါ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့တာကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ကျွန်တော် ထင်တယ်”

“အဲဒီတော့ ကျွန်တော်ကတော့ လီဗာပူးလ်ကပဲ ပရီးမီးယားလိဂ်ဖလားကို နှာတစ်ဖျားသာပြီး ရယူသွားနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေပါတယ်။ အဲဒီလို မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ မန်စီးတီးကို ပိုပြီးတော့ ရစေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ဂန္တဝင် နောက်ခံကစားသမား ဂျေမီ ကာရေဂါက မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ကြားက ယှဉ်ပြိုင်မှုဟာ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ယှဉ်ပြိုင်မှုဖြစ်တယ်လို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။

“လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ အင်္ဂလိဂ်ဘောလုံးသမိုင်းမှာ အကြီးမားဆုံး၊ အပြင်းထန်ဆုံးနဲ့ အမြင့်မားဆုံးအရည်အသွေးတွေနဲ့ ယှဉ်ပြိုင်မှုဖြစ်လာပါပြီ။ အဲဒီ ယှဉ်ပြိုင်မှုမှာ ထူးခြားမှုရှိနေပါတယ်။ အဲဒါက အင်္ဂလန်က အကောင်းဆုံးအသင်း ၂ သင်းဟာ သူတို့ရဲ့မျိုးဆက်မှာ အကောင်းဆုံးဖြစ်တဲ့ နည်းပြ ၂ ဦးရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်း ၂ သင်းဖြစ်လာတာဖြစ်ပါတယ်”

“ကျွန်တော် ဒီလို ပြောနေချိန်မှာ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးပရိသတ်တွေဆီကနေ ငြင်းခုံသံတွေ ကြားရနိုင်ပါတယ်။ နှိုင်းယှဉ်ထိုက်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ အများအပြား ရှိနေပါတယ်။ အများစုကတော့ ပွဲစဉ်တွေဟာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့ သူတို့ရဲ့အကောင်းဆုံးအချိန်မှာ နည်းပြခဲ့တုန်းကလောက်ပဲလို့ ပြောကြမှာပါ။ ကျွန်တော့်အတွက်ကတော့ ဥရောပပြိုင်ပွဲတွေကျရင် သူတို့ ၂ ယောက်က မြှားကုန်သွားကြပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဝိန်း ရူနီက မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ လက်ရှိ အကြီးမားဆုံး ယှဉ်ပြိုင်မှုဟာ မကြာသေးမီက ၎င်းတို့ရဲ့ အောင်မြင်မှုအပေါ် မူတည်နေတာဖြစ်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“အသင်း ၂ သင်းက လိဂ်မှာ အနိုင်ရဖို့ တစ်သင်းနဲ့တစ်သင်း ယှဉ်ပြိုင်ကြတဲ့အခါမှာ ယှဉ်ပြိုင်မှုက ရှိလာတယ်လို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က ဟိုးအရင်ကတည်းက သမိုင်းကြောင်းအရ ယှဉ်ပြိုင်မှုတွေ ရှိခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် အခု စီးတီးနဲ့ လီဗာပူးလ်တို့ကြားက ယှဉ်ပြိုင်မှုဟာ သူတို့ကအကောင်းဆုံး ၂ သင်းဖြစ်နေတာကြောင့် သက်သက်ပဲဆိုတာ ခင်ဗျား မြင်မှာပါ။ အဲဒီတော့ အခုအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်မှုထက် အခါအားလျော်စွာ ပိုကြီးမားတဲ့ ယှဉ်ပြိုင်မှုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခင်ဗျား အောင်မြင်မှုရမှ ယှဉ်ပြိုင်မှုတွေက ရောက်လာမှာပါ”လို့ ဝိန်း ရူနီက ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဝိန္း ႐ူနီက လီဗာပူးလ္အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို မန္ခ်က္စတာစီးတီးထက္ ႏွာတစ္ဖ်ားအသာနဲ႔ ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က မန္ခ်က္စတာယူနိုက္တက္ကို အိမ္ကြင္း အန္းဖီးမွာ ၄-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တဲ့ လီဗာပူးလ္ဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁ ေနရာက မန္ခ်က္စတာစီးတီးနဲ႔ ၁ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရမွတ္ ႀကီးႀကီးမားမား ကြာဟေနမႈကို ေလၽွာ့ခ်နိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ မန္ခ်က္စတာစီးတီးသာ ေျခတစ္ခ်က္ေခ်ာသြားတာနဲ႔ ပရီးမီးယားလိဂ္ဖလားကို အရယူနိုင္တဲ့ အေနအထားမွာ ရွိေနၿပီ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဝိန္း ႐ူနီက ကေလာ့ပ္ရဲ့ အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ဂြါဒီယိုလာရဲ့အသင္းထက္ ႏွာတစ္ဖ်ား အနည္းငယ္အသာစီးရယူၿပီး ကိုင္ေျမႇာက္သြားနိုင္လိမ့္မယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ သူတို႔ထဲက တစ္သင္းမွ မႏွစ္သက္ေပမယ့္လည္း သူတို႔ထဲက တစ္သင္းရမယ္ဆိုတာကေတာ့ သိသာပါတယ္။ လီဗာပူးလ္က ႏွာတစ္ဖ်ားအသာနဲ႔ ရယူသြားနိုင္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူတို႔ေတြက ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ တကယ္ကို အားေကာင္းေနခဲ့တဲ့ပုံေပၚတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ အနိုင္ရရွိခဲ့တာကလည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲအေပၚ အက်ိဳးသက္ေရာက္မႈရွိတယ္လို႔ ကၽြန္ေတာ္ ထင္တယ္”

“အဲဒီေတာ့ ကၽြန္ေတာ္ကေတာ့ လီဗာပူးလ္ကပဲ ပရီးမီးယားလိဂ္ဖလားကို ႏွာတစ္ဖ်ားသာၿပီး ရယူသြားနိုင္မယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိေနပါတယ္။ အဲဒီလို မျဖစ္ပါေစနဲ႔လို႔ ေမၽွာ္လင့္ပါတယ္။ ကၽြန္ေတာ္ကေတာ့ မန္စီးတီးကို ပိုၿပီးေတာ့ ရေစခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္ဂႏၲဝင္ ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ၾကားက ယွဥ္ၿပိဳင္မႈဟာ အဂၤလိပ္ေဘာလုံးသမိုင္းမွာ အႀကီးမားဆုံး ယွဥ္ၿပိဳင္မႈျဖစ္တယ္လို႔ မၾကာေသးမီက ေျပာၾကားခဲ့ပါတယ္။

“လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ အဂၤလိဂ္ေဘာလုံးသမိုင္းမွာ အႀကီးမားဆုံး၊ အျပင္းထန္ဆုံးနဲ႔ အျမင့္မားဆုံးအရည္အေသြးေတြနဲ႔ ယွဥ္ၿပိဳင္မႈျဖစ္လာပါၿပီ။ အဲဒီ ယွဥ္ၿပိဳင္မႈမွာ ထူးျခားမႈရွိေနပါတယ္။ အဲဒါက အဂၤလန္က အေကာင္းဆုံးအသင္း ၂ သင္းဟာ သူတို႔ရဲ့မ်ိဳးဆက္မွာ အေကာင္းဆုံးျဖစ္တဲ့ နည္းၿပ ၂ ဦးရဲ့ ဦးေဆာင္မႈနဲ႔ ကမၻာ့အေကာင္းဆုံးအသင္း ၂ သင္းျဖစ္လာတာျဖစ္ပါတယ္”

“ကၽြန္ေတာ္ ဒီလို ေျပာေနခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္၊ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးပရိသတ္ေတြဆီကေန ျငင္းခုံသံေတြ ၾကားရနိုင္ပါတယ္။ ႏွိုင္းယွဥ္ထိုက္တဲ့ ထိပ္တိုက္ေတြ႕ဆုံမႈေတြ အမ်ားအျပား ရွိေနပါတယ္။ အမ်ားစုကေတာ့ ပြဲစဥ္ေတြဟာ ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ အာစင္ဝင္းဂါးတို႔ သူတို႔ရဲ့အေကာင္းဆုံးအခ်ိန္မွာ နည္းျပခဲ့တုန္းကေလာက္ပဲလို႔ ေျပာၾကမွာပါ။ ကၽြန္ေတာ့္အတြက္ကေတာ့ ဥေရာပၿပိဳင္ပြဲေတြက်ရင္ သူတို႔ ၂ ေယာက္က ျမႇားကုန္သြားၾကပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဝိန္း ႐ူနီက မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ရဲ့ လက္ရွိ အႀကီးမားဆုံး ယွဥ္ၿပိဳင္မႈဟာ မၾကာေသးမီက ၎တို႔ရဲ့ ေအာင္ျမင္မႈအေပၚ မူတည္ေနတာျဖစ္တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“အသင္း ၂ သင္းက လိဂ္မွာ အနိုင္ရဖို႔ တစ္သင္းနဲ႔တစ္သင္း ယွဥ္ၿပိဳင္ၾကတဲ့အခါမွာ ယွဥ္ၿပိဳင္မႈက ရွိလာတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔က ဟိုးအရင္ကတည္းက သမိုင္းေၾကာင္းအရ ယွဥ္ၿပိဳင္မႈေတြ ရွိခဲ့တယ္ဆိုတာ သိသာပါတယ္။ ဒါေပမယ့္ အခု စီးတီးနဲ႔ လီဗာပူးလ္တို႔ၾကားက ယွဥ္ၿပိဳင္မႈဟာ သူတို႔ကအေကာင္းဆုံး ၂ သင္းျဖစ္ေနတာေၾကာင့္ သက္သက္ပဲဆိုတာ ခင္ဗ်ား ျမင္မွာပါ။ အဲဒီေတာ့ အခုအခ်ိန္မွာေတာ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ မန္စီးတီးတို႔ ယွဥ္ၿပိဳင္မႈထက္ အခါအားေလ်ာ္စြာ ပိုႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ခင္ဗ်ား ေအာင္ျမင္မႈရမွ ယွဥ္ၿပိဳင္မႈေတြက ေရာက္လာမွာပါ”လို႔ ဝိန္း ႐ူနီက ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.