La Liga

ရီးရဲလ် ဆိုစီဒက်နဲ့ပွဲက အနိုင် ၃ မှတ်နဲ့မတန်အောင် ပေးဆပ်ရတော့မယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ ပြီးခဲဲ့တဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်က အနိုင်ရလဒ်ဟာ နည်းပြ ဇာဗီအတွက်တော့ ပျော်ရွှင်စရာထက် ခေါင်းကိုက်စရာ ပိုပြီး ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ ကာလတလျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ အလွန်အမင်း ကံဆိုးခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာလည်း ရီးရဲလ် ဆိုစီဒက်နဲ့ပွဲစဉ်အပြီးမှာ ကစားသမား ၁၀ ဦးအထိ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမရှိမှု ခံစားနေရတဲ့ပြဿနာနဲ့ ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ တိုနီ ဟွမ်မာတီရဲ့ဖော်ပြချက်အရ သိရပါတယ်။ သတင်းထောက်ဟာ ဘာစီလိုနာကစားသမား ၁၀ ဦးစလုံးရဲ့ နာမည်ကို အတိအကျ မပြောသွားခဲ့ပေမယ့်လည်း မေးခွန်းထုတ်စရာရှိနေတာကတော့ ခံစစ် ၄ ဦးစလုံး ပါဝင်နေလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဂျရတ် ပီကေးဟာ ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ် ပထမပိုင်းတလျှောက်လုံး ထော့နဲ့ ထော့နဲ့ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ယခုလအစောပိုင်း ဖရန့်ဖွတ်နဲ့ပွဲမှာ ဒဏ်ရာရရှိပြီးနောက်ပိုင်း ဝါရင့်နောက်ခံလူရဲ့ပုံစံဟာ ဆရာဝန်တွေအတွက်တော့ စိုးရိမ်စရာလက္ခဏာတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပီကေးရဲ့ ခံစစ်တွဲဘက်ဖြစ်တဲ့ အာရာအူဂျိုကလည်း ဒုတိယပိုင်း အစောပိုင်း ပွဲကစားချိန်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး ဇာဗီအနေနဲ့ ၅၅ မိနစ်မှာ အဲရစ် ဂါစီယာနဲ့ လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ရုန်းကန်ရမှုက အဲဒီလောက်နဲ့ မပြီးဆုံးသေးဘဲ အတွေ့အကြုံရင့် ဝါရင့်နောက်ခံလူ ဒန်နီ အဲဗက်စ်ကလည်း ရာဖင်ညာရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီးနောက်ပိုင်း လူစားလဲလှယ်ခဲ့ရတာဖြစ်ပါတယ်။ ညာနောက်ခံကစားသမားဟာ ဒုတိယပိုင်း ပွဲကစားချိန် အလယ်လောက်မှာ ဆာဂျီနို ဒက်စ်တ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပွဲစဉ်တစ်လျှောက်လုံး ကစားသွားပေးနိုင်ခဲ့တဲ့ ခံစစ်ကစားသမားဆိုလို့ ဘယ်နောက်ခံကစားသမား ဂျော်ဒီ အယ်လ်ဘာတစ်ဦးတည်းသာ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်နောက်ခံကစားသမားဟာ ကြွက်သား ဒဏ်ရာပြဿနာတစ်ခု ရရှိခဲ့ပုံပေါ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး သက်တောင့်သက်သာမရှိတဲ့ပုံစံက သက်သေခံနေတာဖြစ်ပါတယ်။ အယ်လ်ဘာအပြင် ပီကေးနေရာမှာ လူစားဝင်ခဲ့တဲ့ ကလီးမင့် လွန်ဂလေကလည်း ခေါင်းနဲ့ လဲကျခဲ့ပြီးနောက် ဆေးကုသမှု ခံယူဖို့ လိုအပ်ခဲ့တာဖြစ်ပြီး MARCA ရဲ့ ပြောကြားချက်အရ ဂါဗီတောင်မှ အနည်းငယ် သက်တောင့်သက်သာမရှိမှုမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်ဆိုစီဒက်တို့ရဲ့ပွဲစဉ်မှာ ဒဏ်ရာ ပြဿနာတွေ အများအပြားရှိခဲ့တဲ့အတွက် နောက်ဆက်တွဲရလဒ်အနေနဲ့ ဒိုင်လူကြီးဟာ နာကျင်အချိန်ပိုကို ၁၀ မိနစ်အထိ ပေးခဲ့ရတာဖြစ်ပြီး မိနစ် ၁၀၀ အထိ ဘောလုံးကစားခဲ့ရတဲ့အတွက် ကစားသမားအချို့ဟာ လာမယ့် ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ အနားပေးခြင်းခံရမှာဖြစ်သလို အချို့ကလည်း ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ ကြိုးပမ်းနေတဲ့ ဇာဗီရဲ့အသင်းအတွက် ကူညီပေးနိုင်အောင် ပွဲပြန်ကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုး ရရှိတဲ့အထိ လုပ်ဆောင်ရမယ်လို့ ဟွမ်မာတီက ယုံကြည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းရဲ့ ၿပီးခဲဲ့တဲ့ ရီးရဲလ္ဆိုစီဒက္နဲ႔ပြဲစဥ္က အနိုင္ရလဒ္ဟာ နည္းၿပ ဇာဗီအတြက္ေတာ့ ေပ်ာ္ရႊင္စရာထက္ ေခါင္းကိုက္စရာ ပိုၿပီး ျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ ဘာစီလိုနာအသင္းမွာ ကစားခဲ့တဲ့ ကာလတေလၽွာက္လုံး ဒဏ္ရာျပႆနာေတြနဲ႔ အလြန္အမင္း ကံဆိုးခဲ့ဖူးသူျဖစ္ၿပီး လက္ရွိမွာလည္း ရီးရဲလ္ ဆိုစီဒက္နဲ႔ပြဲစဥ္အၿပီးမွာ ကစားသမား ၁၀ ဦးအထိ ႐ုပ္ပိုင္းဆိုင္ရာ သက္ေတာင့္သက္သာမရွိမႈ ခံစားေနရတဲ့ျပႆနာနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္တယ္လို႔ တိုနီ ဟြမ္မာတီရဲ့ေဖာ္ျပခ်က္အရ သိရပါတယ္။ သတင္းေထာက္ဟာ ဘာစီလိုနာကစားသမား ၁၀ ဦးစလုံးရဲ့ နာမည္ကို အတိအက် မေျပာသြားခဲ့ေပမယ့္လည္း ေမးခြန္းထုတ္စရာရွိေနတာကေတာ့ ခံစစ္ ၄ ဦးစလုံး ပါဝင္ေနလားဆိုတဲ့ ေမးခြန္းပဲ ျဖစ္ပါတယ္။

ဂ်ရတ္ ပီေကးဟာ ရီးရဲလ္ဆိုစီဒက္နဲ႔ပြဲစဥ္ ပထမပိုင္းတေလၽွာက္လုံး ေထာ့နဲ႔ ေထာ့နဲ႔ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ယခုလအေစာပိုင္း ဖရန႔္ဖြတ္နဲ႔ပြဲမွာ ဒဏ္ရာရရွိၿပီးေနာက္ပိုင္း ဝါရင့္ေနာက္ခံလူရဲ့ပုံစံဟာ ဆရာဝန္ေတြအတြက္ေတာ့ စိုးရိမ္စရာလကၡဏာေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ပီေကးရဲ့ ခံစစ္တြဲဘက္ျဖစ္တဲ့ အာရာအူဂ်ိဳကလည္း ဒုတိယပိုင္း အေစာပိုင္း ပြဲကစားခ်ိန္မွာ ဒူးဒဏ္ရာ ရရွိသြားခဲ့ၿပီး ဇာဗီအေနနဲ႔ ၅၅ မိနစ္မွာ အဲရစ္ ဂါစီယာနဲ႔ လူစားလဲလွယ္ခဲ့ရတာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ့ ႐ုန္းကန္ရမႈက အဲဒီေလာက္နဲ႔ မၿပီးဆုံးေသးဘဲ အေတြ႕အၾကဳံရင့္ ဝါရင့္ေနာက္ခံလူ ဒန္နီ အဲဗက္စ္ကလည္း ရာဖင္ညာရဲ့ ဖ်က္ထုတ္မႈကို ခံခဲ့ရၿပီးေနာက္ပိုင္း လူစားလဲလွယ္ခဲ့ရတာျဖစ္ပါတယ္။ ညာေနာက္ခံကစားသမားဟာ ဒုတိယပိုင္း ပြဲကစားခ်ိန္ အလယ္ေလာက္မွာ ဆာဂ်ီနို ဒက္စ္တ္နဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ပြဲစဥ္တစ္ေလၽွာက္လုံး ကစားသြားေပးနိုင္ခဲ့တဲ့ ခံစစ္ကစားသမားဆိုလို႔ ဘယ္ေနာက္ခံကစားသမား ေဂ်ာ္ဒီ အယ္လ္ဘာတစ္ဦးတည္းသာ ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘယ္ေနာက္ခံကစားသမားဟာ ႂကြက္သား ဒဏ္ရာျပႆနာတစ္ခု ရရွိခဲ့ပုံေပၚခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး သက္ေတာင့္သက္သာမရွိတဲ့ပုံစံက သက္ေသခံေနတာျဖစ္ပါတယ္။ အယ္လ္ဘာအျပင္ ပီေကးေနရာမွာ လူစားဝင္ခဲ့တဲ့ ကလီးမင့္ လြန္ဂေလကလည္း ေခါင္းနဲ႔ လဲက်ခဲ့ၿပီးေနာက္ ေဆးကုသမႈ ခံယူဖို႔ လိုအပ္ခဲ့တာျဖစ္ၿပီး MARCA ရဲ့ ေျပာၾကားခ်က္အရ ဂါဗီေတာင္မွ အနည္းငယ္ သက္ေတာင့္သက္သာမရွိမႈမ်ိဳး ရွိခဲ့တယ္လို႔ သိရပါတယ္။

ဘာစီလိုနာနဲ႔ ရီးရဲလ္ဆိုစီဒက္တို႔ရဲ့ပြဲစဥ္မွာ ဒဏ္ရာ ျပႆနာေတြ အမ်ားအျပားရွိခဲ့တဲ့အတြက္ ေနာက္ဆက္တြဲရလဒ္အေနနဲ႔ ဒိုင္လူႀကီးဟာ နာက်င္အခ်ိန္ပိုကို ၁၀ မိနစ္အထိ ေပးခဲ့ရတာျဖစ္ၿပီး မိနစ္ ၁၀၀ အထိ ေဘာလုံးကစားခဲ့ရတဲ့အတြက္ ကစားသမားအခ်ိဳ႕ဟာ လာမယ့္ ဗယ္လက္ကာနိုနဲ႔ပြဲစဥ္မွာ အနားေပးျခင္းခံရမွာျဖစ္သလို အခ်ိဳ႕ကလည္း ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးနိုင္ဖို႔ ႀကိဳးပမ္းေနတဲ့ ဇာဗီရဲ့အသင္းအတြက္ ကူညီေပးနိုင္ေအာင္ ပြဲျပန္ကစားနိုင္တဲ့ ႀကံ့ခိုင္မႈမ်ိဳး ရရွိတဲ့အထိ လုပ္ေဆာင္ရမယ္လို႔ ဟြမ္မာတီက ယုံၾကည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.