Premier League

ဂေါင်းကြီးကို တန်ဟက်ဂ် ရောင်းထုတ်နိုင်ခြေရှိတဲ့အသင်း ၄ သင်း

မန်ချက်စတာယူနိုက်တက်နည်းပြသစ် ဖြစ်လာတော့မယ့် အဲရစ် တန်ဟက်ဂ်ဟာ အိုးထရက်ဖို့ဒ်မှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားတာကြောင့် နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အလုပ်များများလုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။

တန်ဟက်ဂ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး ယခုရာသီကုန်မှာ လက်ရှိ ယာယီနည်းပြ ရန်းနစ်ခ်က အကြံပေးရာထူးကို ပြောင်းလဲ တာဝန်ယူတာနဲ့ အသင်းနည်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ အင်္ဂလန်ရဲ့ အခမ်းနားဆုံးဘောလုံးကလပ်အသင်းကို ကိုယ်စားပြုနိုင်စွမ်းမရှိတဲ့ ကစားသမားတွေနဲ့အတူ ကောင်းသင့်သလောက် မကောင်းမွန်တဲ့ ကစားသမားအများအပြားကို အစုလိုက်အပြုံလိုက် ရှင်းထုတ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ဟာ အသင်းကနေ ထွက်ခွာဖို့အတွက် ကျိန်းသေသလောက်နီးပါးရှိနေတဲ့ ကစားသမားတွေဖြစ်ပေမယ့်လည်း အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေက ရှိနေသေးတာ ဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံကစားသမားဟာ ၎င်းရဲ့ ပုံမှန်အောက်ကျဆင်းနေတဲ့ စွမ်းဆောင်ရည်အတွက် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ဆက်တိုက် ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့ညနေက အန်းဖီးမှာ ယူနိုက်တက်ရဲ့ ၄-၀ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်မှုမှာ နောက်ထပ် ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ လက်စတာစီးတီးကနေ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခြင်းခံခဲ့ရတဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်ရဲ့ယိုယွင်းနေတဲ့ ခံစစ်ပိုင်းကို ပြင်ဆင်ဖို့ ကြိုးပမ်းသွားမယ့် တန်ဟက်ဂ်ကြောင့် နွေရာသီမှာ အသင်းကနေ ရောင်းထုတ်ခြင်းခံရဖွယ်ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံး ၈ သင်းထဲမှာ အဆိုးရွားဆုံး ခံစစ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ၂၀၂၁-၂၀၂၂ ရာသီ ၃၃ ပွဲ ကစားထားပြီးချိန်မှာ ၄၈ ဂိုးအထိ ခွင့်ပြုပေးထားရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြသစ်ဖြစ်လာတော့မယ့် တန်ဟက်ဂ်အနေနဲ့ ဟာရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ် မရှိစေချင်ဘူးဆိုရင် ၎င်းအတွက် နောက်ထပ်ပြောင်းရွှေ့နိုင်ခြေရှိတဲ့အသင်း ၄ သင်းရှိနေပြီး အဲဒီအသင်း ၄ သင်းက ဘယ်အသင်းတွေများလဲ…

၁။ လက်စတာစီးတီး

၂၀၁၈ ခုနှစ်တုန်းက ရာသီကုန်မှာ ဟာရီ မက်ဂွိုင်းယားဟာ လက်စတာစီးတီးအသင်းအတွက် ၁၂ လသာ ကစားပေးခဲ့ရပြီးနောက် ၎င်းရဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်ကြောင့် တစ်ရာသီတာအကောင်းဆုံးကစားသမားဆုနဲ့ အသင်းဖော်တွေရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။ လက်စတာစီးတီးအတွက် အထင်ကြီးဖွယ်စွမ်းဆောင်ရည်ပြသခဲ့တာကြောင့် အရပ် ၆ ပေ ၄ လက်မရှိတဲ့ နောက်ခံကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ကိုယ်စားပြုပါဝင်ကစားပေးဖို့ ရွေးချယ်ခြင်းခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့က ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းကြလိမ့်မယ် တစ်ကြိုပေးခြင်းခံခဲ့ရပါတယ်။

အဆုံးမှာတော့ မက်ဂွိုင်းယားဟာ မန်ယူနိုက်တက်ကို ရွေးချယ်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ပြီးနောက် အသက် ၂၉ နှစ်အရွယ်နောက်ခံကစားသမားအနေနဲ့ အသင်းဟောင်းကို ပြန်ပြီး အကောင်းဆုံးပုံစံ ပြန်လည်ရှာဖွေဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်က လွန်ခဲ့တဲ့ ၃ နှစ်တုန်းက မက်ဂွိုင်းယားအတွက် ပေးချေခဲ့ရတဲ့ ပေါင် ၈၅ သန်းစလုံးတော့ ပြန်မရနိုင်ပေမယ့်လည်း ပေါင်သန်း ၅၀ အထက်လောက်တော့ ပြန်ရနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အနေနဲ့ ယူရီ တီရယ်မန်းစ်ကို အမှန်တကယ် ခေါ်ယူချင်တယ်ဆိုရင်တော့ ဟာရီ မက်ဂွိုင်းယားနဲ့ အလဲအထပ်ပြုလုပ်လို့ ရနိုင်ဖွယ်ရှိနေပါတယ်။

၂။ အက်သလက်တီကို မက်ဒရစ်

နောက်ထပ် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ပြောင်းရွှေ့ပြီး လူတွေရဲ့ မျက်စိဒေါက်ထောက် ပြစ်တင်မှုတွေ ခံနေမယ့်အစား မက်ဂွိုင်းယားအနေနဲ့ လာလီဂါကို ပြောင်းရွှေ့ပြီး ၎င်းရဲ့ လုပ်နိုင်စွမ်းကို လုံးဝမတူညီတဲ့နေရာတစ်ခုမှာ စမ်းသပ်ကြည့်ဖို့ ရွေးချယ်ဖွယ်ရှိနေပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ထရစ်ပီယာဟာ ခေတ်သစ်ဘောလုံးလောကမှာ နည်းဗျူဟာပိုင်း အသေးစိတ်အကျဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်တဲ့ ဆီမီယွန်နီလက်အောက်မှာ အောင်မြင်မှုတွေ ရရှိနေပြီး မက်ဂွိုင်းယားအနေနဲ့လည်း တိုးတက်မှုတွေ ရှိလာနိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။ ဟိုဆေး ဟီမဲနက်ဇ်ရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာမယ့်အချိန် အတိအကျမသိရှိနိုင်သေးတာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ဗဟိုခံစစ် ၃ ဦးသာ လူစာရင်းထဲမှာ ရှိနေတာဖြစ်ပြီး ဖိလစ်ပီကလည်း ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

၃။ မန်ချက်စတာစီးတီး

မက်ဂွိုင်းယားရဲ့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့မှုက ဂွါဒီယိုလာကို ခန့်အပ်ပြီးနောက်ပိုင်း ရရှိထားတဲ့ စီးတီးရဲ့အောင်မြင်မှုတွေကို ထည့်တွက်လိုက်ရင် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ နောက်ဆုံး ၄ ရာသီမှာ ၃ ရာသီအထိ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားတာဖြစ်ပြီး ချန်ပီယံလိဂ်ကလွဲပြီး ကျန်တဲ့ ပြိုင်ပွဲတွေမှာလည်း အောင်ပွဲတွေ ရရှိခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဥရောပထိပ်သီးပြိုင်ပွဲကနေ ဖြုတ်ပစ်ခြင်းခံခဲ့ပြီးနောက် ၄၈ နှစ်အတွင်း အဆိုးရွားဆုံး ဆုဖလားပျောက်ဆုံးနေမှုနဲ့ ရင်ဆိုင်နေရပြီး အဆုံးမှာတော့ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်အပေါ် အပြစ်ပုံချခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ၎င်းတို့ရဲ့ အသင်းခေါငး်ဆောင်ဟာ ခံစစ်ကို ဦးဆောင်ဖို့ ကောင်းသင့်သလောက် မကောင်းဘူးလို့ ယုံကြည်ထားတာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေ မှားယွင်းကြောင်းကို ၎င်းတို့ရဲ့ ခါးသီးပြိုင်ဘက်ဆီ ပြောင်းရွှေ့ပြီး လက်စားပြန်ချေတာထက် ကောင်းတဲ့နည်းလမ်းမရှိတော့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက အပြောင်းအရွှေ့စျေးကွက်မှာ ငွေကို ရေလိုသုံးတတ်သူဖြစ်ကြောင်း ပြသထားခဲ့ပြီးဖြစ်ပြီး အစ်တီဟတ်မှာ နောက်ထပ် ခံစစ် ကစားသမားလိုအပ်တဲ့ပုံမပေါ်ပေမယ့်လည်း စပိန်လူမျိုးနည်းပြကို ငွေသုံးစွဲတာ ရပ်တန့်စေမှာမဟုတ်ပါဘူး။

၄။ နယူးကာဆယ်လ် ယူနိုက်တက်

အက်ဒီ ဟောင်းရဲ့ နယူးကာဆယ်လ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဘုန်းမောက်နည်းပြဟောင်း တာဝန်ယူကိုင်တွယ်ခဲ့ချိန်ကတည်းက အမှတ်ပေးဇယားအပေါ်ကို ထောင်တက်လာခဲ့တာဖြစ်ပြီး စိန့် ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲစလုံး အနိုင်ရခဲ့တာဖြစ်ပါတယ်။ တကယ်လို့ တန်ဟက်ဂ်သာ မက်ဂွိုင်းယားကို ကန်ထုတ်ချင်တယ်ဆိုရင် အင်္ဂလန်နောက်ခံကစားသမားဟာ နယူးကာဆယ်လ်ယူနိုက်တက်ကို ဥရောပဝင်ခွင့်ရရှိအောင် ဦးဆောင်တာထက် ပိုဆိုးတာအများကြီး လုပ်ဆောင်နိုင်ပါတယ်။

အက်ဒီ ဟောင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ ငွေကြေးသုံးစွဲခွင့် ရရှိထားပြီး ဗဟိုခံစစ်ဟာ ၎င်းရဲ့ ဦးစားပေးခေါ်ယူမယ့် နေရာဖြစ်လာမှာဖြစ်ပါတယ်။ အပြစ်သေးသေးလေးတောင်လုပ်လို့မရဘဲ မျှော်မှန်းချက် မြင့်မားစွာ ထားလေ့ရှိတဲ့ အိုးထရက်ဖို့ဒ်ရဲ့အဝေး နယူးကာဆယ်လ်ယူနိုက်တက်မှာ မက်ဂွိုင်းယားအနေနဲ့ တိုးတက်အောင် လုပ်နိုင်ဖွယ် ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္နည္းျပသစ္ ျဖစ္လာေတာ့မယ့္ အဲရစ္ တန္ဟက္ဂ္ဟာ အိုးထရက္ဖို႔ဒ္မွာ ႀကီးမားတဲ့အေျပာင္းအလဲေတြ ျပဳလုပ္ဖို႔ ရည္ရြယ္ထားတာေၾကာင့္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ အလုပ္မ်ားမ်ားလုပ္ေဆာင္သြားဖြယ္ရွိေနပါတယ္။

တန္ဟက္ဂ္ဟာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီး ယခုရာသီကုန္မွာ လက္ရွိ ယာယီနည္းၿပ ရန္းနစ္ခ္က အႀကံေပးရာထူးကို ေျပာင္းလဲ တာဝန္ယူတာနဲ႔ အသင္းနည္းျပအျဖစ္ စတင္ တာဝန္ထမ္းေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။ ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အဂၤလန္ရဲ့ အခမ္းနားဆုံးေဘာလုံးကလပ္အသင္းကို ကိုယ္စားျပဳနိုင္စြမ္းမရွိတဲ့ ကစားသမားေတြနဲ႔အတူ ေကာင္းသင့္သေလာက္ မေကာင္းမြန္တဲ့ ကစားသမားအမ်ားအျပားကို အစုလိုက္အျပဳံလိုက္ ရွင္းထုတ္သြားမယ္လို႔ ေမၽွာ္မွန္းျခင္းခံထားရပါတယ္။

ေပါ့ဂ္ဘာ၊ ရက္ရွ္ဖို႔ဒ္နဲ႔ လင္ဂတ္တို႔ဟာ အသင္းကေန ထြက္ခြာဖို႔အတြက္ က်ိန္းေသသေလာက္နီးပါးရွိေနတဲ့ ကစားသမားေတြျဖစ္ေပမယ့္လည္း အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာေတြက ရွိေနေသးတာ ျဖစ္ပါတယ္။ အဂၤလန္ေနာက္ခံကစားသမားဟာ ၎ရဲ့ ပုံမွန္ေအာက္က်ဆင္းေနတဲ့ စြမ္းေဆာင္ရည္အတြက္ ပရိသတ္ေတြရဲ့ ျပစ္တင္ေဝဖန္မႈေတြ ဆက္တိုက္ ခံခဲ့ရသူျဖစ္ၿပီး ၿပီးခဲ့တဲ့အဂၤါေန႔ညေနက အန္းဖီးမွာ ယူနိုက္တက္ရဲ့ ၄-၀ နဲ႔ အရွက္ရဖြယ္ရႈံးနိမ့္မႈမွာ ေနာက္ထပ္ ဆိုးရြားတဲ့စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္မွာ လက္စတာစီးတီးကေန ေပါင္ ၈၅ သန္းနဲ႔ ေခၚယူျခင္းခံခဲ့ရတဲ့ မက္ဂြိဳင္းယားဟာ ယူနိုက္တက္ရဲ့ယိုယြင္းေနတဲ့ ခံစစ္ပိုင္းကို ျပင္ဆင္ဖို႔ ႀကိဳးပမ္းသြားမယ့္ တန္ဟက္ဂ္ေၾကာင့္ ေႏြရာသီမွာ အသင္းကေန ေရာင္းထုတ္ျခင္းခံရဖြယ္ရွိေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ရဲ့ထိပ္ဆုံး ၈ သင္းထဲမွာ အဆိုးရြားဆုံး ခံစစ္ကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး ၂၀၂၁-၂၀၂၂ ရာသီ ၃၃ ပြဲ ကစားထားၿပီးခ်ိန္မွာ ၄၈ ဂိုးအထိ ခြင့္ျပဳေပးထားရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နည္းျပသစ္ျဖစ္လာေတာ့မယ့္ တန္ဟက္ဂ္အေနနဲ႔ ဟာရီ မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္အျဖစ္ မရွိေစခ်င္ဘူးဆိုရင္ ၎အတြက္ ေနာက္ထပ္ေျပာင္းေရႊ႕နိုင္ေျခရွိတဲ့အသင္း ၄ သင္းရွိေနၿပီး အဲဒီအသင္း ၄ သင္းက ဘယ္အသင္းေတြမ်ားလဲ…

၁။ လက္စတာစီးတီး

၂၀၁၈ ခုႏွစ္တုန္းက ရာသီကုန္မွာ ဟာရီ မက္ဂြိဳင္းယားဟာ လက္စတာစီးတီးအသင္းအတြက္ ၁၂ လသာ ကစားေပးခဲ့ရၿပီးေနာက္ ၎ရဲ့ ထူးျခားတဲ့စြမ္းေဆာင္ရည္ေၾကာင့္ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုနဲ႔ အသင္းေဖာ္ေတြရဲ့ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုတို႔ကို ရရွိခဲ့ပါတယ္။ လက္စတာစီးတီးအတြက္ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ျပသခဲ့တာေၾကာင့္ အရပ္ ၆ ေပ ၄ လက္မရွိတဲ့ ေနာက္ခံကစားသမားဟာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ပထမဆုံးအႀကိမ္ ကိုယ္စားျပဳပါဝင္ကစားေပးဖို႔ ေရြးခ်ယ္ျခင္းခံခဲ့ရၿပီး မန္ခ်က္စတာယူနိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးတို႔က ႀကီးမားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းၾကလိမ့္မယ္ တစ္ႀကိဳေပးျခင္းခံခဲ့ရပါတယ္။

အဆုံးမွာေတာ့ မက္ဂြိဳင္းယားဟာ မန္ယူနိုက္တက္ကို ေရြးခ်ယ္ခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ ခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့ၿပီးေနာက္ အသက္ ၂၉ ႏွစ္အရြယ္ေနာက္ခံကစားသမားအေနနဲ႔ အသင္းေဟာင္းကို ျပန္ၿပီး အေကာင္းဆုံးပုံစံ ျပန္လည္ရွာေဖြဖို႔ ႀကိဳးပမ္းဖြယ္ရွိေနပါတယ္။ မန္ခ်က္စတာယူနိုက္တက္က လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက မက္ဂြိဳင္းယားအတြက္ ေပးေခ်ခဲ့ရတဲ့ ေပါင္ ၈၅ သန္းစလုံးေတာ့ ျပန္မရနိုင္ေပမယ့္လည္း ေပါင္သန္း ၅၀ အထက္ေလာက္ေတာ့ ျပန္ရနိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယူနိုက္တက္အေနနဲ႔ ယူရီ တီရယ္မန္းစ္ကို အမွန္တကယ္ ေခၚယူခ်င္တယ္ဆိုရင္ေတာ့ ဟာရီ မက္ဂြိဳင္းယားနဲ႔ အလဲအထပ္ျပဳလုပ္လို႔ ရနိုင္ဖြယ္ရွိေနပါတယ္။

၂။ အက္သလက္တီကို မက္ဒရစ္

ေနာက္ထပ္ ပရီးမီးယားလိဂ္အသင္းတစ္သင္းကို ေျပာင္းေရႊ႕ၿပီး လူေတြရဲ့ မ်က္စိေဒါက္ေထာက္ ျပစ္တင္မႈေတြ ခံေနမယ့္အစား မက္ဂြိဳင္းယားအေနနဲ႔ လာလီဂါကို ေျပာင္းေရႊ႕ၿပီး ၎ရဲ့ လုပ္နိုင္စြမ္းကို လုံးဝမတူညီတဲ့ေနရာတစ္ခုမွာ စမ္းသပ္ၾကည့္ဖို႔ ေရြးခ်ယ္ဖြယ္ရွိေနပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းေဖာ္ ထရစ္ပီယာဟာ ေခတ္သစ္ေဘာလုံးေလာကမွာ နည္းဗ်ဴဟာပိုင္း အေသးစိတ္အက်ဆုံး နည္းျပေတြထဲက တစ္ဦးျဖစ္တဲ့ ဆီမီယြန္နီလက္ေအာက္မွာ ေအာင္ျမင္မႈေတြ ရရွိေနၿပီး မက္ဂြိဳင္းယားအေနနဲ႔လည္း တိုးတက္မႈေတြ ရွိလာနိုင္မယ္ဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။ ဟိုေဆး ဟီမဲနက္ဇ္ရဲ့ ဒဏ္ရာကေန ျပန္လည္သက္သာလာမယ့္အခ်ိန္ အတိအက်မသိရွိနိုင္ေသးတာေၾကာင့္ အက္သလက္တီကို မက္ဒရစ္အသင္းဟာ ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ ဗဟိုခံစစ္ ၃ ဦးသာ လူစာရင္းထဲမွာ ရွိေနတာျဖစ္ၿပီး ဖိလစ္ပီကလည္း ယခုရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

၃။ မန္ခ်က္စတာစီးတီး

မက္ဂြိဳင္းယားရဲ့ မန္ခ်က္စတာစီးတီးကို ေျပာင္းေရႊ႕ဖို႔ ျငင္းပယ္ခဲ့မႈက ဂြါဒီယိုလာကို ခန႔္အပ္ၿပီးေနာက္ပိုင္း ရရွိထားတဲ့ စီးတီးရဲ့ေအာင္ျမင္မႈေတြကို ထည့္တြက္လိုက္ရင္ အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။ မန္ခ်က္စတာစီးတီးဟာ ေနာက္ဆုံး ၄ ရာသီမွာ ၃ ရာသီအထိ ဗိုလ္စြဲၿပီး ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ကလြဲၿပီး က်န္တဲ့ ၿပိဳင္ပြဲေတြမွာလည္း ေအာင္ပြဲေတြ ရရွိခဲ့တာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ ဥေရာပထိပ္သီးၿပိဳင္ပြဲကေန ျဖဳတ္ပစ္ျခင္းခံခဲ့ၿပီးေနာက္ ၄၈ ႏွစ္အတြင္း အဆိုးရြားဆုံး ဆုဖလားေပ်ာက္ဆုံးေနမႈနဲ႔ ရင္ဆိုင္ေနရၿပီး အဆုံးမွာေတာ့ မက္ဂြိဳင္းယားရဲ့ စြမ္းေဆာင္ရည္အေပၚ အျပစ္ပုံခ်ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ ၎တို႔ရဲ့ အသင္းေခါငး္ေဆာင္ဟာ ခံစစ္ကို ဦးေဆာင္ဖို႔ ေကာင္းသင့္သေလာက္ မေကာင္းဘူးလို႔ ယုံၾကည္ထားတာျဖစ္ၿပီး ယူနိုက္တက္ပရိသတ္ေတြ မွားယြင္းေၾကာင္းကို ၎တို႔ရဲ့ ခါးသီးၿပိဳင္ဘက္ဆီ ေျပာင္းေရႊ႕ၿပီး လက္စားျပန္ေခ်တာထက္ ေကာင္းတဲ့နည္းလမ္းမရွိေတာ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာက အေျပာင္းအေရႊ႕ေစ်းကြက္မွာ ေငြကို ေရလိုသုံးတတ္သူျဖစ္ေၾကာင္း ျပသထားခဲ့ၿပီးျဖစ္ၿပီး အစ္တီဟတ္မွာ ေနာက္ထပ္ ခံစစ္ ကစားသမားလိုအပ္တဲ့ပုံမေပၚေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပကို ေငြသုံးစြဲတာ ရပ္တန႔္ေစမွာမဟုတ္ပါဘူး။

၄။ နယူးကာဆယ္လ္ ယူနိုက္တက္

အက္ဒီ ေဟာင္းရဲ့ နယူးကာဆယ္လ္ဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလမွာ ဘုန္းေမာက္နည္းျပေဟာင္း တာဝန္ယူကိုင္တြယ္ခဲ့ခ်ိန္ကတည္းက အမွတ္ေပးဇယားအေပၚကို ေထာင္တက္လာခဲ့တာျဖစ္ၿပီး စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ ေနာက္ဆုံး ၆ ပြဲစလုံး အနိုင္ရခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ တန္ဟက္ဂ္သာ မက္ဂြိဳင္းယားကို ကန္ထုတ္ခ်င္တယ္ဆိုရင္ အဂၤလန္ေနာက္ခံကစားသမားဟာ နယူးကာဆယ္လ္ယူနိုက္တက္ကို ဥေရာပဝင္ခြင့္ရရွိေအာင္ ဦးေဆာင္တာထက္ ပိုဆိုးတာအမ်ားႀကီး လုပ္ေဆာင္နိုင္ပါတယ္။

အက္ဒီ ေဟာင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္နိုင္ေလာက္တဲ့ ေငြေၾကးသုံးစြဲခြင့္ ရရွိထားၿပီး ဗဟိုခံစစ္ဟာ ၎ရဲ့ ဦးစားေပးေခၚယူမယ့္ ေနရာျဖစ္လာမွာျဖစ္ပါတယ္။ အျပစ္ေသးေသးေလးေတာင္လုပ္လို႔မရဘဲ ေမၽွာ္မွန္းခ်က္ ျမင့္မားစြာ ထားေလ့ရွိတဲ့ အိုးထရက္ဖို႔ဒ္ရဲ့အေဝး နယူးကာဆယ္လ္ယူနိုက္တက္မွာ မက္ဂြိဳင္းယားအေနနဲ႔ တိုးတက္ေအာင္ လုပ္နိုင္ဖြယ္ ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.